Skip to main content

Posts

Showing posts from September, 2019

ကောင်းလေစွ၊ ကောင်းလေစွ၊ ကောာင်းလေစွ

မြန်မာ့လူ့အသိုင်းအဝိုင်းမှာ လူတိုင်းနာလည်းအောင်ပြောရမယ်ဆိုရင် ကာရကံ၊ ဝဇီကံ၊ မနောကံ၊ ဆိုပြီး ကံကို အတိမ်အနက် ပိုင်းကြည့်နိုင်သလို ကျူးလွန်မှူ့မြောက်ကြောင်းသင်ကြား၊ တွေးမြင်တက်ရန်လိုပေမည်၊ ဥပမာ ဒုသနသော ကံ ကျူးလွန်တယ်ဆိုရာမှာလည်း ကာရကံမြောက်လား၊ ဝဇီကံ မြောက်လား ၊ မနောကံ မြောက်လား ၊ သို့မဟုတ် တဆင့်ချင်း တဆင့်ချင်း မြောက်လာခဲ့တာလား၊ တချို့က မနေားကံလောက်မြောက်တာနဲ့ သတိဝင်ပြီး စိတ်ထဲက အပြီးရှင်း နောင်တ မှတ်တယ်၊ တချို့က မနောကံ မြောက်နေရာကနေ အခြေအနေပေးတာနဲ့ ဝဇီကံ မြောက်ကျူးလွန်လာတယ်၊  ကယ် ဝဇီကံကြောင့် တိုးတက်လာတာနဲ့ ကာရကံ မြောက် ကျူးလွန်မိပြန်တယ်၊ ဒီနေရာမှာ လူတိုင်းအမှား မကင်းတာ မှန်ပါတယ်၊ ဒါပေမဲ့ အမှားကို အမှားလို့ မှတ်ရန် ပိုအရေးကြီးပါတယ်၊ အမှားကို အမှန်လို့အတင်းကြီး မှတ်ရင်တော့ သံသရာမှာ ပေးရမယ့် ဝတ်ကြွေးက " ဒူးရား၊ သံကြား၊ နို့ဆီ၊ သောက်ကြာနေ့တိုင်းဝယ် " ဆိုပြီး ဒုသနသော ကို အဓိပါယ် အတင်းကြီး အပြောင်မှတ် စောက်ဂရုမစိုက်တာနဲ့ အတူတူပါပဲ၊ ဒီနေရာမှာ ပြောနေကျစကားလုံး တစ်ခုပြန်ပြောပြရမှာပဲ " မရှက်ရင် ကြိုက်တာလုပ်လို့ရတယ် " ပြီးမှ ကာလနာ တိုက်ပြီး မသာပေါ်လို့ ခတို့ခ လိုက်ရှာမနေနဲ