Posts

Showing posts from February, 2012

မရေရာ တဲ့ မြေနေရာ

Image
ရန်ကုန်မြို့မှာ နေရာကောင်းကောင်း သူဌေးများ နေစရာ မြေနေရာ တစ်ခုက သိန်းပေါင်း သောင်း လေးသောင်း လို့ ပြောရင် ပြောသူအရှုးလို့ပင် ပြောနိုင်စရာပါ။ သို့သော် ရန်ကုန်မြေတွေဟာ ရပ်ကွက်ထဲ မှာတောင် သိန်း ၁၅၀၀ ကနေ သိန်း ၃၀၀၀ လောက်ရှိနေပြီး ခြံတွေရှိတဲ့နေရာတွေမှာက သောင်းဂဏာန်း သန်းဂဏာန်းများဆိုတာကိုတော့ ယုံကျမှာပါ။ ၀ယ်သူတွေ အဲ့ဒီမြေနေရာကို ပိုင်မပိုင်တော့ မသိဘူး တကယ့်ကို ငွေကြေးအများကြီးပေးဝယ်ကျသည်မှာ သေချာ၏ မြန်မာပြည်မှာ ဒီလောက်ဈေးတွေ ပေးဝယ်တဲ့ မြန်မာစစ်တွေကို တွေ့ချင်လို့ ကျွန်တော့်ကို လိုက်ပြပါဆိုရင်တော့ လိုက်မပြတက်ဘူး၊ ဒါပေမဲ့ လှိုင်သာယာ တို့ တောင်ဒဂုန် တို့မှာတော့ လိုက်ပြနိုင်တယ် ပေ ၄၀ ပတ်လည်မှာ အိမ်ငယ် ၆ လုံးခွဲနေနေရတဲ့ မြန်မာစစ်တွေ အဌားဘ၀ နဲ့ မြေရှင်ကို လခ မပေးနိုင်လို့ ဘာပေါင်ရင် ကောင်းမတုန်း ရင်တုန်နေသူတွေကိုတော့ အဂ္ဂ တစ်ယောက်လိုက်ပြနိုင်ပါတယ်။ ဒီလောက်ကျယ်တဲ့ မြန်မာ့မြေမှာ ဥပဒေ အသစ်တွေနဲ့ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့်တွေပေးတော့မယ် ဆိုတဲ့ အချိန် မြန်မာနိုင်ငံသား စစ်တစ်ယောက် သေလို့ မြှုပ်နှံရန် ၄ ပေ ၆ ပေတောင် မ၀ယ်နိုင်ဘဲ ဘ၀ ကူးသွားသူများက ဒုနဲ့ ဒေး လယ်သမားတွေ မြေနေရာ မေ...

ဒီခေါင်မိုးကြောင့်

၅၀၀ တန်ဖုန်း ကိစ္စ ဘယ်သူအကြံစရသည်မသိ၊ ရလဒ်ကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ပြည်သူတွေ မျက်လုံးပွင့်သွားတယ်။ ဘာကိုလည်းဆိုတော့ ၁၅ သိန်းကနေ ၅ သိန်းဖြစ်လာတဲ့ ဖုန်းတွေ ၁ သိန်းနဲ့ ရောင်းရင်တောင် မတန်ဘူးဆိုတဲ့ အသိ။ ဆက်သွယ်ရေး ကတော့ ဆက်သွယ်ရေး ကွန်ယက်တွေ ရင်းနှီးမတည် ရတဲ့ စရိပ်တွေကြောင့်လို့ မျက်စီပိတ်၊ နားပိတ် လုပ်ထားခံရတဲ့ မဆလ ခေတ်က ပြည်သူတွေလိုဘဲလို့ တွေးထင်နေတာလား၊ ငါတို့လောက်မသိပါဘူးလို့ဘဲ သွေးနားထင်ရောက်နေလေ သလားတော့မသိ၊ ဆက်သွယ်ရေး ဖုန်းတွေ Payment တွေ ပြသနာတက်နေတာကြာပြီ ၊ လစဉ်ပေးစနစ်နဲ့ ငွေသွင်းရတဲ့ ဖုန်းတွေက ခံနေရတာကြာပြီ၊ လစဉ်ငွေ ကြိုက်သလောက်သွင်း လကုန်ရင်ငွေက တောင်းနေတုန်း၊ ငွေကျန်ရှိတယ်ဆိုတာ တခါးမှ မရှိ ဆက်သွယ်ရေးက ဝန်ထမ်းတွေက အစိုးရလခစား ဝန်ထမ်းတွေဆိုတော့ သူတို့ လူကို ခွေးလို ဆက်ဆံလို့ အလုပ်ပြုတ်တယ်ဆိုတာ ထုံးစံ မရှိဘူး၊ ဘယ်လူကြီးမှလည်း မိမိတာဝန်ယူထားတဲ့ ဌာနမှ ဆုံးဖြတ်ချက် အမှားတွေ လုပ်ဆောင်ချက် အမှားတွေ မရည်တွက်နိုင်အောင်ရှိလို့ မိမိမှာ တာဝန်ရှိပါတယ်ဆိုပြီး နှုတ်ထွက်သွားသည်ဟု တခါးမှ မကြားဘူး၊ မြန်မာ့ဆက်သွယ်ရေး ဟာမြန်မာနိုင်ငံသူ နိုင်ငံသားတွေ ရဲ ဆက်သွယ်ရေး လွယ်ကူ ဖွံဖြိုးတိုးတက်လာ...