ဂျူး သို့မဟုန် အစ္စရာအီလ် (Banu Isra'il)
ဂျူး ကုရ်အာန်ကျမ်းတွင် အစ္စရာအီလ် (Banu Isra'il) ဟု ခေါ်ဆိုသော ဂျူးလူမျိုးများနှင့် ၎င်းတို့၏ ဘိုးဘေးများအကြောင်းကို သမိုင်းကြောင်း၊ ယုံကြည်ချက်၊ အကျင့်စရိုက်နှင့် ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် အခြေခံ၍ အကျယ်တဝင့် ဖော်ပြထားသည်။ အစဦးတွင် ဘုရားသခင်သည် ဤအမျိုးအနွယ်အား ကမ္ဘာပေါ်ရှိ လူမျိုးများအပေါ် သာလွန်ကောင်းမွန်သော ကျေးဇူးတော်များ ပေးသနားခဲ့ပြီး၊ ပရောဖက်များစွာကို စေလွှတ်ကာ ကောင်းကင်ဘုံ၏ အထူးရွေးချယ်ခံရသူများအဖြစ် ဖော်ပြထားသည်။ ဥပမာအားဖြင့် စူရာဟ် အယ်လ်ဗာကိုရာ (2:47) တွင် يَٰبَنِىٓ إِسْرَٰٓءِيلَ ٱذْكُرُوا۟ نِعْمَتِىَ ٱلَّتِىٓ أَنْعَمْتُ عَلَيْكُمْ وَأَنِّى فَضَّلْتُكُمْ عَلَى ٱلْعَٰلَمِينَ " အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။ " သို့သော် ဤကဲ့သို့သော မရေမတွက်နိုင်သော ကျေးဇူးများကို ခံစားခဲ့ရသော်လည်း သမိုင်းတစ်လျှောက်တွင် အချို့သော အချိန်များ၌ ပရော...