Skip to main content

Posts

Showing posts from June, 2011

အရှိတရား ကို အသိတရားနဲ့ ယှင်

၁၀ တန်းအောင်စာရင်းသွားကြည့်ဘို့ မနက် ၂ နာရီလောက်ကြီး ဂိုထောင်ထဲက Master Jeep ကို သူငယ်ချင်းတွေနဲ့ လမ်းထိပ်အထိ တွန်းထုတ်သွားလိုက်တယ် ကယ် ဘယ်ရမတုန်း အိမ်းက ဘိုးတော် ဘွားတော်တွေ မသိရုံတင်မက ရပ်ကွတ် ပါမသိ၊ ပထမဆုံးတော့ ရန်ကုန် ဘူတာကြီးနားက ညလုံးပေါက် Tea Shop လေးမှာ သွားစားလိုက်တယ် ပြီးတော့မှ အောင်စာရင်း သွားကြည့်တော့ သူငယ်ချင်းတွေနဲ့ တိုးဝှေ့ပြီး ကြည့်တာပေါ့ ၊ ပျော်တဲ့ အကောင်က ပျော်၊ ဆဲတဲ့ အကောင်ကဆဲ၊ ကယ် နောက်ဆုံးတော့ ကျွန်တော့် နာမည် ပါမလားပါဘူး၊   ဘယ်ရမတုန်း လသာ ( ၂ ) ကိုသွားပြီး ရည်းစားအောင်မအောင်တော့ ကြည့်လိုက်အုံးမယ်ဆိုပြီး သူငယ်ချင်းတွေကို ခေါ်ပြီး အင်နဲ့ အားနဲ့ကို သွားအားပေးဘို့ ချီတက်သွားတာပေါ့ ဟင် လူတွေအုံ ကြည့်နေတဲ့ ဘေးတစ်နေရာမှာ ငိုနေသူလေးကတော့ ကျုပ်ချစ်ရတဲ့ ကောင်မလေးပါလား ၊ ဒါနဲ့ဘဲ သူငယ်ချင်းတွေကို ဟေ့ရောင်တွေ အသာနေခဲ့ပေးတော့ အခြေအနေမကောင်းဘူး ဟုဆိုကာ ကျွန်တော် သူအနားကပ်ပြီး မေးလိုက်တယ် ဟေ့ နင်စာမေးပွဲကျတယ်မလား၊ မဖြေ ငိုသာငို နေတော့တာပါဘဲ .. သူ့ သူငယ်ချင်းတစ်ယောက်က အနားမှ မနေနိုင်မထိုင်နိုင် ၀င်ဖြေတယ် အောင်တယ်ဟေ့ အောင်းတယ် သချာင်္ ဒီမပါလို့တဲ့ ။။ ဟိုက်   အဲ့ဒီတော့မှ