Skip to main content

Posts

Showing posts from December, 2011

င့ါသား ( ၂ )

ခြောက်ပေါက်ကားကြီး စီးချင်လို့ဘဲ ဖြစ်ဖြစ်၊ ဟိုနေပြည်တော်ကြီးက သမ္မတကြီးထိုင်ထိုင် နေတဲ့ ပုလ္လင် အရှေ့မှာ ခန့်ခန့်ကြီး ထိုင်ချင်လို့ဘဲဖြစ်ဖြစ်၊ အလိမ်အညာ ထွေရာလေးပါတွေ အပြောကောင်းကောင်းနဲ့ အခု တမျိုး တော်ကြာတမျိုး အရှက်မရှိ ပြောတက်ရုံနဲ့ အခွင့်အရေးတွေရပြီး ခေါင်းပေါင်းလှလှ စောင်းချင်ရုံနဲ့တော့ ဘယ်တော့မှ သမ္မတ ဖြစ်ချင်လိုက်တာ ၀န်ကြီးဖြစ်ချင်လိုက်တာလို့ စိတ်မကူးနဲ့။ နိုင်ငံ့ အရေးကို မိမိရဲ့ဘ၀ ကိုပေးပြီး အမှန်တရားကို အမှန်ပြောဝန့်၊ လုပ်သင့်တာကို လုပ်ဝန့်၊ မြန်မာပြည် ကော့သောင်း အငူထိပ်ကနေ ဟိုး ပူတာအို အကြာ လူမမယ်ကလေးငယ်လေး တစ်ဦး အစာငတ်နေတာကို ငါ့မှာ တာဝန်ရှိတယ်လို့ ခံယူဝင့်သူ၊ မြန်မာပြည်မှာ ပြည်သူတစ်ဦးဦး မတရားအလုပ်ခံရတာကို အသွေးအသားထဲက တုန်လှုပ်ခြောက်ခြားခံစားနာလည်းနိုင်သူ ဒီလိုလူမျိုးတွေဘဲ ဖြစ်သင့်တယ်။ သားရေမှတ်ထား ခေါင်းဆောင်ဆိုတာ ငါ့အဖေ မင်းအဖိုးက ပြောဘူးတယ် လုပ်စားရင် လုပ်စား၊ လုပ်မစားရင် လုပ်စားခံတဲ့ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်က တိုင်ပြည်အတွက်ဆို အသုံးချလိုက အသုံးချခံပါတယ်တဲ့.... ချစ်တဲ့ အဂ္ဂ

တိုင်းကျိုး၊ ပြည်ကျိုး၊ ငါ့အကျိုး

မြန်မာပြည်မှာ အုပ်စုဖွဲ့လူမိုက် ဂိုင်းဆိုလို့ သံထုတ်မောင်မောင် တို့ လမ်းမတော်ဖိုးတုန်တို့ စိန်ဂေါ်လီဂိုင်းတို့၊ စကော်ပီယံ ဂိုင်းတို့ ကြားဖူးလိုက်ပါတယ်။ မည်သို့ မည်ပုံ မိုက်ကြသည် ကျွန်တော်မသိ၊ သို့သော် တိုင်ပြည်အတွက် ရတက်မအေးစရာ ဂိုင်းတချို့ပေါ်လာသည်။ တိုင်းကျိုး၊ ပြည်ပြု၊ အကျိုးတော်ဆောင်၊ ကူညီကယ်ဆယ်ရေး၊ နည်းပညာ ပြန့်ပွားရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် တို့ အဖွဲ့ခေါင်းစဉ် ကောင်းကောင်းလေးတွေ ဖြည့်ထည့်ပြီး အုပ်စုဖွဲ့လိမ်စားသူတွေရဲ့ ခေတ်သစ် လူမိုက်ဂိုင်းတွေပါဘဲ၊ လိမ်စာတဲ့ အဖွဲ့ဆိုလို့ အထင်တော့ မသေးနဲ့နော် တကယ့်ကို နည်းပညာပိုင်းဆိုင်ပြီး လက်ကြောတင်းတင်း မလုပ်စားချင်တဲ့ လူ့ဘောကျော့လေးတွေ။ ဒီလို အစုအဖွဲ့လေးတွေက အခု ကျွန်တော်တို့ နိုင်ငံမှာကျယ်ပြန့်စွာ ဖြစ်ပေါ်ထွန်းကားလာသည်မှာ ကောင်းသည့် နိမိတ်လဏ္ခာမဟုတ်

ရင်ထဲမှ

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား ယခုအချိန်လွှတ်ပေးလိုက်ပါက မိမိတို့ ခြေလှန်းမြန်မြန်နဲ့ တိုင်းပြည်တိုးတက်ရေးနဲ့ အမေရိကန် နိုင်ငံအပေါ်အပြုသဘေားဆောင်ပြီး သတ္တိရှိတဲ့ ပြောင်းလည်းမှု့ကို ထုတ်ပြပေးစေလိုပါတယ်။ မြန်မာနိုင်ငံသားတွေ သူများနိုင်ငံမှာ သွားပြီးကျွန်လုပ်နေရတာ နိဂုဏ်ချုပ်နိုင်မယ်၊ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေ ထမ်းတလုပ်အတွက် မပူပန်နိုင်တဲ့ ဘ၀ ကိုရလာနိုင်တယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတိုးတက်ပြောင်းလည်မယ်၊ ပြည်သူတွေ စိတ်ချမ်းသာမယ် ဆိုရင် ဘာဘဲလုပ်ရ လုပ်ရ သမ္မတကြီး ပြည်သူ့ဆန္ဒနဲ့ သူ့ ဆန္ဒ တထပ် တည်းရှိနေမယ်လို့ မျှော်လင့်မိတယ်၊ သူမ၏ ခရီးစဉ် မပြီးဆုံးသေးခင် တောင်းဆိုမှု့တွေကို မြန်မာဘက်က လက်မနှေး ပြောင်းလည်းပြသည့်အတွက်၊ သူမအနေနဲ့ အစိုးရအပေါ်ထားသည့် သဘေားထားကို ရာနှုံးပြည့် ပြောင်းလည်း နိုင်သည်ကပင် ကျွန်တော်တို့ နိုင်ငံအတွက် အားသာချက်ဖြစ်လာစေချင်လိုက်တာ၊