Search This Blog ရှာရန်

Tuesday, September 08, 2026

၉/၁၁ နှစ် ၂၅ ပြည့်



၉/၁၁ နှစ် ၂၅ ပြည့်


ဒီလမှာ ၉/၁၁ တိုက်ခိုက်ခံရမှု နှစ် ၂၅ ပြည့်သွားပါပြီ။ အထိမ်းအမှတ်ပွဲတွေကိုလည်း ထပ်မံကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲထက် ဒီလောက်ကြီးမားတဲ့ ဖြစ်ရပ်မျိုးဖြစ်လာအောင် နောက်ကွယ်က တကယ့် လုပ်ကြံသူအမှန်ကို အမေရိကန်တို့ ရှာဖွေတွေ့ရှိစေချင်တယ်။ အစိုးရတွေပြောတိုင်း မျက်စိမှိတ်ယုံကြည်ရလောက်တဲ့ သမိုင်းဆိုတာ မရှိပါဘူး။
အဘက်ဘက်က ခေတ်မီတဲ့ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်နိုင်ငံသားတွေဟာ တိုက်ရိုက်ပစ်မှတ် ဖြစ်ခဲ့ရပြီး၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အဓိကနေရာတွေဟာလည်း အဲဒီတည်းကနေ တိုက်ခိုက်ခံခဲ့ရတယ်။ စိတ်မကောင်းစရာကတော့ ယနေ့ထိ အမေရိကန်ပြည်သူတွေက ဒီဖြစ်စဉ်တွေရဲ့ နောက်ကွယ်က တကယ့်ကြိုးကိုင်သူ ဘယ်သူလဲဆိုတာ မသိသေးတာပါပဲ။
အဲဒီတိုက်ခိုက်မှုကြီး ဖြစ်ပြီးချိန်မှာပဲ မီဒီယာအချို့က ဦးနှောက်အဓိကကြိုးကိုင်သူ (Mastermind) က အိုစမာဘင်လာဒင်လို့ ကြေညာနေပါပြီ။ ထိုနေ့ညက အမေရိကန်သမ္မတကြီးရဲ့ ဒိုင်ယာရီမှာလည်း "၂၁ ရာစုရဲ့ ပုလဲဆိပ်ကန် တိုက်ခိုက်ခံရမှု ဒီနေ့ဖြစ်တယ်... ဘင်လာဒင်လို့ ထင်တယ်" လို့ ရေးမှတ်ခဲ့တဲ့ မှတ်တမ်းလည်း ရှိခဲ့ပါတယ်။
အစိုးရကတော့ ဘင်လာဒင်လို့ အမည်တပ်လိုက်တယ်၊ အာဖဂန်မှာ ပုန်းနေတယ်လို့ ဆိုတယ်။ အမေရိကန်က အာဖဂန်ကို ဝင်တိုက်ပြီး နှစ်ဆယ်စုနှစ်တစ်ဝက်လောက် လိုက်ရှာတယ်။ အာဖဂန်မှာတော့ ဘင်လာဒင်ကို မတွေ့ဘူး။ စစ်သားပေါင်းများစွာ အသက်ပေးလိုက်ရတယ်၊ စစ်စရိတ်ကလည်း အများကြီးကုန်တယ်။ ဒါပေမယ့် ရှာမတွေ့ဘူး။
နောက်တော့ အီရတ်ဘက်ကို အိုစမာဘင်လာဒင်နဲ့ ပူးပေါင်းကြံစည်တယ်၊ လူအများသေစေနိုင်တဲ့ လက်နက်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ ခေါင်းစဉ်တပ် စွပ်စွဲချက်တပ်ပြီး အီရတ်ကို ပြန်ဝင်တိုက်တယ်။ ဒါပေမယ့် ဒီတစ်ခါလည်း ဘာမှ မတွေ့ဘူး။
ဒါပေမယ့် အိုဘားမားလက်ထက်မှာတော့ ရဟတ်ယာဉ်နှစ်စီးနဲ့ပဲ ပါကစ္စတန်စစ်ဌာနချုပ်အနီးကနေ အိုစမာဘင်လာဒင်ကို အသာလေး သုတ်သင်ပစ်လိုက်နိုင်တယ်။
ဒီလောက်တလွဲတွေ အများကြီး ဖြစ်ခဲ့တာကိုကြည့်ရင်၊ အကြောင်းအရာဟာ ဒီလောက်ရိုးရှင်းလှတာ မဟုတ်ဘူးဆိုတာ သိသင့်ပါတယ်။
ယခုလက်ရှိကိုလည်း ကြည့်ပါ။ အီရန်က မိမိတို့မှာ နူကလီးယားလက်နက်မရှိဘူးလို့ ပြောနေတော့လည်း အင်အားသုံးပြီး အတင်းအဓမ္မ တိုက်ခိုက်နေတယ်။ တစ်ဖက်မှာတော့ မြောက်ကိုရီးယားက မိမိတို့မှာ နူကလီးယားရှိတယ်ဆိုတာကို ထုတ်ပြတယ်၊ အမေရိကန်ကို ပစ်နိုင်ကြောင်းကြေညာတယ်၊ ပစ်မယ်လို့လည်း ပြောတယ်။ ဒါပေမယ့် ထရမ့်ကတော့ လက်ဆွဲနှုတ်ဆက်နေတယ်။
ဒီတော့ ခင်ဗျားတို့ ၉/၁၁ ဆိုတာ အိုစမာဘင်လာဒင် လုပ်ပါတယ်လို့ ယုံနေတုန်းပဲလား ?

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...