ပြသနာကို ကျယ်ပြန်အောင် စွဲဖြန့်လိုက်တဲ့ ဘင်္ဂါလီ ဆိုပြီး သုံးနေတဲ့ ရိုဟင်ဂျာ အရေး၊
ဘင်္ဂါလီဆိုတာ ဟိုး ကလကတ္တား မှ ယခု Bangladesh နိုင်ငံနေသူများကို အကြမ်းဖျဉ်း သက်မှတ်လို့ရပါတယ်၊ ဥပမာ မြန်မာလူမျိုး ပေါ့ Bangladesh နိုင်ငံမှာ အဓိက လူမျိုးခွဲတွေကတော့ Chakma, Marma, Mundas, Garos (Achiks), Oraons, Santhals, Mro, Manipuri, Zomi, Bihari (Stranded Pakistani) နာဂ တွေတောင် ရှိပါသေးတယ် ဒါတွေက လူမျိုးစုအသေးလေးတွေပါ Marma ကတော့ ဘုရင့်နောင်သွားတိုက်တုန်းက ပဲခူး အနွယ်တွေပါ ဒီတော့ ရိုဟင်ဂျာကို ရိုဟင်ဂျာ လို့ခေါ်သင့်ပြီး ဘင်္ဂါလီလို့ သွားခေါ်တော့ မလိုအပ်ဘဲ ပိုမိုရှုပ်တွေလာစေပြီး Bangladesh နိုင်ငံကို ဒီအရေးထဲမှာ ထဲထဲဝင်ဝင် တိုက်ခိုက်သလိုဖြစ်နေပြီး၊ ဘင်္ဂါလီလူမျိုးဟု တိုက်ရိုက်သော်လည်ကောင်း၊ သွယ်ဝိုက်၍သော်လည်ကောင်း ဆက်နွယ်သူတိုင်းကို ပူတွဲ တိုက်ခိုက် ခွဲခြားလိုက်သလိုဖြစ်စေပါတယ် ၊ တကယ်တန်းဆို ရိုဟင်ဂျာတွေ ပြောတဲ့ စကားကို ဒါကားက လူတွေ နားတောင်မလည်ပါဘူး။ ပိုလို့ဆိုးက မြန်မာပြည်မှာရှိတဲ့ မြန်မာမွတ်စလင် အချို့ကို မှတ်ပုံတင်လုပ်ရင် အစ္စလာမ်ဘာသာဝင် ဆိုပါက ဘင်္ဂါလီ၊ စူရတီ၊ မေမာန်၊ မဂိုလ်၊ ပထန်၊ ပါက္ကစတန်နီ စသည်ဖြင့် မပါလို့ မရပါဘူး၊ တချို့က ဘင်္ဂါလီ နွယ်ရင် ဘင်္ဂါလီ လို...