Skip to main content

Posts

Showing posts from July, 2010

၆၃ နှစ်မြောက် အာဇာနည် နေ့

၆၃ နှစ်မြောက် အာဇာနည်နေ့ ကို သတိမထားလိုက်မိဘူး... နောက်နေ့ ဂျာနယ် တချို့မှာ ပါတဲ့ သတင်းတွေကြောင့် အော်... အာဇာနည် နေ့တောင် ၆၃ နှစ်ရှိပြီဆိုတာ စိတ်မကောင်းစွာ သိလိုက်ရတယ်.... ဘာဘဲပြောပြော အာဇာနည် နေ့ဆိုတာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့ တစ်ရက်ထဲ လုပ်ကြံခံရတဲ့ နေ့လားလို့ ငါသား င့ါကို လာမမေးတာကိုဘဲ ကျေးဇူးတင် မိတယ်... အာဇာနည် နေ့ ဟာ နှစ်ခါပြန် စိတ်မကောင်းစရာ ကောင်းတဲ့ နေ့ လို့ ကျွန်တော်က မှတ်တယ်၊ ပထမက အမျိုးသား ခေါင်းဆောင်ကြီးတွေ ဆုံးရှုံးခဲ့ရလို့၊ နောက်တစ်ခုက ကိုယ့်အမျိုးသား အချင်းချင်း လုပ်ကြံမှု့ဖြစ်ရတဲ့ အတွက် ဆုံးရှုံးခဲ့ရတဲ့ အရှက်နဲ့ သိက္ခာ တွေအတွက်။ နောင်တဆိုတာ နောင်မှ ရတတ်တယ်ဆို သလို ကျွန်တော်တို့ နောင်တက နောင်မှ တခဲ့ရပြီ၊ ဒီနေရာမှာ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ မေးစရာပေါ်လာတယ် နောင်တရပြီလား... ကိုယ့် အမျိုးသားတွေ စည်းလုံးညီညွတ်မှုဟာ သိပ်အရေးကြီးတယ်ဆိုတာ... ဒီတော့ ကျွန်တော်တို့ တွေ အာဇာနည်နေ့ ဆိုတာနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုတာကို တွဲပြီမြင် ရမယ်လို့ ကျွန်တော် အကြံပြုလိုပါတယ် ... အမျိုးသားတွေ စည်းလုံးညီညွတ်မှု့ မရှိတဲ့ ရလဒ်တွေ ကို ကျွန်တော်တို့ ခါးသ