Search This Blog ရှာရန်

Showing posts with label Yangon. Show all posts
Showing posts with label Yangon. Show all posts

Sunday, August 30, 2026

私が思い出す MJC と MJCAA

 

私が思い出す MJC と MJCAA



私が Myanmar Japan Center(MJC)に通い始めたのは、気持ちが少し落ち込み始めていた2016年初頭のことでした。講座を受講するために、初めてMJCを訪れました。

ウィン・ラインのミョー・ゾーさんからお誘いをいただいたこと、新しい友人や新しいコミュニティを見つけたいと思ったこと、そして何かを学びたいという気持ちがあったことが、私をMJCへ向かわせた理由です。

しかし、MJCで過ごし、講座を受ける中で、授業や新しく出会った友人たちのおかげで、多くの新しい視点や知識を得ることができました。同時に、落ち込んでいた気持ちも、しばらくの間は忘れることができました。

私がMJCで受講したのは、Business Management(経営管理)HR Management(人事管理)Finance Management(財務管理)の3つの講座です。講座は、日本で豊富な経験を持つCEOの方々、日本の大学で現役で教えている先生方、そしてミャンマー語と日本語の両方で教えるビジネス大学の先生方によって指導されました。

これらの講座を通じて、私はとても良いビジネス関係のコミュニティにも出会うことができました。3つの講座を受講した後、組織づくりや団体活動に関心のあった私は、Japan Myanmar Center Alumni Association(MJCAA)を設立したいという考えを、MJCの関係者の皆さまに提案しました。

MJCの皆さまが支援し、励ましてくださったおかげで、受講生の仲間たちとともに、MJCAA設立に向けた組織構成や規約づくりを始めることができました。デザインが好きな私は、MJCAAのロゴデザインも担当しました。

また、MJCAAのメンバーとともに、講演会への参加や、国内外への研修・見学旅行にも参加しました。こうした経験を通じて、楽しい時間、素晴らしい友人たち、そして多くの知識と学びを得ることができました。

MJCで講座が開かれる際には、年齢を問わず、多くの方に受講していただきたいと私は思います。私が受講していた頃には、自分の娘と同じくらいの年齢の若い人たちから、自分より年上の経験豊かな経営者の方々まで、さまざまな人に出会いました。

MJCAAで活動していた期間には、MJCおよびJICAのアドバイザーである森正金丸氏から、私の「ABC Info Tech」事業の拡大を支援したいとのお話をいただき、事業提案書(プロポーザル)を提出するよう勧めていただいたこともありました。しかし、最終的に私は提案書を提出するには至りませんでした。

MJCは、単に何かを学ぶための場所ではありません。良い友人、新しい経験、そして自分自身をもう一度立て直すきっかけを与えてくれた、私にとって今でも大切な思い出の場所です。

MJCでの思い出の写真、約300枚:
Google Photosのアルバム

関連投稿:
Facebook投稿 1
Facebook投稿 2
ブログ記事

#MJC #MJCAA #MyanmarJapanCenter #Myanmar

ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA

 ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA



ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA
================

Myanmar Japan Center (MJC) သို့ ကျွန်တော် စိတ်ဓာတ်စတင်ကျဆင်းနေခဲ့သည့် ၂၀၁၆ ခုနှစ်အစပိုင်းတွင် သင်တန်းတက်ရောက်ရန် စတင်ရောက်ရှိခဲ့ပါသည်။

ဝင်းလိုက်မှ ကိုမျိုးဇော်၏ ဖိတ်ခေါ်မှုကြောင့်လည်းကောင်း၊ မိတ်သစ်ဆွေသစ်များနှင့် အသိုင်းအဝိုင်းသစ်တစ်ခုကို ရရှိလိုသဖြင့်လည်းကောင်း၊ ပညာရပ်တစ်ခုခုကို သင်ယူလိုသဖြင့်လည်းကောင်း MJC သို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော် ရောက်ရှိပြီး သင်တန်းကာလအတွင်း သင်ကြားမှုများနှင့် မိတ်ဆွေသစ်များကြောင့် အသိအမြင်များစွာ တိုးတက်လာခဲ့သလို၊ စိတ်ဓာတ်ကျဆင်းနေမှုများကိုလည်း ခေတ္တမျှ မေ့လျော့ထားနိုင်ခဲ့ပါသည်။

ကျွန်တော် MJC တွင် တက်ရောက်ခဲ့သည့် သင်တန်းများမှာ Business Management, HR Management နှင့် Finance Management တို့ ဖြစ်ပါသည်။ သင်တန်းများကို ဂျပန်နိုင်ငံမှ အတွေ့အကြုံရင့် CEO များ၊ ဂျပန်တက္ကသိုလ်များမှ လက်ရှိဆရာ၊ ဆရာမများနှင့် မြန်မာ-ဂျပန်နှစ်ဘာသာရ စီးပွားရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးခဲ့ကြပါသည်။

ထိုသင်တန်းများမှတစ်ဆင့် အလွန်ကောင်းမွန်သည့် စီးပွားရေးဆိုင်ရာ အသိုင်းအဝိုင်းတစ်ခုကိုလည်း ရရှိခဲ့ပါသည်။ သင်တန်းသုံးခု တက်ရောက်ပြီးနောက် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများကို ဝါသနာပါသူဖြစ်သည့် ကျွန်တော်က Japan Myanmar Center Alumni Association (MJCAA) ကို ဖွဲ့စည်းလိုကြောင်း MJC မှ လူကြီးများထံ တင်ပြခဲ့ပါသည်။

MJC မှ လူကြီးများက ကူညီအားပေးခဲ့သဖြင့် သင်တန်းသားသူငယ်ချင်းများနှင့်အတူ MJCAA ဖွဲ့စည်းရေးအတွက် ဖွဲ့စည်းပုံနှင့် စည်းမျဉ်းများ ရေးဆွဲခြင်းကို စတင်လုပ်ဆောင်ခဲ့ကြပါသည်။ ဒီဇိုင်းရေးဆွဲခြင်းကို ဝါသနာပါသော ကျွန်တော်ကလည်း MJCAA ၏ Logo ကို ရေးဆွဲပေးခဲ့ပါသည်။

ထို့အတူ ဟောပြောပွဲများ၊ ပြည်တွင်းနှင့် ပြည်ပလေ့လာရေးခရီးများကိုလည်း MJCAA အဖွဲ့ဝင်များနှင့်အတူ သွားရောက်ခဲ့ရပါသည်။ ထိုအတွေ့အကြုံများမှတစ်ဆင့် ပျော်ရွှင်မှု၊ မိတ်ဆွေကောင်းများနှင့် ပညာဗဟုသုတများစွာကို ရရှိခဲ့ပါသည်။

MJC တွင် သင်တန်းများဖွင့်လှစ်သည့်အခါ အသက်အရွယ်မရွေး တက်ရောက်သင့်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ကျွန်တော် တက်ရောက်ခဲ့စဉ်က မိမိသမီးအရွယ်ရှိသူများမှစ၍ မိမိထက် အသက်ကြီးသော လုပ်ငန်းရှင်ကြီးများအထိ စုံလင်စွာ တွေ့ဆုံခဲ့ရပါသည်။

MJCAA တွင်လှုပ်ရှာသည့်ကာလ အတွင်း MJC နှင့် JICA မှ အကြံပေး Mr MORI MASA KANAMARU တို့မှ မိမိ ABC Info Tech လုပ်ငန်းတိုးချဲ့ရန် အကူအညီပေးလိုကြောင်းနှင့် Proposal တင်ရန်ကမ်းလှမ်းခဲ့သော်လဲ ကျွန်တော် Proposal မတင်ဖြစ်တော့ပါ၊

MJC သည် ပညာရပ်တစ်ခု သင်ယူရာနေရာသာမက မိတ်ဆွေကောင်းများ၊ အတွေ့အကြုံသစ်များနှင့် မိမိကိုယ်ကို ပြန်လည်တည်ဆောက်နိုင်စေသည့် အမှတ်တရနေရာတစ်ခုလည်း ဖြစ်နေဆဲပါသည်။

MJC အမှတ်တရပုံ ၃၀၀ ခန့်၏ လင့် -
https://photos.app.goo.gl/Lqf82RssjUJwGd1L8

https://www.facebook.com/john.agga.us/posts/pfbid0JEzTWfQMzWPDfswzJ971rskD3E19FCz67DgftPsYnVtJFqWGqY15s1jUWEUD8oY2l

https://www.facebook.com/john.agga.us/posts/pfbid0EaaVPi5p9qMtWaxxaYiQn8PvXU9xMeuTSo9HeF1H7W8cipDD3WGkgQnwmkr4rEPFl

https://koagga.blogspot.com/2026/08/mjc-mjcaa.html

#MJC #Mjcaa #myanmarjapancenter #Myanmar

































Wednesday, August 26, 2026

အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း



အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း


ကျွန်တော် ၈ တန်းအောင်ပြီး ၉ တန်းတက်ခါစအရွယ်တွင် အဖွားဒေါ်အေးခင်က “မင်းက မင်းအဖိုးအရပ်အမောင်းရှိတယ်” ဟု ပြောကာ ကျွန်တော့်အိပ်ခန်းထဲရှိ နှစ်ပေါင်းများစွာ မဖွင့်ဖူးသော ဘီဒိုကြီးကို ဖွင့်ပြခဲ့သည်။ ထိုဘီဒိုသည် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် အဖိုး၏ဘီဒိုဖြစ်သည်။
ဘီဒိုထဲတွင် လျှို့ဝှက်အကန့်ကိုပါ ဖွင့်ပြသည်၊ ပြီးတော့ ပိတ်စဖြူဖြင့်ပတ်ထားသော ဘီဒိုအတွင်းရှိအဖိုး၏မယ်ဒလင်တစ်လက်ကို ထုတ်ပေးကာ “ဒါ မင်းအဖိုးရဲ့ မယ်ဒလင်” ဟု ပြောသည်။ ထို့နောက် အဖိုးနှင့်အဖွား မင်္ဂလာဆောင်စဉ် အဖိုးဝတ်ခဲ့သော အဖြူရောင်ဘောင်းဘီကို ကျွန်တော့်အား ဝတ်ကြည့်စေသည်။ ကျွန်တော်၏အရပ်မှာ ၅ ပေ ၁၁ လက်မရှိပြီး၊ အဖွားပြောသလိုပင် အဖိုးနှင့်အရပ်အမောင်းတူသည်ဟု ခံစားမိခဲ့သည်။
ဘီဒိုထဲမှ အဖိုး၏မိခင် ဒေါ်သီ၏အသုဘတွင် ကမ်းခဲ့သော ယပ်တောင်တစ်ချောင်းကိုလည်း အဖွားပြသည်။ ယပ်တောင်ပေါ်တွင် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု ရေးထားသည်။ “ဒီအခန်းက မင်းအဘွား ဒေါ်သီအခန်းပဲ။ မင်းအဖေနဲ့အမေ မင်္ဂလာမဆောင်ခင် ခုနစ်လလောက်ကပဲ ဆုံးသွားတာ။ ကြံတောသင်္ချိုင်းစက်အရှေ့မှာ ဂူသွင်းခဲ့တယ်” ဟု အဖွားက ပြောပြသည်။ ထိုယပ်တောင်ကလေးကို ယနေ့တိုင် ကျွန်တော်မှတ်မိနေဆဲဖြစ်သည်။
အဖွား၏စစ်ကာလအကြောင်းများကိုလည်း ကျွန်တော် မမေ့နိုင်ပါ။ စစ်အတွင်း သားငယ်ကိုခေါ်ကာ ရန်ကုန်မှ ဓနုဖြူသို့ ထွက်ပြေးရစဉ် အိတ်များပါသည့် အတွင်းခံဝတ်စုံထဲတွင် လက်ဝတ်ရတနာများ ထည့်သယ်ခဲ့ရပုံကို ပြောပြခဲ့သည်။ ခြောက်လုံးပြူးတစ်လက်တွင် ပထမကျည်အိမ်ကို အလွတ်ထားကာ ကျည်ငါးတောင့်သာ ထည့်ရသည့်အကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ပထမအကြိမ်ပစ်သံသာထွက်၍ ကျည်မထွက်လျှင် ရန်သူက အကာအကွယ်လျော့ပြီး ထွက်လာနိုင်သည်၊ ထိုအချိန်တွင် ဒုတိယအကြိမ်မှ အမှန်တကယ်ကာကွယ်ပစ်ခတ်ရမည်ဟု သူမက ပြောသည်။
ထိုနေ့ ဘီဒိုတံခါးပွင့်သွားသည့်အခိုက်တွင် ကျွန်တော်သည် အဖိုး၏ပစ္စည်းများကိုသာ မြင်ခဲ့ရခြင်းမဟုတ်။ မိသားစု၏ချစ်ခြင်း၊ ဆုံးရှုံးမှု၊ စစ်၏အရိပ်နှင့် မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ မပြတ်လပ်ဘဲ ရောက်လာသော မှတ်ဉာဏ်များကို မြင်ခဲ့ရခြင်းဖြစ်သည်။



Sunday, August 23, 2026

My Recollections of Myanmar Orchids

 

My Recollections of Myanmar Orchids



If I remember correctly, around 1998, a Myanmar orchid exhibition was held at the location where the M3 football pitch now stands. Most of the orchids displayed for this exhibition were brought in from Thailand, offering us the chance to witness a wide variety of colorful and uniquely beautiful orchid species.

Anyone who flew with Thai Airways back in those days will likely remember how passengers were routinely given identical, uniform orchid blossoms as a keepsake souvenir. These little flowers—bred to be uniform in size and color—served as a symbol of Thailand's thriving floriculture and orchid industry at the time.

During that period, I was working as a Protocol Officer for a Thailand-based company located in Yangon. Consequently, I took on responsibilities related to the orchid exhibition's logistics and coordination—such as liaising with relevant government departments when Thai orchid experts visited Myanmar.

Additionally, I had the task of guiding those Thai specialists around local ornamental flower farms of the time, including the Chinn Chaung rose nursery and large commercial plots where double jasmine (hnyin hsee), noble orchids (thazin), and various other orchid species were cultivated.

While assisting them, the visiting Thai orchid experts expressed a strong fascination with Myanmar's native wild orchid species and shared their desire to acquire them.

They explained that because Thailand had been commercially crossbreeding and cultivating orchids for a long period, they were facing a decline in genetic quality. Consequently, they needed original, unhybridized wild orchid species growing naturally in Myanmar’s forests.

Back then, one could frequently find wild orchid clumps naturally clinging to large trees around the Shwegontine area—near where the current Sakura Housing is built—as well as around Kandawgyi Lake. Prompted by this, I investigated further and discovered authentic wild orchids along the ascent of the Rakhine-Taunggok highway, alongside vast and stunning bamboo forests.

In our professional circles at the time, these orchids were referred to as "L-Zero." This was not meant to be a scientific name; rather, it was likely an industry slang term used back then to designate a specific group of original wild orchids.

Later on, after obtaining official permission from the Myanmar Forest Department, those orchids were systematically harvested and shipped out in large quantities.

Reflecting on this today, I realize even more that Myanmar is a country blessed not only with beautiful ornamental flowers but also with immense natural gene pools—including massive bamboo forests and native species vital for research and future agricultural development.

I firmly believe that if we protect these precious natural heritages from reckless harvesting and commercial trade—safeguarding them under relevant laws, official permits, and scientific conservation breeding systems—Myanmar's orchids will continue to offer their beauty and value for generations to come.

Aung Myo Lwin (Ko Agga)

ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ


ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ

ကျွန်တော် အမှတ်မမှားလျှင် ၁၉၉၈ ခုနှစ်ခန့်က ယနေ့ M3 ဘောလုံးကစားကွင်းရှိရာနေရာတွင် မြန်မာ့သစ်ခွပြပွဲတစ်ခု ကျင်းပခဲ့ဖူးပါသည်။ ထိုပြပွဲအတွက် ပြသခဲ့သော သစ်ခွအများစုကို ထိုင်းနိုင်ငံမှ သယ်ဆောင်လာခဲ့ကြပြီး၊ အရောင်အသွေးစုံလင်ကာ ထူးခြားလှပသည့် သစ်ခွမျိုးများကို မြင်တွေ့ခွင့်ရခဲ့ပါသည်။
ထိုခေတ်က Thai Airways လေယာဉ်စီးဖူးသူများအနေဖြင့် ခရီးသည်များအား အရောင်တူ၊ အရွယ်တူ သစ်ခွပန်းလေးများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်လေ့ရှိသည်ကို မှတ်မိကြမည်ထင်ပါသည်။ ထိုသစ်ခွပန်းလေးများသည် အရွယ်တူ၊ အရောင်တူသစ်ခွပန်းများဖြစ်အောင် မျိုးရိုးဗီဇ ပြုပြင်ထားသည့် ထိုင်းနိုင်ငံ၏ ပန်းစိုက်ပျိုးရေးနှင့် သစ်ခွလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုသည့် အမှတ်တရတစ်ခုလည်း ဖြစ်ခဲ့ပါသည်။
ထိုအချိန်က ကျွန်တော်သည် ရန်ကုန်အခြေစိုက် ထိုင်းကုမ္ပဏီတစ်ခုတွင် Protocol Officer အဖြစ် အလုပ်လုပ်ကိုင်နေခဲ့ပါသည်။ ထို့ကြောင့် သစ်ခွပြပွဲနှင့် ဆက်စပ်သော သယ်ယူပို့ဆောင်ရေးကိစ္စများ၊ ထိုင်းနိုင်ငံမှ သစ်ခွကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည့် တာဝန်များကိုလည်း ယူခဲ့ရပါသည်။
ထို့အပြင် ထိုစဉ်က အလှပန်းစိုက်ပျိုးရေးလုပ်ငန်းများရှိခဲ့သော ချင်းချောင်းနှင်းဆီခြံနှင့် လူကုန်တန်ခြံကြီးများအတွင်းမှ နှစ်ဆီး၊ သဇင်နှင့် သစ်ခွမျိုးစုံ စိုက်ပျိုးထားသည့်ခြံများသို့လည်း ထိုင်းပညာရှင်များကို လိုက်လံပြသပေးရပါသည်။
ထိုသို့ ကူညီဆောင်ရွက်ရစဉ် ပါလာသော ထိုင်းသစ်ခွကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏ သဘာဝဒေသရင်း သစ်ခွမျိုးများကို အထူးစိတ်ဝင်စားကြပြီး၊ ထိုကဲ့သို့သော မျိုးရင်းသစ်ခွများကို ရယူလိုကြောင်း ပြောပြခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် စီးပွားဖြစ်သစ်ခွမျိုးများကို နှစ်ကာလရှည်ကြာ မျိုးစပ်ပြုပြင်လာခဲ့သည့်အတွက်၊ မျိုးရိုးဗီဇပြုပြင်ရန် အရည်အသွေးနိမ့်လာခြင်းကို ရင်းဆိုင်နေရပါတယ်၊ သို့သော်မြန်မာနိုင်ငံ၏ သဘာဝတောများတွင် ပေါက်ရောက်နေသည့် မျိုးစပ်ပြုပြင်ခြင်း မပြုထားသော မူရင်းသစ်ခွမျိုးများ လိုအပ်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုစဉ်က ရွှေဂုဏ်တိုင်ဘက်၊ ယခု စကူရာအိမ်ရာများ ဆောက်လုပ်ထားသည့်နေရာအနီးနှင့် ကန်တော်ကြီးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးအချို့တွင် သဘာဝအလျောက် ကပ်ပေါက်နေသော သစ်ခွပင်ရင်းများကို တွေ့ရတတ်ပါသည်။ ထိုမှတစ်ဆင့် စုံစမ်းရှာဖွေခဲ့ရာ ရခိုင်-တောင်ဂုတ်လမ်းအတက်ဘက်တွင် သဘာဝပင်ရင်းအစစ် သစ်ခွများ၊ အင်းမတန်များလှသည့် ဝါးတောများကို တွေ့ရှိခဲ့ရပါသည်။
ထိုသစ်ခွများကို ထိုခေတ် လုပ်ငန်းဝန်းကျင်တွင် “L-Zero” ဟု ခေါ်ဆိုကြပါသည်။ ယင်းသည် သိပ္ပံအမည်ဖြစ်သည်ဟု မဆိုလိုဘဲ၊ သဘာဝပင်ရင်းသစ်ခွအုပ်စုတစ်မျိုးကို ရည်ညွှန်းသည့် ထိုစဉ်က လုပ်ငန်းသုံးအခေါ်အဝေါ်တစ်ခု ဖြစ်နိုင်ပါသည်။
ထို့နောက် မြန်မာ့သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီး ထိုသစ်ခွများကို စနစ်တကျ ခူးယူကာ အမြောက်အများ ပို့ဆောင်ပေးခဲ့ရဖူးပါသည်။
ယနေ့ ပြန်လည်စဉ်းစားမိသည့်အခါ မြန်မာနိုင်ငံသည် သစ်ခွပန်းအလှသာမက၊ သစ်ခွမျိုးရင်းများ၊ အင်မတန်ကြီးများသည့် ဝါးတောများ၊ သုတေသနနှင့် အနာဂတ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် သဘာဝဒေသရင်း မျိုးရိုးဗီဇအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ကြောင်း ပိုမိုသတိပြုမိပါသည်။
ဤအဖိုးတန် သဘာဝအမွေအနှစ်များကို မဆင်မခြင်ခူးယူရောင်းဝယ်ခြင်းမှ ကာကွယ်ပြီး၊ သက်ဆိုင်ရာဥပဒေ၊ ခွင့်ပြုချက်နှင့် သိပ္ပံနည်းကျ ထိန်းသိမ်းမွေးမြူရေးစနစ်များအောက်တွင် ကာကွယ်စောင့်ရှောက်နိုင်လျှင် မြန်မာ့သစ်ခွများသည် နောင်လာမည့်မျိုးဆက်များအတွက်လည်း အလှတရားနှင့် တန်ဖိုးကို ဆက်လက်ပေးစွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။
အောင်မျိုးလွင် ( အဂ္ဂ

Sunday, August 16, 2026

SHAMIE Bakery & Confectionery

 SHAMIE Bakery & Confectionery




There is something important to clarify here, as it is a common point of confusion between SHAMIE and SHAMI: "Shami" refers to Shami Kebab, which is made by grinding meat with split peas and frying it.

It was also sold at the Shamie Bakery, but it is not called Shami Kebab because the bakery made it.

Secondly, Shamie is a person's name. Before World War II, there used to be an Iranian Club next to the Sule Bengali Mosque. During the war, U Myaung Mya National School Principal Haji U Aung Ba (U Abdullah) and a person named Shamie discussed opening a bakery together once the war ended.

However, after the war ended, Shamie provided the initial bakery machinery and recipes he owned before returning to Iran.

Haji U Abdullah, later known as Shamie U Abdullah, started the business to expand operations in partnership with the family of Mr. Patel—who served as the Mayor of Rangoon in the 1930s–1940s—along with 11 other shareholders.

Haji U Abdullah personally managed the operations as the Shamie Manager, traveling to Germany to purchase and import machinery for hard candies, chocolates, and ice pops. He operated it as a modern establishment selling Shamie candies, Shamie falooda, Shamie parfaits, Shamie cookies, toasted bread, toasted cakes, and a wide variety of cakes in Myanmar until it was nationalized.

SHAMIE မုန့်တိုက်



SHAMIE မုန့်တိုက်






ဒီနေရာမှာ တစ်ခုပြောပြစရာရှိပါတယ်၊ လူအများအမှတ်မှားနိုင်တဲ့အချက်ပါ SHAMIE နှင့် SHAMI၊ " Shami " ဆိုတာ Shami Kebab (ရှမီကာဘတ်) အသားကို ပဲနှင့်ကြိတ်ကြော်ထားတာကို ခေါ်ပါသည်၊

ရှာမီ မုန့်တိုက်မှာလည်း ရောင်းပါတယ်၊ သို့သော် ရှာမီမုန့်တိုက်က လုပ်လို့ ရှာမီကာဘတ်လို့ ခေါ်ခြင်းမဟုတ်ပါ။

နောက် Shamie ဆိုတာ လူနာမည် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဆူးလေဘင်္ဂါလီဗလီဘေးမှာ Iranian Club ရှိခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန် မြောင်းမြအမျိုးသားကျောင်းအုပ်ဆရာ ဟာဂျီဦးအဒူလာနှင့် Shamie ဆိုသူတို့ စစ်ပြီးရင် မုန့်ဆိုင်ဖွင့်ကြရအောင်ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။

သို့သော် စစ်ပြီးသည့်အခါ ထိုရှာမီဆိုသူမှ ၎င်းပိုင် မုန့်ဖုတ်လုပ်ငန်းသုံး စက်များနှင့် ပြုလုပ်နည်းများနှင့်အတူ အစပြုပေးခဲ့ပြီး အီရန်သို့ ပြန်သွားပါသည်။

ဟာဂျီဦးအဒူလာ ခေါ် နောင် ရှာမီအဒူလာမှ လုပ်ငန်းတိုးချဲ့စတင်နိုင်ရန် ၁၉၃၀ - ၁၉၄၀ ခုနှစ်များက မြို့တော်ဝန်လုပ်ခဲ့သော Mr. Patel (ပတေးလ်) မိသားစုနှင့် အစုရှယ်ရာရှင် ၁၁ ဦးဖြင့် စတင်ခဲ့သည်။

ဟာဂျီဦးအဒူလာသည် ရှာမီမန်နေဂျာအဖြစ် ကိုယ်တိုင်ဦးစီးပြီး ဂျာမနီ (Germany) မှ သကြားလုံးစက်၊ ချောကလပ်စက်၊ ရေခဲချောင်းစက်စသည်ဖြင့် ကိုယ်တိုင်သွားရောက်ဝယ်ယူတင်သွင်းခဲ့ပြီး၊ ခေတ်မီသော ရှာမီသကြားလုံး၊ ရှာမီဖာလူဒါ၊ ရှာမီပါဖ်၊ ရှာမီကွတ်ကီး၊ ပေါင်မုန့်ကျွတ်၊ ကိတ်ကျွတ်၊ ကိတ်မုန့်မျိုးစုံ ရောင်းချသည့်ဆိုင်တစ်ခုအဖြစ် ပြည်သူပိုင်မသိမ်းမီအထိ မြန်မာပြည်တွင် ဖွင့်လှစ်ခဲ့သည်။

Sunday, July 19, 2026

The Current State of the Yangon Real Estate Market (2026)

The Current State of the Yangon Real Estate Market (2026)



In 2026, the Yangon real estate market continues to operate on a trajectory that defies conventional economic theories. In other countries, real estate bubbles typically burst due to mortgage system pressures and fluctuating interest rates; in Myanmar, however, transactions remain overwhelmingly cash-based, making a sudden price crash unlikely.

Nevertheless, driven by economic downturns, the continuous depreciation of the Myanmar Kyat, and runaway inflation, people are turning to real estate as a safe-haven asset to preserve their wealth. This dynamic has pushed prices significantly beyond their intrinsic economic value, pointing toward a bubble environment.

The market is primarily driven by capital inflows from non-traditional income sources. Funds originating from authorities, economic elites, off-the-book cash reserves, as well as shadow economies and online scam operations in border regions, have poured into real estate, artificially inflating prices. However, tighter international oversight, anti-money laundering sanctions, and shifting regional geopolitical dynamics pose a risk of suddenly curtailing these illicit cash flows.

Furthermore, ongoing civil conflict and regional instability have triggered a major capital flight from rural areas into Yangon—a phenomenon that can be described as "conflict-driven demand." While not rooted in typical economic growth, this demand has served as a crucial pillar preventing a market collapse. That said, these emergency reserves are not a sustainable source of capital and are bound to diminish over time.

At the same time, we are seeing a shift in investment behaviors among high-net-worth individuals. Local buyers looking to settle long-term prioritize high-value, non-expandable prime locations in the city center. Properties along major arterial roads—such as Lower Kyimyindaing Road, Pho Sein Road, and Pyay Road (Yangon's longest thoroughfare)—remain prime hubs with low downside risk.

Developing townships like South Dagon, North Dagon, and North Okkalapa also continue to see steady demand from domestic buyers. On the other hand, offshore-focused or highly mobile investors are shifting toward more portable and liquid assets rather than physical real estate. Consequently, precious gemstones like rubies and sapphires have emerged as a prominent alternative investment choice.

Looking ahead, while a classic mortgage-driven housing crash remains improbable in Myanmar, the market is likely facing a widespread freeze or highly uneven localized corrections.

In particular, outer-ring new townships are expected to experience a "deflationary shrink" first, characterized by dropping transaction volumes and distressed sellers discounting properties to liquidate cash.

By comparison, while apartment prices across Yangon’s 36 core downtown townships may take a partial hit, land prices there are less likely to experience a steep decline due to baseline demand and location value. Still, if illicit capital flows dry up and general consumer purchasing power continues to erode, even this stability will face growing pressure—a factor that must be kept in mind.

Aung Myo Lwin (Agga)

Yangon City Tax Assessment Benchmark Rates (2026) https://drive.google.com/file/d/1sIERIdTMBbkGjgfd9sVJPZdf2NXbkc8C/view?usp=drive_link

Note: The actual market price for direct sales under a registered grant title typically ranges between 10.33x to 10.50x of the official tax assessment value shown above. Actual prices may fluctuate slightly depending on neighborhood factors such as narrow or wide street access, corner lots, commercial street location, or intermediate township dynamics.

ရန်ကုန် အိမ်ခြံမြေစျေးကွက်၏ လက်ရှိပုံရိပ် (2026)

 

ရန်ကုန် အိမ်ခြံမြေစျေးကွက်၏ လက်ရှိပုံရိပ် (2026)



၂၀၂၆ ခုနှစ်အတွင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ စျေးကွက်သည် ပုံမှန်စီးပွားရေး သီအိုရီများနှင့် မကိုက်ညီသော လမ်းကြောင်းတစ်ခုအပေါ်တွင် ဆက်လက်လည်ပတ်နေသည်ကို တွေ့မြင်ရသည်။ အခြားနိုင်ငံများတွင် ဘဏ်အရစ်ကျ ချေးငွေစနစ်နှင့် အတိုးနှုန်းပြောင်းလဲမှုများကြောင့် အိမ်ခြံမြေစျေးကွက် ပူဖောင်းပေါက်ကွဲမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း မြန်မာနိုင်ငံတွင် လက်ငင်းငွေချေစနစ်ကို အဓိကထား အသုံးပြုနေခြင်းကြောင့် ထိုသို့သော ရုတ်တရက် စျေးကျဆင်းမှုများ ဖြစ်နိုင်ခြေ နည်းပါးသည်။

သို့သော်လည်း စီးပွားရေးကျဆင်းမှု၊ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် လူများသည် မိမိတို့၏ ငွေကြေးတန်ဖိုးကို ထိန်းသိမ်းရန် အိမ်ခြံမြေကို လုံခြုံသော ပိုင်ဆိုင်မှုအဖြစ် ရွေးချယ်လာကြပြီး ထိုအခြေအနေသည် စျေးနှုန်းများကို အမှန်တကယ်တန်ဖိုးထက် အလွန်အကျွံ မြင့်တက်လာစေသော ပူဖောင်းသဘောသို့ ဦးတည်စေခဲ့သည်။

ဤစျေးကွက်ကို မောင်းနှင်နေသည့် အဓိကအင်အားများတွင် ပုံမှန်ဝင်ငွေများထက် အခြားရင်းမြစ်များမှ ဝင်ရောက်လာသော ငွေကြေးစီးကြောင်းများ ပါဝင်နေသည်။ အာဏာပိုင်အဝန်းအဝိုင်းနှင့် စီးပွားရေးအခွင့်ထူးခံများမှ ရရှိသည့် အရင်းအနှီးများ၊ ဘဏ်စနစ်အတွင်း ထားရှိရန် စိုးရိမ်ရသည့် ငွေကြေးများနှင့် နယ်စပ်ဒေသများရှိ အမှောင်စီးပွားရေး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ထွက်ပေါ်လာသော ငွေကြေးများသည် အိမ်ခြံမြေစျေးကွက်သို့ စိမ့်ဝင်လာကာ စျေးနှုန်းများကို အတုအယောင်ဖြင့် ထိန်းတင်ထားသည်။ သို့သော် နိုင်ငံတကာမှ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်ပိတ်ဆို့မှုများနှင့် ဒေသတွင်းနိုင်ငံရေး အပြောင်းအလဲများကြောင့် ထိုငွေကြေးစီးကြောင်းများသည် မတည်ငြိမ်တော့ဘဲ ရုတ်တရက် လျော့နည်းသွားနိုင်သည့် အန္တရာယ်ရှိနေသည်။

ထို့ပြင် ပြည်တွင်းစစ်နှင့် လုံခြုံရေးမတည်ငြိမ်မှုများကြောင့် နယ်ဒေသများမှ အရင်းအနှီးများသည် ရန်ကုန်မြို့သို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်လာခဲ့ပြီး ယင်းကို “စစ်ဘေးရှောင် ဝယ်လိုအား” ဟု သတ်မှတ်နိုင်သည်။ ဤဝယ်လိုအားသည် ပုံမှန်စီးပွားရေး လိုအပ်ချက်မှ မဟုတ်သော်လည်း လက်ရှိအချိန်အထိ စျေးကွက်ကို မပြိုကျစေရန် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ရပ်တည်နေသည်။ သို့သော် ထိုအရင်းအနှီးများသည် တာရှည်ခံနိုင်သည့် အရင်းအမြစ်မဟုတ်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းသွားနိုင်သည်။

တစ်ဖက်တွင် ငွေကြေးအင်အားရှိသူများ၏ ရင်းနှီးမြှုပ်နှံမှု အလေ့အထများတွင်လည်း ပြောင်းလဲမှုများ ပေါ်ပေါက်လာသည်။ ပြည်တွင်းအခြေချနေထိုင်လိုသူများသည် မြို့တွင်းရှိ တန်ဖိုးမြင့်ပြီး တိုးချဲ့မရနိုင်သော နေရာများကို ဦးစားပေးဝယ်ယူကြပြီး မြို့တွင်းလမ်းမကြီးများနှင့် အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ဖိုးစိန်လမ်းနှင့် ရန်ကုန်မြို့၏ အရှည်ဆုံးလမ်းမကြီးဖြစ်သော ပြည်လမ်းမပေါ်ရှိ အိမ်ခြံမြေကဲ့သို့သော နေရာများသည် တန်ဖိုးကျဆင်းနိုင်ခြေနည်းသော အချက်အချာဒေသများအဖြစ် ဆက်လက်တည်ရှိနေသည်။

ထို့ပြင် တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပကဲ့သို့ ဖွံ့ဖြိုးဆဲ မြို့နယ်များတွင်လည်း ပြည်တွင်းအခြေပြုသူများ၏ ဝယ်ယူမှုများ ဆက်လက်တွေ့ရသည်။ အခြားတစ်ဖက်တွင် ပြည်ပအခြေပြု သို့မဟုတ် ရွှေ့ပြောင်းနိုင်စွမ်းရှိသော အုပ်စုများသည် အိမ်ခြံမြေထက် ပိုမိုသယ်ယူရလွယ်ကူပြီး ငွေဖြစ်လွယ်သော ပိုင်ဆိုင်မှုများကို ရွေးချယ်လာကြရာ ယင်းအနေဖြင့် ပတ္တမြားနှင့် နီလာကဲ့သို့သော ကျောက်မျက်ရတနာများသည် လက်ရှိတွင် အရေးပါသော ရင်းနှီးမြှုပ်နှံမှု ရွေးချယ်မှုတစ်ခုအဖြစ် ထင်ရှားလာသည်။

အနာဂတ်အလားအလာကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် ပုံမှန်ဘဏ်စနစ်အခြေပြု ပူဖောင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်နိုင်ခြေမှာ နည်းပါးသော်လည်း စျေးကွက်တစ်ခုလုံး အေးခဲသွားခြင်း သို့မဟုတ် ဒေသအလိုက် မညီမျှသော ပြန်လည်ညှိနှိုင်းမှုများ ဖြစ်ပေါ်လာနိုင်သည်။

အထူးသဖြင့် ရန်ကုန်မြို့ပြင်ပရှိ မြို့သစ်ဒေသများတွင် အရောင်းအဝယ် လျော့နည်းခြင်းနှင့် စျေးလျှော့၍ ငွေဖော်ခြင်းတို့ဖြင့် “ပူဖောင်းပိန်ရှုံ့ခြင်း” ဖြစ်စဉ်များ ပထမဦးစွာ ပေါ်ပေါက်လာနိုင်သည်။

ထိုနှိုင်းယှဉ်မှုအရ မြို့တွင်း ၃၆ မြို့နယ်များတွင် အခန်းစျေးနှုန်းများ တစ်စိတ်တစ်ပိုင်း ထိခိုက်လာနိုင်သော်လည်း မြေစျေးနှုန်းများမှာ အခြေခံလိုအပ်ချက်နှင့် နေရာတန်ဖိုးကြောင့် ပြင်းထန်စွာ ကျဆင်းနိုင်ခြေ နည်းပါးနေမည်ဟု သုံးသပ်နိုင်သည်။ သို့ရာတွင် တရားမဝင် ငွေကြေးစီးကြောင်းများ ရပ်တန့်ခြင်းနှင့် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်း ဆက်လက်ကျဆင်းခြင်းတို့ ပေါင်းစပ်လာပါက ယင်းတည်ငြိမ်မှုသည် တဖြည်းဖြည်း ဖိအားခံရနိုင်ကြောင်းလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု မိမိအမြင်အား မျှဝေလိုက်ရပါသည်။

အောင်မျိုးလွင် ( အဂ္ဂ )

ရန်ကုန်မြို့ အခွန်စည်းကြပ်ရန် သတ်မှတ်စံနှုန်းများ ( ၂၀၂၆ ) https://drive.google.com/file/d/1sIERIdTMBbkGjgfd9sVJPZdf2NXbkc8C/view?usp=drive_link

ဂရံအမည်ပေါက် တိုက်ရိုက်အရောင်း ကာလပေါက်စျေးသည် အထက်ပါ အခွန်စည်းကြပ်တန်ဖိုး၏ ၁၀.၃၃ ဆ မှ ၁၀.၅၀ ဆ ခန့် ပေါက်စျေးဖြစ်နိုင်ပြီး လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းထောင့်၊ စျေးလမ်း၊ ကြားမြို့နယ် စသည်ဖြင့် အခြေအနေ ပတ်ဝန်းကျင် အရပ်ရပ်ကြောင့် အနည်းငယ် အတိုးအလျော့ ရှိနိုင်မည်ဟု ထင်မြင်မိပါသည်။

Tuesday, June 30, 2026

Yangon Heat and Air Purification

 Yangon Heat and Air Purification



Yangon Heat and Air Purification

The heart of Yangon, its six downtown townships (Kyauktada, Pabedan, Latha, Lanmadaw, Botahtaung, and Pazundaung), is the Central Business District (CBD) where historic buildings and modern high-rises are densely concentrated.

However, due to narrow street layouts, a lack of large trees, and heavy vehicle traffic, exhaust fumes and PM2.5 dust particles tend to get trapped in the air during the summer, leading to severe exposure to the Urban Heat Island effect.

To comprehensively address these challenges, the "Smart Green City" pilot project—which integrates modern technologies like Solar Power, High-Pressure Misting, and IoT Sensors into a dense network grid installed on the rooftops of high-rise buildings in these six downtown townships—is poised to become a highly effective and sustainable new solution for Yangon.

1. The Most Cost-Effective and Easy-to-Install Plastic Piping System

Modern, high-grade, high-pressure plastic pipes (High-Pressure PE/Slip-lock Pipes) are recommended for this system.

  • Ease of Installation and Cost-Efficiency: This plastic piping system is lightweight and utilizes Quick-Connect (Slip-lock) fittings, allowing for easy connection around corners. It can be installed quickly on high-rise rooftops, significantly reducing labor and initial investment costs. (Based on current market prices in China and Yangon, the initial cost for one 40-foot building—including the pipeline, smart nozzles, high-pressure pump, and solar system—is only around 2 million Myanmar Kyats.)

  • Suitability for Yangon's Climate: Due to the humid, saline, and rainy climate of Yangon, these pipes are highly durable, completely rust-proof, and resistant to decay.

2. Smart On-Demand Intelligence (Saving Water and Electricity Costs)

This is not a system forced to operate on a fixed schedule, but rather an "On-Demand System" that works efficiently only when needed.

  • Operation Based on Smoke and Dust: The system automatically activates to purify the air only when the concentration of PM2.5 and exhaust fumes reaches levels harmful to the respiratory system and exceeds the set AQI (Air Quality Index) threshold.

  • Water and Electricity Savings: The system automatically shuts off when the air is clean or when the air humidity in Yangon is extremely high, allowing for maximum water conservation. Even if a 40-foot building runs the system for 3 hours a day, it consumes only about 152 gallons of water total (equivalent to one small household water tank), which will not put a strain on the urban water supply.

  • Solar Power: Paired with a solar panel system, it requires zero units of government electricity, allowing it to operate with nearly "zero" running costs.

  • Mobile and Network Remote Control System: Data on temperature, humidity, and air quality (AQI) measured by devices across various locations are sent in real-time via the internet to a Central Dashboard and to personal mobile phones, allowing for monitoring and control from anywhere.

3. Sustainability and 6-Month Preventive Maintenance

To prevent nozzle blockage due to the high lime and iron content in Yangon's water, a system for 6-month periodic maintenance must be systematically included. This process includes replacing water filters, cleaning nozzle heads with ultrasonic technology, and washing dust off solar panels, which will extend the lifespan of the equipment for decades. During the 6-month rainy season in Yangon, the systems can be completely shut off, ensuring minimal water usage and no impact on urban water resources.

Implementing this "Plastic-Pipe Solar Smart Mist Grid" as a pilot project by connecting dense networks across Yangon's six downtown townships offers multi-faceted benefits: it eliminates the need for mobile water trucks, avoids wetting the streets, and upgrades the urban environment at the lowest possible operating cost.

I believe that if an organization like the YCDC were to fund and implement such a project, it would be highly effective in terms of cost and results. I submit that by building a Centralized IoT Dashboard, the Yangon City Development Committee can systematically manage the air quality and temperature of the city center, successfully transforming Yangon into a world-class, model "Green City" of the future.

ရန်ကုန် အပူနှင့် လေထုသန့်ရှင်းရေး



ရန်ကုန် အပူနှင့် လေထုသန့်ရှင်းရေး


ရန်ကုန် အပူနှင့် လေထုသန့်ရှင်းရေး
===============
ရန်ကုန်မြို့၏ နှလုံးသားဖြစ်သော မြို့လယ် ၆ မြို့နယ် (ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်နှင့် ပုဇွန်တောင်) သည် ရှေးဟောင်းအဆောက်အအုံများနှင့် ခေတ်မီအထပ်မြင့်တိုက်များ စုပြုံသိပ်သည်းရာ စီးပွားရေးဗဟိုချက် (CBD) ဖြစ်သည်။

သို့သော် လမ်းအကွက်အကွင်း ကျဉ်းမြောင်းမှု၊ သစ်ပင်ကြီးနည်းပါးမှုနှင့် မော်တော်ယာဉ်ထူထပ်မှုတို့ကြောင့် နွေရာသီတွင် အိတ်ဇောမီးခိုးငွေ့များနှင့် PM2.5 ဖုန်မှုန့်များ လေထုထဲ၌ ပိတ်မိနေတတ်ပြီး မြို့ပြအပူလှိုင်း (Urban Heat Island) ဒဏ်ကို အပြင်းထန်ဆုံး ခံစားရလေ့ရှိသည်။

ဤစိန်ခေါ်မှုများကို ဘက်စုံဖြေရှင်းရန်အတွက် ခေတ်မီနည်းပညာများဖြစ်သော ဆိုလာစွမ်းအင် (Solar Power)၊ ဝေဟင်ဖိအားမြင့်ရေမြူစနစ် (High-Pressure Misting) နှင့် အင်တာနက်အခြေခံ အာရုံခံကိရိယာများ (IoT Sensors) ကို ပေါင်းစပ်ကာ မြို့လယ် ၆ မြို့နယ်၏ အထပ်မြင့်တိုက်ခေါင်မိုးများပေါ်တွင် ကွင်းဆက် (Network Grid) အဖြစ် စိတ်စိတ်လေး တပ်ဆင်အသုံးပြုမည့် "Smart Green City" စမ်းသပ်စီမံကိန်းသည် ရန်ကုန်မြို့အတွက် အထိရောက်ဆုံးနှင့် ရေရှည်တည်တံ့မည့် နည်းလမ်းသစ်တစ်ခု ဖြစ်လာရန် ရှိနေပါသည်။

၁။ ကုန်ကျစရိတ် အသက်သာဆုံးနှင့် တပ်ဆင်ရလွယ်ကူသော ပလတ်စတစ်ပိုက်စနစ်
ခေတ်မီအဆင့်မြင့် အထူးဖိအားခံ ပလတ်စတစ်ပိုက် (High-Pressure PE/Slip-lock Pipes) များကို သင့်ပါသည်။
တပ်ဆင်ရလွယ်ကူပြီး စရိတ်သက်သာခြင်း: ဤပလတ်စတစ်ပိုက်စနစ်သည် ပေါ့ပါးပြီး Quick-Connect (Slip-lock) အဆက်များ သုံးထားသဖြင့် အကွေ့အကောက်များကို လွယ်ကူစွာ ချိတ်ဆက်နိုင်ကာ အထပ်မြင့်တိုက်ခေါင်မိုးများပေါ်တွင် အချိန်တိုအတွင်း အလွယ်တကူ တပ်ဆင်နိုင်သောကြောင့် လုပ်အားခနှင့် ကနဦးရင်းနှီးမြှုပ်နှံမှုစရိတ်ကို သိသိသာသာ လျှော့ချပေးပါသည်။

(တရုတ်နှင့် ရန်ကုန် ပစ္စည်းဈေးကွက် ပေါက်ဈေးအရ ပေ ၄၀ ပတ်လည် တိုက်တစ်လုံးစာအတွက် ပိုက်လိုင်း၊ စမတ်နော်ဇယ်၊ ဖိအားမြင့်ပန့်နှင့် ဆိုလာစနစ်အပါအဝင် ကနဦး ကုန်ကျစရိတ်မှာ မြန်မာငွေ သိန်း ၂၀ ဝန်းကျင်ခန့်သာ ရှိပါသည်)။

ရန်ကုန်ရာသီဥတုနှင့် ကိုက်ညီခြင်း: ရန်ကုန်မြို့၏ စိုစွတ်သော ရာသီဥတု၊ အငြင်းဓာတ်နှင့် မိုးရေဒဏ်ကြောင့် သံချေးတက်ခြင်း၊ ဆွေးမြည့်ခြင်း လုံးဝမရှိဘဲ ရေရှည်အကြမ်းခံပါသည်။

၂။ လိုအပ်မှသာ အလုပ်လုပ်ပြီး ရေနှင့် မီတာခ သက်သာခြင်း (Smart On-Demand Intelligence)
ဤစနစ်သည် ပုံသေအချိန်ဇယားအတိုင်း အတင်းအဓမ္မ မောင်းနှင်ခြင်း မဟုတ်ဘဲ "လိုအပ်မှသာ ထိရောက်စွာ အလုပ်လုပ်မည့်စနစ် (On-Demand System)" ဖြစ်သည်။
မီးခိုးနှင့် ဖုန်မှုန့်အလိုက် မောင်းနှင်ခြင်း: လေထုထဲတွင် အသက်ရှူလမ်းကြောင်းကို အန္တရာယ်ပြုမည့် PM2.5 နှင့် အိတ်ဇောမီးခိုးငွေ့ သိပ်သည်းဆများပြားလာပြီး AQI အညွှန်းကိန်း သတ်မှတ်ချက်ထက် မြင့်တက်လာမှသာ စနစ်က အလိုအလျောက် စတင်အလုပ်လုပ်ကာ လေထုကို သန့်စင်ပေးမည် ဖြစ်သည်။

ရေနှင့် မီတာခ သက်သာခြင်း: လေထုသန့်ရှင်းနေချိန် သို့မဟုတ် ရန်ကုန်မြို့၏ လေထုစိုထိုင်းဆ (Humidity) အလွန်မြင့်မားနေချိန်များတွင် စက်က အလိုအလျောက် ပိတ်ထားမည် ဖြစ်သဖြင့် ရေသုံးစွဲမှုကို အမြင့်မားဆုံး ခြွေတာနိုင်ပါသည်။

ပေ ၄၀ ပတ်လည် တိုက်တစ်လုံးလျှင် တစ်ရက် ၃ နာရီ မောင်းနှင်လျှင်ပင် ရေစုစုပေါင်း ၁၅၂ ဂါလန်ခန့် (အိမ်သုံးရေတိုင်ကီအသေးတစ်လုံးစာ) သာ ကုန်ကျသဖြင့် မြို့ပြရေပေးဝေမှုကို ဝန်ပိစေမည် မဟုတ်ပါ။

ထို့ပြင် ဆိုလာစနစ် (Solar Panel) ဖြင့် တွဲဖက်ထားသဖြင့် အစိုးရလျှပ်စစ်မီးကို တစ်ယူနစ်မျှ သုံးစွဲရန်မလိုဘဲ လည်ပတ်စရိတ် "သုည" နီးပါးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

မိုဘိုင်းဖုန်းနှင့် ကွန်ယက်အဝေးထိန်းစနစ်: နေရာအနှံ့ရှိ စက်များမှ တိုင်းတာရရှိသော အပူချိန်၊ စိုထိုင်းဆနှင့် လေထုအရည်အသွေး (AQI) ဒေတာများကို အင်တာနက်ကွန်ယက်မှတစ်ဆင့် ဗဟိုဒေတာထိန်းချုပ်ရေးရုံး (Central Dashboard) နှင့် မိမိတို့၏ မိုဘိုင်းဖုန်းများဆီသို့ အချိန်နှင့်တပြေးညီ ပေးပို့နေမည် ဖြစ်ရာ မည်သည့်နေရာမှမဆို ဖုန်းဖြင့် လှမ်း၍ စောင့်ကြည့်ထိန်းချုပ်နိုင်ပါသည်။

၃။ ရေရှည်တည်တံ့မှုနှင့် ၆ လတစ်ကြိမ် ပြုပြင်မွန်းမံမှု (6-Month Preventive Maintenance)
ရန်ကုန်မြို့၏ ရေတွင် ထုံးဓာတ်နှင့် သံဓာတ်ပါဝင်မှု မြင့်မားခြင်းကြောင့် နော်ဇယ်ခေါင်းများ ပိတ်ဆို့ခြင်း မရှိစေရန် ၆ လတစ်ကြိမ် ပုံမှန်ပြုပြင်မွန်းမံသည့်စနစ် ကို စနစ်တကျ ထည့်သွင်းရပါမည်။ ဤလုပ်ငန်းစဉ်တွင် ရေစစ် (Filter) များကို လဲလှယ်ခြင်း၊ နော်ဇယ်ခေါင်းများကို အာထရာဆိုးနစ်ဖြင့် သန့်စင်ခြင်းနှင့် ဆိုလာပြားများပေါ်ရှိ ဖုန်မှုန့်များကို ဆေးကြောခြင်းတို့ ပါဝင်မည်ဖြစ်ရာ စက်များ၏ သက်တမ်းကို ဆယ်စုနှစ်ချီ ရှည်ကြာစေမည် ဖြစ်သည်။ ရန်ကုန်၏ မိုးရာသီ ၆ လတွင် စက်များကို လုံးဝပိတ်ထားနိုင်သဖြင့် ရေသုံးစွဲမှု အလွန်နည်းပါးပြီး မြို့ပြ၏ ရေအရင်းအမြစ်ကို ထိခိုက်စေမည် မဟုတ်ပါ။

ရန်ကုန်မြို့လယ် ၆ မြို့နယ်တွင် ဤ "ပလတ်စတစ်ပိုက်သုံး ဆိုလာစမတ်ရေမြူကွင်းစနစ်" ကို စိတ်စိတ်လေး ကွင်းဆက်ချိတ်ဆက်၍ စမ်းသပ်စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်ခြင်းသည် ကားပေါ်တင်မောင်းစရာမလို၊ လမ်းမများ ရေမစိုဘဲ လည်ပတ်စရိတ်အသက်သာဆုံးဖြင့် မြို့ပြကို အဆင့်မြှင့်တင်နိုင်ခြင်း စသည့် ဘက်စုံ၊ ရှုထောင့်စုံ အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်သည်။

ထိုစီမံကိန်းမျိုးသည် YCDC လိုအဖွဲ့အစည်းမှ ကုန်ကျခံ စီမံကိန်းချမှတ်ဆောင်ရွက်ပါက ကုန်ကျစရိတ်နှင့် ရလဒ်မှ လွန်စွာအကျိုးရှိမည်ဟု ယုံကြည်ယူဆမိပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဗဟိုထိန်းချုပ်မှုစနစ် (Centralized IoT Dashboard) တစ်ခုတည်ဆောက်ကာ မြို့လယ်ခေါင်၏ လေထုနှင့် အပူချိန်ကို စနစ်တကျ ထိန်းကျောင်းပေးခြင်းဖြင့် ရန်ကုန်မြို့ပြကို ကမ္ဘာ့အဆင့်မီ၊ အနာဂတ် Green City စံပြမြို့ကြီးတစ်မြို့အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲထုဆစ်နိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
https://www.facebook.com/john.agga.us/posts/pfbid02vs6LnWveBbrrWMdWCSv8wshfQbBSvShNaX1VNTGgh1jqcfWDSRuvL8kWnE11MwsSl

私が思い出す MJC と MJCAA

  私が思い出す MJC と MJCAA 私が Myanmar Japan Center(MJC)に通い始めたのは、気持ちが少し落ち込み始めていた2016年初頭のことでした。講座を受講するために、初めてMJCを訪れました。 ウィン・ラインのミョー・ゾーさんからお誘いをいただいたこ...