Posts

Showing posts from August, 2026

私が思い出す MJC と MJCAA

Image
  私が思い出す MJC と MJCAA 私が Myanmar Japan Center(MJC)に通い始めたのは、気持ちが少し落ち込み始めていた2016年初頭のことでした。講座を受講するために、初めてMJCを訪れました。 ウィン・ラインのミョー・ゾーさんからお誘いをいただいたこと、新しい友人や新しいコミュニティを見つけたいと思ったこと、そして何かを学びたいという気持ちがあったことが、私をMJCへ向かわせた理由です。 しかし、MJCで過ごし、講座を受ける中で、授業や新しく出会った友人たちのおかげで、多くの新しい視点や知識を得ることができました。同時に、落ち込んでいた気持ちも、しばらくの間は忘れることができました。 私がMJCで受講したのは、 Business Management(経営管理) 、 HR Management(人事管理) 、 Finance Management(財務管理) の3つの講座です。講座は、日本で豊富な経験を持つCEOの方々、日本の大学で現役で教えている先生方、そしてミャンマー語と日本語の両方で教えるビジネス大学の先生方によって指導されました。 これらの講座を通じて、私はとても良いビジネス関係のコミュニティにも出会うことができました。3つの講座を受講した後、組織づくりや団体活動に関心のあった私は、Japan Myanmar Center Alumni Association(MJCAA)を設立したいという考えを、MJCの関係者の皆さまに提案しました。 MJCの皆さまが支援し、励ましてくださったおかげで、受講生の仲間たちとともに、MJCAA設立に向けた組織構成や規約づくりを始めることができました。デザインが好きな私は、MJCAAのロゴデザインも担当しました。 また、MJCAAのメンバーとともに、講演会への参加や、国内外への研修・見学旅行にも参加しました。こうした経験を通じて、楽しい時間、素晴らしい友人たち、そして多くの知識と学びを得ることができました。 MJCで講座が開かれる際には、年齢を問わず、多くの方に受講していただきたいと私は思います。私が受講していた頃には、自分の娘と同じくらいの年齢の若い人たちから、自分より年上の経験豊かな経営者の方々まで、さまざまな人に出会いました。 MJCAAで活動していた期間には、MJCおよびJICAのア...

ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA

Image
  ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA ================ Myanmar Japan Center (MJC) သို့ ကျွန်တော် စိတ်ဓာတ်စတင်ကျဆင်းနေခဲ့သည့် ၂၀၁၆ ခုနှစ်အစပိုင်းတွင် သင်တန်းတက်ရောက်ရန် စတင်ရောက်ရှိခဲ့ပါသည်။ ဝင်းလိုက်မှ ကိုမျိုးဇော်၏ ဖိတ်ခေါ်မှုကြောင့်လည်းကောင်း၊ မိတ်သစ်ဆွေသစ်များနှင့် အသိုင်းအဝိုင်းသစ်တစ်ခုကို ရရှိလိုသဖြင့်လည်းကောင်း၊ ပညာရပ်တစ်ခုခုကို သင်ယူလိုသဖြင့်လည်းကောင်း MJC သို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော် ရောက်ရှိပြီး သင်တန်းကာလအတွင်း သင်ကြားမှုများနှင့် မိတ်ဆွေသစ်များကြောင့် အသိအမြင်များစွာ တိုးတက်လာခဲ့သလို၊ စိတ်ဓာတ်ကျဆင်းနေမှုများကိုလည်း ခေတ္တမျှ မေ့လျော့ထားနိုင်ခဲ့ပါသည်။ ကျွန်တော် MJC တွင် တက်ရောက်ခဲ့သည့် သင်တန်းများမှာ Business Management, HR Management နှင့် Finance Management တို့ ဖြစ်ပါသည်။ သင်တန်းများကို ဂျပန်နိုင်ငံမှ အတွေ့အကြုံရင့် CEO များ၊ ဂျပန်တက္ကသိုလ်များမှ လက်ရှိဆရာ၊ ဆရာမများနှင့် မြန်မာ-ဂျပန်နှစ်ဘာသာရ စီးပွားရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးခဲ့ကြပါသည်။ ထိုသင်တန်းများမှတစ်ဆင့် အလွန်ကောင်းမွန်သည့် စီးပွားရေ...

အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း

Image
အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း ကျွန်တော် ၈ တန်းအောင်ပြီး ၉ တန်းတက်ခါစအရွယ်တွင် အဖွားဒေါ်အေးခင်က “မင်းက မင်းအဖိုးအရပ်အမောင်းရှိတယ်” ဟု ပြောကာ ကျွန်တော့်အိပ်ခန်းထဲရှိ နှစ်ပေါင်းများစွာ မဖွင့်ဖူးသော ဘီဒိုကြီးကို ဖွင့်ပြခဲ့သည်။ ထိုဘီဒိုသည် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် အဖိုး၏ဘီဒိုဖြစ်သည်။ ဘီဒိုထဲတွင် လျှို့ဝှက်အကန့်ကိုပါ ဖွင့်ပြသည်၊ ပြီးတော့ ပိတ်စဖြူဖြင့်ပတ်ထားသော ဘီဒိုအတွင်းရှိအဖိုး၏မယ်ဒလင်တစ်လက်ကို ထုတ်ပေးကာ “ဒါ မင်းအဖိုးရဲ့ မယ်ဒလင်” ဟု ပြောသည်။ ထို့နောက် အဖိုးနှင့်အဖွား မင်္ဂလာဆောင်စဉ် အဖိုးဝတ်ခဲ့သော အဖြူရောင်ဘောင်းဘီကို ကျွန်တော့်အား ဝတ်ကြည့်စေသည်။ ကျွန်တော်၏အရပ်မှာ ၅ ပေ ၁၁ လက်မရှိပြီး၊ အဖွားပြောသလိုပင် အဖိုးနှင့်အရပ်အမောင်းတူသည်ဟု ခံစားမိခဲ့သည်။ ဘီဒိုထဲမှ အဖိုး၏မိခင် ဒေါ်သီ၏အသုဘတွင် ကမ်းခဲ့သော ယပ်တောင်တစ်ချောင်းကိုလည်း အဖွားပြသည်။ ယပ်တောင်ပေါ်တွင် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု ရေးထားသည်။ “ဒီအခန်းက မင်းအဘွား ဒေါ်သီအခန်းပဲ။ မင်းအဖေနဲ့အမေ မင်္ဂလာမဆောင်ခင် ခုနစ်လလောက်ကပဲ ဆုံးသွားတာ။ ကြံတောသင်္ချိုင်းစက်အရှေ့မှာ ဂူသွင်းခဲ့တယ်” ဟု အဖွားက ပြောပြသည်။ ထိုယပ်တောင်ကလေးကို ယနေ့တိုင် ကျွန်တေ...

မှတ်မှတ်ရရ ဧရာဝတီခရီးသွား

Image
မှတ်မှတ်ရရ ဧရာဝတီခရီးသွား ကျွန်တော်ငယ်စဉ်က နွေရာသီ ၃ ခါလောက်၊ အဖေနှင့်အတူ ဧရာဝတီတိုင်းအတွင်း L Boat ဖြင့် လချီသွားလာနေထိုင်ခဲ့ဖူးသည်။ ယနေ့ အမှတ်တရပြန်လည်ပေါ်လာသည့် အကြောင်းအရာလေးတစ်ခုကို မျှဝေလိုပါသည်။ ထိုခေတ်က U Boat နှင့် L Boat အများစုကို ဆ/မ ဆည်မြောင်းဦးစီးဌာနက ပိုင်ဆိုင်အသုံးပြုခဲ့သည်ဟု မှတ်မိသည်။ အဆင့်မြှင့်တင်ထားသည့် L Boat များနှင့် အတော်ကောင်းသည့် ဖိုင်ဘာ Speed Boat တစ်စီးကိုတော့ မြန်မာ့ကြယ်ငါးပွင့်အောက်တွင် ထားရှိခဲ့သည်ဟုလည်း မှတ်မိပါသည်။ ထိုသုံးထပ် ဖိုင်ဘာခေတ်မီ Speed Boat ကိုတော့ ထိုခေတ် ရန်ကုန်–သန်လျင် သင်္ဘောနေ့စဉ် စီးနင်းသူများ မှတ်မိကြမည်ဟု ထင်ပါသည်။ U Boat နှင့် L Boat များသည် အင်္ဂလိပ်ခေတ်က မြစ်တွင်းရေတပ်အတွက် အသုံးပြုခဲ့သည့် လှေများဖြစ်သည်ဟုလည်း မှတ်မိသည်။ ထို့အပြင် ကမ်းရိုးတန်းသွား ခေတ်မီဖိုင်ဘာ Speed Boat နှစ်စီးကို ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်း အောက်တွင် ထားရှိခဲ့သည်ကို မှတ်မိပြီး၊ နောက်ပိုင်း ငါးလုပ်ငန်းဦးစီးဌာနတွင်လည်း DOF 1၊ DOF 2 ဟူ၍ ဖိုင်ဘာသင်္ဘောနှစ်စီး ရှိခဲ့ဖူးသည်။ ထို Boat များနှင့် မြိတ်မြို့နှင့် မြန်မာ့ပင်လယ်ပြင်သို့ သွားခဲ့သည့် ခရီးများလည်း ရှိခဲ့ပါသည်...

My Recollections of Myanmar Orchids

Image
  My Recollections of Myanmar Orchids If I remember correctly, around 1998, a Myanmar orchid exhibition was held at the location where the M3 football pitch now stands. Most of the orchids displayed for this exhibition were brought in from Thailand, offering us the chance to witness a wide variety of colorful and uniquely beautiful orchid species. Anyone who flew with Thai Airways back in those days will likely remember how passengers were routinely given identical, uniform orchid blossoms as a keepsake souvenir. These little flowers—bred to be uniform in size and color—served as a symbol of Thailand's thriving floriculture and orchid industry at the time. During that period, I was working as a Protocol Officer for a Thailand-based company located in Yangon. Consequently, I took on responsibilities related to the orchid exhibition's logistics and coordination—such as liaising with relevant government departments when Thai orchid experts visited Myanmar. Additionally, I had the ...

ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ

Image
ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ ကျွန်တော် အမှတ်မမှားလျှင် ၁၉၉၈ ခုနှစ်ခန့်က ယနေ့ M3 ဘောလုံးကစားကွင်းရှိရာနေရာတွင် မြန်မာ့သစ်ခွပြပွဲတစ်ခု ကျင်းပခဲ့ဖူးပါသည်။ ထိုပြပွဲအတွက် ပြသခဲ့သော သစ်ခွအများစုကို ထိုင်းနိုင်ငံမှ သယ်ဆောင်လာခဲ့ကြပြီး၊ အရောင်အသွေးစုံလင်ကာ ထူးခြားလှပသည့် သစ်ခွမျိုးများကို မြင်တွေ့ခွင့်ရခဲ့ပါသည်။ ထိုခေတ်က Thai Airways လေယာဉ်စီးဖူးသူများအနေဖြင့် ခရီးသည်များအား အရောင်တူ၊ အရွယ်တူ သစ်ခွပန်းလေးများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်လေ့ရှိသည်ကို မှတ်မိကြမည်ထင်ပါသည်။ ထိုသစ်ခွပန်းလေးများသည် အရွယ်တူ၊ အရောင်တူသစ်ခွပန်းများဖြစ်အောင် မျိုးရိုးဗီဇ ပြုပြင်ထားသည့် ထိုင်းနိုင်ငံ၏ ပန်းစိုက်ပျိုးရေးနှင့် သစ်ခွလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုသည့် အမှတ်တရတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ ထိုအချိန်က ကျွန်တော်သည် ရန်ကုန်အခြေစိုက် ထိုင်းကုမ္ပဏီတစ်ခုတွင် Protocol Officer အဖြစ် အလုပ်လုပ်ကိုင်နေခဲ့ပါသည်။ ထို့ကြောင့် သစ်ခွပြပွဲနှင့် ဆက်စပ်သော သယ်ယူပို့ဆောင်ရေးကိစ္စများ၊ ထိုင်းနိုင်ငံမှ သစ်ခွကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည့် တာဝန်မ...

SHAMIE Bakery & Confectionery

Image
  SHAMIE Bakery & Confectionery There is something important to clarify here, as it is a common point of confusion between SHAMIE and SHAMI : "Shami" refers to Shami Kebab , which is made by grinding meat with split peas and frying it. It was also sold at the Shamie Bakery, but it is not called Shami Kebab because the bakery made it. Secondly, Shamie is a person's name. Before World War II, there used to be an Iranian Club next to the Sule Bengali Mosque. During the war, U Myaung Mya National School Principal Haji U Aung Ba (U Abdullah) and a person named Shamie discussed opening a bakery together once the war ended. However, after the war ended, Shamie provided the initial bakery machinery and recipes he owned before returning to Iran. Haji U Abdullah, later known as Shamie U Abdullah , started the business to expand operations in partnership with the family of Mr. Patel—who served as the Mayor of Rangoon in the 1930s–1940s—along with 11 other shareholders. Haji U ...

SHAMIE မုန့်တိုက်

Image
SHAMIE မုန့်တိုက် ဒီနေရာမှာ တစ်ခုပြောပြစရာရှိပါတယ်၊ လူအများအမှတ်မှားနိုင်တဲ့အချက်ပါ SHAMIE နှင့် SHAMI၊ " Shami " ဆိုတာ Shami Kebab (ရှမီကာဘတ်) အသားကို ပဲနှင့်ကြိတ်ကြော်ထားတာကို ခေါ်ပါသည်၊ ရှာမီ မုန့်တိုက်မှာလည်း ရောင်းပါတယ်၊ သို့သော် ရှာမီမုန့်တိုက်က လုပ်လို့ ရှာမီကာဘတ်လို့ ခေါ်ခြင်းမဟုတ်ပါ။ နောက် Shamie ဆိုတာ လူနာမည် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဆူးလေဘင်္ဂါလီဗလီဘေးမှာ Iranian Club ရှိခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန် မြောင်းမြအမျိုးသားကျောင်းအုပ်ဆရာ ဟာဂျီဦးအဒူလာနှင့် Shamie ဆိုသူတို့ စစ်ပြီးရင် မုန့်ဆိုင်ဖွင့်ကြရအောင်ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။ သို့သော် စစ်ပြီးသည့်အခါ ထိုရှာမီဆိုသူမှ ၎င်းပိုင် မုန့်ဖုတ်လုပ်ငန်းသုံး စက်များနှင့် ပြုလုပ်နည်းများနှင့်အတူ အစပြုပေးခဲ့ပြီး အီရန်သို့ ပြန်သွားပါသည်။ ဟာဂျီဦးအဒူလာ ခေါ် နောင် ရှာမီအဒူလာမှ လုပ်ငန်းတိုးချဲ့စတင်နိုင်ရန် ၁၉၃၀ - ၁၉၄၀ ခုနှစ်များက မြို့တော်ဝန်လုပ်ခဲ့သော Mr. Patel (ပတေးလ်) မိသားစုနှင့် အစုရှယ်ရာရှင် ၁၁ ဦးဖြင့် စတင်ခဲ့သည်။ ဟာဂျီဦးအဒူလာသည် ရှာမီမန်နေဂျာအဖြစ် ကိုယ်တိုင်ဦးစီးပြီး ဂျာမနီ (Germany) မှ သကြားလုံးစက်၊ ချောကလပ်စ...

Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ

Image
  Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ Karen Newton အမှုက ထူးခြားပြီး သီးခြားဖြစ်ရပ်တစ်ခုသာဟု မပြောနိုင်တော့ပါ။ သို့သော် “တရားဝင် tourist visa ကိုင်ထားသော နိုင်ငံခြားခရီးသွားတစ်ဦးကို ICE က ရက်သတ္တပတ်များစွာ ထိန်းသိမ်းခဲ့သည့်အမှု” မည်မျှရှိသည်ကို ဖော်ပြသော အစိုးရ၏ သီးခြားစာရင်းမရှိသဖြင့် အတိအကျ ရေတွက်မရပါ။ ရရှိထားသည့် သတင်းမှတ်တမ်းများက ထိုကဲ့သို့သောအမှုများသည် လူသိရှင်ကြားထွက်လာသော အနည်းငယ်သာ ဖြစ်နိုင်ကြောင်း ပြသနေသည်။[ theguardian ] Karen Newton အမှု Guardian ၏ ဖော်ပြချက်အရ အသက် ၆၅ နှစ်ရှိ ဗြိတိန်နိုင်ငံသား Karen Newton သည် အမေရိကန်သို့ လည်ပတ်ရန် ဝင်ရောက်ခဲ့သူဖြစ်ပြီး၊ သူမ၏ tourist visa သက်တမ်းမှာ မကုန်သေးပါ။ သို့သော် ခင်ပွန်း Bill ၏ visa သက်တမ်းကုန်သွားခြင်းနှင့် ကနေဒါနယ်စပ်မှ ပြန်လှည့်ရခြင်းနောက်ပိုင်းတွင် Karen ကိုပါ လက်ထိပ်၊ ခြေကျင်းခတ်ကာ ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။ သူမသည် Montana နယ်စပ်ထိန်းသိမ်းရေးစခန်းတွင် သုံးရက်၊ Washington ပြည်နယ် Tacoma ရှိ Northwest ICE Processing Center တွင် ဆက်လက်နေထိုင်ရပြီး စုစုပေါင်း ၄၂ ရက်ခန့် ထိန်းသိမ်းခံခဲ့ရသည်။[ theguardian ] ICE ဘက်က Karen...

ဂျူး သို့မဟုန် အစ္စရာအီလ် (Banu Isra'il)

Image
  ဂျူး ကုရ်အာန်ကျမ်းတွင် အစ္စရာအီလ် (Banu Isra'il) ဟု ခေါ်ဆိုသော ဂျူးလူမျိုးများနှင့် ၎င်းတို့၏ ဘိုးဘေးများအကြောင်းကို သမိုင်းကြောင်း၊ ယုံကြည်ချက်၊ အကျင့်စရိုက်နှင့် ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် အခြေခံ၍ အကျယ်တဝင့် ဖော်ပြထားသည်။ အစဦးတွင် ဘုရားသခင်သည် ဤအမျိုးအနွယ်အား ကမ္ဘာပေါ်ရှိ လူမျိုးများအပေါ် သာလွန်ကောင်းမွန်သော ကျေးဇူးတော်များ ပေးသနားခဲ့ပြီး၊ ပရောဖက်များစွာကို စေလွှတ်ကာ ကောင်းကင်ဘုံ၏ အထူးရွေးချယ်ခံရသူများအဖြစ် ဖော်ပြထားသည်။ ဥပမာအားဖြင့် စူရာဟ် အယ်လ်ဗာကိုရာ (2:47) တွင် يَٰبَنِىٓ إِسْرَٰٓءِيلَ ٱذْكُرُوا۟ نِعْمَتِىَ ٱلَّتِىٓ أَنْعَمْتُ عَلَيْكُمْ وَأَنِّى فَضَّلْتُكُمْ عَلَى ٱلْعَٰلَمِينَ " အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။ " သို့သော် ဤကဲ့သို့သော မရေမတွက်နိုင်သော ကျေးဇူးများကို ခံစားခဲ့ရသော်လည်း သမိုင်းတစ်လျှောက်တွင် အချို့သော အချိန်များ၌ ပရော...

Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee

Image
  Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee Seeing the Halal logo of the Islamic Religious Affairs Council Headquarters online today brings back fond memories, filling me with warmth as I recall the official Halal logo representing the Islamic Council that I designed when I served as the Secretary of the Halal Committee. A nostalgic sentiment arose: "Oh... the logo I designed still exists?" If I am not mistaken, before the 16th Conference of the Islamic Religious Affairs Council Headquarters, I learned that the Department of Religious Affairs issued a Halal endorsement for honey through the Dhamma Thet Department, so I looked into it, though I was not fully satisfied. Since U Tin Win's duties might have been misreported, I would appreciate those with exact knowledge adding to this. After the 16th Conference, when I became a Central Executive Member and discussed the matter with Ko Tin Maung Th...

အစ္စလာမ် သာသနာရေးရာကောင်စီ ဟလာလ်ကော်မတီအား အမှတ်ရမိခြင်း Halal Committee

Image
ယနေ့ အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်၏ ဟလာလ်တံဆိပ်ကို Online ပေါ်တွင် မြင်တွေ့မိတော့၊ ကျွန်တော် ဟလာလ်ကော်မတီ၌ အတွင်းရေးမှူးတာဝန်ယူခဲ့စဉ်က ရေးဆွဲပေးခဲ့သည့် အစ္စလာမ်ကောင်စီကိုယ်စားပြု ဟလာလ်အမှတ်တံဆိပ်ကို သတိရ၍ ပီတိဖြစ်မိပါသည်။ “အော်… ငါရေးဆွဲခဲ့တဲ့ Logo လေး ကျန်ရှိနေသေးပါလား” ဟူသည့် လွမ်းဆွတ်မှုရသလေးလည်း ပေါ်လာမိပါသည်။ အမှတ်မမှားလျှင် ၁၆ ကြိမ်မြောက် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်ညီလာခံ မကျင်းပမီက အန်ဆွာရီဌာနမှူး ဦးတင်ဝင်းထံမှ ပျားရည်အတွက် ဟလာလ်ထောက်ခံချက်ကို ဓမ္မသက်ဌာနမှ ထုတ်ပေးကြောင်း သိလိုက်ရသဖြင့် စုံစမ်းမိခဲ့သော်လည်း အားမရခဲ့ပါ။ ဦးတင်ဝင်း၏ တာဝန် မှားယွင်းနိုင်သဖြင့် အတိအကျသိရှိသူများက ဖြည့်စွက်ပေးစေလိုပါသည်။ ၁၆ ကြိမ်မြောက် ညီလာခံအပြီး ကျွန်တော် ဗဟိုအမှုဆောင်ဖြစ်လာစဉ် ကိုတင်မောင်သန်း၊ ကိုဝဏ္ဏရွှေတို့နှင့် ဆွေးနွေးသောအခါ ဗဟိုအမှုဆောင်အစည်းအဝေးသို့ စာတမ်းရေးတင်ရန် အကြံပြုခဲ့ကြပါသည်။ ထို့ကြောင့် စာတမ်းရေးသားတင်ပြပြီး ခေတ်စနစ်များနှင့်အညီ ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်များ၊ အစားအသောက်သန့်ရှင်းရေးစနစ်များ၊ ဓာတ်ခွဲစစ်ဆေးမှုများနှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ ထားသိုခြင်းစသည့် အဆင့်ဆင့်သော ...

From the Thickets to the Crown

Image
 From the Thickets to the Crown An Economic Strategy for Myanmar's Reconstruction: Border Trade, Air Cargo, and Export-Centric Development As Myanmar prepares for reconstruction, we must think fundamentally about the best, fastest, and most effective methods starting from our current reality. The foundation of any nation's economic development begins with essential infrastructure: electricity, roads and bridges, telecommunication networks, ports, airports, warehouses, and logistics systems. Even if factories are built, manufacturing cannot proceed if the power supply is unstable. Once electricity is secured and factories begin production, transportation networks, customs systems, trade checkpoints, ports, and logistics networks will still be required to import raw materials on time and swiftly deliver finished goods to domestic and international markets. Therefore, Myanmar's reconstruction should be approached in two phases. The first phase involves developing border region...

ချုံကြားမှ ဘုံဖျားသို့

Image
ချုံကြားမှ ဘုံဖျားသို့   မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး၊ လေကြောင်းကုန်စည်နှင့် ပို့ကုန်ဗဟိုပြု စီးပွားရေးမဟာဗျူဟာ မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရမည့်အချိန်တွင် လက်ရှိအခြေအနေမှ စတင်၍ အကောင်းဆုံး၊ အမြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းများကို အခြေခံကျကျ စဉ်းစားရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စတင်ရာ၌ လျှပ်စစ်ဓာတ်အား၊ လမ်းတံတား၊ ဆက်သွယ်ရေးကွန်ရက်၊ ဆိပ်ကမ်း၊ လေဆိပ်၊ ဂိုဒေါင်နှင့် သိုလှောင်ပို့ဆောင်ရေးစနစ်တို့သည် မဖြစ်မနေလိုအပ်သည့် အခြေခံအုတ်မြစ်များဖြစ်သည်။ စက်ရုံများတည်ဆောက်ထားသော်လည်း လျှပ်စစ်ဓာတ်အား မတည်ငြိမ်ပါက ထုတ်လုပ်မှုလုပ်ငန်း မဖြစ်နိုင်ပေ။ လျှပ်စစ်ရရှိပြီး စက်ရုံများမှ ထုတ်ကုန်များ ထွက်ရှိလာသော်လည်း ကုန်ကြမ်းများကို အချိန်မီတင်သွင်းနိုင်ရန်နှင့် ကုန်ချောများကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ အလျင်အမြန်ပို့ဆောင်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး၊ အကောက်ခွန်စနစ်၊ ကုန်သွယ်ရေးဂိတ်များ၊ ဆိပ်ကမ်းများနှင့် သိုလှောင်ပို့ဆောင်ရေးကွန်ရက်များ လိုအပ်နေဦးမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ပြန်လည်တည်ဆောက်ရေးကို အဆင့်နှစ်ဆင့်ဖြင့် ချဉ်...