Search This Blog ရှာရန်

Sunday, May 29, 2011

စိတ်မကောင်းပါဘူး ဂျပန် ရယ် . . . Say sorry for Japan

စိတ်မကောင်းပါဘူး ဂျပန် ရယ် . . . Say sorry for Japan
by Aung Myo Lwin Agga on Saturday, March 12, 2011 at 1:01am

ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အဖွား ဒေါ်အေးခင်
ဂျပန်မှာ အကြီးအကျယ် ငလျင်လှုပ်ပြီး ဘေးဒုက္ခ အကြီးအကျယ်ရောက်တာ တွေ့တော့ သွားသတိရမိတာလေး တစ်ခုရှိတယ်၊ အဲ့ဒါလေးကကျွန်တော် ၁၀ တန်းနှစ်မှာ မြန်မာပြည်ကို နှစ်စဉ်လာလေ့ ရှိတဲ့ ဂျပန် လင်မယား နှစ်ယောက် ကို  ၃  နှစ်လောက် မတွေ့ ရဘဲ နောက်ဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့ကျတယ်။

သူတို့လင်မယား မြန်မာပြည်ကို ကျွန်တော်ငယ်ငယ်က လာပြီဆို ကျွန်တော် သိပ်ပျော်တယ်၊ ပျော်ဆိုလည်း ပျော်စရာ၊ ကစားစရာ အသစ်အစမ်း လေးတွေ လက်ဆောင်ရတယ်လေ..( ထိုစဉ်က ဆိုရှယ်လစ် ခေတ်ဆိုတော့ ယခုလောက် ကစားစရာအသစ် အစမ်းများ ပိုက်စံ ပေးလို့ ပင်ဝယ်မရသည့် အချိန်၊)

သူတို့ဟာ ကျွန်တော့် အဖေ ဂျပန်မှာ ပညာတော်သင် သွားတုန်း တွေ့ဆုံးခဲ့ကျသူတွေဖြစ်ပြီး၊ သူတို့ မြန်မာပြည်သွားရင် အဖေ့မိသားစုနဲ့ တွေ့မယ်ပြောတော့ ရန်ကုန်မှာ ရှိတဲ့ ကျွန်တော့် အဖွားနဲ့ ဂျပန်စကားကောင်းစွာပြောတက်တဲ့ ကျွန်တော်အမေ တို့က မြန်မာ့ ယဉ်ကျေးမှု့အရ ပျူပျူဌာဌာ ထမင်းကျွေးဧည့်ခံတာပေါ့၊

သူတို့လည်း မြန်မာ့ ဟင်လျာများကို စားသောက်ရင် အမေနဲ့ စကားလက်ဆုံကျ နေတုန်း  ဟင်းလာထည့်ပေးသော ကျွန်တော့ အဖွားအား ခင်ဗျား အမျိုးသာကောလို့ မေးတော့ ဆုံးသွားပါပြီးလို့ပြောလိုက်တာပေါ့၊ စိတ်မကောင်တဲ့ အကြောင်းနဲ့ ဘယ်လောက်ကြာပြိးလဲလို့ မေးတော့ တည်ငြိမ်စွာနဲ့ ၂၃ January ၁၉၄၂ မှာဆုံးတယ်လို့ ပြောလိုက်တော့ အတော့ကို မျက်နာပျက်သွားတယ်။

သူကောင်းကောင်း သိသွားသည်မှာ အဲ့ဒီနေ့ဟာ ဂျပန်တွေ ရန်ကုန်မြို့ ကို စတင်ဗုံးကြဲတဲ့နေ့ ဆိုတာကို၊ သူဟာ ထိုအချိန်က တရုပ်ပြည်မှာ ဂျပန်ဗိုလ် တစ်ယောက်အနေနဲ့ ရောက်ရှိနေပြီး သူ့အကို ဟာ မြန်မာပြည်မှာ ကျဆုံးခဲ့လေတော့ သူကောင်းကောင်းကြီး သိလိုက်တာပေါ့။
ဖြစ်မှ ဖြစ်ရလေ ဂျပန်ဗုံးနဲ့ မုတ်ဆိုးမဖြစ်ရသူ အိမ်မှာ ဂျပန် စစ်သား ဟောင်ကြီး ထမင်းအ၀ စားပြီးဘာလုပ်ရမည် မသိ ၊

မြန်မာ လူမျိုးတို့ရဲ့ သီးခံတက်မှု့၊ ဧည့်ဝတ်ကျေမှု့ သဘေားထားကြီးမှု့တွေကို ကျွန်တော့အဖွားလက်တွေ့ ကျင့်သုံးနိုင်ခဲ့သည်ကို သိလိုက်ရတော့ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရပါတယ်။

မြန်မာတွေကို ရက်ရက်စက်စက် သက်၊ အမျိုးသမီးတွေကို လိမ်ကျွန် အဖြစ် လုပ်ခဲ့ပြီး တိုင်းပြည်ကို ဖျက်ခဲ့တဲ့ ဂျပန်၊ ယနေ့ သဘာဝဘေး ဒုက္ခ နဲ့ ကြုံတွေ့ နေရသည်ကို တွေ့ရတော့ အဂ္ဂတစ်ယောက် မျက်ဝန်းမှာ ရှုပ်နေတဲ့ မျက်ရည်များကို သုပ်ရင်း " မရတော့ပါဘူး ပိုက်တွေဖြုတ်လိုက်ပါတော့ အဖွားအေးအေးဆေး သွားပါစေတော့" ဆိုတဲ့ အသံတွေကို  ပြန်ပြောင်း သတိရ နေမိတော့တယ်။

လေးစားစွာဖြင့်
အဂ္ဂ

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...