Posts

Showing posts with the label Irrawaddy

မှတ်မှတ်ရရ ဧရာဝတီခရီးသွား

Image
မှတ်မှတ်ရရ ဧရာဝတီခရီးသွား ကျွန်တော်ငယ်စဉ်က နွေရာသီ ၃ ခါလောက်၊ အဖေနှင့်အတူ ဧရာဝတီတိုင်းအတွင်း L Boat ဖြင့် လချီသွားလာနေထိုင်ခဲ့ဖူးသည်။ ယနေ့ အမှတ်တရပြန်လည်ပေါ်လာသည့် အကြောင်းအရာလေးတစ်ခုကို မျှဝေလိုပါသည်။ ထိုခေတ်က U Boat နှင့် L Boat အများစုကို ဆ/မ ဆည်မြောင်းဦးစီးဌာနက ပိုင်ဆိုင်အသုံးပြုခဲ့သည်ဟု မှတ်မိသည်။ အဆင့်မြှင့်တင်ထားသည့် L Boat များနှင့် အတော်ကောင်းသည့် ဖိုင်ဘာ Speed Boat တစ်စီးကိုတော့ မြန်မာ့ကြယ်ငါးပွင့်အောက်တွင် ထားရှိခဲ့သည်ဟုလည်း မှတ်မိပါသည်။ ထိုသုံးထပ် ဖိုင်ဘာခေတ်မီ Speed Boat ကိုတော့ ထိုခေတ် ရန်ကုန်–သန်လျင် သင်္ဘောနေ့စဉ် စီးနင်းသူများ မှတ်မိကြမည်ဟု ထင်ပါသည်။ U Boat နှင့် L Boat များသည် အင်္ဂလိပ်ခေတ်က မြစ်တွင်းရေတပ်အတွက် အသုံးပြုခဲ့သည့် လှေများဖြစ်သည်ဟုလည်း မှတ်မိသည်။ ထို့အပြင် ကမ်းရိုးတန်းသွား ခေတ်မီဖိုင်ဘာ Speed Boat နှစ်စီးကို ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်း အောက်တွင် ထားရှိခဲ့သည်ကို မှတ်မိပြီး၊ နောက်ပိုင်း ငါးလုပ်ငန်းဦးစီးဌာနတွင်လည်း DOF 1၊ DOF 2 ဟူ၍ ဖိုင်ဘာသင်္ဘောနှစ်စီး ရှိခဲ့ဖူးသည်။ ထို Boat များနှင့် မြိတ်မြို့နှင့် မြန်မာ့ပင်လယ်ပြင်သို့ သွားခဲ့သည့် ခရီးများလည်း ရှိခဲ့ပါသည်...