Happy Birthday to you မူးယစ်ပြန်ထူ
Happy Birthday to you Happy Birthday to you ============= ကျွန်တော်နေတဲ့ Los Angels မှာ တစ်နှစ် ၂ ခါ AA, CA, NA တွေ့စုံပွဲနှင့် အပြေးပြိုင်ပွဲရှိပါတယ်၊ ပစဖိတ်သမုဒ္ဒရာကမ်းခြေမှာပြေကြတာဖြစ်ပါတယ်၊ ကျွန်တော်တို့သူငယ်ချင်းတွေစ ပြေးမှတ်ကိုရောက်တော့ အဲ့ဒီမှာ LA မြို့နယ်ပေါင်း ၁၃၀ ခန့်မှ အသင်းဝင်ရာချီရောက်နေကြပြီး ကော်ဖီအစီအစဥ်လုပ်သူကလုပ်၊ ဓါတ်ပုံရိုက်တဲ့အဖွဲ့က အမှတ်တရဓါတ်ပုံတွေရိုက်ပြီး Page မှာစုပြီးတင်ပေးနေပါတယ်၊ မျက်ခင်ပြင်ပေါ်မှာ နံပါတ် ၈ , ၉, ၁၀, ၁၂ စသည်ဖြင့် နံပါတ်အလိုက် သဲထဲမှာ ပြေးရန် အသုံးပြုပြီးဖိနပ်များကို မျှဝေသူ၊ ရယူသူ၊ ကျုပ်တို့အဖွဲ့ကတော့ မနားတမ်း အပင်ပန်းခံပြီး စော်ငန်း၊ ဆေးလိပ်သောက်လုပ်ရပါတယ်။ စတင်တာထွက်တဲ့အခါ ကျွန်တော်တို့အဖွဲ့လိုက်မသွားပါဘူး ကျွန်တော်က ခါးနာ၊ သူငယ်ချင်းက ခြေခေါက် အကြောင်းအမျိုးမျိုးပြသည့်အတွက် သင်တန်းကျောင်းမှ ကားစီစဥ်ပေးသည့်အတွက် အပြေးပြိုင်သူများ ဝာာဝင်မည့်နေရာသို့ကြိုရောက်ပြီး ရောက်လာသူများသောက်ရန် ပြင်ထားသည့် အချိုရေ ဓါတ်ဆားများကို အပြေးရယူပြီးသောက် သဲပြင်မှာ မှောက်နေလိုက်ကြပါတယ်။ အချိန်နှစ်နာရီခွဲခန့်အကြာတွင် ကမ်းခြေမှာလူစုံလေပြီ၊ ကျွန်တော်ကတောာ့ ...