Search This Blog ရှာရန်

Showing posts with label agga. Show all posts
Showing posts with label agga. Show all posts

Thursday, July 16, 2026

Childhood Besties & The IQ/EQ Dynamic

 Childhood Besties & The IQ/EQ Dynamic


Here is the translation of your text into natural, native-level US English.

Childhood Best Friends and the IQ/EQ Dynamic

I recently watched the Korean drama Hometown Cha-Cha-Cha, and honestly, it’s a total vibe. The female lead is brilliant—top-tier IQ—and the male lead is a masterclass in EQ. And let’s be real, he’s as handsome as yours truly! Watching their dynamic really sent me down memory lane.

Back in Ahlone-6, I had a best friend I’d known since kindergarten. He was a straight-up genius—super high IQ. He was the one who used to ghostwrite all my crush letters back in the day (the real MVP). He was always in the top three in class, barely even studying, but he had this "main character" ego where he truly believed that if he didn't do it himself, it wouldn't get done right.

On the other hand, I wasn't exactly the top academic, but I had the height and that natural leadership energy. I was the class president pretty much my whole life. I knew how to navigate relationships with teachers and classmates, and I never shied away from respectfully challenging authority—even with the principal. By high school, I was already deep into student politics, tech activism, and community relief work. Looking back, I definitely had the upper hand when it came to EQ.

We even teamed up in high school to launch our own "Grade 9 Special Study Dorm." I negotiated with the headmistress to let us live and study together so we could tutor our peers who needed extra support. I was the visionary leader, and he was the backbone who made it happen. We have some legendary stories from that T-6 dorm—ghost scares, endless drama, and non-stop chaos—but we made it through everything together.

But here is the real takeaway: In this life, you need that perfect balance of IQ and EQ. If you’re lacking in one, you’ve got to put in the work to build it up. In this AI-dominated era, sure, AI can pretty much replace raw IQ, but EQ? That’s still the human cheat code that AI hasn't figured out yet. That said, you still need a baseline IQ to actually use AI effectively.

So, do yourself a favor: keep grinding on both your IQ and your EQ. Trust me on this one.

ငယ်သူငယ်ချင်း နှင့် IQ, EQ

 

ငယ်သူငယ်ချင်းနှင့် IQ, EQ 



ဒီနေ့ Hometown Cha-Cha-Cha ဆိုတဲ့ ကိုရီးယားရုပ်ရှင်လေး ကြည့်ဖြစ်တယ်။ မင်းသမီးက IQ ကောင်းပြီး၊ မင်းသားက EQ ကောင်းရုံတင်မကဘဲ ကျွန်တော့်လို ချောတယ်။ ဒီရုပ်ရှင်ကားလေး ကြည့်မိရင်း သတိရမိတာလေး မျှဝေချင်ပါတယ်။

ငယ်ငယ်က အလုံ(၆)မှာ သူငယ်တန်းကတည်းက အတူတူတက်လာတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက စာတော်တယ်၊ IQ ကောင်းတယ်။ ကျွန်တော့်ရည်စားစာတွေကို သူ ဒိုင်ခံပြန်ရေးပေးလေ့ရှိတယ်။ အတန်းထဲမှာ အဆင့် ၃ လောက်ရှိပြီး စာသိပ်မကျက်ဘဲကို ရနေတတ်တယ်။ သူ့စိတ်ထဲမှာ ကြိုးစားရင်ရတယ်ဆိုတာ အရိုးစွဲသလို အတ္တလည်းရှိတယ်၊ "ငါလုပ်မှ ငါရမယ်" ဆိုတာမျိုးပေါ့။ ကျွန်တော်က စာတော်လှသည်မဟုတ်ပေမဲ့ အရပ်ရှည်တော့ ငယ်ငယ်ကတည်းက အတန်းခေါင်းဆောင် ဆက်တိုက်ဖြစ်ခဲ့တယ်။ ဆရာ၊ ဆရာမများနှင့် အတန်းသားများကြားမှာလည်း နေတတ်သလို၊ ကျောင်းမှာ ယဉ်ယဉ်ကျေးကျေးဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်အထိ ထောက်ပြပြောဆိုတတ်တဲ့စိတ်လည်း ရှိတယ်။ အထက်တန်းရောက်တာနဲ့ နိုင်ငံရေး၊ ကျောင်းသားအရေးတို့တွင် ပါဝင်ခဲ့ပြီး၊ နောက်ပိုင်း နည်းပညာလှုပ်ရှားမှု၊ ဘာသာရေး၊ လူမှုရေးအသင်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့ဖူးသည့်အတွက် ကျွန်တော်က EQ ကျွန်တော့်သူငယ်ချင်းထက်သာတယ်လို့ ထင်မိတယ်။

အထက်တန်းမှာတော့ ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး "Grade - 9 အထူးအဆောင်" ဆိုပြီး အထူးသင်ကြားရန်လိုအပ်သူများကို ကျောင်းသားအချင်းချင်း ညအိပ်နေထိုင်ပြီးသင်ကြားပေးရန် ဆရာမကြီးနဲ့ညှိနှိုင်းခဲ့တယ်။ ကျွန်တော်က ဦးဆောင်ပြီး သူက အပြည့်အဝကူညီလို့ အောင်မြင်ခဲ့တယ်။ သမိုင်းမှာ မေ့မရနိုင်လောက်တဲ့ ထ(၆)မှာ အဆောင်ဖွင့်ပြီး သရဲကိစ္စမှအစ ပြဿနာမျိုးစုံ၊ ဟာသမျိုးစုံ ကြုံတွေ့ခဲ့ရသလို အောင်မြင်စွာလည်း ကျော်ဖြတ်နိုင်ခဲ့ကြတာကို အမှတ်ရမိတယ်။ ပြောချင်တာက အခုမှစမှာပါ။ ဘဝကြီးမှာ IQ နှင့် EQ မျှတစွာရှိအောင် လုပ်ရပါတယ်။ မရှိရင်လည်း ရှိအောင် မွေးမြူသင့်ပါတယ်။ IQ နှင့် EQ မှာ အားနည်းချက်၊ အားသာချက်တွေရှိပါတယ်။ ယနေ့ AI ခေတ်ကြီးတွင် IQ ကိုတော့ AI ဖြင့် အစားထိုးလို့ရလာပေမဲ့ EQ ကတော့ အစားထိုးလို့မရသေးပါဘူး။ သို့သော် အခြေခံ IQ မရှိရင်လည်း ထိရောက်စွာ AI သုံးလို့မရပြန်ပါဘူး။ ဒါကြောင့် IQ, EQ ရှိအောင် ကြိုးစားကြပါလို့ ပြောပါရစေ။

Friday, July 10, 2026

ဟေ့ အဂ္ဂ !

အဂ္ဂ မင်း လူတွေ အထင်ကြီးအောင်နေ ၊ ရင်ထဲက မပါတဲ့ တရားတွေပြော ၊ အလုပ်မရှိလို့ပျင်းနေမှ တွေ့ကရာတွေလုပ်ပြီး အများကောင်းဘို့ အတွက်ပြောနေတာ.. မင်းမရှက်ဘူးလား..?

အဂ္ဂ မင်း အချိန်တွေကို ပြန်ကြည့်အုံး၊ မင်းအသက်ကို ပြန်ကြည့်အုံး ၊ မင်း မှာ အစစ်အမှန် တရားလေးတခု ဟန်ဆောင်မှု့ ကင်းကင်းနဲ့
လုပ်ခဲ့တာ တခုလောက်ရှိလား .. ဟားဟား မင်းမဖြေနိုင်ဘူးမလား..?

အဂ္ဂ မင်း မှန်ကိုကြည့်ပြီးတော့ ပြောစမ်းပါ ၊ မင်းရဲ့ ယုတ်မာမှုတွေကို ဘယ်သူမှ မသိဘူးဆိုပြီး ဟန်ဆောင်ကောင်းတဲ့ အဝတ်တွေနဲ့ ဖုံးထားလို့ ရမယ်မှတ်နေလား.. ?

အဂ္ဂ မင်းမရှက်ဖူးလား ?

အဂ္ဂ မင်းက ကိုယ့် ကို ကိုယ် ငါကွလို့ ထင်မနေနဲ့၊ ငါကွနဲ့ တကယ်တွေ့တဲ့ နေ့ကျရင် မင်းရှင်းရမှာတွေ မင်းစဉ်းစားထား။

Sunday, July 05, 2026

အမေရိကန်အကြိုက် မြန်မာ့ယွန်း



အမေရိကန်အကြိုက် မြန်မာ့ယွန်း








အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် လက်မှုအနုပညာနှင့် ဇိမ်ခံအိမ်အလှဆင်ပစ္စည်းများကို ငွေကြေးအမြောက်အမြား အသုံးချ၍ ဝယ်ယူလေ့ရှိသည့် အကြီးမားဆုံး ဈေးကွက်ကြီးတစ်ခုဖြစ်ပြီး လက်ရှိတွင် ထိုပစ္စည်းများကို လူလတ်တန်းစားနှင့် အဆင့်မြင့်လူတန်းစားများက အထူးတလည် ဝယ်ယူအသုံးပြုနေကြသည်။
လက်ရှိအမေရိကန်၏ ယွန်းထည်ဈေးကွက်တွင် ဂျပန်နိုင်ငံမှ လာသော အရည်အသွေးမြင့် “Urushi” ယွန်းထည်များက ပထမနေရာတွင် ခိုင်ခိုင်မာမာ ရပ်တည်နေပြီး၊ ဒုတိယနေရာကိုတော့ ခြေသွက်လက်သွက်ဖြင့် ကပ်လိုက်လာကာ ဈေးကွက်ဝေစုရယူနေသည်မှာ ဗီယက်နမ်နိုင်ငံမှ ယွန်းထည်များပင် ဖြစ်သည်၊ တတိယနေရာကို ထိုင်းနိုင်ငံ ချင်းမိုင်ဘက်မှ Khreung Khoen ယွန်းထည်များက နေရာရရှိထားသည်ဟု ဆိုရမည်ဖြစ်သော်လည်း ဗီယက်နမ်ထက် များစွာ ရောင်းအား ကွာသည်။
အမေရိကန်၏ အထက်တန်းကျလှသော ကယ်လီဖိုးနီးယားပြည်နယ်၊ Beverly Hills နှင့် Santa Monica ရှိ အဆင့်မြင့်အိမ်အလှဆင်ပစ္စည်းဆိုင်များသို့ သွားရောက်ကြည့်ရှုပါက ဗီယက်နမ်နိုင်ငံထုတ် ယွန်းလင်ပန်းတစ်ချပ်ကိုပင် လွယ်လွယ်ကူကူနှင့် အမေရိကန်ဒေါ်လာ ၂၀၀ ကျော် ပေး၍ ဝယ်ယူနေကြသည်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမည်ဖြစ်သည်။
ဤဖြစ်ရပ်သည် ရိုးရာလက်မှုအခြေခံ အလွန်ကောင်းမွန်ပြီးသားဖြစ်သည့် မြန်မာ့ယွန်းထည်များအတွက် အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ကြီးမားလှသော စီးပွားရေးဈေးကွက်သစ်နှင့် အခွင့်အလမ်းကြီးတစ်ခု စောင့်ကြိုနေကြောင်း မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိအနေအထားအတိုင်း ပုဂံသို့သွားလျှင် တွေ့နေရသည့် ရိုးရာယွန်းဆိုင်များမှ ယွန်းထည်များကို အမေရိကားသို့ ဒီအတိုင်း တိုက်ရိုက်တင်ပို့မည်ဆိုပါက လုံးဝအလုပ်ဖြစ်မည်မဟုတ်ပေ။
အကြောင်းမှာ ကျွန်တော်တို့မြန်မာလူမျိုးများက မိမိတို့၏ ယဉ်ကျေးမှုအနုပညာဟု သတ်မှတ်ကာ တန်ဖိုးထားမြတ်နိုးကြသည့် ပုဂံယွန်းထည်များပေါ်မှ ဇာတ်တော်လာ ရုပ်ပုံများ၊ ကနုတ်ပန်းအထပ်ထပ်များနှင့် ရှုပ်ထွေးလှသော ကနုတ်ဒီဇိုင်းများသည် အမေရိကန်အိမ်များ၏ ခေတ်မီဆန်းသစ်ပြီး ရိုးရှင်းမှုကို အခြေခံထားသည့် Modern နှင့် Minimalist အိမ်တွင်းအလှဆင် ဒီဇိုင်းပုံစံများနှင့် သွားရောက်၍ လုံးဝအံဝင်ခွင်ကျ ဖြစ်မနေသောကြောင့် ဖြစ်သည်။
အမေရိကန်လူမျိုးများ၏ စိတ်ကြိုက်ဈေးကွက်ကို ထိုးဖောက်အောင်မြင်နိုင်ရန်အတွက် ကျွန်တော်တို့အနေဖြင့် စတင်လုပ်ဆောင်ရမည့် ပထမဆုံးသော ပြုပြင်ပြောင်းလဲမှုမှာ ဒီဇိုင်းနှင့် ကာလာရွေးချယ်မှုပင် ဖြစ်သည်။ သူတို့သည် ရှုပ်ထွေးလှသော ပုံရိပ်များထက် အရောင်တစ်ပြင်တည်း (Solid Colors) ဖြစ်သည့် နူးညံ့လှပသော မက်မွန်ရောင်၊ နက်မှောင်ပြောင်လက်နေသည့် အရောင်၊ အထာကျသော ကာကီရောင် သို့မဟုတ် ရိုးရှင်းပြီး ဆွဲဆောင်မှုရှိသော ဂျီဩမေထရီ ဒီဇိုင်း (Geometric Lines) များကိုသာ အဓိကထား၍ နှစ်သက်သဘောကျကြသည်။
ထို့ကြောင့် ပုဂံက ကျွမ်းကျင်ပညာရှင်များ၏ လက်ရာကို အခြေခံလျက် အမေရိကန်တို့ အကြိုက်တွေ့မည့် မျက်မှောက်ခေတ် ဒီဇိုင်းပုံစံများဖြင့် ကူးပြောင်းထုတ်လုပ်ရန် လိုအပ်သည်။ ဤလုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အထူးသတိပြု စောင့်ထိန်းရမည့်အချက်မှာ အရည်အသွေး တသမတ်တည်းရှိမှု (Quality Control) နှင့် အသုံးချမှုပုံစံ ပြောင်းလဲခြင်းပင်ဖြစ်သည်။
ကွမ်းအစ်များ သို့မဟုတ် သပိတ်များကဲ့သို့ ရိုးရာပစ္စည်းများကို ဦးစားပေး ပို့မည့်အစား အမေရိကန်တို့ နေ့စဉ်လူမှုဘဝတွင် အမှန်တကယ် အသုံးပြုမည့် အဆင့်မြင့်ဧည့်ခံလင်ပန်းပြားများ၊ လက်ဝတ်ရတနာသေတ္တာများ၊ ဖန်ခွက်အောက်ခံပြားများနှင့် တစ်ရှူးသေတ္တာခွံများကဲ့သို့သော လူသုံးကုန်ပစ္စည်းများအဖြစ် ပြောင်းလဲတီထွင် ထုတ်လုပ်ရပါမည်။
တစ်ချိန်တည်းတွင် ရှောင်ရန်အချက်အနေဖြင့် အမေရိကန်နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ တင်းကျပ်လှသော ဓာတုဗေဒစံနှုန်းများကို သတိပြုရမည်ဖြစ်ရာ၊ ယွန်းထည်ပြုလုပ်ရာတွင် သုံးလေ့ရှိသည့် ရိုးရာဆေးဝါးအချို့၌ ပြဒါးဓာတ် သို့မဟုတ် ခဲဓာတ်များ ပါဝင်နိုင်သဖြင့် အစားအသောက် တိုက်ရိုက်ထည့်ရသည့် ပန်းကန်ခွက်ယောက်လိုင်းထက် အိမ်တွင်းအလှဆင်ပစ္စည်း လိုင်းကိုသာ အဓိကထား၍ ဦးတည်တင်ပို့ခြင်းက အန္တရာယ်အကင်းဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။
တကယ့်ကို လက်တွေ့အလုပ်ဖြစ်မည့် အိုင်ဒီယာကောင်းမှာ အမေရိကန်တွင် ရောက်ရှိနေထိုင်သူများအနေဖြင့် ဒေသတွင်းရှိ Beverly Hills သို့မဟုတ် Santa Monica ကဲ့သော အဆင့်မြင့် စျေးကွက်များမှ လိုအပ်ချက်၊ အရွယ်အစားနှင့် ခေတ်စားနေသည့် ကာလာခေတ်ရေစီးကြောင်း (Color Trends) တို့ကို အိုင်တီနည်းပညာ အကူအညီဖြင့် ဒေတာရှာဖွေကာ ပုဂံရှိ ယွန်းထည်ကျောင်းနှင့် လက်မှုပညာရှင်များထံသို့ အော်ဒါတိကျစွာ ပြန်လည်ပေးပို့ ထုတ်လုပ်စေခြင်း ဖြစ်သည်။
ထိုသို့ ထုတ်လုပ်ပြီးစီးလာသည့် ပစ္စည်းများကို သာမန်ရောင်းချခြင်းမျိုးမဟုတ်ဘဲ ရာစုနှစ်ချီကြာမြင့်ခဲ့သည့် ပုဂံ၏ သဘာဝသစ်စေးဖြင့် ပြုလုပ်သော အော်ဂဲနစ်လက်မှုအနုပညာ (Eco-friendly & 100% Organic Luxury Craft) ဆိုသည့် ဖြစ်တည်မှု ဇာတ်လမ်းနောက်ခံ (Storytelling) ကို အမေရိကန်တို့ စွဲမက်ဖွယ်ရာ ဖန်တီးကာ Amazon Handmade၊ Etsy စသည့် အွန်လိုင်းပလက်ဖောင်းများနှင့် အဆင့်မြင့် Boutique ဆိုင်ကြီးများသို့ ချိတ်ဆက်ကာ ကိုယ်ပိုင် Brand ဖြင့် ဖြန့်ချိရပါမည်။
ဤကဲ့သို့ ရိုးရာအခြေခံကောင်းကို ခေတ်မီဒီဇိုင်းဖြင့် အဆင့်မြှင့်တင်ပြီး စနစ်တကျ ဗျူဟာခင်းကာ ထိုးဖောက်မည်ဆိုပါက မြန်မာ့ယွန်းထည်သည် အမေရိကန်ဈေးကွက်တွင် အရင်းထက် ငါးဆမှ ဆယ်ဆမက တန်ဖိုးမြင့်မားစွာဖြင့် အမေရိကန်ဒေါ်လာ သန်းချီ ရှာဖွေပေးနိုင်မည့် အောင်မြင်မှုအစစ်အမှန်ကို ဧကန်မလွဲ ဆုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။
မှတ်ချက်။ ။ ဗီယက်နမ် ရိုးရာလက်မှုလုပ်ငန်းကို စက်မှုအမြင်နဲ့ ပေါင်းစပ်ပြီး (Semi-industrialized) ပြုလုပ်ပြီး ကမ္ဘာကို တင်ပို့နိုင်တဲ့ အကြီးစား စက်ရုံစနစ်ဖြစ်အောင် ပြောင်းလဲနေပါပြီ။
အောင်မျိုးလွင် @ Agga (Culver City, Los Angeles, USA)

Saturday, July 04, 2026

အရေးကြုံ သက်လုံကောင်းစေဖို့ - ကယ်ဆယ်ရေးအထောက်အကူပြုသင်တန်း


အပိုအလုပ်တွေလား ? ဒါမှမဟုတ် ကြိုတင်ပြင်ဆင်ထားသင့်သလား?
==============
လူ့အဖွဲ့အစည်း ဦးဆောင်သူများအနေဖြင့် အမြော်အမြင်ရှိရှိ၊ ရေတို ရေရှည် အမြင်စုံဖြင့် ကြိုပြင်သင့်သည်များကို အချိန်မလင့်စေဘဲ တာဝန်များခွဲပြီး လုပ်ဆောင်ထားသင့်သည်။

အဖွဲ့အစည်းဆိုတာ 'ငါလုပ်မှ ဖြစ်မယ်' ဆိုတာမျိုး မရှိရဘူး။ 'ငါတို့ တာဝန်ခွဲပြီး လုပ်လို့ရကို ရရမယ်' ဆိုတဲ့ စိတ်ဓာတ်က အဓိကကျတယ်။ စုပေါင်းဆောင်ရွက်နိုင်စွမ်း (Teamwork) သည် အဖွဲ့အစည်းတစ်ခု၏ အသက်ဖြစ်သည်။ "


မြန်မာနိုင်ငံတွင် ရေဘေး၊ မီးဘေး၊ လေဘေးကဲ့သို့သော သဘာဝဘေးအန္တရာယ်များအပြင် လူသားတို့ကြောင့်ဖြစ်ပွားသည့် ဘေးဒုက္ခများနှင့် ပဋိပက္ခများ အချိန်မရွေး ကျရောက်လာနိုင်ပါသည်။ ဤကဲ့သို့သော ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်းများအနေဖြင့် ဘေးဖြစ်ပွားခါမှ ရှိသည့်လူဖြင့် ကမန်းကတန်း သွားရောက်ကူညီ ကယ်ဆယ်မည်ဆိုပါက မလိုလားအပ်သည့် ဆိုးကျိုးများပင် သက်ရောက်နိုင်ပါသည်။ ကယ်ဆယ်ရေးသမားကိုယ်တိုင် အန္တရာယ်ကြုံရခြင်း၊ ဒဏ်ရာရသူများကို စနစ်တကျမပြုစုတတ်သဖြင့် ပိုမိုထိခိုက်စေခြင်းနှင့် ပဋိပက္ခများကြားတွင် နားလည်မှုလွဲမှားခြင်းများ ဖြစ်လာနိုင်ပါသည်။

ထို့ကြောင့် ဖြစ်ပွားခါမှ ထလုပ်ခြင်းမျိုးမဟုတ်ဘဲ မတူညီသော ဘာသာဝင်များ စုစည်းပြီး ကြိုတင်၍ စနစ်တကျ လေ့လာပြင်ဆင်ထားသည့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို အခိုင်အမာ တည်ဆောက်ထားရန် အထူးလိုအပ်ပါသည်။

ဤ ၁၀ ရက်တာ Camp သွင်းသင်တန်းသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာဝင်လူငယ်များ အတူတကွ ပူးပေါင်းပြီး၊ မြေပြင်တွင် အမှန်တကယ် အလုပ်ဖြစ်စေမည့် "အခြေခံနှင့် အဆင့်မြင့် ကူညီကယ်ဆယ်ရေး အထောက်အကူပြု Team" အဖြစ် အချိန်တိုအတွင်း ပြောင်းလဲပေးနိုင်ရန် စနစ်တကျ ရေးဆွဲထားခြင်း ဖြစ်ပါသည်။

👥 သင်တန်းသား ရွေးချယ်မှုအချိုးအစား (လူ ၈၀ စံပြပုံစံ)

မြေပြင်တွင် ဘက်မလိုက်ဘဲ ယုံကြည်မှုအပြည့်ဖြင့် လှုပ်ရှားနိုင်ရန် သင်တန်းသား ၈၀ ဦးကို အောက်ပါအတိုင်း အချိုးကျ ခေါ်ယူမည်ဖြစ်ပြီး၊ ၁ အုပ်စုလျှင် ၁၀ ဦးစီပါဝင်သော Group (၈) ခု ခွဲ၍ ရောနှောဖွဲ့စည်းသွားမည် ဖြစ်သည်။

  • ဗုဒ္ဓဘာသာဝင် (၆၀%): ၄၈ ဦး (၁ အုပ်စုလျှင် ၆ ဦး)

  • ခရစ်ယာန်ဘာသာဝင် (၁၅%): ၁၂ ဦး (၁ အုပ်စုလျှင် ၁ သို့မဟုတ် ၂ ဦး)

  • အစ္စလာမ်ဘာသာဝင် (၁၅%): ၁၂ ဦး (၁ အုပ်စုလျှင် ၁ သို့မဟုတ် ၂ ဦး)

  • ဟိန္ဒူဘာသာဝင် (၁၀%): ၈ ဦး (၁ အုပ်စုလျှင် ၁ ဦး)

📚 သင်ကြားမည့် ဘာသာရပ်များနှင့် အချိန်ဇယား (၁၀ ရက်စာ)

နေ့စဉ် အခြေခံအချိန်ဇယား (Daily Routine):

  • 07:00 AM - 08:00 AM : ကိုယ်လက်လှုပ်ရှားမှုနှင့် ကယ်ဆယ်ရေးလေ့ကျင့်ခန်း

  • 09:00 AM - 12:00 PM : နံနက်ပိုင်း သင်ခန်းစာ (စာတွေ့/လက်တွေ့)

  • 01:30 PM - 04:30 PM : နေလယ်ပိုင်း သင်ခန်းစာ (လက်တွေ့ အဓိက)

  • 07:00 PM - 09:00 PM : ညပိုင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် စိတ်ခွန်အားပေးပွဲ

Day 1: အဖွဲ့ဖွဲ့စည်းခြင်းနှင့် ဘေးကင်းလုံခြုံရေး အခြေခံ
နေ့ရက် - ၁
  • နံနက်ပိုင်း: အဖွင့်အမှာစကားနှင့် မတူကွဲပြားမှုများအကြား အတူတကွ အလုပ်လုပ်ခြင်း (Diversity & Team Building)။

  • မွန်းလွဲပိုင်း: မြေပြင်အန္တရာယ်ဆန်းစစ်ခြင်း၊ တစ်ကိုယ်ရေသုံး အရေးပေါ်အိတ် (Go-Bag) စနစ်တကျ ပြင်ဆင်နည်းနှင့် ကယ်ဆယ်ရေးဝတ်စုံ ဝတ်ဆင်နည်း။

  • ညပိုင်း: အဖွဲ့ဝင်ချင်း မိတ်ဆက်ခြင်းနှင့် ရင်းနှီးပွင့်လင်းစွာ စကားပြောခြင်း။

Day 2: အသက်ကယ် ရှေးဦးသူနာပြုစုခြင်း (အပိုင်း ၁)
နေ့ရက် - ၂
  • နံနက်ပိုင်း: သတိလစ်နေသူ၊ ရေနစ်သူများအတွက် နှလုံးနှင့် အသက်ရှူလမ်းကြောင်း နှိုးဆွခြင်း (Basic CPR) သီအိုရီ။

  • မွန်းလွဲပိုင်း: CPR Dummy ရုပ်တုများဖြင့် တစ်ဦးချင်း လက်တွေ့ Dummy နှိပ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ရှင်းလင်းနည်း (Heimlich Maneuver)။

  • ညပိုင်း: ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ကယ်ဆယ်ရေးသမား၏ တာဝန်ယူမှု။

Day 3: အသက်ကယ် ရှေးဦးသူနာပြုစုခြင်း (အပိုင်း ၂)
နေ့ရက် - ၃
  • နံနက်ပိုင်း: အရေးပေါ် သွေးထွက်လွန်ခြင်း တားဆီးနည်း၊ Tourniquet (သွေးတားကြိုး) နှင့် Pressure Bandage (ဖိအားပေးပတ်တီး) သုံးစွဲနည်း။

  • မွန်းလွဲပိုင်း: အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းနှင့် ပြင်းထန်မီးလောင်ဒဏ်ရာများကို ယာယီကျပ်စည်းနည်းများ လက်တွေ့လေ့ကျင့်ခြင်း။

  • ညပိုင်း: ဘာသာအလိုက် သေဆုံးခြင်းနှင့် နာရေးအပေါ် ရှုမြင်ပုံ၊ ကူညီပုံများ နှီးနှောဖလှယ်ခြင်း။

Day 4: ယာယီလူနာသယ်ဆောင်နည်းနှင့် ရုပ်ပိုင်းဆိုင်ရာရွှေ့ပြောင်းခြင်း
နေ့ရက် - ၄
  • နံနက်ပိုင်း: ခါးနှင့် ကျောရိုးမထိခိုက်စေဘဲ လူနာအား မချီနည်း၊ သယ်ဆောင်နည်း နည်းဗျူဟာများ။

  • မွန်းလွဲပိုင်း: လူနာတင်စင် (Stretcher) စနစ်တကျသုံးနည်းနှင့် မြေပြင်ရှိ ပုဆိုး၊ စောင်၊ ဝါးလုံးများဖြင့် ယာယီလူနာတင်စင် ပြုလုပ်၍ အတားအဆီးများ ကျော်ဖြတ်နည်း လက်တွေ့။

  • ညပိုင်း: ပထမ ၄ ရက် သင်ခန်းစာများအပေါ် အုပ်စုလိုက် ပြန်လည်သုံးသပ်ခြင်း (Reflection)။

Day 5: စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (Psychological First Aid)
နေ့ရက် - ၅
  • နံနက်ပိုင်း: စိတ်ဒဏ်ရာ (Trauma) ရနေသော ဒုက္ခသည်များ၏ ထူးခြားသော အပြုအမူများကို ချဉ်းကပ်ကိုင်တွယ်နည်း စည်းကမ်းချက်များ (Look, Listen, Link)။

  • မွန်းလွဲပိုင်း: ဒုက္ခသည်များနှင့် စကားပြောဆိုရာ၌ အသုံးပြုရမည့် စာနာစိတ်ရှိသော စကားလုံးများနှင့် ရှောင်ကြဉ်ရမည့်အချက်များ (Role-play သရုပ်ပြလေ့ကျင့်ခန်း)။

  • ညပိုင်း: "ငြိမ်းချမ်းရေးနှင့် ကရုဏာ" ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ ဓမ္မခွန်အားပေးပွဲ။

Day 6: အချက်အလက်ကောက်ယူခြင်းနှင့် ဒစ်ဂျစ်တယ်စနစ်သုံးနည်း
နေ့ရက် - ၆
  • နံနက်ပိုင်း: အရေးပေါ်အခြေအနေ ဆန်းစစ်ခြင်း (Rapid Needs Assessment) နှင့် ဘာသာစုံ အားနည်းလွယ်သောအုပ်စု (ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို) စာရင်းခွဲထုတ်နည်း။

  • မွန်းလွဲပိုင်း: ဖုန်းလိုင်းမရသော နေရာများအတွက် KoboToolbox / Google Form Offline သုံး၍ ဖုန်းဖြင့် ဒေတာစနစ်တကျ ကောက်ယူနည်း လက်တွေ့။

  • ညပိုင်း: ဒေတာအချက်အလက် လုံခြုံမှုနှင့် သတင်းမှား (Misinformation) တားဆီးရေး ဆွေးနွေးပွဲ။

Day 7: အလှူပစ္စည်း၊ ရိက္ခာစီမံခန့်ခွဲမှုနှင့် လမ်းကြောင်းလုံခြုံရေး
နေ့ရက် - ၇
  • နံနက်ပိုင်း: ရိက္ခာသိုလှောင်ရုံ စီမံခန့်ခွဲမှု၊ သက်တမ်းစစ်ဆေးခြင်းနှင့် မိသားစုတစ်စုစာ ရိက္ခာအိတ် (Dignity Kits) များ မြန်ဆန်စွာ အိတ်သွင်းထုပ်ပိုးနည်း။

  • မွန်းလွဲပိုင်း: ခရီးစဉ်မစမီ လမ်းကြောင်းလုံခြုံရေး ဆန်းစစ်ခြင်း၊ ယာဉ်တန်း (Convoy) စီမံခန့်ခွဲမှုနှင့် စကားပြောစက် (Walkie-Talkie) ရေဒီယိုကုဒ်များ အသုံးပြုနည်း။

  • ညပိုင်း: ခက်ခဲသော လမ်းခရီးများတွင် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများအား အုပ်စုလိုက် ဖြေရှင်းခြင်း။

Day 8: ပဋိပက္ခဇုန် ဖြန့်ဝေရေးဗျူဟာနှင့် ကြားနေခြင်း
နေ့ရက် - ၈
  • နံနက်ပိုင်း: ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဒေသများတွင် "ကြားနေခြင်း (Neutrality)" နှင့် "လူသားဆန်ခြင်း (Humanitarianism)" ကို လက်ကိုင်ထား၍ ညှိနှိုင်းပြောဆိုနည်း။

  • မွန်းလွဲပိုင်း: လူအုပ်ကြီး အလုအယက်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်မဖြစ်စေရန် ကူပွန် (Coupon) စနစ်နှင့် ကျား/မ သီးသန့် တန်းစီစနစ် သုံး၍ စနစ်တကျ ရိက္ခာဖြန့်ဝေနည်း လေ့ကျင့်ခန်း။

  • ညပိုင်း: ဒုက္ခသည်များ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ဓာတ်ပုံ/ဗီဒီယိုရိုက်ခြင်းဆိုင်ရာ ကျင့်ဝတ်များ။

Day 9: ဘာသာရေး၊ လူမှုရေး ခွန်အားပေးမှုနှင့် ကလေးငယ်များ စီမံခန့်ခွဲမှု
နေ့ရက် - ၉
  • နံနက်ပိုင်း: စခန်းတွင်းရှိ ကလေးငယ်များ စိတ်ဒဏ်ရာ လျော့ပါးစေရန် ကလေးပျော်နေရာ (Child-Friendly Spaces) ဖန်တီးပေးခြင်း၊ ရိုးရာကစားနည်းများနှင့် ပုံပြင်ပြောခြင်း နည်းဗျူဟာ။

  • မွန်းလွဲပိုင်း: ဘာသာတူ၊ ဘာသာကွဲအားလုံးကို စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးနိုင်မည့် စာနာနွေးထွေးသော စကားလုံးများဖြင့် စနစ်တကျ နှစ်သိမ့်ခြင်း နည်းဗျူဟာများ လက်တွေ့ကျင့်ခြင်း။

  • ညပိုင်း: နောက်ဆုံးနေ့ အကြီးစား ဇာတ်တိုက်လေ့ကျင့်မှုအတွက် အဖွဲ့အလိုက် ဗျူဟာပြင်ဆင်ခြင်း။

Day 10: ၂၄ နာရီပတ်လုံး အပြည့်အဝ ဇာတ်တိုက်လေ့ကျင့်မှုနှင့် သင်တန်းဆင်းပွဲ
နေ့ရက် - ၁၀
  • တစ်နေ့တာလုံး (Full-Scale Simulation): သဘာဝဘေးနှင့် ပဋိပက္ခဖြစ်ပွားသည့် စိတ်ကူးယဉ်ကျေးရွာတစ်ခုကို ဖန်တီး၍ ဒေတာအမြန်ကောက်ခြင်း၊ ဆေးကုသခြင်း၊ ရုန်းရင်းဆန်ခတ် လူအုပ်ကြား ရိက္ခာဝေခြင်းနှင့် ဒုက္ခသည်များကို ခွန်အားပေးခြင်းများအား ၂၄ နာရီပတ်လုံး လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင်း။

  • ညပိုင်း: ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကတိသစ္စာပြုခြင်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် အောင်ပွဲခံ ညစာစားပွဲ။

အရေးကြီးသော မှတ်ချက်: သင်တန်းကာလအတွင်း ကျွေးမွေးမည့် အစားအသောက်များကို ဟိန္ဒူဘာသာဝင်များအတွက် သတ်သတ်လွတ် (Vegetarian) နှင့် အစ္စလာမ်ဘာသာဝင်များအတွက် ဟာလာလ် (Halal) စနစ်တကျ ပြင်ဆင်ချက်ပြုတ်ပေးမည် ဖြစ်ပြီး၊ ဘာသာရေးဝတ်ပြုဆုတောင်းမှုများအတွက်လည်း သီးသန့်နေရာနှင့် အချိန်များကို အလေးအမြတ်ထား စီစဉ်ပေးသွားမည် ဖြစ်ပါသည်။


⛺ ၁၀ ရက်တာ ကယ်ဆယ်ရေးစခန်းတွင်း နေထိုင်စားသောက်မှု စည်းကမ်းချက်များ (Operation Mode)

ဤသင်တန်းသည် ၁၀ ရက်လုံးလုံး သက်တောင့်သက်သာ နားနေရမည့် နေရာမဟုတ်ဘဲ အရေးပေါ်အခြေအနေကို အတုယူဖန်တီးထားသည့် စစ်ဆင်ရေးစခန်း (Base Camp) အသွင်ဖြင့် သွားပါမည်။

  • အိပ်စက်ခြင်း (Tactical Lodging): ကုတင်၊ မွေ့ယာများ မပါဝင်ပါ။ သင်တန်းသားများသည် မိမိတို့အဖွဲ့အလိုက် ခွဲဝေပေးထားသော နေရာ (သို့မဟုတ်) ရာသီဥတုဒဏ်ခံ ကယ်ဆယ်ရေးတဲများ (Tents) အတွင်း၌သာ ကွင်းပြင်ဆင်းအိပ်သကဲ့သို့ ဖော့မွေ့ယာလိပ်၊ အိပ်အိတ်များဖြင့်သာ ဖျာခင်းအိပ်ရပါမည်။ ညဘက်တွင် အရေးပေါ်အချက်ပြသံ (Siren) မြည်ပါက ၁ မိနစ်အတွင်း ကယ်ဆယ်ရေးဝတ်စုံအပြည့်ဖြင့် တန်းစီနိုင်ရပါမည်။

  • စားသောက်ခြင်း (Field Ration): အချိန်ဇယားအတိုင်း ပုံမှန်ထမင်းဝိုင်း ထိုင်စားခြင်းမျိုး မဟုတ်ဘဲ အရေးပေါ်ကာလကဲ့သို့ မိမိတို့ရရှိသည့် စစ်သုံးရိက္ခာဗူး သို့မဟုတ် ကွင်းပြင်ချက် ရိက္ခာအိတ်များကို သတ်မှတ်ချိန် (၁၅) မိနစ်အတွင်း စစ်သားများကဲ့သို့ မြန်ဆန်စွာ စားသောက်တတ်ရန် လေ့ကျင့်ရပါမည်။ (ဘာသာအလိုက် ဟာလာလ်နှင့် သတ်သတ်လွတ် စနစ်တကျ ခွဲခြားပေးထားပါမည်)

  • တစ်ကိုယ်ရေသန့်ရှင်းမှု (Water Rationing): ရေနှင့် လျှပ်စစ်မီး ပြတ်တောက်နေသော မြေပြင်အခြေအနေကို သဏ္ဌာန်လုပ်ထားသဖြင့် ရေကို လေလွင့်မှုမရှိစေဘဲ သတ်မှတ်ထားသော ပမာဏအတိုင်းသာ ကန့်သတ်ချက်ဖြင့် ချွေတာသုံးစွဲရပါမည်။

🎒 တစ်ဦးချင်းစီအတွက် မရှိမဖြစ်လိုအပ်မည့် "တစ်ကိုယ်ရေသုံး ပစ္စည်းစာရင်း" (Personal Go-Bag Checklist)

အထက်ပါ ကြမ်းတမ်းသော Operation ပုံစံအတိုင်း ရှင်သန်လှုပ်ရှားနိုင်ရန် အဖွဲ့ဝင်တိုင်း မိမိတို့၏ ကျောပိုးအိတ် (Go-Bag) အတွင်း အောက်ပါပစ္စည်းများ တိကျစွာ ပါရှိရပါမည်။

🦺 ၁။ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေး ဝတ်စုံ (PPE & Field Tactical Gear)

  • Safety ဦးထုပ် (Rescue Helmet): အပျက်အစီးများနှင့် ခေါင်းထိခိုက်မှုဘေးမှ ကာကွယ်ရန် (မေးသိုင်းကြိုးပါပြီး ရှေ့တွင် မီးအိမ်တပ်ဆင်နိုင်သည့် စစ်သုံး/မီးသတ်သုံး အမျိုးအစား)။

  • အသက်ကယ်အင်္ကျီ (Life Jacket / PFD): ရေဘေးသင့်ဒေသ ရေစီးသန်သည့်နေရာများတွင် ဝတ်ဆင်ရန် (အဝေးမှ အလွယ်တကူမြင်နိုင်သော တောက်ပသည့် လိမ္မော် သို့မဟုတ် အဝါရောင် ဖြစ်ရမည်)။

  • Safety ဖိနပ် (Steel-toe Tactical Boots): သံမှို၊ မှန်ကွဲများနှင့် ချွန်ထက်သော ကျောက်ခဲ၊ သံတိုသံစများ နင်းမိခြင်းမှ ကာကွယ်ရန် ရှေ့ထိပ်တွင် သံပြားပါသော အကြမ်းခံ ဖိနပ်အမြင့်။

  • ကယ်ဆယ်ရေးလက်အိတ် (Heavy-duty Gloves): အပျက်အစီးများ ဖယ်ရှားခြင်း၊ ကြိုးဆွဲခြင်းနှင့် လှေကိုင်တွယ်ရာတွင် အသားထူသည့် အကြမ်းခံလက်အိတ် (Leather/Nylon)။

🚑 ၂။ ခါးချိတ် အရေးပေါ် ရှေးဦးသူနာပြုစုခြင်းအိတ် (Individual Tactical First Aid Kit)

အဖွဲ့ကြီး၏ ဆေးအိတ်အပြင် မိမိကိုယ်တိုင် သို့မဟုတ် မိမိမျက်စိရှေ့မှ လူနာကို စက္ကန့်ပိုင်းအတွင်း အသက်ကယ်နိုင်ရန် ခါးပတ်တွင် အမြဲချိတ်ထားရမည့် အိတ်ငယ် ဖြစ်ပါသည်။

  • Pocket CPR Mask: လူနာကို နှုတ်ခမ်းချင်းတေး၍ အသက်ရှူသွင်းပေးရာတွင် ကူးစက်ရောဂါမဖြစ်စေရန် ကြားခံအသုံးပြုသည့် One-way Valve ပါ Mask။

  • C-A-T Tourniquet (သွေးတားကြိုး): သေနတ်ဒဏ်ရာ၊ မိုင်းဒဏ်ရာ သို့မဟုတ် ပြင်းထန်သွေးထွက်ဒဏ်ရာများတွင် သွေးအမြန်တားနိုင်မည့် စစ်သုံးသွေးတားကြိုးစနစ်။

  • Pressure Bandage & Gauze: သွေးတိတ်အောင် ဖိစီးပေးနိုင်သည့် အရေးပေါ်ပတ်တီးနှင့် ပတ်တီးလိပ်များ။

  • Medical Shears (ဆေးဘက်သုံးကတ်ကြေး): လူနာ၏ အဝတ်အစားထူထူများနှင့် ပတ်တီးများကို ကပ်လျက် အမြန်ဖြတ်တောက်နိုင်မည့် ထိပ်ဝိုင်းကတ်ကြေး။

  • စခန်းသုံး အခြေခံဆေးဝါးများ: ဓာတ်ဆားထုတ်၊ အကိုက်အခဲပျောက်ဆေး၊ အော့အန်/ဝမ်းပိတ်ဆေး၊ သံဓာတ်ဖြည့်စွက်ဆေးနှင့် ပါရာစီတမော။

💧 ၃။ ကွင်းပြင်ရှင်သန်ရေးနှင့် ရေဓာတ် (Field Survival & Hydration)

  • စစ်သုံး သံရေဘူး သို့မဟုတ် ကျောပိုးရေအိတ် (Hydration Bladder): လက်နှစ်ဖက်လွတ်စပယ် လှုပ်ရှားရင်း သောက်သုံးနိုင်သော အကြမ်းခံ ကျောပိုးရေအိတ် (၁.၅ လီတာမှ ၂ လီတာဆံ့)။

  • အသက်ကယ်ဝီစီ (High-decibel Whistle): ဖုန်းလိုင်းမရ၊ အော်ဟစ်ရန် အားမရှိတော့သည့် အခြေအနေတွင် အဝေးသို့ အချက်ပြအော်ခေါ်ရန် သုံးသည့် သံဝီစီ။

  • ခေါင်းစွပ်မီးအိမ် (Headlamp): ညပိုင်း စစ်ဆင်ရေးများနှင့် အမှောင်ထဲတွင် လက်နှစ်ဖက်လွတ်စေမည့် ခေါင်းစွပ်မီးအိမ် (အပိုဘက်ထရီအပို ပါဝင်ရမည်)။

  • Multi-tool Pocket Knife (အိတ်ဆောင်ဓားမြှောင်): ကတ်ကြေး၊ ဓား၊ ဝက်အူလှည့်နှင့် ကတ်ကြေးများ တစ်ပါတည်းပါသော စစ်သုံးဘက်စုံသုံးဓား။

🛌 ၄။ ရာသီဥတုဒဏ်ခံ စခန်းသွင်း အိပ်ဆောင်ပစ္စည်းများ (Bivouac & Lodging Gear)

  • တစ်ယောက်အိပ် ဖော့မွေ့ယာလိပ် (Sleeping Pad): ကြမ်းပြင်မှ တက်လာမည့် အအေးဓာတ်၊ အစိုဓာတ်နှင့် ကျောက်ခဲအချွန်များရန်မှ ကာကွယ်ရန် အလွယ်တကူ လိပ်၍ သယ်ဆောင်နိုင်သော ရေစိုခံ ဖော့မွေ့ယာလိပ်။

  • အိပ်အိတ် (Sleeping Bag): ရာသီဥတုအအေးဒဏ်နှင့် အင်းဆက်များရန်မှ ကာကွယ်ရန် ဇစ်ဆွဲအိပ်ရသော သယ်ဆောင်ရလွယ်ကူသည့် အိပ်အိတ်။

  • တစ်ကိုယ်ရေသုံး ခြင်ထောင်ငယ် သို့မဟုတ် ခြင်ဆေးရည်: ကွင်းပြင်တွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ ကူးစက်မှုမရှိစေရန်။

  • တစ်ကိုယ်ရေသန့်ရှင်းရေး (Field Hygiene Kits): အရေးပေါ်အခြေအနေသုံး ရေမလိုတစ်ကိုယ်ရေသန့်ရှင်းရေးသုတ်ပုဝါ (Wet Wipes)၊ ပိုးသတ်လက်ဆေးဂျဲလ်၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ဆပ်ပြာ။

💡 စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက် (ဘတ်ဂျက်ခွဲဝေမှု)

သင်တန်းသားများ ခေါ်ယူရေး ဖိတ်စာထုတ်ပြန်သည့်အခါ ဘတ်ဂျက်ချွေတာနိုင်ရန်အတွက် အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ပေးရန် အကြံပြုအပ်ပါသည် -

  1. သင်တန်းသား မိမိအစီအစဉ်ဖြင့် ယူဆောင်လာရမည့်ပစ္စည်း: အဝတ်အစား၊ Safety ဖိနပ် (ရှိပြီးသားဆိုလျှင်)၊ အိပ်အိတ်/မွေ့ယာလိပ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ။

  2. သင်တန်းမှ ထောက်ပံ့/ငှားရမ်းပေးမည့်ပစ္စည်း: Safety ဦးထုပ်၊ အသက်ကယ်အင်္ကျီ၊ ခါးချိတ်ဆေးအိတ် (Individual CPR Kit) နှင့် စကားပြောစက် (Walkie-Talkie) စသည်တို့ ဖြစ်ပါသည်။

သင်တန်းကာလသည် Operation Mode ဖြစ်နေသင့်ပါသည်။ အိမ်သာတက်ရန်၊ ယာယီအိမ်သာ အသုံးပြုနည်း၊ ယာယီတဲများဖြင့် အိပ်စက်နေထိုင်ခြင်းတို့ကို လက်တွေ့လေ့ကျင့်ပြီးသား ဖြစ်ရန်လိုအပ်ပါသည်။ မဟုတ်ပါက တကယ့် Operation မြေပြင်သို့ ရောက်သည့်အခါ ကျွန်တော်တို့ မြန်မာလူမျိုးများအနေဖြင့် စက္ကူဖြင့် အိမ်သာမတက်တတ်ခြင်း၊ ယာယီတဲများဖြင့် အနေခက်ခြင်း စသည်တို့ ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် ဆောင်ရန်၊ ရှောင်ရန်များကို လက်တွေ့ကျင့်သားရ ယဉ်ပါးစေရန် သင်တန်းကာလအတွင်း ယာယီတဲနှင့် ယာယီအိမ်သာများကို ကိုယ်တိုင်ဆောက်လုပ် အသုံးပြုနိုင်ရန် လိုအပ်ပါသည်။ "

⛺   နေထိုင်စားသောက်မှု အပြည့်အစုံ (Operation Mode သို့ ပေါင်းစပ်မွမ်းမံခြင်း)

သင်တန်းသားများ မြေပြင်တွင် ယဉ်ပါးကျင့်သားရစေရန် သင်တန်းအချိန်ဇယား၏ နေထိုင်မှုပုံစံကို အောက်ပါအတိုင်း အသေးစိတ် ပြင်ဆင်သတ်မှတ်ပါမည် -

  • ယာယီတဲဖြင့် အိပ်စက်ခြင်း (Tactical Lodging & Tenting): ကုတင်၊ အခန်းများ လုံးဝမပါဝင်ပါ။ သင်တန်းသားများသည် မိမိတို့အုပ်စုအလိုက် ဝေမျှပေးထားသော ရာသီဥတုဒဏ်ခံ ကယ်ဆယ်ရေးယာယီတဲ (Tents) များကို ကိုယ်တိုင်ဆောက်လုပ်ပြီး၊ ထိုတဲများအတွင်း၌သာ ဖော့မွေ့ယာလိပ်၊ အိပ်အိတ်များဖြင့် စခန်းချ အိပ်စက်ရပါမည်။ ယာယီတဲအတွင်း နေထိုင်ခြင်း၏ ဆောင်ရန်/ရှောင်ရန် များကို လက်တွေ့ကျင့်သုံးရပါမည်။

  • ယာယီအိမ်သာနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု (WASH & Field Sanitation): ရေဆွဲအိမ်သာများ ပိတ်ပင်ထားမည်ဖြစ်ပြီး၊ မြေပြင်ဒုက္ခသည်စခန်းများအတိုင်း စနစ်တကျ တူးဆောက်ထားသည့် ယာယီအိမ်သာ (Field Latrine) များကိုသာ အသုံးပြုရပါမည်။ မြေပြင်တွင် ရေရှားပါးပါက မြန်မာတို့ ကျင့်သားမရသေးသည့် စက္ကူ (Toilet Paper/Wet Wipes) ဖြင့် သန့်ရှင်းရေးလုပ်နည်း နှင့် ကူးစက်ရောဂါမပြန့်ပွားအောင် အိမ်သာသုံးပြီး တင်းကြပ်စွာ လက်ဆေးရမည့် ကျင့်ဝတ်များကို လက်တွေ့ ကျင့်သားရအောင် လေ့ကျင့်ရပါမည်။

  • စားသောက်ခြင်း (Field Ration): ပုံမှန်ထမင်းဝိုင်း ထိုင်စားခြင်းမျိုး မဟုတ်ဘဲ အရေးပေါ်ကာလကဲ့သို့ မိမိတို့ရရှိသည့် စစ်သုံးရိက္ခာဗူး သို့မဟုတ် ကွင်းပြင်ချက် ရိက္ခာအိတ်များကို သတ်မှတ်ချိန် (၁၅) မိနစ်အတွင်း စစ်သားများကဲ့သို့ မြန်ဆန်စွာ စားသောက်တတ်ရန် လေ့ကျင့်ရပါမည်။ (ဘာသာအလိုက် ဟာလာလ်နှင့် သတ်သတ်လွတ် စနစ်တကျ ခွဲခြားပေးထားပါမည်)

"စနစ်တကျ လေ့ကျင့်မှုမရှိပါက ဒုက္ခသည်များကြောင့် သင်လည်း ဒုက္ခရောက်နိုင်သလို ၊ သင့်ကြောင့်လည်း ဒုက္ခသည်များ ဒုက္ခရောက်နိုင်ပါသည်။"

" ဒုက္ခသည်များတွင် ပြင်းထန်သော စိတ်ဒဏ်ရာများ ရှိနေနိုင်သဖြင့် ရိက္ခာခိုးယူခြင်း၊ အမျိုးသမီးများအား ချောင်းမြောင်းနှောင့်ယှက်ခြင်းနှင့် စကားအမျိုးမျိုး လှည့်ပတ်ပြောဆိုခြင်း စသည့် ပုံမှန်မဟုတ်သော အပြုအမူများ ပြုလုပ်လာနိုင်သည်ကို သတိပြုရပါမည်။ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထည့်သွင်းစဉ်းစားရန် အလွန်အရေးကြီးပြီး၊ ထိုသို့ သတိမပြုမိပါက ကယ်ဆယ်ရေးအဖွဲ့များဘက်မှ မှားယွင်းစွာ အရေးယူတုံ့ပြန်မိခြင်းကြောင့် အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါသည်။ "

 



Thursday, July 02, 2026

The Soulless Family

 

"The Soulless Family"



Even when sitting at the same table, the silence is deafening. No one meets anyone else’s eyes; they just stare down at their plates, focused only on their own meals. If you share a success, you’re met with jealous glares; if you hit a rough patch, there are those waiting in the shadows to quietly delight in your misfortune. This isn't a scene from a movie—it is the reality of "soulless families" that exist in the real world.

A family is not just a structure of wood and stone. It is a living entity held together by a "soul" made of warmth, trust, mutual respect, and shared experiences. When that "soul" is lost, a house becomes nothing more than a place where strangers happen to share a roof.

But can the soul of a family on the brink of collapse be reclaimed? The answer is "yes." But it requires courage, effort, and the right approach.

Why do families lose their soul?

To heal, you have to diagnose the root cause:

  • Communication Breakdown: Every problem starts with silence. Bottling up feelings and letting misunderstandings fester allows resentment to grow like a weed.

  • Pride and Ego: The "I’m right" mentality—the inability to apologize or admit a mistake—builds invisible walls between family members.

  • The Poison of Comparison: Whether it’s parents playing favorites or siblings competing for status, comparison breeds nothing but envy and deep-seated inadequacy.

  • Unresolved Past Trauma: Words spoken or actions taken years ago that were never addressed can remain like thorns in the heart, continuing to wound relationships long into adulthood.

The Path to Healing

Reviving a family’s soul isn't a one-person job; it requires a collective commitment.

  • Step 1: Acknowledge the Reality. The hardest, yet most necessary step is to admit: "Our family is struggling." As long as everyone keeps pretending everything is fine, nothing will change. One courageous person has to break the silence.

  • Step 2: Move from "Me" to "We." Stop pointing fingers and assigning blame with "You did this" or "It’s your fault." Instead, cultivate a "we" mindset: "How did we end up here?" and "How can we fix this together?"

  • Step 3: Listen Without Judgment. When it’s your turn to listen, don't spend that time crafting your defense or your comeback. Just listen—try to fully understand what they are feeling. Often, people don't need advice; they just need to feel heard.

  • Step 4: Move Forward Through Forgiveness. Forgiveness doesn't mean you’re saying what happened was right. It means you are putting down the heavy burden of resentment—for your own peace of mind and for the future of your family. Agree to clear the slate and focus on building what comes next.

  • Step 5: Create New Memories. The best way to mend a broken bond is to start making good memories again. Start small: put the phones away during dinner once a week, take a short day trip, or celebrate each other’s small wins.

A "soulless family" isn't created overnight, and it won't be fixed overnight either. But if everyone acts with patience and centers their efforts on love, you can spark warmth again in the ashes of what once felt cold.

Remember, while a house is built with bricks and mortar, a true "home"—a family—is built only with love, understanding, and forgiveness.

"In this life, family is a gift we only have for as long as we are here."

With love,

Aung Myo Lwin (Agga)

ဝိညာဉ်မဲ့မိသားစု



ဝိညာဉ်မဲ့မိသားစု


စားပွဲတစ်လုံးမှာ အတူထိုင်နေကြပေမယ့် စကားသံတွေ တိတ်ဆိတ်နေတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ဘဲ ကိုယ့်ပန်းကန်ထဲက ထမင်းကိုသာ ငုံ့စားနေကြတယ်။ အောင်မြင်မှုတစ်ခုကို မျှဝေရင် မနာလိုတဲ့ အကြည့်တွေနဲ့ ကြုံရပြီး၊ ဒုက္ခတစ်ခုရောက်ရင်တော့ ကွယ်ရာမှာ ကြိတ်ပျော်မယ့်သူတွေ ရှိနေတယ်။ ဒါဟာ ဇာတ်လမ်းထဲက ဇာတ်ကွက်တစ်ခုမဟုတ်ပါဘူး။ အပြင်လောကမှာ တကယ်ရှိနေတဲ့ "ဝိညာဉ်မဲ့မိသားစု" တွေရဲ့ ပုံရိပ်အစစ်အမှန် ဖြစ်ပါတယ်။
မိသားစုဆိုတာ အဆောက်အအုံတစ်ခုမဟုတ်ပါဘူး။ နွေးထွေးမှု၊ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ မျှဝေခံစားမှုဆိုတဲ့ "ဝိညာဉ်" နဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတစ်ခုဖြစ်ပါတယ်။ အဲ့ဒီ "ဝိညာဉ်" သာ ပျောက်ဆုံးသွားခဲ့ရင် အိမ်ဆိုတာ ခေါင်မိုးအောက်က လူစိမ်းတွေစုဝေးနေတဲ့ နေရာတစ်ခုသာ၊
သို့သော် ပြိုကွဲပျက်သုဉ်းလုနီးပါးဖြစ်နေတဲ့ မိသားစုတစ်စုရဲ့ ဝိညာဉ်ကို ပြန်လည်ခေါ်ယူလို့ ရနိုင်ပါ့မလား? အဖြေကတော့ "ရနိုင်ပါတယ်"။ ဒါပေမဲ့ သတ္တိ၊ ကြိုးစားအားထုတ်မှုနဲ့ မှန်ကန်တဲ့ ချဉ်းကပ်မှုတွေတော့ လိုအပ်ပါလိမ့်မယ်။
ဘာကြောင့် ဝိညာဉ်မဲ့သွားရသလဲ?
≈===============
ပြန်လည်ကုစားဖို့ဆိုရင် ရောဂါရဲ့ဇာစ်မြစ်ကို အရင်ရှာရပါမယ်။
* ဆက်သွယ်မှု ပြတ်တောက်ခြင်း: ပြဿနာအားလုံးရဲ့ အစဟာ စကားမပြောခြင်းပါပဲ။ ခံစားချက်တွေကို မျိုသိပ်ထားခြင်း၊ နားလည်မှုလွဲမှားတာတွေကို မရှင်းလင်းဘဲထားခြင်းတွေကနေ မလိုမုန်းတီးစိတ်ဆိုတဲ့ အဆိပ်ပင်တွေ ရှင်သန်ကြီးထွားလာပါတယ်။
* မာနနှင့် အတ္တတရားများ: "ငါမှန်တယ်" ဆိုတဲ့စိတ်၊ တောင်းပန်ဖို့ဝန်လေးခြင်း၊ အမှားကိုလက်မခံလိုခြင်းတွေက မိသားစုဝင်တွေကြားမှာ မမြင်နိုင်တဲ့ တံတိုင်းကြီးတစ်ခုကို တည်ဆောက်လိုက်ပါတယ်။
* နှိုင်းယှဉ်ခြင်းဆိုတဲ့ အဆိပ်အတောက်: မိဘက သားသမီးအချင်းချင်းကို နှိုင်းယှဉ်တာ၊ မောင်နှမအချင်းချင်း အောင်မြင်မှုကိုပြိုင်ဆိုင်တာတွေက မနာလိုဝန်တိုစိတ်နဲ့ အားငယ်စိတ်တွေကို မွေးဖွားပေးပါတယ်။
* မဖြေရှင်းခဲ့သော အတိတ်က ဒဏ်ရာများ: ငယ်စဉ်ကတည်းက မေ့ဖျောက်လို့မရခဲ့တဲ့ စကားလုံးတွေ၊ အပြုအမူတွေက အရွယ်ရောက်လာသည့်တိုင်အောင် နှလုံးသားမှာ ဆူးတစ်ချောင်းလို စိုက်ဝင်နေပြီး ဆက်ဆံရေးကို အမြဲတမ်း နာကျင်စေပါတယ်။
ပြန်လည်ရှင်သန်ခြင်းသို့ လမ်းစ (ကုထုံးများ)
===================
ဝိညာဉ်မဲ့နေတဲ့ မိသားစုကို ပြန်လည်အသက်သွင်းဖို့ဆိုရင် တစ်ဦးတစ်ယောက်ရဲ့ ကြိုးစားမှုနဲ့မရဘဲ အားလုံးရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။
အဆင့် ၁: ပြဿနာကို အားလုံးက အသိအမှတ်ပြုခြင်း
ပထမဆုံးနဲ့ အခက်ခဲဆုံးအဆင့်ကတော့ "ငါတို့မိသားစုမှာ ပြဿနာရှိနေတယ်" ဆိုတာကို ရဲရဲဝံ့ဝံ့ လက်ခံခြင်းပါပဲ။ လူတိုင်းက အဆင်ပြေချင်ယောင်ဆောင်နေသမျှ ဘာကိုမှ ပြင်လို့ရမှာမဟုတ်ပါဘူး။ သတ္တိရှိတဲ့ မိသားစုဝင်တစ်ဦးက ဒီအကြောင်းကို စတင်ဖွင့်ဟဖို့ လိုအပ်ပါတယ်။
အဆင့် ၂: "ငါ" မှသည် "ငါတို့" သို့ ပြောင်းလဲခြင်း
"နင်က အဲ့လိုမို့လို့"၊ "မင်းကြောင့်ဖြစ်ရတာ" ဆိုတဲ့ လက်ညှိုးထိုး အပြစ်တင်ခြင်းတွေကို ရပ်လိုက်ပါ။ "ငါတို့ ဘယ်လိုကြောင့် ဒီအခြေအနေကို ရောက်သွားတာလဲ"၊ "ငါတို့ အတူတူ ဘယ်လိုပြန်ကောင်းအောင်လုပ်ကြမလဲ" ဆိုတဲ့ "ငါတို့" ကို ဦးတည်တဲ့ စိတ်ဓာတ်ကို မွေးမြူရပါမယ်။
အဆင့် 3: စီရင်ဆုံးဖြတ်ခြင်းမရှိဘဲ နားထောင်ခြင်း
စကားပြောခွင့်ရတဲ့အခါ ကိုယ့်ဘက်ကချည်း ခုခံကာကွယ်ဖို့၊ ပြန်လည်ချေပဖို့ မစဉ်းစားပါနဲ့။ တခြားသူရဲ့ ခံစားချက်၊ သူ့ရဲ့ခံစားချက်ကို အပြည့်အဝနားလည်အောင် ကြိုးစားပြီး နားထောင်ပေးလိုက်ပါ။ တစ်ခါတလေမှာ လူတွေလိုအပ်တာ အကြံဉာဏ်မဟုတ်ဘဲ သူတို့ရင်ထဲကစကားကို နားထောင်ပေးမယ့်သူပါ။
အဆင့် ၄: ခွင့်လွှတ်ခြင်းဖြင့် ရှေ့ဆက်ခြင်း
ခွင့်လွှတ်ခြင်းဆိုတာ သူလုပ်ခဲ့တာတွေ မှန်တယ်လို့ သဘောတူလိုက်တာမဟုတ်ပါဘူး။ ကိုယ့်ရင်ထဲမှာပိုက်ထားတဲ့ အမုန်းတရားဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ကိုယ့်အတွက်ရော၊ မိသားစုရဲ့ အနာဂတ်အတွက်ပါ ချလိုက်ခြင်းဖြစ်ပါတယ်။ အတိတ်ကို သင်ပုန်းချေပြီး အနာဂတ်ကို အတူတူတည်ဆောက်ဖို့ သဘောတူညီမှုယူပါ။
အဆင့် ၅: အမှတ်တရ အသစ်များ အတူတကွ ဖန်တီးခြင်း
ပျက်စီးသွားတဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အတူတကွ ပျော်ရွှင်စရာတွေ ပြန်လုပ်ဖို့ပါပဲ။ တစ်ပတ်မှာ တစ်ရက်လောက် ဖုန်းတွေမသုံးဘဲ အတူတူထမင်းစားတာ၊ ခရီးတိုလေးတစ်ခု အတူသွားတာ၊ တစ်ယောက်ရဲ့ အောင်မြင်မှုသေးသေးလေးကို အတူတူ ဂုဏ်ပြုပေးတာမျိုးတွေကနေ ပြန်လည်စတင်နိုင်ပါတယ်။
"ဝိညာဉ်မဲ့မိသားစု" ဆိုတာ ညတွင်းချင်း ဖြစ်ပေါ်လာတာမဟုတ်သလို၊ ချက်ချင်းပြန်လည်ကုစားလို့ရတဲ့အရာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ မေတ္တာတရားကို အခြေခံပြီး မိသားစုဝင်တိုင်းက စိတ်ရှည်သည်းခံစွာနဲ့ ကြိုးစားတည်ဆောက်မယ်ဆိုရင် အေးစက်နေတဲ့ မီးဖိုပြာပုံကနေ နွေးထွေးတဲ့မီးတောက်တစ်ခုကို ပြန်လည်မွေးဖွားလာနိုင်မှာ အသေအချာပါပဲ။
အိမ်တစ်လုံးကို အုတ်နဲ့ အင်္ဂတေနဲ့ တည်ဆောက်နိုင်ပေမယ့်၊ မိသားစုဆိုတဲ့ တကယ့် "ဂေဟာ" ကိုတော့ ချစ်ခြင်းမေတ္တာ၊ နားလည်မှုနဲ့ ခွင့်လွှတ်ခြင်းတွေနဲ့သာ တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း အမြဲတမ်း သတိရစေချင်ပါတယ်။
"ဘဝ မှာမိသားစုဆိုတာ ယခုရှင်သန်ချိန်အတွင်းသာရတာပါ"
ချစ်ခင်စွာဖြင့်
အောင်မျိုးလွင် ( အဂ္ဂ )

Wednesday, July 01, 2026

"ကောက်ရိုးတစ်မျှင် ဖေးကူချင်"



"ကောက်ရိုးတစ်မျှင် ဖေးကူချင်"
==================
My Journey Through Recovery ( Lifeline )
ကျွန်တော့ English ဘာသာပြန်များတွင် တလွဲတွေများစွာပါဝင်မှာဖြစ်ပါတယ်၊
အကြောင်းမှာ ကျွန်တော်မြန်မာလို ကွင့်မြူးလိုက်တဲ့ " ကောက်ရိုးတစ်မျှင် ဖေးကူချင် ကို တိုက်ရိုက်ဘာသာပြန်လိုက်ပါက အမေရိကန်များနာမလည်ပါ သူတို့ကို ကောက်ရိုးတမျှင်လို့ပြောမည့်အစား Lifeline လို့သုံးသည်က သာပိုကောင်းသည် သို့သော် ကျွန်တော်ထိမိတဲ့ဘာသာပြန်မှုမလုပ်ဆောင်နိုင်သေးပါသို့သော်အောက်မှ လင့်တစ်ခုရှိပါတယ် ခေါင်းစဥ်က "My Lifeline at AADAP ( Finding My Path to a Drug-Free Life ) " မြန်မာလို "AADAP - ကျွန်ုပ်၏ ကောက်ရိုးတမျှင် လို့ဘာသာပြန်ထားပါတယ်၊
ဤခေါင်းစဉ်ဖြင့် ကျွန်တော် ပြောလိုသည်မှာ မူးယစ်ဆေးဝါးလောကကို ဖြတ်သန်းခဲ့ရသည့် ဘဝတူများ၏ ခံစားချက်ကို ကျွန်တော် အပြည့်အဝ နားလည်သဘောပေါက်ပါသည်။
"ငါ ဆေးဖြတ်တော့မည်" ဟု ကျွန်တော့်စိတ်၊ ကျွန်တော့်ကိုယ်ဖြင့် စတင်ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍၊ ကျွန်တော့်အတွက်သာမက ကျွန်တော့်ကဲ့သို့ပင် ဘဝတူသူများအတွက်ပါ အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းမည်ဟု စိတ်ထဲတွင် ခိုင်မာစွာ ထည့်သွင်းထားခဲ့ပါသည်။
သင်တန်းကာလအတွင်း ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုခွင့်မရှိသဖြင့် ကျွန်တော် သင်ယူဖြတ်သန်းခဲ့ရသည့် နေ့ရက်တိုင်းကို လက်ရေးဖြင့် စနစ်တကျ မှတ်တမ်းတင်ထားခဲ့ပါသည်။ ထိုမှတ်တမ်းများကို ကျွန်တော့်၏ Blog Post များတွင် တင်ထားပေးပါသည်။ စိတ်ပါဝင်စားသူများ၊ လိုအပ်သူများအနေဖြင့် ရယူလေ့လာပြီး အပြန်အလှန် မျှဝေအသုံးပြုနိုင်ပါသည်။
https://koagga.blogspot.com/2025/06/aadap.html
https://koagga.blogspot.com/2025/12/aadap-in-christmas.html
https://koagga.blogspot.com/.../drug-rehabilitation-l1.html
https://koagga.blogspot.com/.../nothing-changes-if...
https://koagga.blogspot.com/2026/06/aa-ca-and-na-and-i.html
https://koagga.blogspot.com/2026/06/blog-post_675.html
https://koagga.blogspot.com/2026/07/blog-post_01.html
https://koagga.blogspot.com/.../letters-to-heaven-drug...

Letters to Heaven (Drug Rehabilitation)

Letters to Heaven (Drug Rehabilitation)



In our training program, there is a lady who comes to teach us once a month. She has fair skin, and it seems she adheres to Red Indian (Native American) beliefs—at least, that is my impression. She is likely around 70 years old and typically wears coarse cotton shirts and colorful beaded bracelets on her arms. She teaches Yoga and mindfulness exercises.

Sometimes, during occasions like Christmas, we have an activity where we hand-stitch little stockings using fabric of our choice and place them under the Christmas tree at the center.

Yoga and breathing exercises are already familiar to us Burmese, so I won't go into detail about those. However, there is one activity we do once a month called "Sending Letters to Heaven." It is about writing letters to our loved ones who are no longer in this world. She distributes light blue sheets of paper to all of us. Then, we close our eyes for about 15 minutes to find inner peace. When we hear the gentle sound of a singing bowl ringing in the silence, we slowly open our eyes and write our letters to our loved ones, opening up our hearts. Although you can hear the sounds of some people crying or sniffing while writing, no one asks anyone else about it.

When we hear the bowl ring "dong" again, we all fold our little sheets of paper and gather around the fire pit outside the training hall. After a brief moment of sending loving-kindness (Metta), we toss our papers into the fire.

After that, we return to the hall, sit in our places, and practice slow, deep breathing for another 10 minutes to attain inner satisfaction. I am sharing this as a memorable exercise. In the photo, the place I have indicated with an arrow is the fire pit, and the circle next to it is the turtle pond.

Photo / AADAP, Inc. - Therapeutic Community (TC)



ကောင်းကင်သို့ စာပို့ခြင်း ( မူးယစ် ပြန်ထူ )



ကောင်းကင်သို့ စာပို့ခြင်း ( မူးယစ် ပြန်ထူ )
 

ကျွန်တော်တို့ သင်တန်းမှာ တစ်လတစ်ကြိမ် လာရောက်သင်ကြားပေးတဲ့ အမျိုးသမီးကြီးတစ်ယောက်ရှိပါတယ်။ သူမက အသားဖြူပြီး Red Indian အယူအဆကို လက်ခံပုံရပါတယ် (ကျွန်တော့်အထင်ပါ)။ သူမ ဝတ်စားတဲ့အခါ ချည်အင်္ကျီအကြမ်း၊ လက်မှာ အရောင်စုံ ကျောက်လက်ကောက်တွေကို ဝတ်ဆင်လေ့ရှိပြီး အသက် ၇၀ လောက် ရှိမယ်ထင်ပါတယ်။ သူမက ယောဂ (Yoga) နှင့် စိတ်တည်ငြိမ်ရေး လေ့ကျင့်ခန်းတွေကို သင်ကြားပေးပါတယ်။
တခါတလေ ခရစ္စမတ် (Christmas) လို အချိန်မျိုးမှာ ကျွန်တော်တို့ ခြေအိတ်လေးတွေကို မိမိကြိုက်နှစ်သက်တဲ့ အဝတ်စနဲ့ လက်နဲ့ချုပ်ပြီး သင်တန်းမှာရှိတဲ့ ခရစ္စမတ်သစ်ပင်အောက်မှာ သွားထားကြရတဲ့ အစီအစဉ်မျိုးလည်း လုပ်ရပါတယ်။
ယောဂနှင့် အသက်ရှူလေ့ကျင့်ခန်းတွေကတော့ မြန်မာတွေနဲ့ ရင်းနှီးပြီးသားဖြစ်လို့ အသေးစိတ် မရှင်းပြတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တစ်လတစ်ခါ လုပ်ရတဲ့ အစီအစဉ်တစ်ခုရှိပါတယ်၊ အဲဒါကတော့ "ကောင်းကင်သို့ စာပို့ခြင်း" ဖြစ်ပါတယ်။ လောကမှာ မရှိတော့တဲ့ မိမိချစ်ခင်ရသူတွေဆီ စာပို့ခြင်းပေါ့။ သူမက အပြာနုရောင် စာရွက်ကလေးတွေကို ကျွန်တော်တို့အားလုံးဆီ ဖြန့်ဝေပေးပါတယ်။ ပြီးရင် ၁၅ မိနစ်လောက် မျက်စိမှိတ်ပြီး စိတ်တည်ငြိမ်မှုယူကြရပါတယ်။ အားလုံးအသံတိတ်နေတဲ့အချိန် ညှင်သာတဲ့ ကြေးခွက်ကလေးကို ခေါက်တဲ့အသံကြားရင် ဖြည်းဖြည်းချင်း မျက်စိဖွင့်ပြီး စာရွက်လေးတွေပေါ်မှာ မိမိချစ်ခင်ရသူများထံ စာရေးပြီး ရင်ဖွင့်ကြပါတယ်။ အချို့သူတွေက စာရေးရင်း မျက်ရည်ကျ နှာရှုံ့သံကြားရပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မေးမြန်းခြင်း မရှိကြပါဘူး။
နောက်တစ်ခါ ကြေးခွက်ကလေးကို "တုန်" ဟူ၍ တီးသံကြားရင် ကျွန်တော်တို့အားလုံး စာရွက်လေးကို ခေါက်ပြီး သင်တန်းခန်းမအပြင်ဘက်ရှိ မီးလှုံရာနေရာမှာ ဝိုင်းဖွဲ့ကြပါတယ်။ ခေတ္တမျှ မေတ္တာပို့ ပြီးနောက် မိမိတို့စာရွက်ကလေးတွေကို မီးပုံထဲသို့ ထည့်သွင်းလိုက်ပါတယ်။
ထို့နောက် သင်တန်းခန်းမထဲ ပြန်ဝင်ပြီး ကိုယ့်နေရာမှာ ထိုင်ကာ စိတ်တည်ငြိမ်မှုရအောင် နောက်ထပ် ၁၀ မိနစ်ခန့် ဖြည်းညှင်းစွာ ရှူသွင်း-ရှူထုတ် လုပ်ရင်း စိတ်ကျေနပ်မှုကို ရယူရတဲ့ လေ့ကျင့်ခန်းတစ်ခုအကြောင်း အမှတ်တရမျှဝေလိုက်ပါတယ်။ ပုံထဲမှာ ကျွန်တော် မြှားနဲ့ ပြထားတဲ့နေရာက မီးပုံနေရာဖြစ်ပြီး၊ သူ့ဘေးက နောက်ထပ် အဝိုင်းလေးကတော့ လိပ်ကန်ဖြစ်ပါတယ်။
ပုံ / AADAP, Inc. - Therapeutic Community ( TC )

 



Tuesday, June 30, 2026

Happy Birthday to you မူးယစ်ပြန်ထူ

 Happy Birthday to you



Happy Birthday to you
=============
ကျွန်တော်နေတဲ့ Los Angels မှာ တစ်နှစ် ၂ ခါ AA, CA, NA တွေ့စုံပွဲနှင့် အပြေးပြိုင်ပွဲရှိပါတယ်၊ ပစဖိတ်သမုဒ္ဒရာကမ်းခြေမှာပြေကြတာဖြစ်ပါတယ်၊
ကျွန်တော်တို့သူငယ်ချင်းတွေစ ပြေးမှတ်ကိုရောက်တော့ အဲ့ဒီမှာ LA မြို့နယ်ပေါင်း ၁၃၀ ခန့်မှ အသင်းဝင်ရာချီရောက်နေကြပြီး ကော်ဖီအစီအစဥ်လုပ်သူကလုပ်၊ ဓါတ်ပုံရိုက်တဲ့အဖွဲ့က အမှတ်တရဓါတ်ပုံတွေရိုက်ပြီး Page မှာစုပြီးတင်ပေးနေပါတယ်၊

မျက်ခင်ပြင်ပေါ်မှာ နံပါတ် ၈ , ၉, ၁၀, ၁၂ စသည်ဖြင့် နံပါတ်အလိုက် သဲထဲမှာ ပြေးရန် အသုံးပြုပြီးဖိနပ်များကို မျှဝေသူ၊ ရယူသူ၊ ကျုပ်တို့အဖွဲ့ကတော့ မနားတမ်း အပင်ပန်းခံပြီး စော်ငန်း၊ ဆေးလိပ်သောက်လုပ်ရပါတယ်။

စတင်တာထွက်တဲ့အခါ ကျွန်တော်တို့အဖွဲ့လိုက်မသွားပါဘူး ကျွန်တော်က ခါးနာ၊ သူငယ်ချင်းက ခြေခေါက် အကြောင်းအမျိုးမျိုးပြသည့်အတွက် သင်တန်းကျောင်းမှ ကားစီစဥ်ပေးသည့်အတွက် အပြေးပြိုင်သူများ ဝာာဝင်မည့်နေရာသို့ကြိုရောက်ပြီး ရောက်လာသူများသောက်ရန် ပြင်ထားသည့် အချိုရေ ဓါတ်ဆားများကို အပြေးရယူပြီးသောက် သဲပြင်မှာ မှောက်နေလိုက်ကြပါတယ်။

အချိန်နှစ်နာရီခွဲခန့်အကြာတွင် ကမ်းခြေမှာလူစုံလေပြီ၊ ကျွန်တော်ကတောာ့ လူသားပီသစွာပင် ကလေးချီအိပ်ဖြင့်အပြေးဝင်သာသူ Single Mother ကို ဝင်ကူပြီး ကလေးယူထားလိုက်ပါတယ်၊ ထို Aferican American သားလေးက ကျွန်တော့်အသဲလေးပါ။ သူလေးက သင်တန်းမှာ မွေးတဲ့ကလေးပါ၊ ကျွန်တော်တို့အားလုံးချစ်ကြပါတယ်။

AA, CA, NA အဖွဲ့သား ၃၀၀ ခန့် ဝိုင်ဖွဲ့ပြီး သဲသောင်ပြင်မှာ ထိုင်လိုက်ပြီးသည့်နောင် တစ်ယောက်မှ ထပြီး လေ Hong ၃ ချက်တီးလိုက်သည့်အတွက် အားလုံး အသံငြိမ်သွားသည့်အခါ၊ အဖွဲ့သားထဲမှ ယနေ့ Organic ဖေါ်ရည်လုပ်ငန်းဖြင့် အောင်မြင်နေသူ၊ အနုပညာရှင် စသည့် ထင်ပေါ်သူများမှ အားပေးစကား လူသစ်များကိုပြောကြာပေးပြီသည့်နောက် ရက် ၃၀ ပြည့် ဆေးဖျက်ထားသူများ အားလုံး အလည်သို့ထွက်ခဲ့ပါဟုခေါ်ပြီး ကျွန်တော်တို့အားလုံးမှ ပြိုင်တူ Happy Birthday သီချင်းသီဆိုပြီး ဘဝသစ်မွေးဖွားလာသူများ အဖြစ် Happy Birthday သီဆို လက်ခုပ်တီးကြပါတယ်၊ ထိုနည်းတူ ၆ လ၊ ၁ နှစ်၊ ၂ နှစ် ၃ နှစ် ၅ နှစ် နှစ် ၃၀ စသည်ဖြင့် အလှည့်ကျခေါ်ပြီး Happy Birthday ဆိုကြ ပျော်ကြလုပ်တာ ၁ နာရီလောက်ကြာပါတယ်၊

ကျွန်တော်ကတော့ ကလေးထိန်း၊ ထိုအစီအစဥ်ပြီးတာနှင့် ကျွန်တော်ကလေးပြန်ပေးပြီး ဒုတိယအစီစဥ်ဖြစ်တဲ့ ၁၅ ယောက်တစ်ဝိုင်း ဘောလုံးပြစ်ပေးရင် သီချင်းဆိုခြင်း တစ်ယောက်လုပ်သည့် အားကစားအတိုင်း အလှည့်ကျလုပ်ရခြင်းတွေကို ဝင်လုပ်နေဖြစ်ပါတယ်၊

ဒီလိုတွေ့စုံပွဲမှာ မိမိတို့ကျွမ်းကျင်ပြီး သည့်အလုပ်များကို ရေးပြီး ဆက်သွယ်ရန် ပိုစ်လေးရေးပြီး ကပ်လို့ရတဲ့ ဘုတ်ရှိပါတယ် အဲ့ဒီမှာ ငါတော့ ဒါလေးလုပ်ချင်တယ် ဆိုပြီးကပ်ကြပါတယ် ၊ ထိုသို့ကပ်ထားသည်များကို ဖိတ်ကြားထားသည့် Angels များ ဘာသာရေးအသင်းတော်များ ၊ မူယစ်ကျော်လွန်အောင်မြင်သူများမှ ကူညီနိုင်တာကူညီလေ့ရှိကြပါတယ်၊ တစ်ယောက်ဆိုလျင် ဒိုနက် မုန့်လုပ်တာ အတော်ကျွမ်းကျင်ပါတယ် ဒီတော့အသင်းတော် ၃ ခုမှ ဒိုနက်အော်ဒါအတွက် ကြိုတင်ငွေထုပ်ပေးပြီး အပတ်စဥ်မှာပေးသည့်အတွက် အရင်းတစ်ခုကောင်းကောင်းရလာပြီး ယခုဆိုလျင် ဆိုင်ပင်ဖွင့်ထားနိင်ခဲ့ပါပြီ။

Drug Abuse Program သင်တန်းကာလအတွင်း ဖုန်းနှင့် ကင်မရာရိုက်ကူးခွင့်မရှိခြင်း၊ AA, CA, NA မူအရ ရှိသည့်ပုံများမှာလဲ မျှခွင့်မရှိပါ။

အမှတ်ရတာလေးတစ်ခုပါ။

မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းများ (AA, CA, NA) အကြောင်း ရှင်းလင်းချက်---
ဤအဖွဲ့အစည်းများသည် တစ်ကမ္ဘာလုံးတွင် အသိအမှတ်ပြုထားသော "၁၂ ဆင့် အစီအစဉ်" (12-Step programs) များဖြစ်ကြပြီး၊ အချင်းချင်း အပြန်အလှန် ပံ့ပိုးကူညီခြင်းနှင့် ကိုယ်ပိုင်အတွေ့အကြုံများကို ဝေမျှခြင်းဖြင့် စွဲလမ်းမှုမှ လွတ်မြောက်စေရန် ရည်ရွယ်ပါသည်။ ၎င်းတို့သည် အမြတ်အစွန်းအတွက် လုပ်ဆောင်ခြင်းမဟုတ်ဘဲ၊ အဖွဲ့ဝင်အချင်းချင်း ကူညီပေးသည့် မူဝါဒဖြင့် လွတ်လပ်စွာ ရပ်တည်သည်။

AA (Alcoholics Anonymous - အရက်ဖြတ်သူများအသင်း): ၁၉၃၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၎င်းသည် ပထမဆုံးသော ၁၂ ဆင့် အစီအစဉ်ဖြစ်သည်။ ဤအသင်းသည် အရက်စွဲခြင်းမှ လွတ်မြောက်လိုသူများအတွက် အဓိကထား လုပ်ဆောင်သည်။

NA (Narcotics Anonymous - မူးယစ်ဆေးစွဲသူများအသင်း): AA ကို စံနမူနာယူ၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ မည်သည့်မူးယစ်ဆေးဝါးကိုမဆို စွဲလမ်းနေသူများအတွက် ရည်ရွယ်သည်။ မူးယစ်ဆေးဝါးကင်းစင်သော ဘဝကို ပိုင်ဆိုင်လိုသူများအတွက် ပံ့ပိုးပေးသော ကွန်ရက်တစ်ခုဖြစ်သည်။

CA (Cocaine Anonymous - ကိုကင်းစွဲသူများအသင်း): ဤအစီအစဉ်သည် ကိုကင်းနှင့် အခြားသော စိတ်ကို ပြောင်းလဲစေသည့် မူးယစ်ဆေးဝါးများ စွဲလမ်းနေသူများအတွက် ဖြစ်သည်။ ကိုကင်းကို အဓိကထားသော်လည်း အခြားသော မူးယစ်ဆေးဝါးစွဲလမ်းမှုများနှင့် ပတ်သက်သည့် အတွေ့အကြုံများကိုလည်း ဝေမျှလေ့ရှိသည်။

အဓိကအချက်များ:

အချင်းချင်း ကူညီမှု: အစည်းအဝေးများတွင် ဆရာဝန်များ သို့မဟုတ် ကျွမ်းကျင်ပညာရှင်များက ဦးဆောင်ခြင်းမဟုတ်ဘဲ၊ အဖွဲ့ဝင်များက ၎င်းတို့၏ ပြန်လည်ထူထောင်ရေး ခရီးစဉ်များကို ဝေမျှခြင်းဖြစ်သည်။

လျှို့ဝှက်ထိန်းသိမ်းမှု (Anonymity): အဖွဲ့ဝင်များ၏ အမည်များကို လျှို့ဝှက်ထားပြီး အစည်းအဝေးအတွင်း ပြောဆိုသမျှကို အပြင်သို့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။ ၎င်းသည် စိတ်ချလုံခြုံပြီး ဝေဖန်မှုကင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။

၁၂ ဆင့် အစီအစဉ်: ၎င်းသည် လမ်းညွှန်မူဝါဒများဖြစ်ပြီး၊ မိမိ၏စွဲလမ်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း ဝန်ခံခြင်း၊ ကိုယ်ပိုင်ယုံကြည်ရာ (သို့မဟုတ်) ဝိညာဉ်ရေးရာ အားအင်တစ်ခုကို ရှာဖွေခြင်းနှင့် ယခင်က ကျူးလွန်မိခဲ့သော အမှားများအတွက် ပြန်လည်ပြင်ဆင်ခြင်းတို့ ပါဝင်သည်။

လွယ်ကူစွာ ပါဝင်နိုင်ခြင်း: အစည်းအဝေးများကို မကြာခဏ (နေ့စဉ်နီးပါး) ကျင်းပလေ့ရှိပြီး အခမဲ့ ပါဝင်နိုင်သည်။
https://koagga.blogspot.com/2026/06/aa-ca-and-na-and-i.html
https://koagga.blogspot.com/2026/06/happy-birthday-to-you-aa-ca-na.html
https://www.facebook.com/john.agga.us/posts/pfbid06FciPTqFuAKf8EjzQ2fxe4cxY3SbEngzXnKnHYZtX8Rp3dGtgt7AjbWLi6aAQ1Dil

AA, CA, and NA and I

 


I live in Los Angeles, where our recovery community—AA, CA, and NA—holds massive gatherings on the Pacific coast twice a year. Imagine hundreds of people from over 130 different LA neighborhoods coming together on the beach. It’s an incredible scene: people setting up coffee stations, photographers capturing memories for our group pages, and rows of running shoes lined up in the sand, categorized by sobriety milestones—8, 9, 10, or 12 years. Some members even swap or donate their shoes to others in need.

My friends and I aren’t exactly the 'marathon runner' types—between my back pain and a friend’s twisted ankle, we’re usually the ones tasked with keeping the drinks and electrolytes cold and ready at the finish line!

About two and a half hours in, the beach is packed. I usually end up playing 'babysitter' for a single mother in our group, holding her baby while she finishes the run. That little boy is an African American sweetheart—he’s like our community’s own child, and we all adore him.

Once everyone is gathered, about 300 of us sit in a large circle on the sand. A single horn blast signals silence. We hear from successful members—entrepreneurs and artists who are now thriving—sharing words of encouragement. Then comes my favorite part: the 'Birthday' celebration.

We call out everyone based on their sobriety milestones—30 days, 6 months, 1 year, all the way up to 30 years. As each group stands up, the rest of us sing 'Happy Birthday' to them. It’s a beautiful way to honor their 'rebirth' into a new life. It’s a tradition that lasts about an hour, full of joy and applause.

Afterward, we move into smaller groups for fun activities, like tossing a ball around while singing and sharing stories. There’s also a 'Community Board' where members post their skills or businesses. It’s amazing to see how people get support here. I remember one member who was incredible at making donuts; three different local churches saw his post, pre-ordered his donuts, and provided the capital he needed to finally open his own shop!

It’s these moments of connection that really show what our recovery community is all about—helping each other turn a new page, one day at a time.


The Current State of the Yangon Real Estate Market (2026)

The Current State of the Yangon Real Estate Market (2026) In 2026, the Yangon real estate market continues to operate on a trajectory that d...