Posts

Showing posts from 2012

လမ်းခွဲခြင်းရဲ့ အစက ပေါင်းစည်းခြင်းက

အကြင်လင်းမယားဘဲ ဖြစ်ဖြစ်၊ လုပ်ငန်းစပ်တူတွေဘဲ ဖြစ်ဖြစ် မိသားစုတွေဘဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေဘဲဖြစ်ဖြစ် တစ်နေ့တော့ ရှင်ကွဲမကွဲရင်တောင် သေကွဲကွဲရမည်မှာ လူ့လောက ဓမ္မဆိုတာကို လူတိုင်း လက္ခံကျပါတယ်။ ယနေ့ တိုင်းပြည်ပြုပြင်ပြောင်းလည် ရေးလမ်းပေါ်ရောက်နေတဲ့ အချိန်မှာ စီးပွားရေး ပူးပေါင်းဆောက်ရွက်မှု့တွေက မလွဲမသွေ လိုအပ်လာသလို၊ စုပေါင်းစပ်ပေါင်း လုပ်ငန်းတွေမှ မလုပ်ရင် အရင်အနှီးနဲ့ လုပ်ငန်းအရှိန်ကြီးပြီးသာ ပြည်ပ စီးပွားရေး လုပ်ငန်းစုတွေနဲ့ ရှင်ပြိုင်ရန်မှာ လွယ်ကူမည်မထင် 'ဝ'လုံးခေါင်းထဲ လသာနေတဲ့ နေ့တွေက အချိန်သိပ်ကျန်တော့မည်မထင်၊ ဒီနေရာမှာ ကျွန်တော် တင်ပြလိုတာလေးက လုပ်ငန်းတွေပေါင်းလုပ်တော့မယ် ဆိုရင် ဘယ်လိုလမ်းခွဲမလည်းဆိုတာကို ပထမဦးစွာ ကြိုတင် ပြင်ဆင် သဘေားတူခြင်းကို စတင် လုပ်ဆောင်သင့်တယ်လို့ အကြံပြုတင်ပြလိုပါတယ်။ သို့မဟုတ်ပါက ကောင်းမွန်စွာလမ်းခွဲခြင်း ဆိုတာကို ရရှိနိုင်ခြေနည်းပြီး ပူးပေါင်းခြင်း၊ ပေါင်းစည်းခြင်းကိုက မသေချာခဲ့လေးတော့ အမုန်း၊ ဒေါသ၊ အာဂါတ တွေနဲ့ စိတ်မချမ်မြေ့ဖွယ် လမ်းခွဲခြင်းနဲ့ အဆုံးသက်ဖြစ်ရလေတော့ စကထဲ မပေါင်းစည်း မိကျရင် ကောင်းသားလို့ တွေးမိမည်ထင်ပါတယ်။ ထိုနည်းတူ လင် ရယ် မယား...

မရေရာ တဲ့ မြေနေရာ

Image
ရန်ကုန်မြို့မှာ နေရာကောင်းကောင်း သူဌေးများ နေစရာ မြေနေရာ တစ်ခုက သိန်းပေါင်း သောင်း လေးသောင်း လို့ ပြောရင် ပြောသူအရှုးလို့ပင် ပြောနိုင်စရာပါ။ သို့သော် ရန်ကုန်မြေတွေဟာ ရပ်ကွက်ထဲ မှာတောင် သိန်း ၁၅၀၀ ကနေ သိန်း ၃၀၀၀ လောက်ရှိနေပြီး ခြံတွေရှိတဲ့နေရာတွေမှာက သောင်းဂဏာန်း သန်းဂဏာန်းများဆိုတာကိုတော့ ယုံကျမှာပါ။ ၀ယ်သူတွေ အဲ့ဒီမြေနေရာကို ပိုင်မပိုင်တော့ မသိဘူး တကယ့်ကို ငွေကြေးအများကြီးပေးဝယ်ကျသည်မှာ သေချာ၏ မြန်မာပြည်မှာ ဒီလောက်ဈေးတွေ ပေးဝယ်တဲ့ မြန်မာစစ်တွေကို တွေ့ချင်လို့ ကျွန်တော့်ကို လိုက်ပြပါဆိုရင်တော့ လိုက်မပြတက်ဘူး၊ ဒါပေမဲ့ လှိုင်သာယာ တို့ တောင်ဒဂုန် တို့မှာတော့ လိုက်ပြနိုင်တယ် ပေ ၄၀ ပတ်လည်မှာ အိမ်ငယ် ၆ လုံးခွဲနေနေရတဲ့ မြန်မာစစ်တွေ အဌားဘ၀ နဲ့ မြေရှင်ကို လခ မပေးနိုင်လို့ ဘာပေါင်ရင် ကောင်းမတုန်း ရင်တုန်နေသူတွေကိုတော့ အဂ္ဂ တစ်ယောက်လိုက်ပြနိုင်ပါတယ်။ ဒီလောက်ကျယ်တဲ့ မြန်မာ့မြေမှာ ဥပဒေ အသစ်တွေနဲ့ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့်တွေပေးတော့မယ် ဆိုတဲ့ အချိန် မြန်မာနိုင်ငံသား စစ်တစ်ယောက် သေလို့ မြှုပ်နှံရန် ၄ ပေ ၆ ပေတောင် မ၀ယ်နိုင်ဘဲ ဘ၀ ကူးသွားသူများက ဒုနဲ့ ဒေး လယ်သမားတွေ မြေနေရာ မေ...

ဒီခေါင်မိုးကြောင့်

၅၀၀ တန်ဖုန်း ကိစ္စ ဘယ်သူအကြံစရသည်မသိ၊ ရလဒ်ကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ပြည်သူတွေ မျက်လုံးပွင့်သွားတယ်။ ဘာကိုလည်းဆိုတော့ ၁၅ သိန်းကနေ ၅ သိန်းဖြစ်လာတဲ့ ဖုန်းတွေ ၁ သိန်းနဲ့ ရောင်းရင်တောင် မတန်ဘူးဆိုတဲ့ အသိ။ ဆက်သွယ်ရေး ကတော့ ဆက်သွယ်ရေး ကွန်ယက်တွေ ရင်းနှီးမတည် ရတဲ့ စရိပ်တွေကြောင့်လို့ မျက်စီပိတ်၊ နားပိတ် လုပ်ထားခံရတဲ့ မဆလ ခေတ်က ပြည်သူတွေလိုဘဲလို့ တွေးထင်နေတာလား၊ ငါတို့လောက်မသိပါဘူးလို့ဘဲ သွေးနားထင်ရောက်နေလေ သလားတော့မသိ၊ ဆက်သွယ်ရေး ဖုန်းတွေ Payment တွေ ပြသနာတက်နေတာကြာပြီ ၊ လစဉ်ပေးစနစ်နဲ့ ငွေသွင်းရတဲ့ ဖုန်းတွေက ခံနေရတာကြာပြီ၊ လစဉ်ငွေ ကြိုက်သလောက်သွင်း လကုန်ရင်ငွေက တောင်းနေတုန်း၊ ငွေကျန်ရှိတယ်ဆိုတာ တခါးမှ မရှိ ဆက်သွယ်ရေးက ဝန်ထမ်းတွေက အစိုးရလခစား ဝန်ထမ်းတွေဆိုတော့ သူတို့ လူကို ခွေးလို ဆက်ဆံလို့ အလုပ်ပြုတ်တယ်ဆိုတာ ထုံးစံ မရှိဘူး၊ ဘယ်လူကြီးမှလည်း မိမိတာဝန်ယူထားတဲ့ ဌာနမှ ဆုံးဖြတ်ချက် အမှားတွေ လုပ်ဆောင်ချက် အမှားတွေ မရည်တွက်နိုင်အောင်ရှိလို့ မိမိမှာ တာဝန်ရှိပါတယ်ဆိုပြီး နှုတ်ထွက်သွားသည်ဟု တခါးမှ မကြားဘူး၊ မြန်မာ့ဆက်သွယ်ရေး ဟာမြန်မာနိုင်ငံသူ နိုင်ငံသားတွေ ရဲ ဆက်သွယ်ရေး လွယ်ကူ ဖွံဖြိုးတိုးတက်လာ...

ချစ်လေး

ကိုယ့် စိတ်ဓါတ်တွေ ပြိုကွဲ ယိုင်လည်းနေခဲ့ရင် ကိုယ့်ကို အားပေးပါ မေတ္တာတွေနဲ့ စကားလေးပြောပေးပါ၊ ကိုယ် အလုပ်တွေများပြီး စိတ်တွေရှုပ်လို့ စိတ်တွေတိုနေရင် တီတီတာတာ စကားတွေနဲ့၊ အာရုံပြောင်းပေးလှည့်ပါ၊ ကိုယ်သိပ် ပျော်မြူးပြီး ထွေရာလေးပါတွေ စကားတွေ ဖေားနေရင် ကိုယ့်ကို တိုးတိုးလေး အနားလာပြီး သတိပေးစကားပြောပေးပါ၊ ကိုယ် အတ္တတွေများပြီး အများအကျိုးကို ကိုယ့်အကျိုးအတွက်သုံနေရင် မင်းလေး ကိုယ့်ကို ထားသာသွားလိုက်ပါတော့ ကိုယ်မင်းကို တစ်နေ့ ဒုက္ခပေးတော့မှာ - တင်းပြမှု့လေး တစ်ခုပါ လေးစားစွာဖြင့် အဂ္ဂ
အိမ်အို အိမ်ဟောင်းတစ်ခုကို ပြုပြင်ရသည်က အိမ်အသစ်တစ်လုံးဆောက်ရသည်ထက် ပိုမို၍ခတ်ခဲသည်ကို စာဖတ်သူတို့ သိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အိုဟောင်း တစ်ခုကို ပြန်လည်လို့ ပြုပြင်ရမည်မှာလည်း ဤနည်းအတိုင်းပင်ဖြစ်နေမည်မှာ မလွဲပေ။ တက်သိပညာရှင်များစွာမှ တက်သိပညာ အဖြာဖြာနဲ့ ရှေ့နောက် ချိန်ဆပြီး ပြုပြင်မှသာ အာရှနိုင်ငံများနည်းတူဖွံ့ဖြိုးတိုးတက်လာမည်ဟုပင်ဆိုရပေမည်။ စိတ်ကူတွေးထင် အခုတမျိုး တော်ကြာစိတ်ကူးရတမျိုး တစ်ယောက် တမျိုးထလုပ်နေလို့ကတော့ ငွေသာကုန် ၊အိမ်ဟောင်းကို ပြင်ကာမှ တိုက်ပျက်ကြီးနဲ့ တူနေပေတော့မည်။