ကျွန်တော်နှင့် ဘင်္ဂလားဒေ့ရှ်
-EDIT.jpg)
“ဘင်္ဂလားဒေ့ရှ်” လို့ ပြောလိုက်တာနဲ့ ကျွန်တော့အတွက် ဒုတိယအိမ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့မိဘတွေ နေထိုင်ရာ၊ ငယ်သူငယ်ချင်းတွေရှိရာ၊ ချစ်ခဲ့ရသူရှိခဲ့ရာ၊ ဆွေမျိုးတွေရှိရာ နေရာတစ်ခုဖြစ်လို့ပါ။ အမှတ်တရ ခရီးတွေထဲမှာ မြန်မာပြည်နယ်စပ်ခရီးတွေနဲ့ Cox’s Bazar ကမ်းခြေညတွေဟာလည်း ကျွန်တော့ဘဝရဲ့ အစိတ်အပိုင်းတွေပါပဲ။
ဒီလို အမှတ်တရတွေ အများကြီးထဲမှာမှ ကျွန်တော့အတွက် “The Good, The Best and The Ugly” လို့ ပြောချင်တဲ့ အရာလေးကတော့ ဘင်္ဂလားဒေ့ရှ် ရိုးရာ မင်္ဂလာဆောင်ပွဲတွေထဲက သီဆိုကခုန်ခြင်း အပိုင်းပါပဲ။ သူတို့ မင်္ဂလာဆောင်တစ်ခုဟာ အင်မတန်ကို ပွဲဆက်များပါတယ်၊ ခန်းနားလှပါတယ်။ ပွဲတိုင်းမှာလည်း မရိုးနိုင်တဲ့ ဓလေ့လေးတွေ ပါတတ်သေးတယ်။ အဲဒီအထဲကမှ တင်ပြချင်တာက ကျွန်တော့ညီရဲ့ လူပျိုညပွဲအကြောင်းပါ။ ညစာကျွေးတာကတော့ ဘူဖေပုံစံပါ။
အများစုက ကြမ်းပြင်မှာ ထိုင်ကြသလို၊ ထောင့်တစ်နေရာမှာတော့ ကဝါလီ (Qawwali) အဖွဲ့ ရှိပါတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်က ည ၈ နာရီလောက်မှာ အချိုပွဲ အချို့ တည်ခင်းထားတာပေါ့။ ကဝါလီဆိုတာက တမန်တော်ကို ချီးကျူးတဲ့ ဆူဖီတေး၊ တေးကဗျာ တီးလုံးနဲ့ သီဆိုကြတာပါ။
ည ၉ နာရီခွဲလောက်မှာ ညစာ ဘူဖေ စကျွေးပါတယ်။ အဲဒီအချိန်မှာတော့ လူစုံပါပြီ။ ထမင်းစားခန်းထဲမှာ ဆွေမျိုးတွေရဲ့ စကားပြောသံ၊ အပြင်ဘက်မှာ ကျွန်တော်တို့ ညီအကိုတွေ ဆေးလိပ်သောက်၊ စကားပြောသံ၊ နောက်ခံမှာ ကဝါလီအသံတွေနဲ့ ဆူဆူညံညံပါပဲ။
ည ၁၀ နာရီခွဲလောက်မှာတော့ ကဝါလီကနေ ခေတ်ပေါ် အိန္ဒိယရုပ်ရှင်သီချင်းတွေ စတီးလာပါတယ်။ အဒေါ်တွေက ကျွန်တော်တို့ အဖွဲ့တွေကို “အထဲဝင်ပါ” လို့ ခေါ်ပါပြီ။ သီချင်းတွေ တီးရင် ည ၁၁ နာရီခွဲလောက်မှာ သီချင်းထဲကနေ ဆွေမျိုးတစ်ဦးရဲ့ အမည်ကို ထပ်ခါထပ်ခါ ထည့်သွင်းသီဆိုလာပါတယ်။ အဲဒီအခါ ထိုသူမှ ထပြီး ကရပါတယ်။ ဆွေမျိုးတွေက အားပေးကြတာပါ။ ဆွေမျိုးအားလုံးကို ခေါ်တာပါ၊ တကယ့်မိသားစုချစ်ခင်ဖွယ်အရာသာကိုရရှိပါတယ်။
အဲဒီအချိန်မှာ ကျွန်တော့အဖေက ကျွန်တော့ထံ လာပြီး ပိုက်စံ ခေါက်ထားတာလေး လာပေးပါတယ်။ “မင်းကရတဲ့ အလှည့်ကျရင် သီချင်းဆိုနေတဲ့သူ ဘေးကို ဒီပိုက်စံ ပြစ်ပေးလိုက်”တဲ့။ အဲဒီအခါမှ သီချင်းနဲ့ ခေါ်လို့ ထတဲ့သူများ ပိုက်စံ ပြစ်ပေးတာကို သတိပြုမိပါတယ်။ ကျွန်တော်တို့ အသက်ကြီးကြီး အဒေါ်တွေရဲ့ အမည်ကို ခေါ်တဲ့အခါမှာတော့ သူမရဲ့ သားတွေ၊ ချွေးမတွေကပါ ဝိုင်းကပေးကြတာက မိသားစု ပျော်ရွှင်ဖွယ် အတိပါပဲ၊ အချို့ဆိုမိသားစုကြီးတော့ သူတို့တွေအုပ်စုလိုက်ထကကြသည်မှာ ပီတိဖြစ်ဖွယ်အတိပင်၊ ထိုည တီးဝိုင်းကတော့ ပိုက်စံ အတော်ကို ရမယ် ထင်ပါတယ်။
အဲ့ဒီအစီအစဥ်ပြီးရင်တော့ ကဝါလီပျောက်၊ Bollywood ခေါက်ပြီး DJ ရောက်ပါပြီ မနေက် ၂ နာရီခန့်ဖြစ်ပါပြီ၊ အားလုံးထကသူက ၊ ပြန်တဲ့လူပြန်ကြ ၊ ကျွန်တော်တို့ ညီအကိုတွေက နောက်ထပ်အကြံတစ်ခုခုဖန် တကယ့်ကို ပျော်စရာအတိပါ။
နောက်တစ်ခုကတော့ သတို့သမီးအိမ်သို့ သတို့သား၊ သတို့သား မိသားစုနဲ့ ဆွေမျိုးများ သွားရောက်တဲ့ပွဲပါ။ ဒါကို ဘယ်လိုခေါ်ရမလဲ? သတို့သားကလည်း အခြံအရံ အတော်ကောင်းကောင်း၊ လက်ဆောင်ပစ္စည်း အများကြီးနဲ့၊ ဆွေမျိုးစုံလင်၊ ညစာနှင့် ဂီတဖျော်ဖြေပွဲလို့ ခေါ်ရမလား? အဲဒီအထိ မထူးမဆန်းပါဘူး။ ထူးဆန်းတာက သီဆိုတဲ့ ကဗျာ၊ လကာတွေထဲမှာပါ။
ဥပမာ— သတို့သားအဖေက နာမည်ကြီး ကန်ထရိုက်တာ ဆိုပါတော့။ သူတို့ဆိုတဲ့ သီချင်းကဗျာ၊ လကာသီချင်းထဲမှာ “ဘီလပ်မြေမပါ… သဲကမ္ဘာ… ဘယ်သူ ဆောက်တဲ့ တိုက်တွေပါ” တို့… ယောင်္မတွေကိုလည်း “ဖင်ကောက်တယ်၊ နှုတ်ခမ်းထော်တယ်၊ အားပါးပါးဆုံ”လို့ တီးတဲ့ တီးချက်တွေက စိတ်ကောက်လို့ကောက်၊ ထပြန်မယ်လုပ်သူလုပ်။
မပူပါနဲ့။ ဒီသတို့သမီးနဲ့ အမျိုးတွေက သတို့သားအိမ် လာတဲ့အခါမှာလည်း သတို့သား အမျိုးတွေက အထက်ပါနည်းအတိုင်း ကဗျာ၊ လကာနဲ့ တီးပါတယ်။ တကယ့်ကို နားမလည်နိုင်၊ အချစ်ကြမ်းတဲ့ မင်္ဂလာဆောင် အချစ်စမ်းပွဲ နည်း တစ်ခုပါပဲ။
အဲ့ဒါတွေကို ခေတ်အမြင်၊ အကောင်းမြင်တဲ့ စိတ်နှင့်ကြည့်မည်ဆိုပါက Ice Breaking အေးခဲနေတဲ့ နှစ်ဖက်မိသားစုမှာ ဟန်ဆောင်မှုကင်းကင်း၊ ကြည်ဆယ်ကြတယ်လို့မြင်ကြည့်မယ်ဆိုလျင် အလွန် သင့်မြတ်လှပါတယ်။
အဲ့ဒါတွေကို ခေတ်အမြင်၊ အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်မည်ဆိုပါက Ice Breaking—အေးခဲနေတဲ့ နှစ်ဖက်မိသားစုမှာ ဟန်ဆောင်မှုကင်းကင်း၊ ကြည်နူးစွာ ကြည်ဆယ်ကြတယ်လို့ မြင်ကြည့်မယ်ဆိုလျင် အလွန် သင့်မြတ်လှပါတယ်။
-EDIT.jpg)
-EDIT.jpg)
-EDIT.jpg)
.jpg)
.jpg)

No comments:
Post a Comment