Search This Blog ရှာရန်

Wednesday, August 26, 2026

အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း



အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း


ကျွန်တော် ၈ တန်းအောင်ပြီး ၉ တန်းတက်ခါစအရွယ်တွင် အဖွားဒေါ်အေးခင်က “မင်းက မင်းအဖိုးအရပ်အမောင်းရှိတယ်” ဟု ပြောကာ ကျွန်တော့်အိပ်ခန်းထဲရှိ နှစ်ပေါင်းများစွာ မဖွင့်ဖူးသော ဘီဒိုကြီးကို ဖွင့်ပြခဲ့သည်။ ထိုဘီဒိုသည် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် အဖိုး၏ဘီဒိုဖြစ်သည်။
ဘီဒိုထဲတွင် လျှို့ဝှက်အကန့်ကိုပါ ဖွင့်ပြသည်၊ ပြီးတော့ ပိတ်စဖြူဖြင့်ပတ်ထားသော ဘီဒိုအတွင်းရှိအဖိုး၏မယ်ဒလင်တစ်လက်ကို ထုတ်ပေးကာ “ဒါ မင်းအဖိုးရဲ့ မယ်ဒလင်” ဟု ပြောသည်။ ထို့နောက် အဖိုးနှင့်အဖွား မင်္ဂလာဆောင်စဉ် အဖိုးဝတ်ခဲ့သော အဖြူရောင်ဘောင်းဘီကို ကျွန်တော့်အား ဝတ်ကြည့်စေသည်။ ကျွန်တော်၏အရပ်မှာ ၅ ပေ ၁၁ လက်မရှိပြီး၊ အဖွားပြောသလိုပင် အဖိုးနှင့်အရပ်အမောင်းတူသည်ဟု ခံစားမိခဲ့သည်။
ဘီဒိုထဲမှ အဖိုး၏မိခင် ဒေါ်သီ၏အသုဘတွင် ကမ်းခဲ့သော ယပ်တောင်တစ်ချောင်းကိုလည်း အဖွားပြသည်။ ယပ်တောင်ပေါ်တွင် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု ရေးထားသည်။ “ဒီအခန်းက မင်းအဘွား ဒေါ်သီအခန်းပဲ။ မင်းအဖေနဲ့အမေ မင်္ဂလာမဆောင်ခင် ခုနစ်လလောက်ကပဲ ဆုံးသွားတာ။ ကြံတောသင်္ချိုင်းစက်အရှေ့မှာ ဂူသွင်းခဲ့တယ်” ဟု အဖွားက ပြောပြသည်။ ထိုယပ်တောင်ကလေးကို ယနေ့တိုင် ကျွန်တော်မှတ်မိနေဆဲဖြစ်သည်။
အဖွား၏စစ်ကာလအကြောင်းများကိုလည်း ကျွန်တော် မမေ့နိုင်ပါ။ စစ်အတွင်း သားငယ်ကိုခေါ်ကာ ရန်ကုန်မှ ဓနုဖြူသို့ ထွက်ပြေးရစဉ် အိတ်များပါသည့် အတွင်းခံဝတ်စုံထဲတွင် လက်ဝတ်ရတနာများ ထည့်သယ်ခဲ့ရပုံကို ပြောပြခဲ့သည်။ ခြောက်လုံးပြူးတစ်လက်တွင် ပထမကျည်အိမ်ကို အလွတ်ထားကာ ကျည်ငါးတောင့်သာ ထည့်ရသည့်အကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ပထမအကြိမ်ပစ်သံသာထွက်၍ ကျည်မထွက်လျှင် ရန်သူက အကာအကွယ်လျော့ပြီး ထွက်လာနိုင်သည်၊ ထိုအချိန်တွင် ဒုတိယအကြိမ်မှ အမှန်တကယ်ကာကွယ်ပစ်ခတ်ရမည်ဟု သူမက ပြောသည်။
ထိုနေ့ ဘီဒိုတံခါးပွင့်သွားသည့်အခိုက်တွင် ကျွန်တော်သည် အဖိုး၏ပစ္စည်းများကိုသာ မြင်ခဲ့ရခြင်းမဟုတ်။ မိသားစု၏ချစ်ခြင်း၊ ဆုံးရှုံးမှု၊ စစ်၏အရိပ်နှင့် မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ မပြတ်လပ်ဘဲ ရောက်လာသော မှတ်ဉာဏ်များကို မြင်ခဲ့ရခြင်းဖြစ်သည်။



Tuesday, August 25, 2026

မှတ်မှတ်ရရ ဧရာဝတီခရီးသွား



မှတ်မှတ်ရရ ဧရာဝတီခရီးသွား

ကျွန်တော်ငယ်စဉ်က နွေရာသီ ၃ ခါလောက်၊ အဖေနှင့်အတူ ဧရာဝတီတိုင်းအတွင်း L Boat ဖြင့် လချီသွားလာနေထိုင်ခဲ့ဖူးသည်။ ယနေ့ အမှတ်တရပြန်လည်ပေါ်လာသည့် အကြောင်းအရာလေးတစ်ခုကို မျှဝေလိုပါသည်။
ထိုခေတ်က U Boat နှင့် L Boat အများစုကို ဆ/မ ဆည်မြောင်းဦးစီးဌာနက ပိုင်ဆိုင်အသုံးပြုခဲ့သည်ဟု မှတ်မိသည်။ အဆင့်မြှင့်တင်ထားသည့် L Boat များနှင့် အတော်ကောင်းသည့် ဖိုင်ဘာ Speed Boat တစ်စီးကိုတော့ မြန်မာ့ကြယ်ငါးပွင့်အောက်တွင် ထားရှိခဲ့သည်ဟုလည်း မှတ်မိပါသည်။ ထိုသုံးထပ် ဖိုင်ဘာခေတ်မီ Speed Boat ကိုတော့ ထိုခေတ် ရန်ကုန်–သန်လျင် သင်္ဘောနေ့စဉ် စီးနင်းသူများ မှတ်မိကြမည်ဟု ထင်ပါသည်။
U Boat နှင့် L Boat များသည် အင်္ဂလိပ်ခေတ်က မြစ်တွင်းရေတပ်အတွက် အသုံးပြုခဲ့သည့် လှေများဖြစ်သည်ဟုလည်း မှတ်မိသည်။
ထို့အပြင် ကမ်းရိုးတန်းသွား ခေတ်မီဖိုင်ဘာ Speed Boat နှစ်စီးကို ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်း အောက်တွင် ထားရှိခဲ့သည်ကို မှတ်မိပြီး၊ နောက်ပိုင်း ငါးလုပ်ငန်းဦးစီးဌာနတွင်လည်း DOF 1၊ DOF 2 ဟူ၍ ဖိုင်ဘာသင်္ဘောနှစ်စီး ရှိခဲ့ဖူးသည်။
ထို Boat များနှင့် မြိတ်မြို့နှင့် မြန်မာ့ပင်လယ်ပြင်သို့ သွားခဲ့သည့် ခရီးများလည်း ရှိခဲ့ပါသည်။ ထိုခရီးစဉ်တွင် အဖေ၊ ရေတပ်မှ ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်းသို့ ညွှန်မှူးအဖြစ် ပြောင်းရွှေ့လာသူ ဗိုလ်မှူးမြင့်လွင်၊ ၎င်း၏သားနှင့် ကျွန်တော်မှတ်မိသလောက် ကိုငွေစိုး ( ဗိုလ်ချုပ်နေဝင်းသား ) တို့ ပါဝင်ခဲ့ကြပါသည်။
အလျဉ်းသင့်လို့ သတိရလာသည့်အရာများကို ပြောပြမိခြင်းသာဖြစ်သည်။ အဓိက ပြောချင်သည်မှာ နွေရာသီ ဧရာဝတီခရီးထွက်တော့မည်ဆိုလျှင် အမေက ကျွန်တော့်အတွက် စကော့ဈေး ဘယ်ဘက်တန်းရှိ “ဇီးယို” ဆိုင်များမှ ဇီးယိုအစုံ ထည့်ပေးလိုက်တတ်သည်ကိုပါ။
၁၉၈၄ ခုနှစ် ဧရာဝတီခရီးစဉ်အတွင်း ငါးဖမ်းလှေငယ်များကို တွေ့လျှင် အဖေတို့အဖွဲ့နှင့် ရဲများပေါင်းကာ တံငါလှေများမှ ဖမ်းမိထားသည့် ငါးများကို စစ်ဆေးကြသည်။ အဓိကအားဖြင့် ဖမ်းမိငါးများတွင် ရောဂါပါသော ငါးများ ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်သည်။
ဒီနေရာတွင် တစ်ခုပြောပြရန်လိုပါသည်။ ထိုခေတ်က တံငါသည်အချို့သည် အစိုးရလှေတွေ့လျှင် ထွက်ပြေးတတ်ကြသည်၊ တစ်ခါတစ်ရံ ရန်ပြုတတ်ကြသည်ဟုလည်း မှတ်မိပါသည်။ ထို့ကြောင့် ရဲခြောက်ဦးခန့် ခေါ်ဆောင်သွားရခြင်းဖြစ်သည်။ ရဲခေါ်သည့်အခါတွင်လည်း ဟိုအပိုင်၊ ဒီအပိုင် ကွဲပြားနေသောကြောင့် သက်ဆိုင်ရာနယ်မြေအပိုင်အလိုက် ရဲများခေါ်ရသည်ကို မှတ်မိပါသည်။
ထိုအချိန်က မြန်မာပြည်ရေချိုငါးအချို့တွင် ထူးဆန်းသည့် ရောဂါလက္ခဏာများကို တွေ့ရတတ်သည်။ အကောင်တစ်ပိုင်းပျက်စီးနေသော်လည်း အသက်ရှင်နေသည့် ငါးများ၊ ခေါင်းနှင့်အမြီးရှိသော်လည်း ကိုယ်ခန္ဓာတွင် အရိုးများသာ ကျန်ရှိနေသည့် ငါးများ၊ အနီရောင်အကွက်ကြီးများပါသည့် ငါးများကိုပါ တွေ့ခဲ့ရသည်။
ဘာရောဂါဖြစ်သည်ကိုတော့ ကျွန်တော်ငယ်သေးသဖြင့် မမှတ်မိပါ။ သို့သော် ယနေ့ အင်တာနက်မှ ပြန်လည်ရှာဖွေကြည့်သောအခါ ၁၉၈၄–၁၉၈၅ ခုနှစ်ဝန်းကျင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အနာပေါက်ရောဂါ Epizootic Ulcerative Syndrome (EUS) နှင့် ကိုက်ညီနိုင်သည်ဟု ယူဆမိပါသည်။ EUS သည် ရေချိုနှင့် မြစ်ဝဒေသငါးများတွင် အရေပြားနှင့် ကြွက်သားအထိ နက်ရှိုင်းသောအနာများ ဖြစ်စေနိုင်သည့် ရောဂါဖြစ်သည်။
အဖေတို့က ထိုငါးများနှင့်ပတ်သက်သည့် အချက်အလက်များကို မှတ်တမ်းယူ၊ စုဆောင်းကာ စစ်ဆေးကြသည်။ ထိုသို့ လိုက်လံစစ်ဆေးနေချိန်တွင် အချို့တံငါသည်များသည် ကျွန်တော်တို့၏ L Boat ကို မြင်လျှင် ထွက်ပြေးတတ်ကြသည်။ အထူးသဖြင့် လပွတ္တာ မြို့ဘက် တွင် ထိုသို့ဖြစ်ရပ်များ များတတ်သည်ဟု မှတ်မိသည်။
တချို့မှာ အဝတ်အစားမပြည့်စုံဘဲ ပုဆိုးပင် မဝတ်ထားကြသဖြင့် အဖေတို့က ပုဆိုးကြမ်းများပေး၊ ဇီးယိုများပေးပြီး နောက်တစ်ခါ အဝတ်အစားမပြည့်စုံလျှင် ဖမ်းမည်ဟု သတိပေးတတ်ကြသည်။
ထိုခရီးတွင် L Boat ပေါ်မှ မြန်မာထမင်းချက်များ၏ အချက်အပြုတ်က အလွန်ကောင်းသည်။ ကျွန်တော်တို့သည် L Boat အနောက်ဘက်မှ မြစ်ရေကို ပုံး ဖြင့်ခပ်ကာ ချိုးရပြီး၊ နောက်ဆုံးတွင် ရေချို ရေသန့် သုံးပုံးမှ လေးပုံးခန့် သုံး၍ ရေချိုးကြရသည်။
ယနေ့တော့ ငယ်ဘဝက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားလာခဲ့ရသောခရီး၊ ဘဝတွင် အဖေနှင့်အတူ ခရီးရက်ရှည်ထွက်ခဲ့ရသည့် မြင်ကွင်းများကို အမှတ်ရမိလို့ မျှဝေလိုက်ခြင်းဖြစ်ပါသည်။

Sunday, August 23, 2026

My Recollections of Myanmar Orchids

 

My Recollections of Myanmar Orchids



If I remember correctly, around 1998, a Myanmar orchid exhibition was held at the location where the M3 football pitch now stands. Most of the orchids displayed for this exhibition were brought in from Thailand, offering us the chance to witness a wide variety of colorful and uniquely beautiful orchid species.

Anyone who flew with Thai Airways back in those days will likely remember how passengers were routinely given identical, uniform orchid blossoms as a keepsake souvenir. These little flowers—bred to be uniform in size and color—served as a symbol of Thailand's thriving floriculture and orchid industry at the time.

During that period, I was working as a Protocol Officer for a Thailand-based company located in Yangon. Consequently, I took on responsibilities related to the orchid exhibition's logistics and coordination—such as liaising with relevant government departments when Thai orchid experts visited Myanmar.

Additionally, I had the task of guiding those Thai specialists around local ornamental flower farms of the time, including the Chinn Chaung rose nursery and large commercial plots where double jasmine (hnyin hsee), noble orchids (thazin), and various other orchid species were cultivated.

While assisting them, the visiting Thai orchid experts expressed a strong fascination with Myanmar's native wild orchid species and shared their desire to acquire them.

They explained that because Thailand had been commercially crossbreeding and cultivating orchids for a long period, they were facing a decline in genetic quality. Consequently, they needed original, unhybridized wild orchid species growing naturally in Myanmar’s forests.

Back then, one could frequently find wild orchid clumps naturally clinging to large trees around the Shwegontine area—near where the current Sakura Housing is built—as well as around Kandawgyi Lake. Prompted by this, I investigated further and discovered authentic wild orchids along the ascent of the Rakhine-Taunggok highway, alongside vast and stunning bamboo forests.

In our professional circles at the time, these orchids were referred to as "L-Zero." This was not meant to be a scientific name; rather, it was likely an industry slang term used back then to designate a specific group of original wild orchids.

Later on, after obtaining official permission from the Myanmar Forest Department, those orchids were systematically harvested and shipped out in large quantities.

Reflecting on this today, I realize even more that Myanmar is a country blessed not only with beautiful ornamental flowers but also with immense natural gene pools—including massive bamboo forests and native species vital for research and future agricultural development.

I firmly believe that if we protect these precious natural heritages from reckless harvesting and commercial trade—safeguarding them under relevant laws, official permits, and scientific conservation breeding systems—Myanmar's orchids will continue to offer their beauty and value for generations to come.

Aung Myo Lwin (Ko Agga)

ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ


ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ

ကျွန်တော် အမှတ်မမှားလျှင် ၁၉၉၈ ခုနှစ်ခန့်က ယနေ့ M3 ဘောလုံးကစားကွင်းရှိရာနေရာတွင် မြန်မာ့သစ်ခွပြပွဲတစ်ခု ကျင်းပခဲ့ဖူးပါသည်။ ထိုပြပွဲအတွက် ပြသခဲ့သော သစ်ခွအများစုကို ထိုင်းနိုင်ငံမှ သယ်ဆောင်လာခဲ့ကြပြီး၊ အရောင်အသွေးစုံလင်ကာ ထူးခြားလှပသည့် သစ်ခွမျိုးများကို မြင်တွေ့ခွင့်ရခဲ့ပါသည်။
ထိုခေတ်က Thai Airways လေယာဉ်စီးဖူးသူများအနေဖြင့် ခရီးသည်များအား အရောင်တူ၊ အရွယ်တူ သစ်ခွပန်းလေးများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်လေ့ရှိသည်ကို မှတ်မိကြမည်ထင်ပါသည်။ ထိုသစ်ခွပန်းလေးများသည် အရွယ်တူ၊ အရောင်တူသစ်ခွပန်းများဖြစ်အောင် မျိုးရိုးဗီဇ ပြုပြင်ထားသည့် ထိုင်းနိုင်ငံ၏ ပန်းစိုက်ပျိုးရေးနှင့် သစ်ခွလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုသည့် အမှတ်တရတစ်ခုလည်း ဖြစ်ခဲ့ပါသည်။
ထိုအချိန်က ကျွန်တော်သည် ရန်ကုန်အခြေစိုက် ထိုင်းကုမ္ပဏီတစ်ခုတွင် Protocol Officer အဖြစ် အလုပ်လုပ်ကိုင်နေခဲ့ပါသည်။ ထို့ကြောင့် သစ်ခွပြပွဲနှင့် ဆက်စပ်သော သယ်ယူပို့ဆောင်ရေးကိစ္စများ၊ ထိုင်းနိုင်ငံမှ သစ်ခွကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည့် တာဝန်များကိုလည်း ယူခဲ့ရပါသည်။
ထို့အပြင် ထိုစဉ်က အလှပန်းစိုက်ပျိုးရေးလုပ်ငန်းများရှိခဲ့သော ချင်းချောင်းနှင်းဆီခြံနှင့် လူကုန်တန်ခြံကြီးများအတွင်းမှ နှစ်ဆီး၊ သဇင်နှင့် သစ်ခွမျိုးစုံ စိုက်ပျိုးထားသည့်ခြံများသို့လည်း ထိုင်းပညာရှင်များကို လိုက်လံပြသပေးရပါသည်။
ထိုသို့ ကူညီဆောင်ရွက်ရစဉ် ပါလာသော ထိုင်းသစ်ခွကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏ သဘာဝဒေသရင်း သစ်ခွမျိုးများကို အထူးစိတ်ဝင်စားကြပြီး၊ ထိုကဲ့သို့သော မျိုးရင်းသစ်ခွများကို ရယူလိုကြောင်း ပြောပြခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် စီးပွားဖြစ်သစ်ခွမျိုးများကို နှစ်ကာလရှည်ကြာ မျိုးစပ်ပြုပြင်လာခဲ့သည့်အတွက်၊ မျိုးရိုးဗီဇပြုပြင်ရန် အရည်အသွေးနိမ့်လာခြင်းကို ရင်းဆိုင်နေရပါတယ်၊ သို့သော်မြန်မာနိုင်ငံ၏ သဘာဝတောများတွင် ပေါက်ရောက်နေသည့် မျိုးစပ်ပြုပြင်ခြင်း မပြုထားသော မူရင်းသစ်ခွမျိုးများ လိုအပ်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုစဉ်က ရွှေဂုဏ်တိုင်ဘက်၊ ယခု စကူရာအိမ်ရာများ ဆောက်လုပ်ထားသည့်နေရာအနီးနှင့် ကန်တော်ကြီးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးအချို့တွင် သဘာဝအလျောက် ကပ်ပေါက်နေသော သစ်ခွပင်ရင်းများကို တွေ့ရတတ်ပါသည်။ ထိုမှတစ်ဆင့် စုံစမ်းရှာဖွေခဲ့ရာ ရခိုင်-တောင်ဂုတ်လမ်းအတက်ဘက်တွင် သဘာဝပင်ရင်းအစစ် သစ်ခွများ၊ အင်းမတန်များလှသည့် ဝါးတောများကို တွေ့ရှိခဲ့ရပါသည်။
ထိုသစ်ခွများကို ထိုခေတ် လုပ်ငန်းဝန်းကျင်တွင် “L-Zero” ဟု ခေါ်ဆိုကြပါသည်။ ယင်းသည် သိပ္ပံအမည်ဖြစ်သည်ဟု မဆိုလိုဘဲ၊ သဘာဝပင်ရင်းသစ်ခွအုပ်စုတစ်မျိုးကို ရည်ညွှန်းသည့် ထိုစဉ်က လုပ်ငန်းသုံးအခေါ်အဝေါ်တစ်ခု ဖြစ်နိုင်ပါသည်။
ထို့နောက် မြန်မာ့သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီး ထိုသစ်ခွများကို စနစ်တကျ ခူးယူကာ အမြောက်အများ ပို့ဆောင်ပေးခဲ့ရဖူးပါသည်။
ယနေ့ ပြန်လည်စဉ်းစားမိသည့်အခါ မြန်မာနိုင်ငံသည် သစ်ခွပန်းအလှသာမက၊ သစ်ခွမျိုးရင်းများ၊ အင်မတန်ကြီးများသည့် ဝါးတောများ၊ သုတေသနနှင့် အနာဂတ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် သဘာဝဒေသရင်း မျိုးရိုးဗီဇအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ကြောင်း ပိုမိုသတိပြုမိပါသည်။
ဤအဖိုးတန် သဘာဝအမွေအနှစ်များကို မဆင်မခြင်ခူးယူရောင်းဝယ်ခြင်းမှ ကာကွယ်ပြီး၊ သက်ဆိုင်ရာဥပဒေ၊ ခွင့်ပြုချက်နှင့် သိပ္ပံနည်းကျ ထိန်းသိမ်းမွေးမြူရေးစနစ်များအောက်တွင် ကာကွယ်စောင့်ရှောက်နိုင်လျှင် မြန်မာ့သစ်ခွများသည် နောင်လာမည့်မျိုးဆက်များအတွက်လည်း အလှတရားနှင့် တန်ဖိုးကို ဆက်လက်ပေးစွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။
အောင်မျိုးလွင် ( အဂ္ဂ

Sunday, August 16, 2026

SHAMIE Bakery & Confectionery

 SHAMIE Bakery & Confectionery




There is something important to clarify here, as it is a common point of confusion between SHAMIE and SHAMI: "Shami" refers to Shami Kebab, which is made by grinding meat with split peas and frying it.

It was also sold at the Shamie Bakery, but it is not called Shami Kebab because the bakery made it.

Secondly, Shamie is a person's name. Before World War II, there used to be an Iranian Club next to the Sule Bengali Mosque. During the war, U Myaung Mya National School Principal Haji U Aung Ba (U Abdullah) and a person named Shamie discussed opening a bakery together once the war ended.

However, after the war ended, Shamie provided the initial bakery machinery and recipes he owned before returning to Iran.

Haji U Abdullah, later known as Shamie U Abdullah, started the business to expand operations in partnership with the family of Mr. Patel—who served as the Mayor of Rangoon in the 1930s–1940s—along with 11 other shareholders.

Haji U Abdullah personally managed the operations as the Shamie Manager, traveling to Germany to purchase and import machinery for hard candies, chocolates, and ice pops. He operated it as a modern establishment selling Shamie candies, Shamie falooda, Shamie parfaits, Shamie cookies, toasted bread, toasted cakes, and a wide variety of cakes in Myanmar until it was nationalized.

SHAMIE မုန့်တိုက်



SHAMIE မုန့်တိုက်






ဒီနေရာမှာ တစ်ခုပြောပြစရာရှိပါတယ်၊ လူအများအမှတ်မှားနိုင်တဲ့အချက်ပါ SHAMIE နှင့် SHAMI၊ " Shami " ဆိုတာ Shami Kebab (ရှမီကာဘတ်) အသားကို ပဲနှင့်ကြိတ်ကြော်ထားတာကို ခေါ်ပါသည်၊

ရှာမီ မုန့်တိုက်မှာလည်း ရောင်းပါတယ်၊ သို့သော် ရှာမီမုန့်တိုက်က လုပ်လို့ ရှာမီကာဘတ်လို့ ခေါ်ခြင်းမဟုတ်ပါ။

နောက် Shamie ဆိုတာ လူနာမည် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဆူးလေဘင်္ဂါလီဗလီဘေးမှာ Iranian Club ရှိခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန် မြောင်းမြအမျိုးသားကျောင်းအုပ်ဆရာ ဟာဂျီဦးအဒူလာနှင့် Shamie ဆိုသူတို့ စစ်ပြီးရင် မုန့်ဆိုင်ဖွင့်ကြရအောင်ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။

သို့သော် စစ်ပြီးသည့်အခါ ထိုရှာမီဆိုသူမှ ၎င်းပိုင် မုန့်ဖုတ်လုပ်ငန်းသုံး စက်များနှင့် ပြုလုပ်နည်းများနှင့်အတူ အစပြုပေးခဲ့ပြီး အီရန်သို့ ပြန်သွားပါသည်။

ဟာဂျီဦးအဒူလာ ခေါ် နောင် ရှာမီအဒူလာမှ လုပ်ငန်းတိုးချဲ့စတင်နိုင်ရန် ၁၉၃၀ - ၁၉၄၀ ခုနှစ်များက မြို့တော်ဝန်လုပ်ခဲ့သော Mr. Patel (ပတေးလ်) မိသားစုနှင့် အစုရှယ်ရာရှင် ၁၁ ဦးဖြင့် စတင်ခဲ့သည်။

ဟာဂျီဦးအဒူလာသည် ရှာမီမန်နေဂျာအဖြစ် ကိုယ်တိုင်ဦးစီးပြီး ဂျာမနီ (Germany) မှ သကြားလုံးစက်၊ ချောကလပ်စက်၊ ရေခဲချောင်းစက်စသည်ဖြင့် ကိုယ်တိုင်သွားရောက်ဝယ်ယူတင်သွင်းခဲ့ပြီး၊ ခေတ်မီသော ရှာမီသကြားလုံး၊ ရှာမီဖာလူဒါ၊ ရှာမီပါဖ်၊ ရှာမီကွတ်ကီး၊ ပေါင်မုန့်ကျွတ်၊ ကိတ်ကျွတ်၊ ကိတ်မုန့်မျိုးစုံ ရောင်းချသည့်ဆိုင်တစ်ခုအဖြစ် ပြည်သူပိုင်မသိမ်းမီအထိ မြန်မာပြည်တွင် ဖွင့်လှစ်ခဲ့သည်။

Friday, August 14, 2026

Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ

 

Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ



Karen Newton အမှုက ထူးခြားပြီး သီးခြားဖြစ်ရပ်တစ်ခုသာဟု မပြောနိုင်တော့ပါ။ သို့သော် “တရားဝင် tourist visa ကိုင်ထားသော နိုင်ငံခြားခရီးသွားတစ်ဦးကို ICE က ရက်သတ္တပတ်များစွာ ထိန်းသိမ်းခဲ့သည့်အမှု” မည်မျှရှိသည်ကို ဖော်ပြသော အစိုးရ၏ သီးခြားစာရင်းမရှိသဖြင့် အတိအကျ ရေတွက်မရပါ။ ရရှိထားသည့် သတင်းမှတ်တမ်းများက ထိုကဲ့သို့သောအမှုများသည် လူသိရှင်ကြားထွက်လာသော အနည်းငယ်သာ ဖြစ်နိုင်ကြောင်း ပြသနေသည်။[theguardian]

Karen Newton အမှု

Guardian ၏ ဖော်ပြချက်အရ အသက် ၆၅ နှစ်ရှိ ဗြိတိန်နိုင်ငံသား Karen Newton သည် အမေရိကန်သို့ လည်ပတ်ရန် ဝင်ရောက်ခဲ့သူဖြစ်ပြီး၊ သူမ၏ tourist visa သက်တမ်းမှာ မကုန်သေးပါ။ သို့သော် ခင်ပွန်း Bill ၏ visa သက်တမ်းကုန်သွားခြင်းနှင့် ကနေဒါနယ်စပ်မှ ပြန်လှည့်ရခြင်းနောက်ပိုင်းတွင် Karen ကိုပါ လက်ထိပ်၊ ခြေကျင်းခတ်ကာ ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။ သူမသည် Montana နယ်စပ်ထိန်းသိမ်းရေးစခန်းတွင် သုံးရက်၊ Washington ပြည်နယ် Tacoma ရှိ Northwest ICE Processing Center တွင် ဆက်လက်နေထိုင်ရပြီး စုစုပေါင်း ၄၂ ရက်ခန့် ထိန်းသိမ်းခံခဲ့ရသည်။[theguardian]

ICE ဘက်က Karen ကို ခင်ပွန်း၏ ခရီးစဉ်ပြင်ဆင်ရာ၌ ကူညီခဲ့ခြင်းကြောင့် B tourist visa စည်းကမ်းကို ချိုးဖောက်သည်ဟု သတ်မှတ်ခဲ့ကြောင်း Guardian က ရေးသားထားသည်။ Karen နှင့် Bill တို့သည် “voluntary self-removal” စာရွက်ကို လက်မှတ်ထိုးခဲ့ပြီး၊ ထိုစာရွက်သည် တရားရုံးကြားနာခွင့်ကို စွန့်လွှတ်ရနိုင်သည့်အပြင် အမေရိကန်ပြန်ဝင်ခွင့်ကို ၁၀ နှစ်အထိ ကန့်သတ်နိုင်သည့် အကျိုးဆက်ရှိနိုင်သည်ဟု သတင်းက ဖော်ပြသည်။[theguardian]

လူသိရှင်ကြားထွက်လာသော အလားတူအမှုများ

Guardian ဆောင်းပါးတွင် Karen မတိုင်မီ သို့မဟုတ် အနီးကပ်ကာလများအတွင်း လူသိရှင်ကြားထွက်လာသော နိုင်ငံခြားခရီးသွား ထိန်းသိမ်းခံရမှုများကိုလည်း ဖော်ပြထားသည်။

အမည်/နိုင်ငံသားအခြေအနေထိန်းသိမ်းခံရသည့်ကာလ
Jessica Brösche, ဂျာမနီICE ထိန်းသိမ်းမှု၊ solitary confinement ပါဝင်၄၅ ရက်
Rebecca Burke, ဗြိတိန်အမေရိကန်မှ ထွက်ခွာရန်ကြိုးစားစဉ် ထိန်းသိမ်းခံရ၁၉ ရက်
Jasmine Mooney, ကနေဒါICE detention center တွင် ထိန်းသိမ်းခံရ၂ ပတ်
New Zealander တစ်ဦးနှင့် ၆ နှစ်အရွယ်သားICE ထိန်းသိမ်းမှု၃ ပတ်
Karen Newton, ဗြိတိန်Visa သက်တမ်းရှိနေသေးသော်လည်း ခင်ပွန်း၏အမှုနှင့် ဆက်စပ်၍ ထိန်းသိမ်းခံရ၄၂ ရက်

ဤစာရင်းသည် စုစုပေါင်းဖြစ်ရပ်အရေအတွက် မဟုတ်ပါ။ သတင်းမီဒီယာနှင့် လူမှုကွန်ရက်ထဲသို့ ရောက်လာပြီး ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့သူများသာဖြစ်သည်။ အများအပြားမှာ အလုပ်လုပ်ရန် ရည်ရွယ်ချက်ရှိသည်ဟု သံသယခံရခြင်း၊ visa သို့မဟုတ် ဝင်ရောက်ခွင့်ဆိုင်ရာ ပြဿနာတစ်ခုနှင့် ကြုံခြင်းများက စတင်အကြောင်းရင်း ဖြစ်ခဲ့သည်။[theguardian]

“ဘယ်လောက်အထိ” ဆိုသည့် အဖြေ

တရားဝင် visa ရှိသည့် tourist များထဲမှ Karen ကဲ့သို့ ထိန်းသိမ်းခံရသူ အရေအတွက်ကို ခွဲခြားထုတ်ပြသော ICE/DHS data မရှိပါ။ ထို့ကြောင့် “ရာချီ၊ ထောင်ချီ” ဟု ယုံကြည်စိတ်ချစွာ မပြောနိုင်ပါ။

သို့သော် ပိုကျယ်သော ICE detention ပမာဏကိုကြည့်လျှင် ထိန်းသိမ်းရေးစနစ်၏ အရွယ်အစားမှာ အလွန်ကြီးမားလာခဲ့သည်—

  • ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်အထိ ICE ထိန်းသိမ်းထားသူ ၇၀,၇၆၆ ဦး ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၅၂,၅၀၄ ဦး၊ သို့မဟုတ် ၇၄.၂% တွင် criminal conviction မရှိကြောင်း TRAC Immigration က ဖော်ပြသည်။[tracreports]
  • ၂၀၂၆ ဧပြီ ၄ ရက်အထိ ထိန်းသိမ်းထားသူအရေအတွက် ၆၀,၃၁၁ ဦးသို့ လျော့သွားခဲ့သော်လည်း၊ ၄၂,၇၂၂ ဦး သို့မဟုတ် ၇၀.၈% မှာ criminal conviction မရှိသူများဖြစ်ခဲ့သည်။[tracreports]
  • ၂၀၂၅ ဒီဇင်ဘာလတစ်လတည်းတွင် ICE detention သို့ အသစ်ဝင်ရောက်မှတ်တမ်းတင်ခံရသူ ၄၂,၁၂၈ ဦး ရှိခဲ့သည်—ICE ဖမ်းဆီးမှု ၃၇,၈၄၂ ဦးနှင့် CBP မှ ၄,၂၈၆ ဦး ပါဝင်သည်။[tracreports]

ဤကိန်းဂဏန်းများသည် Karen ကဲ့သို့ visa-valid tourist များကိုသာ ရည်ညွှန်းခြင်းမဟုတ်ပါ။ သို့သော် ICE detention စနစ်သည် အလွန်ကျယ်ပြန့်လာပြီး၊ ရာဇဝတ်ပြစ်မှုမှတ်တမ်းမရှိသူများက ထိန်းသိမ်းခံရသူအများစုဖြစ်နေသည်ကို ပြသသည်။[tracreports][tracreports]

သတင်းရေးရာ အဓိကအချက်

Karen Newton အမှု၏ အရေးကြီးသောသတင်းတန်ဖိုးမှာ “visa ရှိလျှင် လုံးဝအန္တရာယ်ကင်းသည်” ဆိုသော ယူဆချက်ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ Visa သည် အမေရိကန်သို့ ဝင်ခွင့်အာမခံချက်မဟုတ်သလို၊ နယ်စပ်တွင် CBP နှင့် ICE တို့က ဝင်ရောက်ခွင့်၊ ထိန်းသိမ်းမှု၊ ပြန်လည်ထွက်ခွာစေမှုတို့အပေါ် ကျယ်ပြန့်သော ဆုံးဖြတ်ခွင့်ရှိသည်။

ဒါပေမဲ့ Karen ကဲ့သို့ အမှုများကို “တရားဝင်ဗီဇာရှိသူတိုင်း ဖမ်းဆီးခံရနိုင်သည်” ဟု ယေဘုယျသတ်မှတ်ခြင်းကလည်း မတိကျပါ။ သတင်းထွက်လာသောအမှုများတွင် နယ်စပ်ပြဿနာ၊ visa သက်တမ်းကုန်သူနှင့် အတူခရီးသွားခြင်း၊ အလုပ်လုပ်ရန်ရည်ရွယ်သည်ဟု သံသယခံရခြင်း၊ ခရီးစဉ်အထောက်အထားနှင့် သက်ဆိုင်သောအငြင်းပွားမှုများကဲ့သို့ သီးခြားအခြေအနေများ ပါဝင်နေသည်။[theguardian][nilc]

ရေးမိသည့်အကြောင်း 

ခေါင်းစဉ်အကြောင်း — “Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ”

အမေရိကန်သို့ တရားဝင် tourist visa ဖြင့်သွားရောက်ခဲ့သော ဗြိတိန်နိုင်ငံသား Karen Newton သည် ခင်ပွန်း၏ visa သက်တမ်းကုန်ခြင်းနှင့် ဆက်စပ်ကာ ICE ထိန်းသိမ်းရေးစခန်းတွင် ခြောက်ပတ်နီးပါး နေခဲ့ရသည်ဟု Guardian သတင်းက ဖော်ပြသည်။ Karen ၏ visa သက်တမ်းမှာ မကုန်သေးသော်လည်း၊ အမေရိကန်မှ ထွက်ခွာရန်ကြိုးစားစဉ် လက်ထိပ်၊ ခြေကျင်းခတ်ခံရပြီး Tacoma ရှိ ICE detention center သို့ ပို့ဆောင်ခံခဲ့ရသည်။[theguardian]

Karen ၏ဖြစ်ရပ်သည် တစ်ဦးတည်းသော ထူးခြားဖြစ်ရပ်ဟု အလွယ်တကူ မဆိုနိုင်တော့ပေ။ ၂၀၂၅–၂၆ ကာလအတွင်း ဂျာမနီ၊ ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန်မှ ခရီးသွားများ ICE ထိန်းသိမ်းရေးစခန်းတွင် ရက်သတ္တပတ်များစွာ နေခဲ့ရသည့် အမှုများ လူသိရှင်ကြား ထွက်ပေါ်ခဲ့သည်။ သို့သော် valid visa ကိုင်ထားသော visitor များထဲမှ မည်မျှ ထိန်းသိမ်းခံရသည်ကို ခွဲခြားပြသသော အစိုးရကိန်းဂဏန်း မရှိသဖြင့် အမှန်တကယ်အရွယ်အစားကို တိတိကျကျ မသိရသေးပေ။[theguardian]

ထိန်းသိမ်းရေးစနစ်တစ်ခုလုံးကို ကြည့်လျှင် ICE သည် ၂၀၂၆ ဇန်နဝါရီတွင် လူပေါင်း ၇၀,၇၆၆ ဦးကို ထိန်းသိမ်းထားခဲ့ပြီး၊ ၇၄% ကျော်မှာ criminal conviction မရှိသူများဖြစ်ကြောင်း TRAC Immigration ၏ အချက်အလက်များက ဆိုသည်။ ထို့ကြောင့် Karen အမှုသည် “ခရီးသွားတစ်ဦး၏ မတော်တဆအဖြစ်” သာမက၊ အမေရိကန်၏ ပိုမိုကျယ်ပြန့်လာသော လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းမှုအတွင်း ပွင့်လင်းမြင်သာမှုနှင့် အချိုးကျမှုဆိုင်ရာ မေးခွန်းများကို ပိုမိုထင်ရှားစေသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်နေသည်။[tracreports]

အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း

အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း ကျွန်တော် ၈ တန်းအောင်ပြီး ၉ တန်းတက်ခါစအရွယ်တွင် အဖွားဒေါ်အေးခင်က “မင်းက မင်းအဖိုးအရပ်အမောင်းရှိတယ်” ဟု ...