သူတောင်းစား Restaurant

မြန်မာနိုင်ငံ ဟာ အရှေ့တောင်အာရှ မှာ အတိုးတက်ဆုံး၊ ခေတ်အမှီဆုံး လုပ်ငန် အလုပ်အကိုင် အခွင့် အလမ်း အများဆုံး အချိန်ကရန်ကုန်မြို့ မှာ လာရောက် အလုပ်လုပ်တဲ့ သူတွေထဲမှာ India နိုင်ငံသားတွေ ကအများဆုံးပေါ့ ဟိုး တရားသူကြီး၊ ရဲအရာရှိ ကစလို့

ခြံစောင့် အဲ နောက်ဆုံး သူတောင်းစား အလုပ်သည်ပင် အလုပ်ကြီး အကိုင်ကြီးတစ်ခု လို ဖြစ်ခဲ့တာ ပုံပြင် တစ်ပုဒ် တော့ မဟုတ်ပါ။

မြန်မာလူမျိုးများရဲ့ သဒါတရား၊ မေတ္တာ စေတနာ တရား တွေက ဘယ်လောက်များ များသလဲ ဆိုရင် သူတောင်းစား အလုပ်အကိုင် အခွင့် အလမ်းကလည်း ရန်ကုန်မြို့မှာ အတော့ကို ကောင်းတဲ့ အလုပ်ကြီးပေါ့ ယခု ၂၈လမ်း အောက်ဆုံး ဘလောက်မှာတော့ သူတောင်းစား ဟော်တယ် ဆိုရမလား သူတို့ တည်းခို နေထိုင်နိုင်အောင် အိပ်စဉ် နဲ့ ဌားတဲ့ အိမ်ကြီးတစ်လုံးလည်း ရှိခဲ့ဘူးတယ်။ သူတောင်းစားတွေ တည်းတဲ့ ဟိုတယ် ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ ၎င်း နေရာကို လေ့လာ သွားရောက်ကြည့်တုန်းက ၎င်း နေရာက ခေတ်ကောင်းတုန်းက တစ်နေ့ ဝင်ငွေဟာ ဟော်တယ်ကြီးတစ်ခု လောက်ရှိတယ် ဆိုဘဲ..ဒါပင်မဲ့ ယခုတော့ အဆောက်အဦးဟောင်း တစ်ခု အနေနဲ့ ယနေ့ အချိန်အထိ ရှိနေပြီး အပေါ်ထပ်တွေဟာ ဘာမှ ဌားထားတာ မရှိပင်မဲ့ အောက်ထပ်တွေကတော့ ဆိုင်တွေကို ဌားထားတာတွေ့ရပါတယ်။

ဒါပင်မဲ့ သူတောင်းစာ Restaurant လို့ တင်စားခေါ်လို့ ရတဲ့ လမ်း ၃၀ အပေါ် ဘလောက်၊ ဖရေဇာ ထောင့် နားက ဆိုင်လေးတွေ ကတော့ ယနေ့တိုင် အလုပ်ဖြစ်လျက်ပါ။ အချို့ လူငယ် လူကြီးတွေဟာ မနက် ၁၀ နာရီလောက်ဆို ၎င်း ဆိုင်လေးတွေမှာ ပိုက်ဆံပေးပြီး သက်ကြီး ဖွားအို ဖိုးအို သူတောင်းစား ကလေး မိန်းမ များကို ထမင်းကျွေးအလှူလုပ် နေသည်မှာ ယနေ့တိုင်ရှိနေလျက်ပါ။


 


ရန်ကုန်သူ ရန်ကုန်သားတွေဟာ မိမိတို့ တက်နိုင်သလောက်၊ တစ်ဦးကနေ ၁၀ ဦး ၁၅ ဦး အလှူလုပ် လေ့ရှိတက်ပြီး တချို့ဆို အဲ့ဒီဆိုင်မှာ သူတောင်စား များနဲ့ အတူ ထမင်းဝင်စား နေတက်သည်ကို တွေ့ရှိရတက်ပါတယ်။

ဒီနေရာလေးမှာ လုပ်တဲ့ အလှူကတော့ သူ့ထက်ငါ ဝတ်ကောင်းစားလှတွေ ဝတ်ထားတဲ့ လူကုန်တန်တွေ လာမှာ မဟုတ်တာကတော့ သေချာပြီး ဗီဒီယို ရိုက်မည့်သူ မရှိနိုင်ပင်မဲ့ ကျေးဇူးပါ ကလေးရ် လိုအပ် ဆန္ဒအ၀၀ ပြည့်ဝပါစေ လို့ သူတောင်စား အဖိုးအို အဖွားအိုတို့ ရဲ့ ဆုတောင်သံလေးတော့ ရင်ဘက်ကြီးနဲ့ ခံစားလို့ ရနိုင်ပါတယ်။


လေးစားစွာဖြင့်


အဂ္ဂ

စိတ်မကောင်းပါဘူး ဂျပန် ရယ် . . . Say sorry for Japan

စိတ်မကောင်းပါဘူး ဂျပန် ရယ် . . . Say sorry for Japan
by Aung Myo Lwin Agga on Saturday, March 12, 2011 at 1:01am

ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အဖွား ဒေါ်အေးခင်
ဂျပန်မှာ အကြီးအကျယ် ငလျင်လှုပ်ပြီး ဘေးဒုက္ခ အကြီးအကျယ်ရောက်တာ တွေ့တော့ သွားသတိရမိတာလေး တစ်ခုရှိတယ်၊ အဲ့ဒါလေးကကျွန်တော် ၁၀ တန်းနှစ်မှာ မြန်မာပြည်ကို နှစ်စဉ်လာလေ့ ရှိတဲ့ ဂျပန် လင်မယား နှစ်ယောက် ကို  ၃  နှစ်လောက် မတွေ့ ရဘဲ နောက်ဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့ကျတယ်။

သူတို့လင်မယား မြန်မာပြည်ကို ကျွန်တော်ငယ်ငယ်က လာပြီဆို ကျွန်တော် သိပ်ပျော်တယ်၊ ပျော်ဆိုလည်း ပျော်စရာ၊ ကစားစရာ အသစ်အစမ်း လေးတွေ လက်ဆောင်ရတယ်လေ..( ထိုစဉ်က ဆိုရှယ်လစ် ခေတ်ဆိုတော့ ယခုလောက် ကစားစရာအသစ် အစမ်းများ ပိုက်စံ ပေးလို့ ပင်ဝယ်မရသည့် အချိန်၊)

သူတို့ဟာ ကျွန်တော့် အဖေ ဂျပန်မှာ ပညာတော်သင် သွားတုန်း တွေ့ဆုံးခဲ့ကျသူတွေဖြစ်ပြီး၊ သူတို့ မြန်မာပြည်သွားရင် အဖေ့မိသားစုနဲ့ တွေ့မယ်ပြောတော့ ရန်ကုန်မှာ ရှိတဲ့ ကျွန်တော့် အဖွားနဲ့ ဂျပန်စကားကောင်းစွာပြောတက်တဲ့ ကျွန်တော်အမေ တို့က မြန်မာ့ ယဉ်ကျေးမှု့အရ ပျူပျူဌာဌာ ထမင်းကျွေးဧည့်ခံတာပေါ့၊

သူတို့လည်း မြန်မာ့ ဟင်လျာများကို စားသောက်ရင် အမေနဲ့ စကားလက်ဆုံကျ နေတုန်း  ဟင်းလာထည့်ပေးသော ကျွန်တော့ အဖွားအား ခင်ဗျား အမျိုးသာကောလို့ မေးတော့ ဆုံးသွားပါပြီးလို့ပြောလိုက်တာပေါ့၊ စိတ်မကောင်တဲ့ အကြောင်းနဲ့ ဘယ်လောက်ကြာပြိးလဲလို့ မေးတော့ တည်ငြိမ်စွာနဲ့ ၂၃ January ၁၉၄၂ မှာဆုံးတယ်လို့ ပြောလိုက်တော့ အတော့ကို မျက်နာပျက်သွားတယ်။

သူကောင်းကောင်း သိသွားသည်မှာ အဲ့ဒီနေ့ဟာ ဂျပန်တွေ ရန်ကုန်မြို့ ကို စတင်ဗုံးကြဲတဲ့နေ့ ဆိုတာကို၊ သူဟာ ထိုအချိန်က တရုပ်ပြည်မှာ ဂျပန်ဗိုလ် တစ်ယောက်အနေနဲ့ ရောက်ရှိနေပြီး သူ့အကို ဟာ မြန်မာပြည်မှာ ကျဆုံးခဲ့လေတော့ သူကောင်းကောင်းကြီး သိလိုက်တာပေါ့။
ဖြစ်မှ ဖြစ်ရလေ ဂျပန်ဗုံးနဲ့ မုတ်ဆိုးမဖြစ်ရသူ အိမ်မှာ ဂျပန် စစ်သား ဟောင်ကြီး ထမင်းအ၀ စားပြီးဘာလုပ်ရမည် မသိ ၊

မြန်မာ လူမျိုးတို့ရဲ့ သီးခံတက်မှု့၊ ဧည့်ဝတ်ကျေမှု့ သဘေားထားကြီးမှု့တွေကို ကျွန်တော့အဖွားလက်တွေ့ ကျင့်သုံးနိုင်ခဲ့သည်ကို သိလိုက်ရတော့ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရပါတယ်။

မြန်မာတွေကို ရက်ရက်စက်စက် သက်၊ အမျိုးသမီးတွေကို လိမ်ကျွန် အဖြစ် လုပ်ခဲ့ပြီး တိုင်းပြည်ကို ဖျက်ခဲ့တဲ့ ဂျပန်၊ ယနေ့ သဘာဝဘေး ဒုက္ခ နဲ့ ကြုံတွေ့ နေရသည်ကို တွေ့ရတော့ အဂ္ဂတစ်ယောက် မျက်ဝန်းမှာ ရှုပ်နေတဲ့ မျက်ရည်များကို သုပ်ရင်း " မရတော့ပါဘူး ပိုက်တွေဖြုတ်လိုက်ပါတော့ အဖွားအေးအေးဆေး သွားပါစေတော့" ဆိုတဲ့ အသံတွေကို  ပြန်ပြောင်း သတိရ နေမိတော့တယ်။

လေးစားစွာဖြင့်
အဂ္ဂ

ကျွန်တော် မမုန်းတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွေ ( ၁ )


သူငယ်ချင်းတွေဘဲ ဖြစ်ဖြစ်၊ လင်မယားတွေဘဲဖြစ်ဖြစ်၊ အုပ်စုတွေဘဲ ဖြစ်ဖြစ်၊ တဖတ်နဲ့ တဖတ် ငြိမ်ချမ်း တည်ငြိမ် ပြီး သင့်မြတ်ရေး လိုချင်တယ်ဆိုရင် တဖတ်နဲ့ တစ်ဖတ် တစ်ဦးနဲ့ တစ်ဦး ခွင့်လွတ် နာလည်မှု့၊ အပြန်အလှန်ယုံကြည့်မှု့ ၊  အပြန်အလှန် အသိအမှတ်ပြုမှု့တွေ လိုအပ်ပါမယ်။

ဒီနေရာမှာ ခဏ ခဏ ခွင့်လွတ် ယုံကြည် အသိအမှတ်ပြု ပေးနေရတာ တွေကတော့ အစဉ်မပြေနိုင်ဘူးပေါ့။ မနေ့ တနေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွေက ဗိုလ်ချုပ်ကြီးဟောင်း တချို့ကို နေပြည်တော် နေအိမ်မှာ အလွတ် တွေ့ဆုံ စဉ် သူ့မှာ စိုးရိမ် မှု့တွေ ရှိနေတယ်လို့ ဖတ်လိုက်ရတော့၊  ကျွန်တော်ဘဲ အသဲငယ်လို့လားတော့ မသိ စိတ်မကောင်းဖြစ်မိတယ်။ ငါတို့ မြန်မာ အချင်းချင်း ကိုယ့်နိုင်ငံမှာ ကိုယ် မလုံခြုံဘူးခံစားရတယ် ဆိုတာ ဘယ်လောက် အသဲနာစရာ ကောင်းတုန်းပေါ့။

ကျွန်တော် စိတ်ကို တမျိုးစဉ်းစားတယ် ဒီလူကြီး ငါ ချစ်ခင် လေးစားတဲ့ အမေ ဒေါ်အောင်ဆုကြည် ကို ဆယ်စု နှစ် ၂ ခုလောက် ဖမ်းခဲ့တယ် သူ့အမိန့်နဲ့ ယနေ့ အထိ ထောင်နန်းစံ နေရသူတွေ ထောင်နန်းမှ နတ်နန်းစံ ရသူတွေအတွက်  ဒင်း ခံစားနာလည်မှု့ မရှိခဲ့ဘူးလားပေါ့။

ကျွန်တော်တို့က တိုင်းပြည်ချစ်တယ်၊ လူမျိုးကိုချစ်တယ်၊ ဘာညာ တွေက ပြောရမယ်၊ သတင်းစားတွေ နဲ့ ဂျာနယ် အယ် နောက်ဆုံး ရုပ်ရှင်၊ DVD သီချင်း အစတွေမှာပါ ထည့်ရတဲ့ ဟာတွေ မဟုတ်ဘူး အလုပ်နဲ့ သက်သေပြရတဲ့ အရာတွေပါ။ ရှင်းရှင်း ပြောရမယ်ဆို
ပြောရမည့်အလုပ်မဟုတ် ၊ အလုပ်နဲ့ သက်သေပြရမည့် ကိစ္စ

ဒီ အနှစ် ၂၀ က ပေးလိုက်တဲ့ သင်ခန်းစာကတော့
အများကောင်းစားရေး၊ တိုးတက်ဖွံ့ဖြိုးရေး လို့ အော်နေရင် ဒီလူလိမ်တော့မယ်၊ အမျိုးဂုဏ် ဇာတိဂုဏ် တွေ ပြောနေရင် ဒီလူ ဒုက္ခပေးတော့မယ်၊ အဲ့ဒီလို ဘဲ သင်ခန်းစာရတယ် ဒါတကယ်ဘဲ....

အခုဟာက စကားကောင်းတွေကို တန်ဖိုးမရှိ ယူယူသုံးပြီး မဟုတ်တာတွေ လုပ်တဲ့သူတွေက များတော့ မည်သည့်စကားလုံးတွေ ပင်သုံးရမည်မသိ။ ဒီနေရာမှာ ကျွန်တော် အသိလေး တစ်ခု ရှိတယ် အဲ့ဒါက ဒီခေတ် မှာ မရှက်ရင် အကုန်လုပ်လို့ ရတယ်မဟုတ်လား၊

( ထမင်းစားလိုက်အုံးမယ် )

ကျွန်တော် မမုန်းတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွေ ( ၂ )


မြန်မာ့သမိုင်းကို နောင်ဘယ်လို ရေးမည်မသိ၊ တစ်နေ့ သမိုင်း အမှန်တွေ ရေးရင် အင်းစိန်ထောင် က သူရဲကောင်းပြတိုက်ဖြစ်မလားဘဲ၊

မြန်မာပြည်မှာက

အနှိပ်ခန်းဖွင့် ဖာခန်းဖွင့် အကြီးစား သူခိုးတွေ အေးဆေးဘဲ၊ နိုင်ငံရေးပြောရင်

၊ နိုင်ငံရေးလုပ်ရင် နိုင်ငံအကျိုးလုပ်ရင် ထောင်ကျတဲ့ ခေတ်မဟုတ်လား၊



ကျွန်တော် တစ်ခု သွားသတိရတယ် ဘာတဲ့ ကလေးကုလား၊ မဟုတ်တရုပ် ဆိုတဲ့ စကားလေး တယ်မှန်တယ်

ကုလားတွေက ကလေး တွေလိုဘဲ ဖိထားလဲ ရတယ် ခြောက်လည်းကြောက်တယ် ၊ နေရာပေးလည်း အမှီး နံ့ပြီးယူတယ် တယ်သစ္စာရှိပြတက်တယ်။ အချင်းချင်းဆို မခံနိုင်တာလည်း နှစ်ယောက်မရှိဘူး

ယနေ့ တရားရုံးတွေကို ကုလားရုံးလို့ ခေါ်ရလောက်တယ်

ကုလား အချင်းချင်း အမှု့တွေ တယ်များတယ်။ အချင်းချင်း ကိုက်တာ ကျွန်စိတ်မကုန်လို့ လို့ကျွန်တော်က မှတ်တယ်။



ကျွန်တော်ကဲ့ရဲ့ပြောဆိုနေတာ မဟုတ်ပါဘူး ကျွန်တော့်အမြင်တစ်ခုကို ထင်သာမြင်သာ ရှိအောင်တင်ပြတာပါ သူများကို ကြည့်ပြီး ရယ်နေလို့ မပြီးဘူး

ကိုယ်လဲ ဘယ်ထဲ မှာပါတုန်း ၊ ကိုယ်လဲ အဲ့လို မဖြစ် အောင် သတိ ချက်မိစေလိုတဲ့ သဘေားနဲ့ တင်ပြတာဘဲ။



ကျွန်တော်ကတော့ မြန်မာအစိုးရ သစ်အနေနဲ့ အာဆီယံ ဥက္ကဌ နေရာကို မယူသင့်သေးပါဘူး၊ ဒါနဲ့ အဲ့ဒီနေရာ ရလို့ ဘာရမှာ မို့လို့တုန်း၊

ကျွန်တော်တို့ တိုင်းပြည်ထူထောင်ရေးတွေ ကို အစိုးရသစ်အနေနဲ့ အထူးအာရုံ စိုက်လုပ်စေချင်တော့ အာဆီယံ အဖွဲ့ တာဝန်ကို ယူတယ်ဆိုရင် သူများအရေးတွေကို အားရုံပေးနေရအုံးမယ်။



ကျုပ်တို့ နိုင်ငံမှာက ခေါင်းဆောင်ရှားတယ် ကြည့်ပါလား ဒီလောက် တစ်ထောင်ကျော် လွှတ်တော်အမတ်တွေ ပြည်သူတွေရွေးပေးလိုက်တာ နောက်ဆုံး ယခင်ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ဘဲ အခု သမ္မတ ရွေးလိုက်ကျတယ်။

သမ္မတ သစ်ကလည်း အတော်ခေါင်းကိုက်မယ် သူနောက်လိုက် ဝန်ကြီးတွေကို လူသစ်တန်းထဲမှာ ခေါင်းဆောင်ရှားတော့

ယခင်ဝန်ကြီးဟောင်း တွေကို ဘဲ ဝန်ကြီးပြန်ခန့်ထားရတယ်။ အဖြေက ကျွန်တော်တို့ ခေါင်းဆောင်ရှားတယ်



တိုင်းပြည်ခေါင်းဆောင်နိုင်တဲ့ လူသစ်တန်းတွေကလည်း ထောင်ထဲ မှာချည်းဘဲ...သမင်မွေးရင် ကျားစားရင်းပေါ့



( အိမ်ရှေ့ထွက် ဆေးလိပ်သောက်လိုက်အုံးမယ် )

အဂ္ဂ

ကျွန်တော် မမုန်းတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွေ ( ၃ )


Clean Gov ဖြစ်အောင်ကြိုးစားမယ် လို့ သမ္မတကြီးကပြောတော့ အတော့ကို ပီတိဖြစ်မိတယ်။ တယ်ကောင်းတဲ့ အစီအစဉ် ကျုုပ်တို့ နိုင်ငံ ဒီ လှု့ပ်ရှားမှု့တစ်ခုတည်းနဲ့ ကို တိုးတက်ပြောင်းလည်းသွားနိုင်တယ်လို့ ယုံကြည်တယ်။

ကျွန်တော့် အမြင်ကတော့ ဝန်ကြီးအဖွဲ့ဝင်တွေ ကစပြီးဒီလှုပ်ရှားမှု့ကို လုပ်သင့်တယ်... I will Clean ဆိုတတဲ့ ခေါင်းစဉ်အောက်မှာ ဝန်ကြီးတွေက စတင်လက်မှတ်ထိုးပြီး ညွှန်ချုပ် ညွှန်မှုး များမှ စာရေးများအထိ လက်မှတ်ထိုးလှုပ်ရှားမှု့မျိုးလုပ်သင့်တယ်။ ဒါကျွန်တော် အပြုသဘေားတင်ပြတာဘဲ.... လုပ်ရဲမှ လုပ်ပေါ့... ကိုယ်စိတ်ကိုယ် ပိုင်နိုင်တယ်ဆို စလိုက်သင့်တယ်



နည်းဥမဒေ တွေက မြန်မာပြည်မှာ အဓိက ပြုပြင်သင့်တဲ့ ကိစ္စဘဲ...

ဌာန ဆိုင်ရာတွေက ထုပ်ပြန်တဲ့ ဥပဒေ တွေဟာ ပြည်သူတွေကို အရမ်း ဖိအားပေးလွန်တယ်... ကိုယ့် ဘက်က အာဏာ နဲ့ လုပ်ပိုင်ခွင့်ရှိတယ် ဆိုပြီး အနိုင်ပိုင်း ထုပ်ပြန်တဲ့ ဥပဒေ တွေ နိဂုဏ် ချုပ်သင့်ပြီး ဒါ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်နေပြီဆိုတာကို အစိုးရ ဝန်ကြီးများ သတိဝင်သွားရင်ပေါ့... အရင် ဝန်ကြီးတွေက အခု ဝန်ကြီး ဖြစ်နေတော့ သတိ ထားမိစေလိုတယ်...ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ပြည်သူနဲ့ အုပ်ချုပ်ခွင်ရ အစိုးရ ယုံကြည်အပ်နှံတဲ့ စာချုပ်ဘဲ...



မြန်မာပြည်မှာ မြိတ်စီးပွားရေးဇုန် တစ်ခု လုပ်မယ်ပြောတော့ အတော့ကို ဝမ်းသာမိတယ် အဂ္ဂ ဒါမျိးတွေ ဖြစ်စေချင်ကြောင်း အရင်ကထဲ က တင်ပြခဲ့ဘူးပါတယ်.. အခု သတင်းတစ်ခု ကြားတော့ အတော့ကို စိတ်မကောင်းဖြစ်မိတယ်...

ဟုတ်သည် မဟုတ်သည် မသိ ... ကောလ ဟာလ လားဆိုသည်မှာ အချိန်က စကားပြောလာမည် ထင်မိတယ်..

ဝန်ကြီးအချို့ ကို စင်္ကာပူ အစိုးရက လက်ထိုးမှု့တွေ လုပ်ပြီး ဒီ အစီအစဉ်တွေကို ပျက်အောင်လုပ်ခိုင်းတယ်လို့ ကောလ ဟာလ တွေထွက်လာတယ်...

ဟုတ်သည် မဟုတ်သည် မသိ.. အဂ္ဂ စိတ်မကောင်း...

စင်္ကာပူမှာ ဝန်ကြီး အချို့ကို ကွန်ဒို တိုက်ခန်းတွေ ပေးတာ စုစုပေါင်း တိုက်ခန်း ၂၀ လို့ သတင်းတွေထွက်လေးတော့....



လေးစားစွားဖြင့်

အဂ္ဂ

Make Your Customers Your Sales Force

  Make Your Customers Your Sales Force It is vital to recognize that the most successful businesses don't just grow through advertising—...