Posts

Showing posts with the label Muslim

Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee

Image
  Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee Seeing the Halal logo of the Islamic Religious Affairs Council Headquarters online today brings back fond memories, filling me with warmth as I recall the official Halal logo representing the Islamic Council that I designed when I served as the Secretary of the Halal Committee. A nostalgic sentiment arose: "Oh... the logo I designed still exists?" If I am not mistaken, before the 16th Conference of the Islamic Religious Affairs Council Headquarters, I learned that the Department of Religious Affairs issued a Halal endorsement for honey through the Dhamma Thet Department, so I looked into it, though I was not fully satisfied. Since U Tin Win's duties might have been misreported, I would appreciate those with exact knowledge adding to this. After the 16th Conference, when I became a Central Executive Member and discussed the matter with Ko Tin Maung Th...

အစ္စလာမ် သာသနာရေးရာကောင်စီ ဟလာလ်ကော်မတီအား အမှတ်ရမိခြင်း Halal Committee

Image
ယနေ့ အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်၏ ဟလာလ်တံဆိပ်ကို Online ပေါ်တွင် မြင်တွေ့မိတော့၊ ကျွန်တော် ဟလာလ်ကော်မတီ၌ အတွင်းရေးမှူးတာဝန်ယူခဲ့စဉ်က ရေးဆွဲပေးခဲ့သည့် အစ္စလာမ်ကောင်စီကိုယ်စားပြု ဟလာလ်အမှတ်တံဆိပ်ကို သတိရ၍ ပီတိဖြစ်မိပါသည်။ “အော်… ငါရေးဆွဲခဲ့တဲ့ Logo လေး ကျန်ရှိနေသေးပါလား” ဟူသည့် လွမ်းဆွတ်မှုရသလေးလည်း ပေါ်လာမိပါသည်။ အမှတ်မမှားလျှင် ၁၆ ကြိမ်မြောက် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်ညီလာခံ မကျင်းပမီက အန်ဆွာရီဌာနမှူး ဦးတင်ဝင်းထံမှ ပျားရည်အတွက် ဟလာလ်ထောက်ခံချက်ကို ဓမ္မသက်ဌာနမှ ထုတ်ပေးကြောင်း သိလိုက်ရသဖြင့် စုံစမ်းမိခဲ့သော်လည်း အားမရခဲ့ပါ။ ဦးတင်ဝင်း၏ တာဝန် မှားယွင်းနိုင်သဖြင့် အတိအကျသိရှိသူများက ဖြည့်စွက်ပေးစေလိုပါသည်။ ၁၆ ကြိမ်မြောက် ညီလာခံအပြီး ကျွန်တော် ဗဟိုအမှုဆောင်ဖြစ်လာစဉ် ကိုတင်မောင်သန်း၊ ကိုဝဏ္ဏရွှေတို့နှင့် ဆွေးနွေးသောအခါ ဗဟိုအမှုဆောင်အစည်းအဝေးသို့ စာတမ်းရေးတင်ရန် အကြံပြုခဲ့ကြပါသည်။ ထို့ကြောင့် စာတမ်းရေးသားတင်ပြပြီး ခေတ်စနစ်များနှင့်အညီ ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်များ၊ အစားအသောက်သန့်ရှင်းရေးစနစ်များ၊ ဓာတ်ခွဲစစ်ဆေးမှုများနှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ ထားသိုခြင်းစသည့် အဆင့်ဆင့်သော ...

"Spoken out of affection and good intent." Turning 18 and Life in America

Image
 "Spoken out of affection and good intent." Turning 18 and Life in America Under American culture and legal systems, the moment a person turns 18, they officially transition out of childhood and become a legal "adult." However, within certain Asian immigrant communities, this concept is often misinterpreted through a superficial lens of the "American style," leading some young adults to neglect their duties and sense of gratitude toward their parents. It is a common misconception to believe that turning 18 instantly grants a license for absolute freedom, where one can disregard parental guidance and do entirely as they please. In reality, truly coming of age means embracing both freedom and responsibility simultaneously. Especially when a family faces financial hardships, a young adult should look beyond their own individual life and share the responsibility of supporting the family's well-being. In such situations, stepping up to work and helping sust...

ချစ်လိုပြောတယ်မှတ်ပါ။ ( ၁၈ နှစ်ပြည့် အမေရိကန်ဘဝ )

Image
ချစ်လိုပြောတယ်မှတ်ပါ။ ( ၁၈ နှစ်ပြည့် အမေရိကန်ဘဝ ) အမေရိကန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဥပဒေစနစ်အရ လူတစ်ဦးသည် အသက် ၁၈ နှစ်ပြည့်သည်နှင့် ကလေးဘဝမှ ကျွတ်လွတ်ကာ “အရွယ်ရောက်ပြီးသူ” အဖြစ်သို့ တရားဝင် ကူးပြောင်းရောက်ရှိသွားသည်။ သို့သော် ဤအချက်ကို အချို့သော အာရှအသိုင်းအဝိုင်းများတွင် အမေရိကန်စတိုင်ဟုဆိုကာ အပေါ်ယံသာ ယူဆပြီး မိဘအပေါ် တာဝန်ယူမှုနှင့် ကျေးဇူးတရားကို မေ့လျော့တတ်သည့် အခြေအနေများလည်း တွေ့ရတတ်သည်။ အသက် ၁၈ နှစ်ပြည့်သည်နှင့် “ငါ့သဘော၊ ငါ့စိတ်ကြိုက် လွတ်လပ်ခွင့်ရှိပြီ” ဟုယူဆကာ မိဘ၏ အုပ်ထိန်းမှုကို မလိုအပ်တော့သလို သဘောထားပြီး မိမိစိတ်ကြိုက် လျှောက်လုပ်တတ်ကြခြင်းမှာ မကြာခဏ မြင်တွေ့ရသော အလွဲသဘောတစ်ခု ဖြစ်သည်။ အမှန်တကယ်တွင် အရွယ်ရောက်ခြင်းဆိုသည်မှာ လွတ်လပ်ခွင့်သာမက တာဝန်ယူမှုကိုပါ တစ်ပြိုင်နက်တည်း လက်ခံခြင်း ဖြစ်ရမည်။ အထူးသဖြင့် မိသားစု၏ စားဝတ်နေရေး ကြပ်တည်းနေသည့်အခါတွင် အရွယ်ရောက်လာသူတစ်ဦးအနေဖြင့် ကိုယ့်ဘဝအတွက်သာ မဟုတ်ဘဲ မိသားစု၏ဘဝအတွက်ပါ တစ်ဖက်တစ်လမ်းမှ တာဝန်ယူရမည့် အတွေးအမြင် ရှိရမည်။ ထိုသို့သော အခြေအနေတွင် မိမိလည်း အလုပ်လုပ်ကာ မိသားစုကို ကူညီထောက်ပံ့ခြင်းသည် စိတ်ကူးယဉ်လွတ်လပ်ခွင့်ထက် ပို၍ လက်...

The History of the Royal Rose Declaration on Holding the All-Myanmar Islamic Conference

Image
  The History of the Royal Rose Declaration on Holding the All-Myanmar Islamic Conference On April 6, 2013, a joint declaration was issued following the "Royal Rose Discussion and Meeting" of independent Myanmar Muslim organizations across various strata and public-representative groups. (A photograph of the attendees was included.) The primary objective of this declaration was to convene the "All-Myanmar Islamic Conference." Its purpose was to establish shared, agreeable, and unified policies for the Myanmar Muslim community—a collective of people living in Myanmar who share a common past, destiny, and outlook. In essence, this meant expressing the collective will and sentiment of the majority within the Myanmar Muslim community. This stance would clearly guide what actions should be taken and how they should be implemented for the betterment of Myanmar Muslims. Put simply, it aimed to establish a unified statement of common will—a mandate—free from sectarianism, o...

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ညီလာခံ ပြုလုပ်ရေး တော်ဝင်နှင်းဆီကြေငြာချက် သမိုင်း

Image
၆-၄-၂၀၁၃ ရက်နေ့တွင် လွတ်လပ်သော မြန်မာမွတ်စလင်အဖွဲ့စုံ အလွှာစုံ၊ လူထုကိုယ်စားပြု အဖွဲ့ပေါင်းစုံ၏ “တော်ဝင်နှင်းဆီ တွေ့ဆုံဆွေးနွေးပွဲ” မှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ( တက်ရောက်သူများ ဓါတ်ပုံပါပြီး ) ထိုကြေညာချက်၏ အဓိကအကြောင်းအရာမှာ— “မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ညီလာခံ” တစ်ရပ် ကျင်းပရေးပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော အတိတ်တူ၊ နမိတ်တူ၊ ကံကြမ္မာတူ မြန်မာမွတ်စလင် လူ့အစုအဝေးအတွက် စိတ်တူ၊ သဘောတူ၊ ဆန္ဒတူသော မူဝါဒများ ချမှတ်နိုင်စေရန် ရည်ရွယ်သည်။ ဆိုလိုသည်မှာ မြန်မာမွတ်စလင် လူ့အစုအဝေး (အများစု) ၏ စုပေါင်းဆန္ဒသဘောထားကို ဖော်ထုတ်ခြင်းဖြစ်သည်။ ဤသဘောထားသည် မြန်မာမွတ်စလင်များအတွက် အကျိုးရှိစေရန် ဘာလုပ်သင့်သည်၊ မည်သို့ ဆောင်ရွက်သင့်သည်တို့ကို ရှင်းလင်းပြတ်သားစွာ လမ်းညွှန်ပေးနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ အစ္စလာမ်ဘာသာဝင်အားလုံးအကြား ဂိုဏ်စွဲ၊ အဖွဲ့အစည်းစွဲ၊ အစုအဖွဲ့စွဲ ကင်းသော ဘုံဆန္ဒသဘောထား ကြေညာချက်တစ်ရပ်၊ တနည်းအားဖြင့် Mandate တစ်ရပ် ချမှတ်ခြင်းဖြစ်သည်။ ဂိုဏ်စွဲ၊ အုပ်စုစွဲတို့ဖြင့် မြန်မာမွတ်စလင်များ၏ တူညီသော ဆန္ဒကို ထိန်းချုပ်လိုသူများအနေဖြင့် ဤသို့သော Mandate တစ်ရပ် ပေါ်ထွက်လာခြင...

The Second Coming of Jesus (Prophet Isa, Peace Be Upon Him) in Islam

Image
The Second Coming of Jesus (Prophet Isa, Peace Be Upon Him) in Islam In Islam, the belief in the return of Jesus (Prophet Isa, peace be upon him— ʿĪsā al-Masīḥ ) to Earth is a fundamental tenet of faith. As stated in the Holy Qur'an, Surah An-Nisa (4:157-158): "And [for] their saying, 'Indeed, we have killed the Messiah, Jesus, the son of Mary, the messenger of Allah.' And they did not kill him, nor did they crucify him... Rather, Allah raised him to Himself." This establishes that Jesus did not die on the cross but was instead raised alive into Heaven. Furthermore, Surah Az-Zukhruf (43:61) states: "And indeed, Jesus will be a sign for the Hour (the Day of Judgment), so have no doubt about it." This clearly proves his return to Earth in the end times before the day the world ends. Additionally, according to Surah An-Nisa (4:159), when Jesus returns, all the People of the Book (Christians and Jews) will truly understand and believe in him before his ultim...

သခင်ယေရှု - တမန်တော် အီစာ အလိုင်ဟစ္စလာမ် - ʿĪsā al-Masīḥ ' ကမ္ဘာမြေသို့ ပြန်လည်သက်ဆင်းလာခြင်း

Image
 သခင်ယေရှု - တမန်တော် အီစာ အလိုင်ဟစ္စလာမ် - ʿĪsā al-Masīḥ ' ကမ္ဘာမြေသို့  ပြန်လည်သက်ဆင်းလာခြင်း။ အစ္စလာမ်သာသနာတွင် သခင်ယေရှု (တမန်တော် အီစာ အလိုင်ဟစ္စလာမ် - ʿĪsā al-Masīḥ  ကမ္ဘာမြေသို့ ပြန်လည်သက်ဆင်းလာမည့် အယူအဆသည် အလွန်အရေးကြီးသော ယုံကြည်ချက်တစ်ခု ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် စူရဟ် အန္နိစာအ် အာယသ်တော် ၁၅၇-၁၅၈ တွင်  "အမှန်စင်စစ် သူတို့သည် သခင်ယေရှု (တမန်တော်အီစာ) ကို မသတ်ခဲ့ကြရချေ၊ ကပ်တိုင်ပေါ်၌လည်း မတင်ခဲ့ကြရချေ။... စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထိုသခင်ယေရှု (တမန်တော်အီစာ) ကို မိမိထံတော်သို့ ပင့်ဆောင်တော်မူခဲ့လေသည်။"  ဟု  ပြဆိုထားသည့်အတိုင်း သခင်ယေရှု (တမန်တော်အီစာ) သည် ကပ်တိုင်ပေါ်တွင် အသက်မဆုံးခဲ့ဘဲ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံထားရခြင်း ဖြစ်သည်။ ၎င်းနောက် စူရဟ် အဇ်ဇုခ်ရွဖ် အာယသ်တော် ၆၁ တွင်  "ပြီးနောက် စင်စစ်ဧကန် ထိုသခင်ယေရှု (တမန်တော်အီစာ) သက်ဆင်းလာခြင်းသည် လောကပျက်မည့်နေ့ (ကေယာမတ်) ၏ အမှတ်လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ သင်တို့သည် ထိုနေ့နှင့်ပတ်သက်၍ လုံးဝမသံသယမရှိကြကုန်လင့်။"  ဟု မိန့်တော်မူကာ လောကကြီး မပျက်စီးမီ နောက်ဆုံးကာလတွင်...

Gladstone's Hidden Policy

Image
Gladstone's Hidden Policy A retrospective look at late 19th-century colonial history and religious movements within the Islamic world reveals a fascinating entanglement of political strategy and new theological doctrines. Around 1876, British Prime Minister William Ewart Gladstone published a pamphlet titled Bulgarian Horrors and the Question of the East , which targeted the Ottoman Empire. At the time, widespread suspicion rippled through the Muslim world that the British were using this rhetoric as a tactical blueprint to divide and rule Muslim populations. Later on, many Islamic leaders began characterizing these subversion and instigation tactics as "The Gladstone Policy" toward Islam. According to prominent Muslim analysts of the era, the strategy aimed to alienate Muslims from the Holy Quran through several subtle means: institutionalizing the idea that the Quran must only be recited in Arabic without being translated into local vernaculars for comprehension; requir...

အစ္စလာမ့်အပေါ် Gladstone ၏အကွယ်မှ ပေါ်လစီ

Image
အစ္စလာမ့်အပေါ် Gladstone ၏အကွယ်မှ ပေါ်လစီ ၁၉ ရာစုနှောင်းပိုင်း ကိုလိုနီခေတ် သမိုင်းကြောင်းနှင့် အစ္စလာမ်ကမ္ဘာအတွင်း ဘာသာရေးလှုပ်ရှားမှုများကို ပြန်လည်ဆန်းစစ်ကြည့်လျှင် နိုင်ငံရေးဗျူဟာများနှင့် ဘာသာရေးအယူအဆသစ်များ အပြန်အလှန် ဆက်နွှယ်နေမှုကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ၁၈၇၆ ခုနှစ်ဝန်းကျင်က ဗြိတိသျှဝန်ကြီးချုပ် ဂလက်စတုန်း (William Ewart Gladstone) သည် အော်တိုမန်အင်ပါယာကို ဆန့်ကျင်သည့် စာအုပ်ငယ် (Bulgarian Horrors and the Question of the East) တစ်စောင် ရေးသားထုတ်ဝေခဲ့ဖူးရာ၊ ထိုစာအုပ်နှင့်ပတ်သက်၍ ဗြိတိသျှတို့သည် အစ္စလာမ်ဘာသာဝင်များကို သွေးခွဲအုပ်ချုပ်နိုင်ရေး နည်းဗျူဟာများ ထည့်သွင်းလှုံ့ဆော်ခဲ့သည်ဆိုသည့် သံသယနှင့် အယူအဆများ ထိုခေတ်က မွတ်စလင်ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည်။ နောက်ပိုင်းတွင် ၎င်းကို အစ္စလာမ်ဘာသာအပေါ် အဖျက်သဘောဖြင့် သွေးထိုးလှုံ့ဆော်သည့် "Gladstone ပေါ်လစီ" ဟု အစ္စလာမ်ခေါင်းဆောင်အများစုက ထင်မြင်သုံးသပ်ခဲ့ကြသည်။ ထင်ရှားသည့် သုံးသပ်ချက်များမှာ မွတ်စလင်များကို ကုရ်အာန်ကျမ်းမြတ်နှင့် ဝေးကွာစေရန်၊ ကုရ်အာန်ကို နားလည်အောင် ဘာသာပြန်ဆို၍ မသုံးစွဲရဘဲ အာရဗီဘာသာစကားအတိုင်...

Islam Within Islam: Deoband

Image
  Islam Within Islam: Deoband (The Deobandi school of thought embraced by the Ulema organizations and Tablighi movements among Myanmar Muslims) Among the numerous sects and sub-movements within the Islamic world, the "Deobandi" movement stands out as immensely influential, not only in South Asia (particularly India, Pakistan, and Bangladesh) but also across the globe. Originating with the dual purpose of resisting British colonialism and preserving the theological purity of Islam, this movement has evolved into a vital component of the contemporary Muslim world. 1. The Origins of Darul Uloom Deoband, Prominent Figures, and Core Theology Following the collapse of the Mughal Empire after the Indian Rebellion of 1857 (Sepoy Mutiny), Indian Muslims faced an acute political and religious crisis. In response to this decline, and with the aim of reviving Islamic education and moral values, Darul Uloom Deoband was founded on May 30, 1866 , in the town of Deoband, located in the Ut...

အစ္စလာမ်ထဲမှ အစ္စလာမ် ဒီအိုဗန် (Deobandi)

Image
  အစ္စလာမ်ထဲမှ အစ္စလာမ် ဒီအိုဗန် ( မြန်မာ မွတ်စလင်များထဲမှ အိုလမာအဖွဲ့နှင့် သဗီလစ်များ လက်ခံသည့် ဒီအိုဗန် ကျောင်းတော်ဝါဒ )  အစ္စလာမ်ဘာသာကမ္ဘာတွင် ဂိုဏ်းဂဏနှင့် လမ်းစဉ်ခွဲပေါင်းများစွာ ရှိသည့်အနက် တောင်အာရှ (အထူးသဖြင့် အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်) တွင်သာမက ကမ္ဘာအနှံ့အပြားအထိ သြဇာညောင်းလှသော လမ်းစဉ်တစ်ခုမှာ "ဒီအိုဗန်ဒီ" (Deobandi) လမ်းစဉ် ဖြစ်သည်။ အင်္ဂလိပ်ကိုလိုနီစနစ်ကို တော်လှန်ရန်နှင့် အစ္စလာမ်ဘာသာရေး သန့်စင်မှုကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သော ဤလမ်းစဉ်သည် ယနေ့ခေတ်တွင် အစ္စလာမ်ကမ္ဘာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ဒီအိုဗန်ကျောင်းတော် စတင်ပေါ်ပေါက်လာပုံ၊ ထင်ရှားသူများနှင့် အယူအဆလမ်းစဉ် ၁၈၅၇ ခုနှစ် အိန္ဒိယစစ်ပွဲ (Sepoy Mutiny) တွင် မဂိုအင်ပါယာ ပြိုလဲပြီးနောက် အိန္ဒိယမွတ်စလင်များသည် နိုင်ငံရေးအရရော ဘာသာရေးအရပါ အကျပ်အတည်း ဆိုက်ခဲ့သည်။ ထိုအချိန်တွင် အစ္စလာမ့်ပညာရေးနှင့် ကိုယ်ကျင့်တရားကို ပြန်လည်မြှင့်တင်ရန်အတွက် ၁၈၆၆ ခုနှစ် မေလ ၃၀ ရက် တွင် အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်ရှိ ဒီအိုဗန် (Deoband) မြို့၌ "ဒါရူလ် အုလူးမ် ဒီအိုဗန်" (Darul Ul...

The Islamic Religious Affairs Council and Drug Rehabilitation

Image
  The Islamic Religious Affairs Council and Drug Rehabilitation Every Muslim in Myanmar is a member of the Council, and it is the Council's policy to ensure they live with dignity and achieve prosperity in both this life and the hereafter. Under our Council's policy, the "drug rehabilitation" initiative serves as a driving force for implementation that aligns with the Council's mission of ensuring Myanmar Muslims live with dignity and achieve prosperity in both this life and the hereafter. Aung Myo Lwin (Ansar)

အစ္စလာမ်သာသနာရေးရာကောင်စီ နှင့် မူးယစ်ပြန်ထူ

Image
အစ္စလာမ်သာသနာရေးရာကောင်စီ၏ မူဝါဒ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်တိုင်းသည် ကောင်စီဝင်များဖြစ်ကြပြီး၊ ၎င်းတို့ ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည်နိုင်ရေးနှင့် လောကီ၊ လောကုတ္တရာ နှစ်ဘဝကောင်းစားရေးတို့သည် ကောင်စီ၏ မူဝါဒပင်ဖြစ်သည်။ "မူးယစ်ပြန်ထူ" လုပ်ငန်းသည် မြန်မာမွတ်စလင်များ ဂုဏ်သိက္ခာရှိစွာ ဘဝရပ်တည်နိုင်ရေးနှင့် လောကီ၊ လောကုတ္တရာ နှစ်ဘဝကောင်းစားရေးဆိုသည့် ကောင်စီ၏ မူဝါဒနှင့် ကိုက်ညီသည့် လုပ်ငန်းဖော်ဆောင်ရေး တွန်းအားတစ်ခု ဖြစ်ပါသည်။ အောင်မျိုးလွင် (အန်ဆွာရီ)

[Proactive Preparation: A Proposal to Launch Mosque-Based Emergency Rescue Training 🚨]

Image
  [Proactive Preparation: A Proposal to Launch Mosque-Based Emergency Rescue Training 🚨] Greetings to all fellow citizens with the noble Islamic greeting of peace. To provide effective and systematic relief when facing natural disasters or sudden emergencies, "knowledge and practical training" are absolutely essential. To ensure readiness for any crisis, we must act with foresight and prepare in advance. Therefore, I would like to strongly recommend and urge the healthcare professionals, doctors, and responsible individuals within our Muslim community to utilize our local mosques to conduct the following vital training sessions for the public: 🧠 1. Understanding the Psychological Changes in Refugees Methods for systematically counseling and comforting refugees who are suffering from trauma and behavioral changes due to disasters. ❤️ 2. Psychological Resilience for Rescue Workers Techniques to provide mental protection for field rescue workers, ensuring they do not suffer ...

[အမြော်အမြင်ရှိရှိ ကြိုတင်ပြင်ဆင်ရန် - ဗလီအခြေပြု အရေးပေါ်ကယ်ဆယ်ရေး သင်တန်းများ ဖွင့်လှစ်သင့်ကြောင်း အကြံပြုချက် 🚨]

Image
  [အမြော်အမြင်ရှိရှိ ကြိုတင်ပြင်ဆင်ရန် - ဗလီအခြေပြု အရေးပေါ်ကယ်ဆယ်ရေး သင်တန်းများ ဖွင့်လှစ်သင့်ကြောင်း အကြံပြုချက် 🚨] မိဘပြည်သူများ အားလုံးပဲ အစ္စလာမ်ဘာသာဝင်တို့၏ မွန်မြတ်လှသော စလာမ်နှုတ်ခွန်းဆက်သသံဖြင့် အစပြုလိုက်ရပါတယ်ခင်ဗျာ။ သဘာဝဘေးအန္တရာယ်တွေနဲ့ ရုတ်တရက်ကြုံတွေ့ရတတ်တဲ့ အရေးပေါ်အခြေအနေတွေမှာ ထိရောက်ပြီး စနစ်တကျရှိတဲ့ ကူညီကယ်ဆယ်မှုတွေ ပေးနိုင်ဖို့ဆိုတာ "အသိပညာနဲ့ လက်တွေ့လေ့ကျင့်မှု" မရှိမဖြစ် လိုအပ်ပါတယ်။ "အရေးကြုံရင် သက်လုံးကောင်းဖို့" အခုကတည်းက အမြော်အမြင်ရှိရှိ ကြိုတင်ပြင်ဆင်ထားကြရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ မွတ်စလင်လူထုအတွင်းမှာ ရှိနေကြတဲ့ ကျန်းမာရေးကျွမ်းကျင်သူများ၊ ဆရာဝန်များနှင့် တာဝန်ရှိသူများ အနေနဲ့ မိမိတို့ဒေသအသီးသီးက ဗလီဝတ်ကျောင်းတော်များကို အခြေခံပြီး အောက်ပါ အရေးကြီးသင်တန်းတွေကို အများပြည်သူအတွက် ဖွင့်လှစ်သင်ကြားပေးသင့်ကြောင်း လေးလေးနက်နက် အကြံပြုနှိုးဆော်လိုပါတယ် - 🧠 ၁။ ဒုက္ခသည်များ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို နားလည်ခြင်း ဘေးဒုက္ခကြောင့် စိတ်ဒဏ်ရာ (Trauma) ရပြီး စိတ်ပိုင်းဆိုင်ရာ အပြုအမူ ပြောင်းလဲသွားတဲ့ ဒုက္ခသည်တွေကို စနစ်တကျ နှစ်သ...