Search This Blog ရှာရန်

Tuesday, July 21, 2026

ဒိုင်မန်းရှင်း မတူညီကြသည့် သတ္တဝါအလွှာသုံးမျိုး တည်ရှိနေသည့် အစ္စလာမ့်အမြင်

 အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုဆိုင်ရာ သဘောတရားများကို ဆင်ခြင်ကြည့်ပါက ဤကမ္ဘာလောကကြီးတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဒိုင်မန်းရှင်း မတူညီကြသည့် သတ္တဝါအလွှာသုံးမျိုး တည်ရှိနေသည်ဟု သုံးသပ်နိုင်ပါသည်။


ပထမအလွှာမှာ မြေကြီး သို့မဟုတ် ရွှံ့စေးဖြင့် ဖန်ဆင်းထားသည့် ကျွန်ုပ်တို့ လူသားတို့၏ သက်ရှိလောက ဖြစ်ပါသည်။ ကျမ်းမြတ်ကုရ်အာန် စူရဟ် အလ်-ရဟ်မန် (၅၅:၁၄) တွင် အရှင်မြတ်သည် လူသား (အာဒမ်) ကို မြေအိုးပြုလုပ်သည့် ရွှံ့စေးကဲ့သို့သော ခြောက်သွေ့သော ရွှံ့စေးဖြင့် ဖန်ဆင်းတော်မူခဲ့သည်ဟု ဆိုထားသော်လည်း၊ လက်တွေ့တွင် ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာ အသားစိုင်များအဖြစ်သာ ထိတွေ့ခံစားကြရသည်။

ဒုတိယအလွှာမှာမူ မီးခိုးမဲ့ မီးလျှံဖြင့် ဖန်ဆင်းထားသည့် "ဂျင်န်" ဟုခေါ်သော သတ္တဝါများ၏ လောက ဖြစ်ပါသည်။ ကုရ်အာန် (၅၅:၁၅) နှင့် (၁၅:၂၇) တို့တွင် ဂျင်န်တို့အား မီး၏ အပူရှိန် မီးခိုးမဲ့ မီးလျှံမှ ဖန်ဆင်းခဲ့ ကြောင်း ဖော်ပြထားပြီး၊ ၎င်းတို့သည် ကျွန်ုပ်တို့ မမြင်နိုင်သော ဒိုင်မန်းရှင်းတစ်ခု၌ ဤကမ္ဘာမြေပေါ်တွင်ပင် လူသားများကဲ့သို့ သီးခြားနေထိုင်ကြသည်။ ၎င်းတို့တွင်လည်း လူသားများကဲ့သို့ စိတ္တဇရုပ်၊ လူကောင်း၊ လူဆိုး၊ သူတော်စင်၊ စစ်သည်၊ မင်္ဂလာဆောင်ခြင်းနှင့် အသုဘအခမ်းအနားများ စသည့် အပြုအမူဆိုင်ရာ စရိုက်လက္ခဏာများ ပြည့်စုံစွာ ရှိကြသည်။ ထို့ပြင် ၎င်းတို့သည် နဗီအာဒမ် အလိုင်ဟိစ္စလာမ် ကမ္ဘာမြေသို့ မရောက်ရှိမီ ခေတ်ကာလများစွာ ကတည်းက တည်ရှိနှင့်ပြီး ဖြစ်သဖြင့် ၎င်းတို့၏ အသိပညာ၊ နည်းပညာနှင့် အသိအမြင်များသည် လူသားတို့ထက် များစွာ သာလွန်နိုင်ပါသည်။ ပုံမှန်အားဖြင့် လူနှင့် ဂျင်န်တို့အကြား မမြင်နိုင်သော အကာအကွယ် ရှိသော်လည်း အချို့သော နယ်ပယ်များတွင် ထိုအကာအလွှာကို ဖောက်ထွက်မြင်တွေ့နိုင်သူများ ရှိကြပြီး၊ အချို့သော အယူအဆများတွင် ဂျင်န်နှင့် လူတို့အကြား ဆက်နွှယ်မှုမှတစ်ဆင့် အိမ်ထောင်ပြု ပေါင်းသင်းခြင်းများပင် ရှိသည်ဟု ဆိုကြပါသည်။

တတိယအလွှာ သို့မဟုတ် သီးခြားခွဲထုတ်ခြင်း ခံထားရသည်မှာ နဗီအာဒမ်၏ မျိုးဆက်မှ ဆင်းသက်လာသော "ယအ်ဂျူးဂျ်" နှင့် "မအ်ဂျူးဂျ်" ဟုခေါ်သည့် လူသားမျိုးကွဲ နှစ်မျိုးဖြစ်ပါသည်။ ၎င်းတို့သည် အလွန်တရာ စစ်လိုလားပြီး ရက်စက်ကြမ်းတမ်းသော သဘောရှိသဖြင့် စူရဟ် အလ်-ကဟ်ဖ် (၁၈:၉၄-၉၈) တွင် ဖော်ပြထားသည့်အတိုင်း သူလ်ကရ်နိုင်းန် မင်းကြီးက သံနှင့် ကြေးနီ မဟာတံတိုင်းကြီး ပြုလုပ်၍ လူသားတို့နှင့် ပိုင်းခြား ပိတ်လှောင်ထားခဲ့ရသည်။ သို့သော် ကုရ်အာန် စူရဟ် အလ်-အန်ဗိယာအ် (၂၁:၉၆) အရ ကမ္ဘာပျက်ကိန်း နီးကပ်လာချိန်တွင် ထိုအဟန့်အတား တံတိုင်းကြီး ပွင့်သွားမည်ဖြစ်ပြီး၊ ၎င်းတို့သည် မြင့်မားသော ကုန်းမြင့်များမှ ထွက်ပေါ်လာကာ လူသားတို့အား ကြီးမားစွာ စစ်ပြု ဖျက်ဆီးကြမည်ဟု ကျမ်းစာများ၌ ပါရှိပါသည်။

No comments:

Post a Comment

Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee

  Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee Seeing the Halal...