ငါးဖမ်းလှေဆောက် ကျွန်တော်မှတ်မိသလောက်
ငါးဖမ်းလှေဆောက် ကျွန်တော်မှတ်မိသလောက် ၁၉၉၈ ခုနှစ်ခန့်က အခြေအနေနှင့် အခြေခံအဆင့်ဆင့် မြန်မာပြည်မှာ ငါးဖမ်းလှေဆောက်လုပ်တဲ့ အဆင့်များမှာ - ( ၁ ) ဒေါပုံရှိ ရေကြောင်းဦးစီး အင်ဂျင်နီယာဌာန (ကျွန်တော်တို့အချိန်ကတော့ ဦးမြ) ထံမှ လှေပုံစံဆွဲပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DMA) ထံမှ ခွင့်ပြုချက်ယူပါတယ်။ ( ၂ ) သစ်တောဦးစီးဌာနတွင် သစ်သားလှေဖြစ်သည့်အတွက် သစ်ထုတ်လုပ်ခွင့်၊ ဝယ်ယူခွင့်၊ သစ်မျောစာထုတ်ယူပါတယ်။ (ရောင်းစားပါတယ် မသုံးပါဘူး) ခိုးသစ်ဖြင့်ဆောက်ပါတယ်။ ( ၃ ) ဆောက်လုပ်ခြင်းအဆင့်ဆင့်ကို ဓာတ်ပုံရိုက်ပြီး ရေကြောင်းဦးစီးဌာနသို့ သတင်းပို့တင်ပြရပါတယ်။ ( ၄ ) နယ်စပ်ကုန်သွယ်ရေး သွင်းကုန်လိုင်စင်ဖြင့် ရနောင်းဘက်မှ မိမိလှေ၊ ဥပမာ ဒရွတ်ဆွဲလှေ၊ ၃၅ ပေ၊ GRT ၈၀ ဆိုပါက Cummins အင်ဂျင် K19 စီးရီးထဲမှ မြင်းကောင်ရည် ၆၀၀ - ၁၀၀၀ အင်ဂျင်နှင့် ရေကြောင်းသွား၊ ငါးကြည့်စက်နှင့် လျှပ်စစ်ပစ္စည်းများ သွင်းပါသည်။ ( ၅ ) အားလုံးတပ်ဆင်လို့ ပြီးရင်တော့ ရန်ကုန်သို့ မောင်းနှင်လာပြီး၊ LSA လို့ခေါ်တဲ့ Life-Saving Appliances အသက်ကယ်ဖောင်၊ အကျီ၊ မီးသတ်ဆေးဘူး စသည်ဖြင့် လိုအပ်ချက် အမျိုး ၂၀ လျှောက်ကို ငှားရမ်းတပ်ဆင်ပါတယ်၊ ကျွ...