Search This Blog ရှာရန်

Wednesday, September 02, 2026

ငါးဖမ်းလှေဆောက် ကျွန်တော်မှတ်မိသလောက်



ငါးဖမ်းလှေဆောက်
ကျွန်တော်မှတ်မိသလောက်
၁၉၉၈ ခုနှစ်ခန့်က အခြေအနေနှင့် အခြေခံအဆင့်ဆင့်
မြန်မာပြည်မှာ ငါးဖမ်းလှေဆောက်လုပ်တဲ့ အဆင့်များမှာ -
( ၁ ) ဒေါပုံရှိ ရေကြောင်းဦးစီး အင်ဂျင်နီယာဌာန (ကျွန်တော်တို့အချိန်ကတော့ ဦးမြ) ထံမှ လှေပုံစံဆွဲပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DMA) ထံမှ ခွင့်ပြုချက်ယူပါတယ်။

( ၂ ) သစ်တောဦးစီးဌာနတွင် သစ်သားလှေဖြစ်သည့်အတွက် သစ်ထုတ်လုပ်ခွင့်၊ ဝယ်ယူခွင့်၊ သစ်မျောစာထုတ်ယူပါတယ်။ (ရောင်းစားပါတယ် မသုံးပါဘူး) ခိုးသစ်ဖြင့်ဆောက်ပါတယ်။

( ၃ ) ဆောက်လုပ်ခြင်းအဆင့်ဆင့်ကို ဓာတ်ပုံရိုက်ပြီး ရေကြောင်းဦးစီးဌာနသို့ သတင်းပို့တင်ပြရပါတယ်။

( ၄ ) နယ်စပ်ကုန်သွယ်ရေး သွင်းကုန်လိုင်စင်ဖြင့် ရနောင်းဘက်မှ မိမိလှေ၊ ဥပမာ ဒရွတ်ဆွဲလှေ၊ ၃၅ ပေ၊ GRT ၈၀ ဆိုပါက Cummins အင်ဂျင် K19 စီးရီးထဲမှ မြင်းကောင်ရည် ၆၀၀ - ၁၀၀၀ အင်ဂျင်နှင့် ရေကြောင်းသွား၊ ငါးကြည့်စက်နှင့် လျှပ်စစ်ပစ္စည်းများ သွင်းပါသည်။

( ၅ ) အားလုံးတပ်ဆင်လို့ ပြီးရင်တော့ ရန်ကုန်သို့ မောင်းနှင်လာပြီး၊ LSA လို့ခေါ်တဲ့ Life-Saving Appliances အသက်ကယ်ဖောင်၊ အကျီ၊ မီးသတ်ဆေးဘူး စသည်ဖြင့် လိုအပ်ချက် အမျိုး ၂၀ လျှောက်ကို ငှားရမ်းတပ်ဆင်ပါတယ်၊ ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ မတပ်ကြပါဘူး။ ငှားတဲ့နေရာလည်း ရှိတယ်၊ သူတို့ပစ္စည်းတွေမှာ မိမိတို့လှေအမည်ရေးပြီး လာပေးထားမှာ ဖြစ်ပါတယ်။

( ၆ ) ပြီးလျှင်တော့ ရေကြောင်းဦးစီးဌာနမှ စစ်ဆေးမည့် ဆိပ်ကမ်းသို့ မောင်းနှင်ပြီး အစစ်ဆေးခံပြီးပါက လှေဂရန်ရပါသည်။ Captain ကျော်ဇေယျ မရှိတော့လျှင် အတော်ကောင်းပါတယ်။

( ၇ ) အထွေထွေ ရေကြောင်းဆက်သွယ်ရေးသုံး ရေဒီယိုစနစ်များ (SSB/VHF) အတွက် ငါးလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD) တို့၏ ခွင့်ပြုချက်/လိုင်စင် ရယူရပါသည်။

( ၈ ) လှေဂရန်ရပါက ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးဖမ်းခွင့်လိုင်စင် လျှောက်ရပါတယ်၊ လျှောက်ထားတဲ့အခါ ဘဏ်ငွေသွင်းခွင့်ရပြီဆိုပါက လိုင်စင်ဌာနတွင် လိုင်စင်ထုတ်တဲ့အဆင့်သို့ ရောက်ပါပြီ။
( ၉ ) ငါးဖမ်းလိုင်စင်ရပြီဆိုလျှင်တော့ ငါးဖမ်းပိုက်၊ လှေသား၊ ရိက္ခာ၊ ဆီ၊ ရေခဲ တင်ပြီး ပင်လယ်ပြင်ထွက်ပါသည်။

ဒါက အတော်ရိုးသားတဲ့ အဆင့်ဆင့်လုပ်ဆောင်ပုံပါ၊ နောင် အုံဖွလုပ်နည်းများ ရေးပေးပါ့မယ်။ လက်ရှိမြန်မာ့ပင်လယ်ပြင်မှာ လက်ရှိငါးဖမ်းလှေ ထက်ဝက်ကျော်မှာ အထက်ပါအတိုင်း အပြည့်အဝမဟုတ်ပါ၊ "အုံဖွ" ဆိုပြီး လှေဖြစ်သွားတာပါ။

ငါးဖမ်းလှေပေါ် ရောက်နေစဉ် မန်နေဂျာတစ်ယောက်အနေဖြင့် အလေ့အကျင့်လုပ်သင့်သည့် ကိစ္စမှာ အင်ဂျင်မှရေထွက်သံ တရှဲရှဲကို နားထဲမှာ မှတ်မိနေအောင် လုပ်ထားပါ၊ မိမိလှေပေါ်ရှိလျက် အင်ဂျင်မှရေထွက်သံ ပျောက်ပြီး အင်ဂျင်ရပ်သွားလျှင် မန်နေဂျာတစ်ယောက်လုံး လှေပေါ်ရှိပြီး ဖြစ်လျှင် အလွန်ရှက်စရာကောင်းပါတယ်။ ခွမ်းညက်တာ၊ ပိုက်ပျက်တာ ကိုယ်လိုက်ထိန်းလို့ရသည့် ကိစ္စမဟုတ်ပါ။ အင်ဂျင်အသံပြောင်းသွားတာ မသိဘူးတော့ မလုပ်မိစေနဲ့။

https://www.facebook.com/john.agga.us/posts/pfbid037bBwnfdNhZdYdNjB5h9zqk6HNfJEaC3MKYSsXTtADw9EPhAHHqq1nP6KDQMGRs4Rl

အောင်မျိုးလွင် (အဂ္ဂ)
ဖုကျက်ကန် ผู้จัดการ





No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...