Showing posts with label agga. Show all posts
Showing posts with label agga. Show all posts

Distinguish the Person from the Policy

 

Distinguish the Person from the Policy




This is a story about a life caught between personal conviction and human connection.

I was born and raised within the elite social circles of the Myanmar Socialist Programme Party (BSPP) era, surrounded by high-ranking officials and their families. However, my worldview shifted in the seventh grade. After reading about the "Bourgeois Revolution" in my history book, I realized that the government’s official philosophy—the "System of Correlation of Man and His Environment"—was nothing more than empty rhetoric. Despite being a direct beneficiary of that privileged world, I chose my convictions over comfort. I left my home, moved into the Thayet Taw Monastery, and joined the movement against the regime.

One defining moment occurred when the "People’s Pearl and Fishery Enterprise" was besieged by protesters. Among those trapped inside were Director General Major Han Tun and Director Major Myint Lwin—men I had grown up respecting as uncles. Using our influence as student leaders in Ahlone Township, my comrades and I provided them with a security detail and brought them safely to my own home.

In that moment, I lived the lesson that would define my life: You must distinguish the person from the policy. It was a complicated reality; at that time, my own father was the Party Chairman of Kyauktada Township and a Director at the Department of Fisheries.

After the 1988 uprising, I faced intense suspicion from my fellow revolutionaries. While serving on the Western District Security and Organizing Committee, Military Intelligence contacted my father to summon me for a meeting. When I later discovered exactly who within my own movement had informed on me, the sense of betrayal was so profound that I had to step away from activism for a time.

That pain still resurfaces today. Based on everything I have endured, I want to emphasize to those in the current revolution: Distinguishing "the person" from "the system" is vital. I say this because I see the current military regime attempting to use these same psychological traps to sow distrust against leaders like Captain Nay Myo Zin and several of my friends.

History shows us that even in the heat of war, humanity can survive:

  • In Myanmar: Before the 1963 peace talks, when rebel leader Thakin Than Tun fell ill in the jungle, his rival General Ne Win had life-saving medicine dropped to him by plane.

  • In the U.S. Civil War: President Abraham Lincoln famously visited wounded Confederate soldiers in hospitals. He didn’t view them as enemies to be hated, but as brothers who had lost their way.

  • In World War I: During the 1914 "Christmas Truce," German and British soldiers stepped out of their trenches into "No Man’s Land." They traded gifts, sang carols, and played soccer. Their commanders ordered them to kill, but the men chose a moment of peace as fellow human beings.

In the current civil war in Myanmar, I stand firmly with the resolve to fight until the end. Yet, my heart is heavy. Among the new generation of officers on the opposing side, I see faces I watched grow up. For me, this war feels like being forced to amputate one's own hand to save the body. It is a necessary struggle, but the pain is deeply personal.

"လူ" နှင့် "မူ" ခွဲမြင်ပါ

"လူနှင့်မူ ခွဲမြင်ပါ"
=============


ယုံကြည်ချက်နဲ့ ခင်မင်ပတ်သက်မှုကြားက ဘဝအကြောင်းပါ။

ကျွန်တော်ဟာ မဆလခေတ် လူကြီးပိုင်းတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲ မိသားစုအသိုင်းအဝိုင်းထဲမှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ ဒါပေမဲ့ ၇ တန်း သမိုင်းသင်ခန်းစာမှာ 'ဘူဇွာတော်လှန်ရေး' အကြောင်း ဖတ်မိပြီးတဲ့နောက် မဆလရဲ့ 'အညမည သဘောတရား' ဆိုတာ စကားလုံးတွေသက်သက်ပဲဆိုတာ လက်တွေ့မျက်မြင် သိရှိခဲ့ရပါတယ်။

ထိုအသိုင်းအဝိုင်းကနေ အကျိုးခံစားခွင့်ရှိသူ ဖြစ်လင့်ကစား၊ မိမိယုံကြည်ချက်အတွက် အိမ်ကနေဆင်းပြီး သရက်တောကျောင်းတိုက်မှာ နေထိုင်ကာ အစိုးရကို ဆန့်ကျင်ခဲ့သူပါ။

'ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်း' အဝိုင်းခံရစဉ်ကလည်း ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဟန်ထွန်း၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးမြင့်လွင်နှင့် မိမိဦးလေးကဲ့သို့ ခင်မင်ရသူများကို မိမိတို့ အလုံမြို့နယ် ကျောင်းသားအင်အားနဲ့ လုံခြုံရေးပေးပြီး ကျွန်တော့်အိမ်ကို ခေါ်ဆောင်ပေးခဲ့ပါတယ်။

မိမိရဲ့ အခြေအနေအရ 'လူနှင့်မူ' ခွဲမြင်တတ်ဖို့ ဘဝပေးသင်ခန်းစာအဖြစ် ကြုံတွေ့ခဲ့ရတာပါ။ ထိုအချိန်က ကျွန်တော့်အဖေဟာ အမှတ်မမှားရင် ကျောက်တံတားမြို့နယ် ပါတီဥက္ကဋ္ဌ ဖြစ်သလို ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားရေးမှူး တစ်ယောက်လည်း ဖြစ်ပါတယ်။

ကျွန်တော်ဟာ ၈၈ နောက်ပိုင်းမှာ တော်လှန်ရေးရဲဘော်ရဲဘက်တွေရဲ့ အထင်အမြင်လွဲမှားမှုတွေကို အများကြီး ခံခဲ့ရပါတယ်။ မြေအောက်တော်လှန်ရေးကာလ၊ အနောက်ပိုင်းခရိုင် လုံ/စည်း တာဝန်ယူစဉ်မှာ ထောက်လှမ်းရေးက ကျွန်တော့်ဖခင်ဆီ သတင်းပေးပြီး ကျွန်တော့်ကို ခေါ်တွေ့ခဲ့ပါတယ်။ ကျွန်တော့်အကြောင်း ဘယ်သူတွေ သတင်းပေးတယ်ဆိုတာပါ သိလိုက်ရတဲ့နောက်မှာ ကျွန်တော် ကာလတစ်ခုအထိ လက်ရှောင်ခဲ့ရပါတယ်။

ဒီခံစားချက်ကြီးက ယနေ့တိုင် ခဏခဏ သက်ရောက်လေ့ရှိပါတယ်။ ဒီသင်ခန်းစာအရ လက်ရှိတော်လှန်ရေးမှာလည်း 'လူ' နဲ့ 'မူ' ကွဲပြားစွာ ခွဲခြားနားလည်ဖို့ အလွန်အရေးကြီးပါကြောင်း အထူးအသိပေးချင်ပါတယ်။ ဒီအချက်ကို ပြောရတာကတော့ လက်ရှိစစ်အုပ်စုဟာ ဗိုလ်ကြီးနေမျိုးဇင်နဲ့ အချို့သော ကျွန်တော့်သူငယ်ချင်းတွေကို ထိုသို့သော အကွက်ထဲ ဆွဲထည့်ဖို့ ကြိုးစားနေကြောင်း သိလာရလို့ပါ။

လူနှင့်မူခွဲပြီး စည်းရုံးတာကို တကယ့်ကို ကျင့်သုံးခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

ဥပမာ - ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလမတိုင်ခင်နဲ့ ကာလအတွင်းမှာ သခင်သန်းထွန်း နေမကောင်းဖြစ်ချိန် ဗိုလ်ချုပ်နေဝင်းက ဆေးဝါးတွေကို လေယာဉ်နဲ့ ချပေးခဲ့ဖူးတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။

အမေရိကန် ပြည်တွင်းစစ်ကာလမှာလည်း အေဘရာဟမ် လင်ကွန်းဟာ ဒဏ်ရာရနေတဲ့ ရန်သူတောင်ပိုင်းတပ်သားတွေကို ဆေးရုံတွေမှာ သွားရောက်ကြည့်ရှုလေ့ရှိပြီး ၎င်းတို့ကို ရန်သူလို့မမြင်ဘဲ လမ်းမှားရောက်နေတဲ့ ညီအစ်ကိုတွေလို ဆက်ဆံခဲ့ပါတယ်။

၁၉၁၄ ခုနှစ်ကလည်း ဂျာမန်တပ်တွေနဲ့ ဗြိတိန်တပ်တွေဟာ ရှေ့တန်းစစ်မျက်နှာက "No Man's Land" လို့ခေါ်တဲ့ ကြားနယ်မြေမှာ ဆုံတွေ့ကြပြီး လက်ဆောင်တွေလဲလှယ်တာ၊ အတူတူ သီချင်းဆိုတာနဲ့ ဘောလုံးကစားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ စစ်ဦးစီးချုပ်တွေက မူဝါဒအရ တိုက်ခိုက်ခိုင်းပေမဲ့ စစ်သားတွေက "လူ" အချင်းချင်းအဖြစ် ခေတ္တငြိမ်းချမ်းရေး ယူခဲ့ကြတာ ဖြစ်ပါတယ်။

ယနေ့ မြန်မာ့ပြည်တွင်းစစ်မှာ အပြီးတိုင်တိုက်ဖို့သာ ဆန္ဒပြုရပ်တည်ရသော်လည်း ရင်ထဲမှာတော့ မသက်သာလှပါ။ လက်ရှိ တက်လာတဲ့ လူငယ် G1 (စစ်ဦးစီးအချို့သည် မိမိရှေ့မှာ ကြီးလာသူအချို့ ပါဝင်နေပါသည်)။ ဒီတော့ ပြည်တွင်းစစ်ဆိုတာ ကျွန်တော့်အတွက်တော့ ပုပ်နေတဲ့ ကိုယ့်လက်ကို ကိုယ်ပြန်ဖျက်ရသလိုမျိုး အလွန်နာကျင်ရပါတယ်။

https://koagga.blogspot.com/2026/04/distinguish-person-from-policy.html

အောင်မျိုးလွင်

ငါသိသမျှ ယာဘ












ကျွန်တော် ယာဘဆိုတာကို စမြင်ဖူးတာ ၂၀၁၂ ခုနှစ်ခန့်က ဖြစ်မယ်ထင်ပါတယ်၊ ရွှေလီသွားရင်း သတိပြုမိလာတာပါ။ ရွှေလီမြို့ အချို့နေရာတွေမှာ ကောင်မလေးတွေ ရောင်းတာ သတိပြုမိခဲ့တယ်။
နောင် Computer အပိုပစ္စည်းသွင်းတဲ့ လောကထဲ ရောက်လာတော့ ပိုသတိပြုမိလာတယ်၊ သတိပြုမိတယ်ဆိုတာက ဒီလို... ကျွန်တော်လည်း တရုတ်ပြည်မှ Computer အပိုပစ္စည်းသွင်းတယ်၊ သူတို့ဝယ်တဲ့ဆိုင်တွေမှာပဲ ကျွန်တော်လည်း ဝယ်တာပဲ၊ ဒါပေမဲ့ ဘယ်လိုမှ ဈေးချင်းပြိုင်မရောင်းနိုင်ဘူး။
ဆိပ်ကမ်းသာလမ်းရှိ အချို့ဆိုင်တွေဟာ ရွှေလီဈေးနှုန်းနဲ့ တူနေတယ်။ ဒါနဲ့ ရွှေလီက တကယ့်စီးပွားရေးသမားကြီးတွေနဲ့ တွေ့တော့မှ သဘောပေါက်လာတယ်။ သူတို့က Computer အပိုပစ္စည်း သွင်းနေတာမဟုတ်ဘဲ ယာဘသယ်ယူရေး လုပ်နေတာ။ သူတို့ပစ္စည်းတွေ ရန်ကုန်ရောက်ရင် အမြန်ရောင်းထွက်သွားရင် ရပြီဆိုတဲ့သဘော၊ ဒီတော့ ဆိုင်တွေကို 'ဘာလိုချင်လဲယူ၊ အကြွေး၊ ကြယ်ခေါင်ဈေး' (နံပါတ်တစ် ဈေးနှုန်း) ဆိုတော့ ကျုပ်လည်း သွင်းမနေတော့ဘူး၊ သူတို့ဆီက ယူရောင်းရတဲ့ဘဝ ရောက်သွားတယ်။
နောက်ပိုင်း ယာဘက မန္တလေးမှ မောင်တော၊ ရန်ကုန်မှ ငါးလှေများဖြင့် စစ်တွေ 'မင်းဂံ' လှေစစ် စခန်း၊ အဲ့ဒီမှတစ်ဆင့် မောင်တော၊ ဘင်္ဂလားဒေ့ရှ်ကို သွားတယ်။ သိပ်မကြာလိုက်ပါဘူး၊ မောင်တော၊ ဘူးသီးတောင်ဘက်မှာ ယာဘထုတ်လုပ်နိုင်တဲ့ အခြေအနေရောက်လာပြီး စစ်တပ်နဲ့ သူတို့ဟာ ရခိုင်အရေးအခင်း ပြဿနာတွေကြောင့် လူတွေမလာ၊ မသွားနိုင်အောင် သတင်းတံခါးပိတ်ပြီး အထဲမှာ အတူတူ ဝေစုခွဲစားနေခဲ့ကြတာပါ။ ဒါတွေကို Bangladesh ထောက်လှမ်းရေးတွေလည်း သိပါတယ်။ နိုင်ငံတကာ Report တွေကို Google Search မှာ သွားဖတ်ကြည့်ပါ။
ကျွန်တော်က ဖန်တီးပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ရခိုင်ပြည်နယ်အတွင်း အတော့်ကို သတင်းရရှိသူဖြစ်ပြီး၊ Bangladesh ဆိုတာ မိမိရဲ့ ဒုတိယအိမ်လို ဖြစ်နေပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ 'ကျွန်တော်နှင့် လေယာဉ်ပျက်ကျမှုများ' တွင်ပါသည့် စစ်တွေမှ Bangladesh ကောင်စစ်ဝန်ဆိုသူဟာ နောင် Bangladesh မှာ ထောက်လှမ်းရေး တပ်မှူးကြီးဖြစ်ပြီးမှ ပင်စင်ယူသွားသူ ဆိုတာကိုလည်း သိစေချင်ပါတယ်။
ဒီတော့ သူတို့တွေကလည်း ဒီသတင်းတွေ အပြည့်အဝသိတယ်။ ထိုအချိန်က Chittagong မှာ မြန်မာပြည်နယ်စပ်မှကြီးပြင်းပြီး Chittagong မှာ သူဌေးဖြစ်နေသူ တစ်ယောက်ကိုတောင် RAB (Rapid Action Battalion) တပ်ခွဲက ဖမ်းလိုက်ပါသေးတယ်။ ထိုအချိန်က ကျွန်တော် Bangladesh ကို ထိုအဖမ်းခံရသူ၏ ဇနီးဖြစ်သူနှင့် လေယာဉ်အတူစီးပြီး ရောက်သွားတဲ့ အချိန်ပါ။
ဒီတော့ ကျွန်တော် Chittagong RAB တပ်ဖွဲ့၏ အကြီးအကဲ Mr. Amdat ကို ဆက်သွယ်ပြီး မေးကြည့်တော့ အဆင်မပြေပါဘူး။ ဝင်မပါရန် တားမြစ်သည့်အတွက် မကူညီနိုင်ခဲ့ဘူး။ ဖြစ်ချင်တော့ ထိုအချိန်က Bangladesh နိုင်ငံရဲ့ Financial Minister က Chittagong မှ ဖြစ်နေတော့ သူ Chittagong မှာ ဝါဖြေပွဲ ( ဥပုဒ်ဖြေပွဲ ) တက်ရောက်စဉ် သူနဲ့ခင်မင်တဲ့ ထိုမြန်မာမိတ်ဆွေကို တွေ့ချင်ကြောင်းပြောမှ RAB တပ်ဖွဲ့က အာမခံပေးပြီး ပြန်လွှတ်ပေးခဲ့သည်ကို အမှတ်ရမိပါတယ်။
ယာဘတွေဟာ နောက်ပိုင်း ရန်ကုန်မှာ ပလူပျံ၊ နေရာတိုင်းရလာတယ်။ ပထမတော့ တစ်လုံး ၃ ထောင်၊ ၁၀ လုံးကို ခဲပတ်လေးနဲ့ စည်းထားတာကို တစ်တန်းလို့ခေါ်တယ်၊ ၃ သောင်းပေါ့။ ဒါပေမဲ့ မူဆယ်မှာ ၄၅၀ ကျပ်ပဲ ရှိတယ်။ မြို့ကြီးတွေအဝင်မှာ ဈေးက ဒုန်းဆိုပြီး ထိုးတက်သွားတာ။ ရန်ကုန်မှာ 'တပ်ကထုတ်တဲ့ ယာဘ' ဆိုပြီးရှိတယ်၊ သူက Ice နည်းတယ်၊ ကွာလတီမကောင်းဘူး။
နောက်ပိုင်း ရန်ကုန်မှာ ကုန်ကားထဲမှာ ထုတ်နေတဲ့ အဖွဲ့အချို့ရှိတယ်လို့ သိရတယ်၊ သူတို့ပစ္စည်းကောင်းတယ်။ ခဲပတ်ပေါ်တင်ပြီး မီးနဲ့ တစ်လိုင်းလောက် ဆွဲလိုက်ရင် လက်လက် လက်လက် ထနေရင် ဒါ ICE ပါတာမို့ ကောင်းတယ်လို့ ခေါ်တယ်။ ဒန (ဒုစရိုက်နှိမ်နင်းရေး) တွေက နှင်းဆီနံ့ကို အိမ်ရှေ့က ဖြတ်သွားရင်တောင် ဒီအိမ် ယာဘသုံးမှန်း တန်းသိတယ်။ ပြီးတော့ ဒနတွေက ဝင်ရှာရင် ခဲပတ်၊ မီးခြစ်၊ အတ်၊ ရေသန့်ဗူး၊ အချိုရည်ပိုက်နဲ့ ပစ္စည်း (ယာဘ) ကို အရင် မရှာဘူး အဓိက သတိထားကြည့်တာက ပီကယ်နဲ့ ပီကယ်အစအန။
အဲ့ဒါတွေ့ရင် ဒါ ယာဘအသုံးပြုနိုင်တယ်လို့ မှတ်ယူတတ်ပါတယ်။
နောင် Bangladesh မှာ ယာဘ ထုတ်လုပ်လာပါတယ်။ အဲ့ဒီနောက် ရခိုင်မှာ ဈေးကွက်အတော်ပျက်၊ အချင်းချင်း တပ်နဲ့ ေဒသခံတွေ ပြဿနာတက်ကုန်ကြတာပါပဲ။
(ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဇာတ်လမ်းတစ်ပုဒ်၊ အမြင်တစ်ခုလို့ သဘောထားပြီး ယူပေါ့။)
မှတ်ချက် _ ဆေးခြောက်မှာ အမေရိကား၊ ကျန်တဲ့မူးယစ်ဆေးတွေမှာ မြန်မာပြည်က တကယ့်ကို အကောင်းစား။
အောင်မျိုးလွင် ( ရွှီး )
https://www.aljazeera.com/.../i-carry-yaba-to-survive...
https://edition.cnn.com/.../methamphetamine-yaba-bangladesh

ကျွန်တော်နှင့် လေယာဉ်ပျက်ကျမှု



ကျွန်တော်နှင့် လေယာဉ်ပျက်ကျမှု
=====================



ဘဝမှာ ၂ ကြိမ်တိုင် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့် နေရာသို့ ရောက်ရှိခဲ့ဖူးပါသည်။
ပထမတစ်ခုကတော့ ၁၉၈၇ ခုနှစ်၊ ကျွန်တော့်ဖခင် ဦးစိန်လွင်၊ ဗိုလ်မှူးမြင့်လွင်နှင့် ကိုငွေစိုးတို့ဟာ ပုလဲကျွန်းဘက်သို့ ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း အထူးရေယာဉ်ဖြင့် ကိုရီးယားမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာသည့် Dongwon Fishing သင်္ဘောသို့ သွားရောက်ခဲ့ပါသည်။
ထိုသို့ မြန်မာ့ပင်လယ်ပြင်သို့ ရောက်ရှိနေစဉ် Korean Air Flight 858 သည် ကျွန်တော်တို့ရှိနေသည့် မြန်မာ့ပင်လယ်ပြင်တွင် ပျက်ကျသွားသည့်အတွက် ပင်လယ်ပြင် လုပ်ထုံးလုပ်နည်းအရ ကူညီကယ်ဆယ်ရေးအတွက် အမြန်ဆုံး ထိုနေရာ ပတ်လည်သို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်ရှိစဉ် Dongwon သင်္ဘောမှ ရေပေါ်တွင် ပေါ်နေသည့် လေယာဉ်အစိတ်အပိုင်းအချို့ကို ဆယ်ယူထားသည်ကို တွေ့ရပါသည်။ ပထမတစ်ခုကတော့ ဒီလောက်ပါပဲ။ (ထိုစဉ်က ဘဝမှာ ပထမဆုံးအကြိမ် ကိုရီးယားခေါက်ဆွဲနှင့် ကင်ချီ စားဖူးခြင်း ဖြစ်ပါသည်။)
ဒုတိယဖြစ်စဉ်ကတော့ ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်၊ မြန်မာ့ပြည်တွင်းလေကြောင်းမှ Fokker F-27 Friendship 600 သည် စစ်တွေလေဆိပ်သို့အဆင်း အမြင့်ပေလျှော့ချစဉ် အရှေ့ဖရုံကာကျွန်း တောင်ထိပ်ရှိ သစ်ပင်နှင့် တောင်ပံထိပ် ထိမိသည့်အတွက် လေယာဉ်မှာ အရှိန်ဖြင့် လည်ထွက်ပြီး တောင်နံရံနှင့် တိုက်မိပျက်ကျခြင်း ဖြစ်ပါသည်။
ထိုကိစ္စ ဖြစ်ပွားပြီးချင်း ကျွန်တော်တို့ ငါးဖမ်းလှေများကို ထိုဖြစ်စဉ်နေရာသို့ ကူညီကယ်ဆယ်ရေးလွှတ်ရန် ဒေသအာဏာပိုင်များမှ ညွှန်ကြားလာသဖြင့် လှေသား ၈၀ ခန့် စေလွှတ်လိုက်ပါသည်။ တောင်တက်လမ်း ရှင်းလင်းခြင်းနှင့် ကျွမ်းကျင်အဖွဲ့တစ်ခုမှ ရဟတ်ယာဉ် အရေးပေါ် ဆင်းသက်နိုင်ရန် ကွင်းနေရာ ရှင်းလင်းပေးခဲ့ပါသည်။ ရောက်ရှိလာသည့် ဆေးတပ်သားများမှ အလောင်းများအား စစ်ဆေးမှတ်တမ်းယူကြပြီး၊ တစ်ဦးစီ၏ ကိုယ်ပေါ်ပါ ရွှေထည်ပစ္စည်းများကို နာမည်နှင့်တကွ သိမ်းဆည်းရယူပေးခြင်း၊ သေဆုံးရသည့် အကြောင်းရင်း (ဥပမာ- နံရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း စသည်) တို့ကို မှတ်တမ်းတင်ကြပါသည်။ သေဆုံးသူများ၏ အင်္ကျီများမှာ အပိုင်းပိုင်း စုတ်ပြဲပွင့်ထွက်ကုန်သော်လည်း ချုပ်ရိုးနေရာများမှာမူ အကောင်းအတိုင်း ရှိနေသည်ကို တွေ့ရပါသည်။
ထိုလေယာဉ်မှာ ကုန်တင်လေယာဉ် (Cargo) ဆိုသော်လည်း လူအများအပြား ပါဝင်ခဲ့ပါသည်။ ကျွန်တော် မှတ်မိနေသည်မှာ စားသောက်ကုန်တွန်းလှည်းဘေးတွင် ခွေခွေလေး သေဆုံးနေသည့် မွတ်စလင် လေယာဉ်မယ် မခင်အုန်းမြင့် ဖြစ်ပါသည်။ နောင်တွင် ကျွန်တော်သည် သူမ၏ ဖခင်ဖြစ်သူ Chief Engineer နှင့် သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး Agency အတူလုပ်ကိုင်ဖြစ်ပါသေးသည်။
သူမ၏ ပုံရိပ်ကိုတော့ ယနေ့တိုင် မျက်စိထဲတွင် အမှတ်ရမိနေပါသည်။ ထို့ပြင် ထိုင်ခုံတွင် မီးလောင်သေဆုံးနေသူ တစ်ဦးကိုလည်း အမှတ်ရမိပါသေးသည်။ သေဆုံးသူများအား ထိုနေရာတွင်ပင် မီးသင်္ဂြိုဟ်ပြီး ပြာအိုးများကို ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ ထိုဖြစ်စဉ်များမှာ ကျွန်တော့်ဘဝ၏ မှတ်သားဖွယ် အတွေ့အကြုံများပင် ဖြစ်ပါသည်။
မှတ်ချက် - ကိုငွေစိုးဟာ သောက်မထားလျှင် အလွန်စကားပြော အေးဆေးသူဖြစ်ပြီး Chivas ဝီစကီကို ကြိုက်နှစ်သက်သူ ဖြစ်သည်။
https://koagga.blogspot.com/.../04/me-and-plane-crashes.html
အောင်မျိုးလွင် ( အဂ္ဂ )
#AungMyoLwin #Agga #LifeExperiences #PlaneCrash #History #KoreanAir858 #FokkerF27 #RescueMission #MyanmarAirways #Memories #Sittwe #RakhineState #MaritimeRescue

Me and Plane Crashes

 

Me and Plane Crashes




Twice in my life, I have been to the sites of airplane crashes. 

The first incident was in 1987. My father, U Sein Lwin, Major Myint Lwin, and Ko Ngwe Soe went to the Dongwon Fishing vessel, which had arrived from Korea for fishing operations on a special People's Pearl and Fishery vessel towards Pearl Island. While we were in Myanmar waters, Korean Air Flight 858 crashed in the area. According to maritime protocols, we rushed to the surrounding area for rescue operations. When we arrived, we saw that the Dongwon ship had already recovered some aircraft parts floating on the water. That was about it for the first incident. (That was also the first time in my life I tasted Korean noodles and Kimchi.) 

The second incident occurred on July 2, 1999. A Fokker F-27 Friendship 600 from Myanmar Airways was descending into Sittwe Airport when its wingtip clipped a tree on the peak of East Pharyonkar Island. The plane spun out with momentum and crashed into the mountainside. Immediately after the incident, local authorities instructed us to send our fishing boats for rescue operations, and we dispatched about 80 crew members. 

We cleared mountain paths and prepared an emergency landing spot for helicopters with a specialized team. Medics arrived to examine and record the bodies, collecting gold jewelry from each individual along with their names, and documenting the causes of death (e.g., broken ribs, dislocations, etc.). Although it was a cargo plane, many people were on board. What I vividly remember is a Muslim flight attendant, Ma Khin Ohn Myint, who died curled up next to a food trolley. Later, I even worked with her father, a Chief Engineer, in a seafarer recruitment agency. 

Her image remains in my mind to this day. I also remember someone who had burned to death in their seat. The deceased were cremated on-site, and the urns were sent back to Yangon. These events remain memorable experiences in my life. 

Note: Ko Ngwe Soe ( General Nay Win Son's ) is a very calm speaker when not drinking and enjoys Chivas Regal whisky. 

Aung Myo Lwin (Agga)"


Suggested Hashtags: #AungMyoLwin #Agga #LifeExperiences #PlaneCrash #History #KoreanAir858 #FokkerF27 #RescueMission #MyanmarAirways #Memories #Sittwe #RakhineState #MaritimeRescue

အရှိတရား ကို အသိတရားနဲ့ ယှင်

၁၀ တန်းအောင်စာရင်းသွားကြည့်ဘို့ မနက် ၂ နာရီလောက်ကြီး ဂိုထောင်ထဲက Master Jeep ကို သူငယ်ချင်းတွေနဲ့ လမ်းထိပ်အထိ တွန်းထုတ်သွားလိုက်တယ် ကယ် ဘယ်ရမတုန်း အိမ်းက ဘိုးတော် ဘွားတော်တွေ မသိရုံတင်မက ရပ်ကွတ် ပါမသိ၊ ပထမဆုံးတော့ ရန်ကုန် ဘူတာကြီးနားက ညလုံးပေါက် Tea Shop လေးမှာ သွားစားလိုက်တယ် ပြီးတော့မှ အောင်စာရင်း သွားကြည့်တော့ သူငယ်ချင်းတွေနဲ့ တိုးဝှေ့ပြီး ကြည့်တာပေါ့ ၊ ပျော်တဲ့ အကောင်က ပျော်၊ ဆဲတဲ့ အကောင်ကဆဲ၊ ကယ် နောက်ဆုံးတော့ ကျွန်တော့် နာမည် ပါမလားပါဘူး၊
 

ဘယ်ရမတုန်း လသာ ( ၂ ) ကိုသွားပြီး ရည်းစားအောင်မအောင်တော့ ကြည့်လိုက်အုံးမယ်ဆိုပြီး သူငယ်ချင်းတွေကို ခေါ်ပြီး အင်နဲ့ အားနဲ့ကို သွားအားပေးဘို့ ချီတက်သွားတာပေါ့ ဟင် လူတွေအုံ ကြည့်နေတဲ့ ဘေးတစ်နေရာမှာ ငိုနေသူလေးကတော့ ကျုပ်ချစ်ရတဲ့ ကောင်မလေးပါလား ၊ ဒါနဲ့ဘဲ သူငယ်ချင်းတွေကို ဟေ့ရောင်တွေ အသာနေခဲ့ပေးတော့ အခြေအနေမကောင်းဘူး ဟုဆိုကာ ကျွန်တော် သူအနားကပ်ပြီး မေးလိုက်တယ် ဟေ့ နင်စာမေးပွဲကျတယ်မလား၊ မဖြေ ငိုသာငို နေတော့တာပါဘဲ .. သူ့ သူငယ်ချင်းတစ်ယောက်က အနားမှ မနေနိုင်မထိုင်နိုင် ဝင်ဖြေတယ် အောင်တယ်ဟေ့ အောင်းတယ် သချာၤ ဒီမပါလို့တဲ့ ။။ ဟိုက်

 

အဲ့ဒီတော့မှ ကျုပ်ရည်းစားက နင်ကျတယ်မလား လို့ ဆိုလာတော့ ကျွန်တော်လည်း ဘာပြောရမည်မသိ" နင်ဘယ်လိုသိလဲ  '' လို့မေးတော့"  နောက်ဆုံးနေ့ သွားမဖြေဘူးလို့ ရှင့်သူငယ်ချင်းတွေဘဲ ပြောတာလေ".... ဒီကောင်တွေ ကို သချိုင်းပို့ ရအုံးမယ်...

ရှင်မို့လို့ မရှက်ဘူး စာမေးပွဲ မဖြေဘဲ အောင်စာရင်းသွားကြည့်နေသေးတယ် လို့ ဆိုပြန်တော့ ဟိုက်... ဒါနဲ့ဘဲ NDF ကာရာအိုကေ ဆိုင်မှာ လင်းလင်းရဲ့ သီချင်း ကိုယ်ဘက်က မှားတာပါ သီးချင်းအော်ဆိုလိုက်တယ်

 

ဒီဖြစ်ရပ်က မြန်မာပြည်သား ကျုပ်အတွက် သိပ်ရှက်စရာမဟုတ် လုပ်ချင်ရာလုပ် အဟုတ်ဘဲ နိုင်ငံရေးကြိုက်သလို လုပ် ထောင်မကျတဲ့ နိုင်ငံ ကျုပ်တို့ တစ်နိုင်ငံထဲရှိတယ်.. မယုံဘူးလား မြန်မာပြည်မှာ နိုင်ငံရေး အမှု့နဲ့ ထောင်ကျနေတဲ့ သူတစ်ယောက်လောက်ပြပါလား ?

 

တိုင်းသိ ၊ ပြည်သိ ၊ ကမ္ဘာသိ နိုဘလ် ဆုရှင် ဒေါ်အောင်ဆန်းဆုကြည်က ကျုပ်တို့ နိုင်ငံမှာတော့ သာမာန်ပြည်သူတစ်ယောက်ဘဲ ...သာမာန်မဟုတ်တဲ့ ပြည်သူတွေက ဘယ်သူတွေလဲ ကျုပ်မသိ

ဒါပင်မဲ့ မင်းသမီးမဟုတ်တဲ့ အတွက် ဂျာနယ်များမှာ ထင်ထင်ပေါ်ပေါ်ဖေါ်ပြခွင့်မရှိတာလေးကလွဲလို့ ၊

ချစ်လေး

ကိုယ့် စိတ်ဓါတ်တွေ ပြိုကွဲ ယိုင်လည်းနေခဲ့ရင်

ကိုယ့်ကို အားပေးပါ မေတ္တာတွေနဲ့ စကားလေးပြောပေးပါ၊



ကိုယ် အလုပ်တွေများပြီး စိတ်တွေရှုပ်လို့ စိတ်တွေတိုနေရင်

တီတီတာတာ စကားတွေနဲ့၊ အာရုံပြောင်းပေးလှည့်ပါ၊



ကိုယ်သိပ် ပျော်မြူးပြီး ထွေရာလေးပါတွေ စကားတွေ ဖေားနေရင်

ကိုယ့်ကို တိုးတိုးလေး အနားလာပြီး သတိပေးစကားပြောပေးပါ၊



ကိုယ် အတ္တတွေများပြီး အများအကျိုးကို ကိုယ့်အကျိုးအတွက်သုံနေရင်

မင်းလေး ကိုယ့်ကို ထားသာသွားလိုက်ပါတော့ ကိုယ်မင်းကို တစ်နေ့ ဒုက္ခပေးတော့မှာ -



တင်းပြမှု့လေး တစ်ခုပါ

လေးစားစွာဖြင့်

အဂ္ဂ

My Dream, My Prayer, and the Awakening of the Great Tide: WAVE

 


This is no mere blueprint on paper. This is a vision born from countless sleepless nights—a desperate cry of the soul and a prayer etched in the silence of the heart.

I have a dream... I dream of a day when the sacred prayer flags atop the peaks of Tibet dance freely in the winds of liberty, unburdened by oppression. I see families in the Uyghur lands of Xinjiang embracing once more, their hearts lightened of fear. I envision the ancient cultures of Manchuria and Mongolia breathing again—not swallowed by shadows, but thriving with dignity and grace.

I pray... I pray for the shores of Taiwan to be cleansed of the looming anxiety of invasion. And for my motherland, Myanmar, I pray for a destiny carved by our own hands—to be a nation of true sovereignty, not a puppet for the self-interest of global powers. May this be the final awakening for every small nation across the globe currently drowning in debt, forced to pawn their land, their water, and their very soul.

To turn these dreams into reality, I pledge my spirit to the rise of WAVE: The World Alliance against Vulnerable Exploitation.

WAVE is more than an organization. It is the gathered strength of the bullied. It is the collective heartbeat of the oppressed.

  • My Will: To erode the predatory hegemony that turns the future of small nations into "waste dumps" under the deceptive guise of "development" and "economic aid."

  • My Strategy: To drag secret contracts out of the darkness and into the blinding light of transparency. We will interlock the hands of nations enslaved by fear. We will ensure that the roar of our collective tide drowns out the whispers of individual despair.

  • My Tactics: Technology and data shall be our Shield. Diplomacy and the public voice shall be our Spear. We will meet their "Dollar Diplomacy" with the unyielding power of Human Dignity.

This tide will rise, inch by inch. Today, we may be but a few scattered drops. But tomorrow, we shall become the cleansing ocean—a force of nature that washes away the thrones of those who dared to trample upon the weak.

This is my dream. This is the genesis of WAVE.


Aung Myo Lwin @ Agga (Sculpted with Tears)

ကျွန်တော်နှင့် ကောင်စီအတွင်းရေးများ



ကျွန်တော်နှင့် ကောင်စီအတွင်းရေးများ (အမှာစကား)

=================================

ကျွန်တော် ယခုဖော်ပြနေသည့် အကြောင်းအရာများအပေါ် ဖတ်ရှုသူအချို့က ကျွန်တော့်အား "ထောက်လှမ်းရေးသတင်းပေး" တစ်ယောက်အဖြစ် သော်လည်းကောင်း၊ သို့မဟုတ် "ကြားညပ်နေသည့် ကြားခံလူ (A person caught in the crossfire)" တစ်ဦးအဖြစ် သော်လည်းကောင်း ရှုမြင်နိုင်ခြေရှိသည်ကို ကျွန်တော် ကောင်းစွာ ရိပ်စားမိပါသည်။

သို့သော်လည်း သမိုင်းဖြစ်ရပ်များကို လေးလေးနက်နက် တွေးဆဆင်ခြင်နိုင်သူများအဖို့မူ ကျွန်တော် မည်သည့်အတွက်ကြောင့် ထိုသို့ ရပ်တည်ဆောင်ရွက်ခဲ့ရသည်ဆိုသည့် အကြောင်းရင်းခံများကို ဖြစ်စဉ်အချက်အလက်များနှင့် ယှဉ်တွဲ၍ နားလည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကျွန်တော် ဤသို့ ရေးသားရခြင်းမှာ အနာဂတ်တွင် ပေါ်ထွက်လာမည့် ကောင်စီ၏ ကြယ်ပွင့်သစ်များအတွက် သင်ခန်းစာရစေရန် ရည်ရွယ်သကဲ့သို့၊ တစ်ဖက်တွင်လည်း အတိတ်ကို လွမ်းဆွတ်သယောင်ဖြင့် ကိုယ်တိုင် လက်တွေ့မပါဝင်ဘဲ ဘေးကနေ ဝေဖန်နေသူများ၊ အခြေအနေမှန်ကို သေချာမသိဘဲ မိမိကိုယ်ကို ဆရာကြီးဟု ထင်မှတ်နေသူများအား "ငါ မင်းတို့ထက် ပိုသိသည်" ဆိုသည်ကို ရိုးရိုးရှင်းရှင်း သတိပေးလိုရင်းသာ ဖြစ်ပါသည်။ လိုအပ်လာပါက ထိုသူတို့၏ ခေတ်ကာလနှင့် အဝန်းအဝိုင်းမှ အခြေအနေမှန်များကိုပါ အချက်အလက် ကျကျနနဖြင့် ထုတ်ဖော်ရေးသားသွားပါမည်။

နောက်ထပ် ရေးသားမည့် Shadow Council နှင့် မဘသ ကိစ္စရပ်များသည် ယခုထက် ပိုမိုရှုပ်ထွေးပြီး အတွင်းသိအမြင် (Internal Insight) မရှိပါက နားလည်မှုလွဲမှားစရာများစွာ ရှိနေပါသည်။ သို့သော် ထိုဖြစ်ရပ်များ၏ နောက်ကွယ်မှ တကယ့်အခြေအနေမှန်များနှင့်အတူ မထင်မှတ်ထားသော ဟာသနှောဖွယ်ရာ အဖြစ်အပျက်များကိုပါ ပွင့်လင်းမြင်သာစွာ သိရှိလာရမည် ဖြစ်ပါသည်။

သိစေအပ်သည်မှာ - ကျွန်တော့်ကိုယ်ကျွန်တော် အကြွင်းမဲ့ ယုံကြည်မှုမရှိလျှင် ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ထုတ်ဖော်ရေးသားနေမည် မဟုတ်ပါ။


အခန်း ( ၁ ) 

ကောင်စီအတွင်းရေးနှင့် ကျွန်တော်၏အစ

==========================

အစ္စလာမ်ကောင်စီအတွင်းမှ အများသူငါ သိသင့်ပြီဖြစ်သည့် အတွင်းရေးအချို့ကို ပြောပြချင်မိပါသည်။ အမေရိကန်မှာဆိုလျှင်လည်း ကာလတစ်ခု ဖြတ်ကျော်ပြီးပါက အတွင်းရေးများကို အများသိနိုင်အောင် ဖွင့်ချပေးသလိုမျိုးပေါ့။

အတွင်းရေးများအကြောင်း မပြောမီ ကျွန်တော် မည်သို့မည်ပုံ ကောင်စီသို့ စတင် ရောက်ရှိ လာသလဲဆိုသည်ကို အရင်ပြောမှသာ နောက်ပိုင်းအကြောင်းအရာများကို ပိုမိုသဘောပေါက်လာမှာ ဖြစ်ပါသည်။ အစ္စလာမ်ကောင်စီ ဌာနချုပ်ဥက္ကဌ ဟာဂျီဦးသိန်း ကွယ်လွန်ပြီးနောက် ညီလာခံခေါ်ယူရန် ဆောင်ရွက်လာကြသည်။ ထိုသို့ ကြိုးပမ်းသူများ ထဲတွင် ထိုစဉ်က အာန်ဆွာရီရေးရာ ဌာနမှူး ဟာဂျီဦးတင်ဝင်းလည်း တစ်ဦးအပါအဝင် ဖြစ်ပါသည်။’

ညီလာခံတစ်ခု ခေါ်ယူတော့မည်ဆိုပါကထိုသို့မခေါ်မီ တစ်နိုင်ငံလုံးရှိ အစ္စလာမ်ကောင်စီ အဆင့်ဆင့်ဖြစ်သော အခြေခံ၊ မြို့နယ်၊ ပြည်နယ်နှင့် တိုင်းအလိုက် အလုပ်အမှုဆောင်နှင့် ဦးစီးကိုယ်စားလှယ်များကို အသစ်ပြန်လည် ဖွဲ့စည်းကြရပါသည်။ ကျွန်တော်တို့ အလုံမြို့နယ် ပြန်လည်ဖွဲ့စည်းရေးအတွက် ဦးတင်ဝင်း စေလွှတ်လိုက်သည့် ဦးပါကြီး (ကွယ်လွန်) နှင့် ဦးစိုးတင့် (ကွယ်လွန်) တို့သည် လက်ရှိ အလုံမြို့နယ်ဥက္ကဌ ဦးစိုးမြင့် (ကွယ်လွန်)၊ အတွင်းရေးမှူး ဦးဇော်ဝင်း (ကွယ်လွန်) တို့နှင့် တွေ့ဆုံကြစဉ် ရေလုပ်ငန်းတွင် ကျွန်တော်နှင့် သိကျွမ်းဖူးသည့် ဦးစိုးမြင့်က ကျွန်တော့်အိမ်သို့ အလည်လာရင်း အလုံမြို့နယ်ကောင်စီ ဖွဲ့စည်းရာတွင် ပါဝင်ရန် စည်းရုံးပါသည်။ ကျွန်တော့်အစ်ကို ကိုဇော်ဝင်း (လက်ရှိအတွင်းရေးမှူး) ကလည်း “ငါ ကျန်းမာရေးမကောင်းဘူး၊ မင်းပဲ ဝင်လုပ်ပါကွာ” ဟု တိုက်တွန်းသည်နှင့် ကောင်စီဆိုသည်မှာ ဘာမှန်းမသိသေးဘဲ ဝင်ရောက်ရန် အကြောင်းဖန်လာခဲ့ပါသည်။ ထို့နောက် ဦးခင်မောင်နီမှ ကောင်စီအကြောင်းနှင့် ရည်ရွယ်ချက်များကို လာရောက်ရှင်းပြသည့်အတွက် စိတ်အားထက်သန်လာပြီး မြို့နယ်ပြန်လည်ဖွဲ့စည်းရေးတွင် အတွင်းရေးမှူးအဖြစ် စတင်ပါဝင်လာခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းကောင်စီမှ ဦးမြင့်ရွှေ ရောက်ရှိလာပြီး တိုင်းပြန်လည်ဖွဲ့စည်းမည့် တိုင်းညီလာခံသို့ မြို့နယ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် ဖိတ်စာလာပေးပါသည်။ ရွေးကောက်ပွဲနေ့တွင် ဦးမြင့်ရွှေက “တိုင်းအလုပ်အမှုဆောင် အရွေးခံမလား” ဟု မေးရာ ကျွန်တော်က “လူအများစုက ကျွန်တော့်ကို မသိကြသေးတော့ ဖြစ်ပါ့မလား” ဟု ပြန်မေးမိသည်။ သူက “အတွေ့အကြုံရအောင် ဝင်အရွေးခံကြည့်ပါ” ဆိုသဖြင့် အမည်စာရင်း ပေးလိုက်ပါသည်။

တကယ်လည်း အတွေ့အကြုံ စရခဲ့ပါသည်။ အဆိုပြုသူများစာရင်း ဖတ်ကြားပြီးနောက် လူအုပ်အတွင်းမှ တစ်ဦးက “အခုဖတ်ပြတဲ့ အဆိုပြုသူစာရင်းထဲမှာ အောင်မျိုးလွင်ဆိုတာ ဘယ်သူလဲ၊ မိတ်ဆက်ပေးလို့ ရမလား” ဟု လူပုံအလယ်တွင် မေးမြန်းခြင်း ခံလိုက်ရသည်။ ထိုသို့ အမေးခံရသည့်အခါ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ရှက်သလို၊ ယုံကြည်မှုမရှိသလို ခံစားလိုက်ရသည်။ ထိုစဉ် ဦးတင်ဝင်းက “ကိုအောင်မျိုးလွင် မတ်တပ်ရပ်ပြီး မိတ်ဆက်လိုက်ပါ” ဟု ဆိုသဖြင့် ကျွန်တော် မတ်တပ်ရပ်လိုက်သော်လည်း ဘယ်ကစပြောရမှန်း မသိဖြစ်နေစဉ် ဦးတင်ဝင်းကပင် “သူက မျိုးဆက်သစ်တစ်ယောက်ပါ။ ကောင်စီရဲ့ ပထမဆုံး အလုပ်အမှုဆောင် တွဲဘက်အတွင်းရေးမှူး ရှာမီးအဗ္ဗဒူလာရဲ့မြေး၊ ကျွန်တော်တို့ ဥက္ကဌကြီး ဦးသိန်းရဲ့တူလည်း ဖြစ်ပါတယ်။ အခုမှ ကောင်စီဝင်အသစ် ဆိုပေမဲ့ လူစိမ်းကြီး မဟုတ်ပါဘူး” စသဖြင့် ကူညီမိတ်ဆက်ပေးမှ “ကိုအောင်မျိုးလွင် ထိုင်ပါ၊ ထိုင်ပါ” ဟု ပြောကြသဖြင့် တုန်တုန်ရီရီဖြင့် ပြန်ထိုင်လိုက်ရသည်။ ဟူး... အတော်လေး စိတ်ပင်ပန်းသွားခဲ့ရသည်။

သို့သော် အားလုံးက အပြုသဘောဖြင့် ကြိုဆိုကြပါသည်။ ကျွန်တော် ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူးအဖြစ် ဝင်ပြိုင်ရာတွင် သဘာသာရဲဘော်ကြီး ကိုအုန်းမြင့် (ကွယ်လွန်) ကို မဲအနည်းငယ် အသာဖြင့် အနိုင်ရလိုက်ပါသည်။

ဌာနချုပ်ညီလာခံဖြစ်မြောက်ရေးသည် ရန်ကုန်တိုင်းအောက်တွင် ရှိသဖြင့် ကျွန်တော်သည် ညီလာခံဖြစ်မြောက်ရေး ကော်မတီတွင် ကျန်းမာရေးဆေးခန်း တာဝန်ခံအဖြစ် တာဝန်ယူရပြီး ဆရာဝန်များနှင့် လိုအပ်မည့် ဆေးခန်းသုံးပစ္စည်း အားလုံးကို စီစဉ်ပေးခဲ့ရသည်။ ထိုစဉ်က ကျွန်တော့်တွင် ဆေးဆိုင်ရှိသည့်အတွက် ဤတာဝန်က အပန်းမကြီးခဲ့ပါ။

ထိုသို့ ညီလာခံကျင်းပစဉ်အတွင်း ဗဟိုဦးစီးအစည်းအဝေးတွင် ကရင်ပြည်နယ် ကော့ကရိတ်ကျောင်း၏ ငွေကြေးစီမံမှု ပြဿနာကို အတော်ဆွေးနွေးကြပါသည်။ ထိုခေါင်းစဉ်အောက်တွင် ကျွန်တော်ကျွမ်းကျင်သည့် စာရင်းအင်းအထားအသို (Bookkeeping) ဆိုင်ရာ မေးခွန်းများထုတ်ခြင်း၊ သိလိုသည်များကို မေးမြန်းခြင်းများ နည်းနည်းများသွားသည် ထင်ပါသည်။ ထို့ကြောင့် ဦးစီးညီလာခံမှ ကရင်ပြည်နယ် ကော့ကရိတ်ကျောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖြစ် ဦးစိုးတင့်နှင့် ကျွန်တော့်ကို တာဝန်ပေးလိုက်ပါသည်။ ထိုကော်မရှင်သည် ညီလာခံမှ တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်၍ လွတ်လပ်ပြီး လက်ရှိအလုပ်အမှုဆောင်အောက်တွင် ရှိမနေပါ။ ကျွန်တော်တို့က အစီရင်ခံစာကို နောက် ၂ နှစ်မှ ကျင်းပမည့် ဦးစီးညီလာခံတွင် တင်သွင်းပြီးမှသာ တာဝန်ပြီးဆုံးမည် ဖြစ်ပါသည်။

ထိုသို့သော အကြောင်းအရာများကြောင့် ကျွန်တော့်အနေဖြင့် ကောင်စီ၏ အဓိကတာဝန်ရှိသူများနှင့် ရင်းနှီးထိတွေ့ ပူးတွဲဆောင်ရွက်ခွင့် ရလာသည်။

ညီလာခံမှ အလုပ်အမှုဆောင်သစ်တွင် ဥက္ကဌသစ်ဖြစ်လာသည့် ဦးညွှန့်မောင်ရှိန် (ဖခင်ဖြစ်သူနှင့် စီးပွားရေးတက္ကသိုလ် သူငယ်ချင်းများဖြစ်သည်) နဝရတ်ဦးတင့် နှင့်လည်း ၁၉၉၇ ခုနှစ် မန္တလေးအရေးအခင်းတွင် အတူလက်တွဲခဲ့ဖူးသဖြင့် သူက ကျွန်တော့်ကို သိရှိနေပါသည်။ လူငယ်ပိုင်းခေါင်းဆောင်သစ်များ ဖြစ်ကြသည့် ကိုဝဏ္ဏရွှေ၊ တွဲဘက်အတွင်းရေးမှူးချုပ် ဖြစ်လာသည့် ကိုတင်မောင်သန်း၊ ကိုသိန်းထွန်း တို့နှင့်လည်း ရွေးကောက်ပွဲ မဲစာရွက်ရိုက်နှိပ်ရေးတွင် ဝိုင်းဝန်းကူညီရင်း လက်တွဲမိခဲ့ကြသည်။ ထိုသို့သော အကြောင်းစုံကြောင့် ညီလာခံအပြီး အလုပ်အမှုဆောင်အဖွဲ့သစ်မှ တင်သွင်းခန့်အပ်သည့် ဌာနချုပ်ဗဟိုအမှုဆောင်အဖွဲ့ဝင် (CEC) ဖြစ်လာခဲ့ပါသည်။

ထိုအချိန်က အချို့ကောင်စီဝင်များက ကျွန်တော့်ကို “၆ လ ကောင်စီ” ဟုပင် ခေါ်ကြသည်။ ၆ လအတွင်း ကောင်စီဝင်ဘဝမှ ဌာနချုပ်ဗဟိုအမှုဆောင် ဖြစ်လာသည့်အတွက် ချစ်စနိုးဖြင့် ခေါ်ကြခြင်း ဖြစ်မည်ထင်ပါသည်။ 

ဘာပဲပြောပြော ကောင်စီ၏ အတွင်းရေးများသာမက အတွေ့အကြုံ၊ ဗဟုသုတ ပေါင်းများစွာကို သိခွင့်ရရှိမည့်သူတစ်ယောက် ဤသို့ဖြင့် ဖြစ်လာခဲ့ပါသည်။



အစ္စလာမ်ကောင်စီ အတွင်းရေး ကျွန်တော်သိသမျှ (၂)

==================

ကျွန်တော်နှင့် ဟာလာ ကော်မတီ

အစ္စလာမ်ကောင်စီဟာ ဗမက (ဗမာမွတ်စလင်အမျိုးသားရေးရာကွန်ဂရက်) ဆိုသည့်အမည်ဖြင့် ဖဆပလ ဗိုလ်ချုပ်တို့နှင့်အတူ ရွှေတိဂုံဘုရား အလယ်ပစ္စယံညီလာခံတွင် အဓိကမဟာမိတ်အဖြစ် ပူးပေါင်းပြီး အင်္ဂလိပ်တော်လှန်ရေး၌ ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ဗမက ခေါင်းဆောင်များဖြစ်ကြသည့် ဦးရာဇတ်၊ ဦးရာရှစ်၊ ဦးခင်မောင်လတ် စသူတို့သည် အိန္ဒိယရှိ အင်္ဂလိပ်များနှင့် နိုင်ငံရေးကစားကွက်များကို အတွင်းကျကျ နားလည်ထားသူများဖြစ်ရာ ဗိုလ်ချုပ်တို့အတွက် နည်းနာယူစရာများ ဖြစ်ခဲ့ကြသည်။ ဥပမာအားဖြင့် ထိုအချိန်က ဦးရာရှစ်၏အစ်ကိုသည် အိန္ဒိယပြည်နယ်ကြီးတစ်ခု၏ ရဲချုပ်ဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် ဤကဲ့သို့သော နိုင်ငံရေးပါတီကြီးကို ဖျက်သိမ်းလိုက်သည့်အခါ 'အစ္စလာမ်သာသနာရေးရာကောင်စီ' ပေါ်ပေါက်လာခဲ့သည်။ သို့သော် ကောင်စီတွင် ပါဝင်သူများသည် ဖဆပလထဲသို့ မဝင်လိုကြသည့် နိုင်ငံရေးသမားများသာ ဖြစ်ကြသည်။ ကျွန်တော် ကောင်စီသို့ ရောက်ရှိသည့်အချိန်အထိ သတိပြုမိသလောက် သခင်စိုးအုပ်စု၊ အလံနီအုပ်စု၊ ဗိုလ်မှူးအုပ်စု စသည်ဖြင့် ရှိနေကြပြီး ဟာဂျီဦးသိန်း လက်ထက်တွင် '၅ ဦးဂိုဏ်း' စသည့် အမည်တပ် အခေါ်ခံရသည့် အုပ်စုများလည်း ရှိခဲ့သည်။ ကျွန်တော် ကောင်စီစရောက်တော့ အတွင်းရေးမှူးချုပ် ဦးတင်ဝင်း၏ အချိတ်အဆက်များကြောင့် ကျွန်တော့်ကို ဦးတင်ဝင်းအုပ်စုဟုပင် ပြောနိုင်ပါသည်။ ဦးမောင်မောင်တာနှင့် ဦးတင်ဝင်းတို့ ဦးဆောင်သည့် (ကောင်စီနှင့်မဆိုင်သော) ငြိမ်းချမ်းရေးအုပ်စုတစ်ခုတွင် ကျွန်တော် ပါဝင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရှီအာအဝန်းအဝိုင်းနှင့်ပါ အဆက်အသွယ် ရရှိလာခဲ့သည်။

ထို့နောက်တွင် ကျွန်တော်သည် မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံမျှမဟုတ်သော၊ လွတ်လပ်ပြီး အဖွဲ့စုံပါဝင်သည့် ဟလာလ် (Halal) ကော်မတီတစ်ခုကို ရှေ့ပြေးအဖွဲ့အဖြစ် ကောင်စီတွင် ဖွဲ့စည်းလိုကြောင်း ဦးတင်ဝင်းအား တင်ပြခဲ့သည်။ အနာဂတ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ ရှိနေပြီးသား ဟလာလ်စနစ်များတွင် ပါဝင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ဦးတင်ဝင်းက ဦးတင်မောင်သန်းနှင့် ဦးဝဏ္ဏရွှေတို့ကဲ့သို့ မျိုးဆက်သစ်များနှင့် တိုင်ပင်လုပ်ဆောင်ရန် အကြံပေးခဲ့သည်။

ကျွန်တော် ဦးတင်မောင်သန်း၏အိမ်သို့ သွားရောက်တွေ့ဆုံ အကြံတောင်းသည့်အခါ ဦးတင်မောင်သန်း၊ ဦးဝဏ္ဏရွှေနှင့် ဦးမြင့်ရွှေတို့က လိုလိုလားလား ထောက်ခံအားပေးခဲ့ကြသည်။ ကျွန်တော့်ကို ဟလာလ်ကော်မတီ ဖွဲ့စည်းရေးမူဘောင်များ ကိုယ်တိုင်တင်သွင်းရန် တိုက်တွန်းပြီး မလေးရှားနိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်နှင့် မလေးရှားဟလာလ်ကော်မတီတို့၏ လုပ်ငန်းစဉ်များကို နမူနာယူရန် အကြံပြုခဲ့သည်။ ဦးတင်မောင်သန်း၏ စီစဉ်ပေးမှုဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ထိုနိုင်ငံရှိ ပုဂံလုပ်ငန်းစု (Bagan Group) ပိုင်ရှင် ကိုသန့်ဇင်၏ အကူအညီဖြင့် လေ့လာသင့်သည့် RISEAP (Regional Islamic Da'wah Council of Southeast Asia and the Pacific) အဖွဲ့ချုပ် ( ဦးတင်ဝင်းချိတ်ဆက်ပေး ) ၊ မလေးရှားအစ္စလာမ့်တက္ကသိုလ်နှင့် ဟလာလ်ကော်မတီများသို့ ဆရာဦးမြင့်သိန်းနှင့်အတူ သွားရောက်ကာ ဟလာလ်စိစစ်ရေးဆိုင်ရာ စည်းမျဉ်းအချက်အလက်များကို လေ့လာခွင့် ရရှိခဲ့ပါသည်။

ထို့အပြင် စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့မှ ဟလာလ်ကော်မတီများနှင့်လည်း အချိတ်အဆက် ရရှိခဲ့သည်။ ရရှိလာသော အချက်အလက်များကို မန္တလေး၊ အမြှောက်တန်းဝင်းနေ အင်္ဂလိပ်စာဆရာ ကိုအောင်သန်းထံ ပေးပို့ဘာသာပြန်ခိုင်းပြီး မြန်မာမွတ်စလင်အများစုဖြစ်သော ဟနဖီ (Hanafi) မဇ်ဟဗ်နှင့် ပိုမိုသင့်တော်စေရန် ဦးဝဏ္ဏရွှေက ပြုပြင်ပေးခဲ့သည်။ စစ်ဆေးရေးပုံစံ (Form) များကို သုံးမျိုးခွဲခြားထုတ်ရာ (၁) အာလင်များ စစ်ဆေးရေးသွားရာတွင် အသုံးပြုရန် Report Form၊ (၂) ဆရာဝန်နှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများအတွက် Report Form နှင့် (၃) ကောင်စီမူဘောင်ဆိုင်ရာ တာဝန်ခံ Report Form တို့ ဖြစ်ကြသည်။ ထို Report များကို အလုပ်အမှုဆောင်အစည်းအဝေးသို့တင်သွင်းပြီး ခွင့်ပြုမှသာ Halal Certificate ထုတ်ပေးရန် ဦးဝဏ္ဏရွှေက အကြံပြုစီစဉ်ပေးခဲ့သည့်အပြင်၊ အစားအသောက်ဓာတ်ခွဲရန် လိုအပ်ပါက ထိုစဉ်က Myanmar FDA မှ အရာရှိတစ်ဦးဖြစ်သူ ဒေါ်နီနီနှင့် ချိတ်ဆက်နိုင်ရန် ဦးတင်မောင်သန်းက ကူညီပေးခဲ့ပါသည်။

ဤကဲ့သို့ အတော်လေး ပြည့်စုံသည့် အဆိုပြုချက်ကို ဌာနချုပ် ဗဟိုအမှုဆောင်နှင့် အလုပ်အမှုဆောင် စုံညီအစည်းအဝေးတွင် ကျွန်တော် တင်ပြခဲ့ရာ၊ ကနဦးတွင် ရှင်းလင်းချက် မပြည့်စုံသေးသဖြင့် မေးခွန်းပေါင်းများစွာနှင့် အခက်တွေ့နေခဲ့ရသည်။ ထိုအချိန်တွင် ဦးတင်မောင်သန်းက အသေးစိတ်ကို ဗဟိုအမှုဆောင်များ အားလုံးနားလည်အောင် ချက်ကျလက်ကျ ဝင်ရောက်ရှင်းပြပေးခဲ့သည်။ ဤကော်မတီသည် ကောင်စီအောက်တွင်သာ အမြဲရှိနေရန်မဟုတ်ဘဲ နောင်အနာဂတ်တွင် ပညာရှင်ပေါင်းစုံ ပါဝင်သည့် မြန်မာနိုင်ငံကိုယ်စားပြု တစ်ခုတည်းသော Halal ကော်မတီဖြစ်လာစေရန် ရှေ့ပြေးစီမံကိန်းဖြစ်ကြောင်း ရှင်းပြခဲ့သဖြင့် ဗဟိုအမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးတင်မောင်သန်းအား ဥက္ကဋ္ဌ၊ ကျွန်တော့်အား အတွင်းရေးမှူးအဖြစ် တာဝန်ပေးကာ စတင်အကောင်အထည်ဖော်စေခဲ့သည်။

ထိုအချိန်မှစ၍ ဦးတင်မောင်သန်း၊ ဦးဝဏ္ဏရွှေ၊ ဦးမြင့်ရွှေ၊ ဦးသိန်းထွန်းတို့နှင့် ပိုမိုထိတွေ့လုပ်ဆောင်ခဲ့ရပြီး လက်ရှိအများအခေါ် 'ရွှေအုပ်စု' အတွင်း ချိတ်ဆက်မိခဲ့ခြင်း ဖြစ်ပါသည်။ သူတို့၏ မြန်မာမွတ်စလင် အနာဂတ်အမြင်များသည် အလွန်ပွင့်လင်းပြီး အမြော်အမြင် ရှိလှသည်ကို သတိပြုမိခဲ့သလို၊ "ကောင်စီဆိုသည်မှာ မြန်မာမွတ်စလင် အမျိုးသားအနာဂတ်အတွက် လိုအပ်လာပါက မိမိတို့အဖွဲ့ဆိုင်းဘုတ်ဖြုတ်ရမည်ဆိုပါက ဖြုတ်လိုက်ရမှာဖြစ်ကြောင်း၊ အဖွဲ့အစည်းစွဲမထားသင့်ကြောင်း၊ မွတ်စလင်တမျိုးသားလုံး၏အရေးသည် မိမိတို့မိခင်အဖွဲ့အစည်းထက် ပိုမိုအရေးကြီးသည်" ဟူသော ၎င်းတို့၏မူကို လွန်စွာအားကျ အထင်ကြီးမိပါသည်။



အစ္စလာမ်ကောင်စီအတွင်းရေး ကျွန်တော်သိသမျှ (၃)

===================

ကျွန်တော်နှင့် ကောင်စီဓမ္မသတ်ဌာနတို့အကြား ဖြစ်ပွားခဲ့သော ပြဿနာကြီး

တစ်နေ့တွင် ကျွန်တော် ကောင်စီရုံးတာဝန်ခံအဖြစ် တာဝန်ကျနေစဉ် စာတစ်ဆောင် ရောက်ရှိလာပါသည်။ ထိုစာကို မည်သည့်ဌာနသို့ ပေးပို့ရမည်ကို သိရှိနိုင်ရန်နှင့် ဝင်စာအဖြစ် မှတ်တမ်းတင်ရန်အတွက် ဖောက်ဖတ်ကြည့်လိုက်ရာ လွန်စွာဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အကြောင်းအရာများကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရသည်။

ထိုစာသည် ဓမ္မသတ်မှူးချုပ်ထံသို့ လိပ်မူရေးသားထားသောစာဖြစ်ပြီး အကျဉ်းချုပ်မှာ- စာရေးသူ၏ဇနီးဖြစ်သူအား သူမ၏ ချမ်းသာကြွယ်ဝသော မိဘများအလိုကျ၊ ခင်ပွန်းဖြစ်သူထံ တစုံတရာ မေးမြန်းခြင်းမရှိဘဲ တစ်ဖက်သတ် 'ဖသဝါ' (ဓမ္မသတ်အဆုံးအဖြတ်) ထုတ်ပြန်၍ ကွာရှင်းပေးလိုက်သည့်ကိစ္စအတွက် တိုင်ကြားထားခြင်း ဖြစ်သည်။ စာထဲတွင် "ဟရှဲရ် (ရှင်ပြန်ထမြောက်ရာနေ့) ရောက်မှသာ ရှင်းကြတော့မည်" ဟု ပါရှိပြီး သူတို့နှစ်ဦး ခိုးပြေးစဉ်က အမှတ်တရ သိမ်းဆည်းထားသော ရထားလက်မှတ် နှစ်စောင်၊ ကြည်နူးဖွယ် ဓာတ်ပုံများနှင့် နွမ်းခြောက်နေသော ပန်းကလေးများပါ ထည့်သွင်းပေးပို့ထားသည်။

ဤစာကို ဖတ်ပြီးသည့်နောက် ကျွန်တော်၏ ပင်ကိုယ်စိတ်အတိုင်း ဒေါသမီး ဟုန်းဟုန်းတောက်သွားခဲ့သည်။ ထို့ကြောင့် မိမိနေထိုင်ရာ အလုံမြို့နယ်သို့ ခေတ္တပြန်ပြီး မြို့နယ်ကောင်စီဝင် (၆) ဦးနှင့်အတူ ညနေ ၆ နာရီခန့်တွင် ကောင်စီရုံးသို့ ပြန်လာခဲ့သည်။ ထို့နောက် အပေါ်ထပ်ရှိ ဓမ္မသတ်မှူးချုပ်၏ ရုံးခန်းတံခါးကို တူရင်းဖြင့် ဖျက်ဆီးကာ ဝင်ရောက်ခဲ့သည်။ စာပါအကြောင်းအရာနှင့် ပတ်သက်သည့် ဖသဝါမူရင်းကို ရှာဖွေရာ တွေ့ရှိခဲ့ရသဖြင့် ပိုမိုပေါက်ကွဲသွားပြီး ဓမ္မသတ်မှူးချုပ်၏ စားပွဲနှင့် ရုံးခန်းနံရံများကိုပါ ဖျက်ဆီးပစ်လိုက်မိသည်။

ထိုအချိန်တွင် အောက်ထပ်ရှိ အတွင်းရေးမှူးချုပ် ဦးတင်ဝင်းမှ ဖုန်းဆက်အကြောင်းကြားလိုက်ပုံ ရပါသည်။ ဦးဝဏ္ဏရွှေနှင့် ဦးသိန်းထွန်းတို့ ရောက်ရှိလာပြီး "ဘာဖြစ်တာလဲ" ဟု မေးမြန်းရာ ကျွန်တော်က ရရှိထားသောစာ၊ ဓာတ်ပုံများနှင့် ယခုရှာတွေ့ထားသော ဖသဝါ 'ခွတ်လ်လာ' (Khula - ဇနီးက ကွာရှင်းခွင့်တောင်းခြင်း) စာကို ထုတ်ပြလိုက်သည်။ သူတို့က "ငါတို့ ရှင်းပေးမယ်၊ မင်းတို့ အောက်ထပ်ကို ဆင်းပေးပါ" ဟု ပြောသည့်အတွက် ကျွန်တော်တို့အဖွဲ့ အတွင်းရေးမှူးချုပ် ဦးတင်ဝင်း၏ ရုံးခန်းသို့ ဆင်းလာခဲ့ကြသည်။

တစ်နာရီခန့်အကြာတွင် ဦးမြင့်ရွှေနှင့် ဦးတင်မောင်သန်းတို့ ထပ်မံရောက်ရှိလာသည်။ ဦးဝဏ္ဏရွှေသည် အပေါ်ထပ်မှ ဖိုင်အချို့ကို ယူဆောင်လာပြီး ရှေ့ခန်းတွင် ဦးတင်မောင်သန်းကို ပေးဖတ်နေသည်ကို လှမ်းမြင်နေရသည်။ ခဏအကြာတွင် ဦးဝဏ္ဏရွှေသည် ကျွန်တော့်ထံလာပြီး "ဒီကိစ္စကို ကိုယ်တို့ ရှင်းပေးမယ်ကွာ၊ ဒါဆို အဆင်ပြေတယ်မဟုတ်လား" ဟု မေးရာ ကျွန်တော်ကလည်း "ဟုတ်ကဲ့၊ အဆင်ပြေပါတယ်" ဟု ဖြေကြားခဲ့သည်။ ထိုအခါ ဦးတင်မောင်သန်းက "ဒါဆိုရင် အိမ်ပြန်လိုက်ပါဦး" ဟု ယဉ်ယဉ်ကျေးကျေးဖြင့် နှင်လိုက်သည့်အတွက် "ဘာလုပ်ကြမလဲ ကြည့်တာပေါ့" ဟု စိတ်ထဲတွင် တင်းထားရင်း အိမ်သို့ ပြန်လာခဲ့သည်။

သိပ်မကြာမီမှာပင် ကောင်စီအလုပ်အမှုဆောင် အစည်းအဝေးအတွင်း ပြဿနာများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ကြားသိရသည်။ ရန်ကုန်သို့ ခေတ္တရောက်ရှိနေသော မြစ်ကြီးနားမှ ဗဟိုအမှုဆောင်တစ်ဦးက ကျွန်တော့်ထံ ဖုန်းဆက်လာပြီး "မောင်မျိုး၊ ဒီမှာတော့ ပြဿနာ အကြီးအကျယ် တက်နေပြီ။ မင်းလုပ်တာ မှန်ပေမယ့် ရုံးခန်းဖျက်တာမျိုးတော့ မလုပ်သင့်ဘူး။ ဘာမဆို ဦးနှောက်နဲ့ အလုပ်လုပ်ပါ။ စိတ်အေးအေးထားပါ။ မင်းဘက်က တင်မောင်သန်းနဲ့ ဝဏ္ဏရွှေတို့ အပြင်းအထန် ဆွေးနွေးနေတယ်။ သူတို့ ဘာလုပ်မလဲဆိုတာ အသာလေး စောင့်ကြည့်ပါ။ မင်း အရမ်းရှေ့မထွက်နဲ့ဦး၊ မင်း ပြုတ်ဖို့ နီးနေပြီ" ဟု သတိပေးလာသည်။

ဤကိစ္စသည် ကောင်စီအတွင်း အကြိမ်ကြိမ် ဆွေးနွေးငြင်းခုံရသည်အထိ ပြဿနာကြီးထွားလာခဲ့သည်။ ဦးတင်ဝင်းနှင့် ဦးတင်မောင်သန်းတို့ဘက်မှလည်း ကျွန်တော့်ကို တိတိလင်းလင်း ထုတ်မပြောသော်လည်း အလုပ်အမှုဆောင်များအကြားသာမက ဗဟိုအမှုဆောင်များအထိပါ ဂယက်ရိုက်သွားခဲ့သည်။

တစ်နေ့တွင် ဗဟိုအမှုဆောင် စုံညီအစည်းအဝေး၌ ဤသတင်းကို ကြားထားသော ဗဟိုအမှုဆောင်အချို့က ထမေးကြသည်။ အလုပ်အမှုဆောင်အဖွဲ့က ရှင်းရှင်းလင်းလင်း မဖြေကြားနိုင်ဘဲ ဖြစ်နေစဉ် ကျွန်တော်က ထရပ်၍ ထောက်ပြမေးခွန်းများ မေးမြန်းခဲ့သည်။ ဦးဝဏ္ဏရွှေနှင့် ကိုအောင်ဝင်းတို့က အလုပ်မှုဆောင်များကိုယ်စာ ဝင်ရောက်ရှင်းလင်းကြပြီး အစည်းအဝေးမှာ ကျွန်တော်နှင့်အတော်လေး အခြေအတင် ဖြစ်နေသည် ( ဦးအောင်ဝင်း ဆိုရင် ကျွန်တော်ကို အစည်းအဝေအတွင်း မေးလွန်းသည့်အတွက် - မိသာစုဆိုပြီး မိဘအတွင်ရေးအားလုံသားသမီတွေပေးသိလိုရလား ? မောင်မျိုးဘယ်လိုသဘောရလဲ ဟူသည်အထိ တဲ့တဲ့တုန့်ပြန်မှုများပင်ရှိခဲ့သည် ) ။

ထိုအချိန်တွင် ဌာနချုပ် ဒု-ဥက္ကဋ္ဌ (ဓမ္မသတ်မှူးချုပ်) က "ကဲ... ကဲ... ကျွန်တော် မပြောဘဲ နေမလို့ပဲ၊ ဒါပေမဲ့ ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် ရှင်းပြမယ်" ဟု ဆိုကာ အသံကျယ်ကျယ်ဖြင့် ကျွန်တော့်ကို စတင် တိုက်ခိုက်ပါတော့သည်။ ကောင်စီ၏ မူဝါဒများ၊ ကျွန်တော် မကျွမ်းကျင်သော 'ဖသဝါ' သဘောတရားများအကြောင်းကို ရှုပ်ထွေးအောင် ပြောဆိုနေသဖြင့် ကျွန်တော် ဘာပြန်မေးရမှန်းမသိဘဲ မျက်စိလည်နေစဉ်၊ ဓမ္မသတ်မှူးချုပ်၏ ရှေ့တည့်တည့်တွင် ထိုင်နေသော ဦးဝဏ္ဏရွှေသည် စားပွဲပေါ်သို့ ဖိုင်များကို ဝုန်းဆိုပြီး ပစ်တင်လိုက်ကာ ဒေါသတကြီး ပြောဆိုလိုက်ပုံမှာ-

"ကျုပ်တို့ အလုပ်အမှုဆောင်အဖွဲ့အတွင်း ခင်ဗျားကို ဒီလောက် သိုသိုသိပ်သိပ်နဲ့ ရှင်းလင်းနေတာဟာ ခင်ဗျားမှန်နေလို့ မဟုတ်ဘူး။ ကောင်စီမှာ အကွဲအပြဲကြီး မဖြစ်စေချင်လို့ပဲ။ ဟောဒီမှာ... သူ (အောင်မျိုးလွင်) တိုင်ထားတဲ့စာ တစ်စောင်တည်း မဟုတ်ဘူး၊ ကျွန်တော် ရှာတွေ့ထားတာ (၁၂) စောင် ရှိတယ်။ တစ်စောင်ချင်းစီ အခု ဖတ်ပြလိုက်ရမလား!"

ထိုသို့ အသံအကျယ်ကြီးဖြင့် ပြောလိုက်သည့်အခါ ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်က "ကဲ... ဒီလောက် ပွင့်လင်းသွားပြီဆိုရင်တော့ ကျွန်တော်ကစပြီး သဘောထားပေးမယ်။ တာဝန်ရှိတဲ့သူအနေနဲ့ ဒီပြဿနာ (၁၂) စောင်ကို တစ်ခုချင်းစီ ရှင်းမလား၊ ဒါမှမဟုတ် မိမိသဘောနဲ့ မိမိ နှုတ်ထွက်မလား" ဟု တည့်တည့်မေးလိုက်ပါတော့သည်။

ထိုအခါ အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ် ဒု-ဥက္ကဌ နှင့် ဓမ္မသတ်မှူးချုပ်ဖြစ်သူသည် သူ၏ ပိုက်ဆံအိတ်အမည်းနှင့် တိုက်ပုံကိုယူကာ အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာသွားပါတော့သည်။ ၎င်းမှာ ထိုပုဂ္ဂိုလ်ကို အား ကျွန်တော် နောက်ဆုံး မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်တွင်လည်း သူပြုခဲ့သော ကောင်းမှုကုသိုလ်များ ရှိမည်ဖြစ်ရာ အလ္လာဟ်အရှင်မြတ်က ထိုကောင်းမှုများဖြင့် သက်သာခွင့် ပေးသနားတော်မူပါစေ။ (RIP SMA)

ယခုအတွင်းရေးကိစ္စများတွင် ကွယ်လွန်သူများ၏ အမည်နာမ များပါဝင်သည့်အတွက် တစုံတရာ အမှားပါပါက ကျွန်တော်၏အမှာသာဖြစ်ပါသည်။



အစ္စလာမ်ကောင်စီအတွင်းရေး ကျွန်တော်သိသမျှ (၄)

=======================

ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် "ကာလီမားတပည့်"

ကျွန်တော့်ကို ကောင်စီအတွင်းရှိ 'ရွှေအုပ်စု' နှင့် လူအချို့က "ကာလီမားတပည့်" ဟု ချစ်ခင်စနောက်၍ ခေါ်လေ့ရှိကြသည်။ 'ကာလီမား' ဆိုသည်မှာ လက်များပြီး အဆက်အသွယ် ကွန်ရက်ကျယ်ပြန့်သူကို တင်စားခေါ်ဝေါ်ခြင်း ဖြစ်ဟန်တူပါသည်။

၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် သာသနာရေးဝန်ကြီးဌာနမှတစ်ဆင့် ဖိတ်ကြားစာတစ်စောင် ရောက်လာသည်။ ဩစတေးလျနိုင်ငံ၊ ပါ့သ်မြို့ (Perth) တွင် ကျင်းပမည့် 5th Regional Interfaith Dialogue (October 2009) သို့ တက်ရောက်ရန် ဖြစ်သည်။ ထိုဖိတ်ကြားစာတွင် အသက် (၄၀) အောက်၊ အင်္ဂလိပ်စကား ကျွမ်းကျင်ပြီး ဘာသာပေါင်းစုံအရေးတွင် ရင်းနှီးပွင့်လင်းစွာ ဆောင်ရွက်နိုင်မည့်သူကို ရွေးချယ်စေလွှတ်ရန် ပါရှိသည်။ ထိုအခါ ကောင်စီအလုပ်အမှုဆောင် ထက်ဝက်ကျော်က ကျွန်တော့်ကို ရွေးချယ်ပြီး ဝန်ကြီးဌာနသို့ အင်တာဗျူး (Interview) ဝင်ရန် စေလွှတ်ခဲ့သည်။ ကျွန်တော်သည်လည်း "ကာလီမားတပည့်" ဟု အမည်ပေးခံရသည့်အတိုင်း မိမိ၏ အရည်အချင်းနှင့် အဆက်အသွယ်များကို အစွမ်းကုန် ထုတ်ပြခဲ့ရာ အောင်မြင်စွာ ရွေးချယ်ခံခဲ့ရပါသည်။

ဩစတေးလျအစိုးရ၏ အထူးအကာအကွယ်ဖြင့် ကျင်းပသော ထိုဆွေးနွေးပွဲတွင် အင်ဒိုနီးရှားမှ အဘူဆေယက် (Abu Sayyaf) အဖွဲ့နှင့် တာလီဘန် (Taliban) အဖွဲ့ကဲ့သို့သော ဒေသတွင်း အစွန်ရောက်အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံဆွေးနွေး အဖြေရှာခွင့် ရရှိခဲ့သည်။ ထိုစဉ်က အဓိက အကြောင်းအရာမှာ ဘာလီကမ်းခြေ (Bali) ဗုံးခွဲမှုကြောင့် ဩစတေးလျနိုင်ငံသား အများအပြား သေဆုံးခဲ့ရသည့်ကိစ္စ ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် ဒေသတွင်း အကြမ်းဖက်မှု တားဆီးကာကွယ်ရေး နည်းလမ်းရှာဖွေသည့် အုပ်စုငယ် (Sub-group) ၏ အစည်းအဝေး တာဝန်ခံအဖြစ် ကျွန်တော့်ကို တက်ရောက်လာသူများက တာဝန်ပေးအပ်ခဲ့သည်။ ထို့ကြောင့် အဘူဆေယက်၊ တာလီဘန်၊ ထိုင်းမြောက်ပိုင်းနှင့် မလေးရှားတောင်ပိုင်းမှ အစ္စလာမ်အုပ်စုများနှင့် တံခါးပိတ် အစည်းအဝေး ပြုလုပ်ခဲ့ရသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်တော်နှင့်အတူ မော်လဝီအဖွဲ့ကို ကိုယ်စားပြုသော ဒေါက်တာ ဒေါ်မီမီခင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ရရှိလာသော အချက်အလက်များကို ဆွေးနွေးပွဲ မော်ဒရိတ်တာ (Moderator) ထံ လွှဲအပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲမှ သိရှိခဲ့ရသည့် အချက်အလက်အချို့မှာ ယနေ့တိုင် အသက်ဝင်နေသေးသဖြင့် အသေးစိတ် ထုတ်မပြောလိုတော့ပါ။ ထူးခြားချက်မှာ အဆိုပါ အဖွဲ့ကိုယ်စားလှယ်ဆိုသူများသည် များသောအားဖြင့် ပညာတတ်များဖြစ်ကြပြီး စကားပြောလျှင်ပင် အေးဆေးတည်ငြိမ်ကာ အသံတိုးတိုးဖြင့် ပြောလေ့ရှိကြသည်။

ဤခရီးစဉ်၏ နောက်ဆက်တွဲရလဒ်အနေဖြင့် အချက်နှစ်ချက် ပေါ်ထွက်လာခဲ့သည် -

၁။ မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သံအမတ်ကြီး ဦးလှမောင်၏ နေအိမ်တွင် 'ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့' ကို တရားဝင် မှတ်ပုံတင် ဖွဲ့စည်းခဲ့သည်။ ကျွန်တော်သည် ကောင်စီဌာနချုပ်၏ သဘောတူညီချက်ဖြင့် ထိုအဖွဲ့၏ ပြန်ကြားရေးမှူး ဖြစ်လာခဲ့သည်။

၂။ တစ်ဖက်တွင်လည်း စစ်ထောက်လှမ်းရေး (ကကလှမ်း) က ကျွန်တော့်ကို အစ္စလာမ့်မစ် အစွန်ရောက်များနှင့် အဆက်အသွယ် ရှိနိုင်သူဟု သတ်မှတ်ကာ စောင့်ကြည့်ခြင်း ခံခဲ့ရသည်။ ကျွန်တော့်၏ အီးမေးလ်များကို ကြားဖြတ်ရယူရသည်အထိ ဗိုလ်မှူးကြည်ခင် (ယခု-ကွယ်လွန်) ကိုယ်တိုင် ဦးဆောင်၍ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်က ထိုအခြေအနေကို ရိပ်မိသဖြင့် ကျွန်တော့်အား မွေးစားဖခင်သဖွယ် ရင်းနှီးခင်မင်ရသော ဗိုလ်မှူးကြီးလှမြင့် (ဦးနေဝင်း၏ ညာလက်ရုံး၊ ဘလ်လျာလှမြင့်၊ ဆိပ်ကမ်းမင်းကြီးဟောင်းနှင့် ရွှေတိဂုံဘုရား ဂေါပကဥက္ကဋ္ဌကြီး - ယခုကွယ်လွန်) ထံ အကူအညီတောင်းခဲ့ပါသည်။ ဗိုလ်မှူးကြီးလှမြင့်သည် ဗိုလ်မှူးကြည်ခင်ကို "နာရွက်ဆွဲ" ဆုံးမနိုင်လောက်အောင် အရှိန်အဝါရှိသူဖြစ်ရာ သူ၏စီစဉ်ပေးမှုဖြင့် Colour Zone KTV တွင် ဗိုလ်မှူးကြည်ခင်နှင့် တိုက်ရိုက်တွေ့ဆုံကာ အကျိုးအကြောင်း ရှင်းလင်းပြခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်မှူးကြည်ခင်နှင့် ဂိမ်းအတူဆော့ခြင်း၊ နည်းပညာ ဖလှယ်ခြင်းများအထိ ပြုလုပ်ရင်း မိတ်ဆွေရင်းများ ဖြစ်သွားခဲ့ရာ ကကလှမ်း အသိုင်းအဝိုင်းနှင့်ပါ ရင်းနှီးကျွမ်းဝင်ခဲ့ရပါသည်။

အလားတူပင်၊ တရုတ်ထောက်လှမ်းရေး (၎င်းတို့အခေါ် သုတေသနဌာန) မြန်မာပြည်ဆိုင်ရာအဖွဲ့မှ နာဂအဖွဲ့ဥက္ကဋ္ဌမှတစ်ဆင့် ၈၈ မျိုးဆက် (ပွင့်လင်းလူ့အဖွဲ့အစည်း) သို့ တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့ပါသည်။ ၈၈ ခေါင်းဆောင်နှစ်ဦး၏ တာဝန်ပေးချက်အရ ကိုသက်ဇော် (ဇောက်ထိုး) နှင့်အဖွဲ့နှင့်အတူ ယူနန်ပြည်နယ်၊ မန်စီ (Mangshi) မြို့သို့ ကျွန်တော်က စကားပြန်အဖြစ် လိုက်ပါခဲ့ရသည်။ ထိုခရီးစဉ်မှစ၍ တရုတ်ထောက်လှမ်းရေးအဖွဲ့နှင့် ချိတ်ဆက်မိခဲ့သလို၊ ထိုသတင်းကို ရရှိသွားသော မြန်မာစစ်ထောက်လှမ်းရေး ဗိုလ်မှူးကြည်ခင်မှတစ်ဆင့် ဆက်သွယ်လာခဲ့ရာ နှစ်ဖက်စလုံးနှင့် အကန့်အသတ်ဖြင့် သတင်းဖလှယ်သူအဖြစ် မသိမသာ ရောက်ရှိသွားခဲ့ရသည်။

အဓိကအကြောင်းရင်းမှာ ရွှေလီရှိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီ (၃) သိန်းခန့်ထဲမှ အချို့သည် တရုတ်နိုင်ငံမှ ရှင်ကျန်းဝီဂါ (Uyghur) အစွန်ရောက်များနှင့် ချိတ်ဆက်လှုပ်ရှားနေသည့်ကိစ္စ၊ မြန်မာပြည်မှ နွားလမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ယာဘ (Yaba) မူးယစ်ဆေးဝါး သယ်ယူနေသည့် သတင်းများကို ရယူရန်ဖြစ်သည်။ (ထိုအချိန်က ယာဘကို မန္တလေးမှ မောင်တောသို့ မြန်မာပြည်ရှိ ဘင်္ဂါလီအချို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းရှိ သင်္ဘောဖျက်လုပ်ငန်းရှင်အချို့ ပါဝင်ပတ်သက်နေသည်ကို စုံစမ်းစောင့်ကြည့်ရန် ဖြစ်သည်။)

ထိုကာလများသည် မိမိကိုယ်တိုင် ကြားညပ်ပြီး မြေစာပင် ဖြစ်နိုင်သည့်အန္တရာယ် တစ်ဖက်၊ မိမိ၏ အီမာန် (ယုံကြည်ချက်) နှင့် မိခင်အဖွဲ့အစည်းအပေါ် သစ္စာမပျက်ရေး၊ ရွှေလီရှိ မွတ်စလင်များ ပြဿနာအတွင်းမှ ကင်းလွတ်စေရေးနှင့် သတင်းအချက်အလက် အစုံအလင်ရရှိရေး စသည့် သောကအစုံဖြင့် ကြိုးခုန်ခဲ့ရသည့် ကာလများဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရင်းမှ ထောက်လှမ်းရေးတပ်ဖွဲ့ (၇) (စထရ - ၇) ထဲမှ အစတစ်ခုကို ရရှိခဲ့ပါသည်။ ထိုအစမှာ ဟာဂျီဦးသိန်း လက်ထက်ကပင် ကောင်စီဌာနချုပ်မှ ဗဟိုအမှုဆောင်နှစ်ဦး (ယခုအခါ ကွယ်လွန်) သည် စစ်ထောက်လှမ်းရေး၏ သတင်းပေးများအဖြစ် လုပ်ဆောင်ခဲ့သည့် သမိုင်းဆိုးကို ဝမ်းနည်းဖွယ် သိရှိလာရခြင်းပင် ဖြစ်သည်။

"ဤမှတ်တမ်းများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သကဲ့သို့၊ ကျွန်တော်ကိုယ်တိုင်လည်း PTSD ဒဏ်ကို ခံစားနေရသူဖြစ်သဖြင့် အချို့သော အချက်အလက်များ၊ အမည်နာမများနှင့် နေ့စွဲများမှာ အမှတ်မှားခြင်း၊ လွဲမှားခြင်းများ ရှိနိုင်ပါကြောင်း ဝန်ခံအပ်ပါသည်။"



ကျွန်တော်နှင့် အစ္စလာမ်ကောင်စီအတွင်းရေးများ (၅)

=================

ရှဲဒိုကောင်စီ (Shadow Council) ဖွဲ့စည်းခြင်းနှင့် မဟာဗျူဟာမြောက် ပြင်ဆင်မှုများ

ထိုစဉ်က ရခိုင်အရေးနှင့် မိတ္ထီလာအရေးအခင်းများ မဖြစ်ပွားသေးပါ။ သို့သော် ကျွန်တော် ကောင်စီသို့ ရောက်ရှိလာပြီးနောက် သမိုင်းကြောင်းများကို လေ့လာရာတွင် BMO အဖွဲ့ဝင်များ တစ်ညတည်းနှင့် ရာနှင့်ချီ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်ရပ်များ၊ "လ" ပြဿနာဖြစ်စဉ်က ကောင်စီရုံးခန်းအောက်တွင် အိုလမာလူအုပ်ကြီး၏ ပိတ်ဆို့မှုကို ခံခဲ့ရသည့် ဖြစ်ရပ်များကို ဦးတင်ဝင်းထံမှ သိရှိခဲ့ရပါသည်။


ထိုအခါ "တစ်ချိန်ချိန်တွင် ငါတို့ကောင်စီသည်လည်း BMO ကဲ့သို့ ဖြစ်လာခဲ့လျှင် ဘာလုပ်ကြမည်နည်း" ဟူသော အတွေး ကျွန်တော့်ထံတွင် ပေါ်ပေါက်လာခဲ့ပါသည်။ အကယ်၍ ကောင်စီအလုပ်အမှုဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရပါက ပဲခူးရှိ ကိုမောင်မောင်အေးနှင့် ဆရာနိုင်ဝင်းမြင့်တို့၏ အလှမ်းမဝေးသော တစ်နေရာတွင် အခြေပြု၍ ကောင်စီ၏ ထုတ်ပြန်ချက်များနှင့် လုပ်ငန်းစဉ်များကို မပြတ်တောက်ဘဲ ဆက်လက်လုပ်ဆောင်နိုင်ရန် ကြိုတင်စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။


ဤသို့ စီစဉ်ရာတွင် ရန်ကုန်တိုင်းစစ်ဗျူဟာစနစ် နှင့် ဟန်ချက်ညီအောင် စဉ်းစားခဲ့ခြင်း ဖြစ်ပါသည်။ ဥပမာ - ရန်ကုန်တိုင်းစစ်ဗျူဟာသည် ပဲခူး၊ ဝက်ထီကန်တွင် အခြေစိုက်သကဲ့သို့ ကျွန်တော်တို့သည်လည်း ရန်ကုန်တွင် အခြေအနေမဟန်ပါက ပဲခူးဘက်သို့ ဆုတ်ခွာအခြေပြုနိုင်ရန် (Strategic Backup) အဖြစ် တွေးခေါ်ခဲ့ခြင်း ဖြစ်ပါသည်။


ကြိုတင်ပြင်ဆင်မှုများ:

၁။ ရုံးလုပ်ငန်း အရန်သင့်ဖြစ်စေခြင်း: ကောင်စီ၏ Letterhead (စာခေါင်းစီး) နှင့် တံဆိပ်တုံးများကို လိုအပ်သလို အသုံးပြုနိုင်ရန် Copy ပွားထားခြင်း။

၂။ ဆက်သွယ်ရေး ကွန်ရက်: ပုံမှန်မဟုတ်သော ဖုန်းနံပါတ်များ အသုံးပြုရန်နှင့် အစိုးရ၏ ဆက်သွယ်ရေး Fax စနစ်ကို မိမိတို့ ချိတ်ဆက်ထားသည့် နေရာများမှတစ်ဆင့် အသုံးပြုနိုင်ရန် စီစဉ်ခြင်း။

၃။ မီဒီယာနှင့် သတင်းဖြန့်ချိရေး: အရေးပေါ်အခြေအနေတွင် တစ်နိုင်ငံလုံးရှိ မွတ်စလင်ထုထံ သတင်းနှင့် ညွှန်ကြားချက်များ ထိထိမိမိ ရောက်ရှိစေရန် Short Wave (SW) Radio အစီအစဉ်တစ်ခုကို သြစတြေးလျမှ Radio Frequency တစ်ခုဖြင့် အပတ်စဉ် သောကြာနေ့ နံနက်တိုင်း ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ ဤအတွက် ဘန်ကောက်ရှိ Islamic Center ၏ ကိုယ်ပိုင် FM နှင့် ရန်ကုန် City FM တို့ကို သွားရောက်လေ့လာခဲ့သော်လည်း မြန်မာနိုင်ငံအတွက် SW ကသာ ပိုမိုထိရောက်မည်ဖြစ်၍ စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် တစ်နှစ်လျှင် သိန်း (၉၀၀) ခန့်ရှိသော အသုံးစရိတ် (Budget) ကို အဖွဲ့အစည်းက မထမ်းဆောင်နိုင်သည့်အတွက် ရပ်နားခဲ့ရပါသည်။


ဤအစီအစဉ်ကို ပြည်နယ်နှင့် တိုင်းအသီးသီးမှ ဦးအေးကြူ၊ မေမြို့ဦးညီ၊ ကိုစိုးလေး၊ ဦးစောစိုးဝင်း၊ ဆရာနိုင်ဝင်းမြင့်၊ ကိုမောင်မောင်အေး နှင့် ဆိပ်ကမ်းအရာရှိတစ်ဦးတို့ဖြင့် တိုင်ပင်ဆွေးနွေးကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ခဲ့ပါသည်။


နားလည်မှုလွဲမှားခြင်းနှင့် တုံ့ပြန်မှုများ:

သို့သော် မန္တလေး သို့မဟုတ် ဖထီဘက်မှ သတင်းပေးသူအချို့က ကိုတင်မောင်သန်းတို့ထံ သတင်းမှား ပေးခဲ့ဟန် တူပါသည်။ ၎င်းတို့၏ အမြင်တွင် ကျွန်တော်တို့က ညီလာခံ၌ မိမိတို့အလိုကျ မဲရရှိစေရန်အတွက် "အိမ်ကြီးပေါ် အိမ်ငယ်ဆောက်" ပြီး နောက်ကြောမှ ဓားဖြင့်ထိုးမည့် (ပုဆိန်ရိုး) အကွက်ဟု နားလည်မှု လွဲသွားကြပါသည်။


လအတန်ကြာ စကားမပြောဖြစ်သည့် ကိုတင်မောင်သန်း၏ အိမ်သို့ ကျွန်တော် ကိုယ်တိုင်သွားရောက်ခဲ့သည်။ သူက တဲ့တိုးမေးသလို ကျွန်တော်ကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်လည်ဖြေကြားခဲ့ပါသည်။ အမှန်တကယ်တွင် ကျွန်တော်သည် အမြဲတမ်း Plan A, B, C, D ဆွဲတတ်သည့် အကျင့်ရှိကြောင်း သူကောင်းစွာ သိပါသည်။ ကောင်စီ၏ ပထမဦးဆုံး Website ကို အစအဆုံး ကိုယ်တိုင်ရေးသားပြီး ကျွန်တော် ပြည်ပသို့ ထွက်မလာခင်အထိ လည်ပတ်နိုင်အောင် စီစဉ်ခဲ့ခြင်း၊ Covid ကဲ့သို့ ပိတ်ဆို့မှုမျိုးတွင် Online Education စနစ်များ အကြံပြုခဲ့ခြင်း စသည့် ကျွန်တော်၏ "ကြိုတင်ပြင်ဆင်တတ်သော စရိုက်" ကို သိသောကြောင့် သူ၏ နားလည်မှုမှာ (၅၀%) ခန့် ပြန်လည် အဆင်ပြေသွားခဲ့ပါသည်။


အဆုံးသတ်ဖြစ်စဉ်:

သို့သော် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပသီကိုစိုးလေးက ကျွန်တော့်ကို နာမည်မတပ်ရုံတမယ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ပါသည်။ အစည်းအဝေး ပထမပိုင်းအပြီးတွင် ဥက္ကဋ္ဌကြီးက ကိုစိုးလေးနှင့် အခြားအလုပ်အမှုဆောင်များ ရှေ့မှောက်၌ -


"ငါ ရှင်းရှင်းပဲ ပြောမယ်ကွာ။ ရပ်လိုက်တော့၊ တော်လိုက်တော့။ ရှင်းလည်းမပြနဲ့၊ နားလည်းမထောင်ချင်ဘူး။ ဒါ သတိပေးတာပဲ၊ ကဲ... ဟုတ်ပြီလား၊ နားလည်လား" ဟု မေးပါသည်။


ကျွန်တော်ကလည်း ကိုစိုးလေးရှေ့တွင်ပင် "ဟုတ်ကဲ့၊ ဒီကိစ္စ ပြီးသွားပါပြီလို့ မှတ်လိုက်ပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထိုအခါ ဥက္ကဋ္ဌကြီးက ရယ်မောလျက် "ကဲ... ထမင်းစားကြမယ်၊ လာ မောင်မျိုး... ငါ့ဘေးလာထိုင်၊ ထမင်းအတူစားမယ်" ဟု ခေါ်ယူကာ ထိုကိစ္စကို ထိုနေရာ၌ပင် အဆုံးသတ်ခဲ့ပါသည်







အခန်း (၅) - မြစ်ကြီးနား ဦးစီးညီလာခံ

အခန်း (၆) - ရှဲဒိုကောင်စီ (Shadow Council) ဖွဲ့စည်းခြင်း (အိမ်ကြီးထဲ အိမ်ငယ်ဆောက်)

အခန်း (၇) - မောင်တောနှင့် ရန်ကုန်မြို့လည် ဘင်္ဂလီဗလီရှေ့တွင် ရခိုင်တောင်ကုတ်ကိစ္စ ဆန္ဒပြရန် လျှို့ဝှက်အစည်းအဝေး

အခန်း (၈) - စစ်တွေ (အောင်မင်္ဂလာ၊ ခပင်ပါလား၊ သက်ကယ်ပြင်)၊ ဘူးသီးတောင်နှင့် မောင်တော ခရီးစဉ်အတွင်း ဖြစ်စဉ်များနှင့် မီကာဆာ (Mikasa) ဟိုတယ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်နှင့် အချို့သော နိုင်ငံတကာသံအမတ်များနှင့် လျှို့ဝှက်အစည်းအဝေး

အခန်း (၉) - စစ်တွေ ကယ်ဆယ်ရေး တတိယခရီးစဉ်နှင့် ကျွန်တော်

အခန်း (၁၀) - မိတ္ထီလာ အရေးအခင်းအရေးအတွင်း ယဥ်တိုက်မှု၊ မိမိအား Online ပေါ်မှာ တိုက်ခိုက်မှု (ဝီရသူနှင့် တွေ့ဆုံခြင်း)

အခန်း (၁၁) - ရန်ကုန်တွင် အချိန်မီ တားဆီးနိုင်လိုက်သည့် ကုလား-ဗမာ အဓိကရုဏ်း

အခန်း (၁၂) - ကောင်စီကို အသိမပေးဘဲ မိမိသဘောဖြင့် Unity for Peace တည်ထောင်ခြင်းနှင့် ကောင်စီမှ မဆောင်ရွက်နိုင်သည့် နယ်ပယ်များကိုလှုပ်ရှားဆောင်ရွက်ခြင်း။ 

အခန်း ( ၁၃ ) ဆိုပြီးရေးပြီးမှ ရေးမည့်ခေါင်းစဥ်နှင့် နံပါတ် ၁၃ ဖြစ်နေတာ သတိပြုမိတော့ ရေးဖြစ်တာ မဖြစ်တာ အသာထား ခေါင်းစဥ်တော့ထည့်ထားလိုက််မယ် ၊ ကျွန်တော်ပါဝင်ခဲ့သည့် မဘသအဖွဲ့စတင်ထူးထောင်းခြင်းကိစ္စ၊ 

မှတ်မိသလောက်ရေးနိုင်ရန် ခေါင်းစဥ်များချရေးထားလိုက်ပါသည်။ ကျွန်တော်ဆက်ရေးသင့်တယ် သင်တို့ ဖတ်လိုတယ် ထင်ရင် Like and Follows လုပ်ထားလိုက်ပါ 

Following လုပ်ထားပါ"အကြောင်းအရာ အချက်အလက် မှန်ကန်မှု၊ ရှေ့နောက် မညီညွတ်မှု မကိုင်ညီမှုနှင့် သင်အနေဖြင့် ခြံငုံသုံးသပ်ပြီး ကျွန်တော်အပေါ် ရိုးရှင်း ဒဲ့တိုး အမြင် ပွင့်လင်းစွာပေးပါ 


The Essence of Dignity

  The Essence of Dignity By Aung Myo Lwin (Agga) Dignity is a value beyond price. It is not reserved for the elite; it exists across every ...