Posts

Showing posts from September, 2010

မင်္ဂလာပေါင်း နဲ့ ဝါကျွတ် အစ်နေ့မှာ စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

အလ္လာရှင်မြတ် ထာဝရ ဘုရားသခင် ရဲ့ ငြိမ်းချမ်းသာယာ မှု့ အဖြာဖြာ အသင်တို့ အပေါ်ကျရောက်ပါစေ - ဒီနေ့လို ဝါကျွတ် အစ်နေ့မှာ မိမိရင်ထဲ ရှိတဲ့ စကားလေးတွေ ကို ဒီနေရာလေးမှာ ရင်ဖွင့်တင်ပြပါရစေ၊ ကျွန်တော် မနှစ်က တင်ပြချက်ကို အောက်ပိုင်းမှာ ဆက်လက် ထားရှိလိုပါတယ် ဘာကြောင့်လဲဆိုတော့ တချို့သော Feedback တွေက လိုရင်းတိုရှင်း တင်ပြမှု့လေးတွေဖြစ်နေလို့ပါ၊ ပထမဦးစွာ အစ္စလာမ်မဟုတ်သူတွေ နဲ့ အစ္စလာမ်တွေပါ ရှိတဲ့ ဒီနေရာလေးမှာ အစ္စလာမ်တွေရဲ့ အစ်နေ့ လူသိများတဲ့ မုန့်အစ် ဆိုတာလေးကို ဟိုလူ့စကားဌား ပြီး ဘာလဲဟဲ့ ဝါကျွတ် အစ် ဆိုပြီး သုံးလို့ လွယ်ကူစွာ နားလည်နိုင်ရန် တင်ပြပါရစေ။ အစ္စလာမ်တွေမှာ ဥပုဒ် ဝါတွင်းက တစ်နှစ်မှာ တစ်လ ဖြစ်ပြီး၊ မနက် အာရုဏ် မတက်မှီ စားသောက်ပြီး ၊နောက် ညနေ နေဝင်ချိန် အထိ စားသောက်ခြင်း နဲ့ မကောင်းမှု့ အစုစုတို့ ကို ပိုမို ရှောင်ကျဉ်ပြီး နေရပါမယ်၊ ၎င်းလတွင်ပင် အစ္စလာမ် ဘာသာဝင်တွေဟာ မိမိပိုင် ရွေ ၅ ကျုပ်သားအထက် ရှိပါက နွမ်းပါးသူ များအား မျှပေးရန် တာဝန်ရှိပြီး မိမိပိုင် အိမ် ၊ ကား စသည်တို့ မပါဘဲ မိမိပိုင် ပစ္စည်းရတနာ၊ စီးပွားတန်ဖိုးများမှ ၂.၅% အား ဆင်းရဲသူများကို မျှဝေပေးရတယ်။ ၎င်းနောက် ဝါကျွတ်ပွဲ ရက်မှ...

ဆွေးနွေးစရာေ၇ွးပြီးတဲ့ အခါ

ရွေးကောက်ပွဲ ပြီးရင် ပထမဆုံးဖြစ်လာမှာကတော့ ဖွဲ့ စည်ပုံနဲ့ ရင်နှီးမှု့ သိပ်မ၇ှိသေးတဲ့ အတွက် တာဝန်ပိုင်းနဲ့ လုပ်ပိုင်ခွင့် အခန်းတွေကို ရှင်းရှင်းလင်းလင်း မြင် နိုင်အောင် ကြိုးစားရအုံးမှာပါ ၊ အင်အားစု သုံးခု အကြား အားပြိုင်မှု့တွေဟာ အစပိုင်းမှာ ထင်ထားသလောက် မရှိတော့ သလို လုပ်ဆောင်မှု့တွေဟာလဲ ဗဟို ဦးစီးပုံစံ နဲ့ သိပ်မကွာဘဲ ဖြစ်သွားနိုင်ပါတယ်။ အစိုးရသစ်ကတော့ စပြီး ကြုံတွေရမှာကတော့ ဆန္တပြ ပြသနာတွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို စတင် တောင်ဆိုလာမှာဖြစ်ပါတယ်။ NLD ကိုတော့ အစိုးရနေနဲ့ အတိုက်အခံ အနေနဲ့ တွေ့မြင်နေရမှာ ဖြစ်ပြီး၊ ဝေဖန်မှု့တွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာမှာပါ။ဒါပင်မဲ့ NLD ဟာ အပြုသဘေားဆောင်တဲ့ အတိုက်အခံ အဖြစ် မြင်တွေ့ လာနိုင်ပါတယ်။

After Myanmar Election အပေါ် မေးလိုတာက

(၁) တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်မယ် လို့ သိရတယ် ၊ သမ္မတ နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ဖွဲစည်းပုံအခြေခံမှာပါ ရှိလား၊ သူတို့ ကို ဘယ်လိုဆက်သွယ်ပေးထားလဲ.... (၂) အေ ဆိုတဲ့ ပါတီက တိုင်းဒေသကြီးတစ်ခုမှာ ဥပမာ အပြတ်အသက် အနိုင်ရတယ်ဆိုပါတော့၊ တိုင်းဒေသကြီး အတွင်းမှာ အမတ်အများစုက အေ ဆိုတဲ့ ပါတီက ရနေတယ်၊ ဒါပင်မဲ့ သမ္မတ က တိုင်းဒေသကြီး လွှတ်တော် အမတ် ထဲက တပ်မတော် ကိုယ်စာလှည်ကို ရွေးပြီး တိုင်းဒေသြ့ကီး ဝန်ြ့ကီးချုပ် ခန့်တယ်ဆိုရင် ရလား၊ (၃) ရန်ကုန်တိုင်းလို တိုင်းဒေသကြီးမှာ မြို့တော်စည်ပင်သာယာရေး အခွန်တွေ၊ အမြတ်ခွန်တွေ၊ ယစ်မျိုးခွန်တွေ အများကြီးရမယ် ၊ ဒီတော့ ပြည်ထောင်စုအစိုးရက ခွဲဝေပေးမည့် ဘက်ဂျက်က လျော့ ရလာမှာလား၊ (၄) မြန်မာနိုင်ငံရဲ့ အဓိက ဆိပ်ကမ်းြ့ကီးတွေက ရန်ကုန်မှာ လက်ရှိ တည်ရှိနေတော့ အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးက ဆိပ်ကမ်းခွန်ကို ရန်ကုန်တိုင်ဒေသြ့ကီး ကဘဲ ရယူခွင့်ရှိလာမလား၊ (၅) နိုင်ငံတော် လုံခြံရေးအရ အမျိုးသားလုံခြုံရေး ကောင်စီက နိုင်ငံတော် သမ္မတ ရဲ့ လွဲအပ်ချက်အရ စစ်အုပ်ချုပ်ရေး ပြောင်းရင် ဖွဲစည်းပုံအခြေခံ ဥပဒေ တရာရုံး နဲ့ ပြည်ထောင်စုတရားသူကြီးချု...