Search This Blog ရှာရန်

Sunday, March 18, 2012

လမ်းခွဲခြင်းရဲ့ အစက ပေါင်းစည်းခြင်းက

အကြင်လင်းမယားဘဲ ဖြစ်ဖြစ်၊ လုပ်ငန်းစပ်တူတွေဘဲ ဖြစ်ဖြစ် မိသားစုတွေဘဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေဘဲဖြစ်ဖြစ် တစ်နေ့တော့ ရှင်ကွဲမကွဲရင်တောင် သေကွဲကွဲရမည်မှာ လူ့လောက ဓမ္မဆိုတာကို လူတိုင်း လက္ခံကျပါတယ်။

ယနေ့ တိုင်းပြည်ပြုပြင်ပြောင်းလည် ရေးလမ်းပေါ်ရောက်နေတဲ့ အချိန်မှာ စီးပွားရေး ပူးပေါင်းဆောက်ရွက်မှု့တွေက မလွဲမသွေ လိုအပ်လာသလို၊ စုပေါင်းစပ်ပေါင်း လုပ်ငန်းတွေမှ မလုပ်ရင် အရင်အနှီးနဲ့ လုပ်ငန်းအရှိန်ကြီးပြီးသာ ပြည်ပ စီးပွားရေး လုပ်ငန်းစုတွေနဲ့ ရှင်ပြိုင်ရန်မှာ လွယ်ကူမည်မထင် 'ဝ'လုံးခေါင်းထဲ လသာနေတဲ့ နေ့တွေက အချိန်သိပ်ကျန်တော့မည်မထင်၊

ဒီနေရာမှာ ကျွန်တော် တင်ပြလိုတာလေးက လုပ်ငန်းတွေပေါင်းလုပ်တော့မယ် ဆိုရင် ဘယ်လိုလမ်းခွဲမလည်းဆိုတာကို ပထမဦးစွာ ကြိုတင် ပြင်ဆင် သဘေားတူခြင်းကို စတင် လုပ်ဆောင်သင့်တယ်လို့ အကြံပြုတင်ပြလိုပါတယ်။

သို့မဟုတ်ပါက ကောင်းမွန်စွာလမ်းခွဲခြင်း ဆိုတာကို ရရှိနိုင်ခြေနည်းပြီး ပူးပေါင်းခြင်း၊ ပေါင်းစည်းခြင်းကိုက မသေချာခဲ့လေးတော့ အမုန်း၊ ဒေါသ၊ အာဂါတ တွေနဲ့ စိတ်မချမ်မြေ့ဖွယ် လမ်းခွဲခြင်းနဲ့ အဆုံးသက်ဖြစ်ရလေတော့ စကထဲ မပေါင်းစည်း မိကျရင် ကောင်းသားလို့ တွေးမိမည်ထင်ပါတယ်။

ထိုနည်းတူ လင် ရယ် မယား ရယ်ဆိုတာကလည်း အရင်နှီဆုံး တစိမ်းတွေပါဘဲ၊ ဘားမှ သွေးသား မတော်ဆပ်တာ များပါတယ်။
ချစ်လို့ဘဲ ဖြစ်ဖြစ်၊ လူကြီးတွေပေးစားလို့ဘဲ ဖြစ်ဖြစ် အိမ်ထောင်တစ်ခု တည်ပြီးရင်တော့ မကွဲတာအကောင်းဆုံးပေါ့။
ဒါပေမဲ့ လမ်းခွဲခြင်းဆိုတာ မရှိရဘူးလို့တော့ အသေပြောရန်လွယ်မည်မထင်။
မည်သို့ပင်ဆိုစေ အကြောင်းမတိုက်ဆိုင်လို့ဘဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရေး ဖေါက်ပြန်လို့ဘဲဖြစ်ဖြစ် မည်သည့်အတွက် ကြောင်းဘဲဖြစ်ဖြစ် လမ်းခွဲရတော့မည်ဆိုပါက ကောင်းမွန်စွာလမ်းခွဲရန်လိုပေမည်။

ပြည်ထောင်စုရ်လို့ ဆိုရာမှာလည်း အစကထဲက ပေါင်းစည်းမှု့ ကို လမ်းခွဲခြင်းဆိုတာ မပါဘဲ အသေတွဲထားလို့ ရမည်မဟုတ်
ကိုယ်ဖြစ်ခြင်တာက ဖြစ်သင့်တာအပေါ်အခြေခံမှသာ သေချာရေရာတဲ့ အခြေအနေတစ်ခုကို အမှန်ရမည်ဟု တွေးထင်မိတယ်။
ပင်လုံ စိတ်ဓါတ် ပင်လုံ အခြေခံတွေကို လက္ခံတယ်ဆိုရင် ပင်လုံစာချုပ်ကို ပြန်ဖတ်ကြည့်သင့်ပါတယ်။

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...