Search This Blog ရှာရန်

Sunday, August 30, 2026

私が思い出す MJC と MJCAA

 

私が思い出す MJC と MJCAA



私が Myanmar Japan Center(MJC)に通い始めたのは、気持ちが少し落ち込み始めていた2016年初頭のことでした。講座を受講するために、初めてMJCを訪れました。

ウィン・ラインのミョー・ゾーさんからお誘いをいただいたこと、新しい友人や新しいコミュニティを見つけたいと思ったこと、そして何かを学びたいという気持ちがあったことが、私をMJCへ向かわせた理由です。

しかし、MJCで過ごし、講座を受ける中で、授業や新しく出会った友人たちのおかげで、多くの新しい視点や知識を得ることができました。同時に、落ち込んでいた気持ちも、しばらくの間は忘れることができました。

私がMJCで受講したのは、Business Management(経営管理)HR Management(人事管理)Finance Management(財務管理)の3つの講座です。講座は、日本で豊富な経験を持つCEOの方々、日本の大学で現役で教えている先生方、そしてミャンマー語と日本語の両方で教えるビジネス大学の先生方によって指導されました。

これらの講座を通じて、私はとても良いビジネス関係のコミュニティにも出会うことができました。3つの講座を受講した後、組織づくりや団体活動に関心のあった私は、Japan Myanmar Center Alumni Association(MJCAA)を設立したいという考えを、MJCの関係者の皆さまに提案しました。

MJCの皆さまが支援し、励ましてくださったおかげで、受講生の仲間たちとともに、MJCAA設立に向けた組織構成や規約づくりを始めることができました。デザインが好きな私は、MJCAAのロゴデザインも担当しました。

また、MJCAAのメンバーとともに、講演会への参加や、国内外への研修・見学旅行にも参加しました。こうした経験を通じて、楽しい時間、素晴らしい友人たち、そして多くの知識と学びを得ることができました。

MJCで講座が開かれる際には、年齢を問わず、多くの方に受講していただきたいと私は思います。私が受講していた頃には、自分の娘と同じくらいの年齢の若い人たちから、自分より年上の経験豊かな経営者の方々まで、さまざまな人に出会いました。

MJCAAで活動していた期間には、MJCおよびJICAのアドバイザーである森正金丸氏から、私の「ABC Info Tech」事業の拡大を支援したいとのお話をいただき、事業提案書(プロポーザル)を提出するよう勧めていただいたこともありました。しかし、最終的に私は提案書を提出するには至りませんでした。

MJCは、単に何かを学ぶための場所ではありません。良い友人、新しい経験、そして自分自身をもう一度立て直すきっかけを与えてくれた、私にとって今でも大切な思い出の場所です。

MJCでの思い出の写真、約300枚:
Google Photosのアルバム

関連投稿:
Facebook投稿 1
Facebook投稿 2
ブログ記事

#MJC #MJCAA #MyanmarJapanCenter #Myanmar

ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA

 ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA



ကျွန်တော် မှတ်မိသည့် MJC နှင့် MJCAA
================

Myanmar Japan Center (MJC) သို့ ကျွန်တော် စိတ်ဓာတ်စတင်ကျဆင်းနေခဲ့သည့် ၂၀၁၆ ခုနှစ်အစပိုင်းတွင် သင်တန်းတက်ရောက်ရန် စတင်ရောက်ရှိခဲ့ပါသည်။

ဝင်းလိုက်မှ ကိုမျိုးဇော်၏ ဖိတ်ခေါ်မှုကြောင့်လည်းကောင်း၊ မိတ်သစ်ဆွေသစ်များနှင့် အသိုင်းအဝိုင်းသစ်တစ်ခုကို ရရှိလိုသဖြင့်လည်းကောင်း၊ ပညာရပ်တစ်ခုခုကို သင်ယူလိုသဖြင့်လည်းကောင်း MJC သို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော် ရောက်ရှိပြီး သင်တန်းကာလအတွင်း သင်ကြားမှုများနှင့် မိတ်ဆွေသစ်များကြောင့် အသိအမြင်များစွာ တိုးတက်လာခဲ့သလို၊ စိတ်ဓာတ်ကျဆင်းနေမှုများကိုလည်း ခေတ္တမျှ မေ့လျော့ထားနိုင်ခဲ့ပါသည်။

ကျွန်တော် MJC တွင် တက်ရောက်ခဲ့သည့် သင်တန်းများမှာ Business Management, HR Management နှင့် Finance Management တို့ ဖြစ်ပါသည်။ သင်တန်းများကို ဂျပန်နိုင်ငံမှ အတွေ့အကြုံရင့် CEO များ၊ ဂျပန်တက္ကသိုလ်များမှ လက်ရှိဆရာ၊ ဆရာမများနှင့် မြန်မာ-ဂျပန်နှစ်ဘာသာရ စီးပွားရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများက သင်ကြားပို့ချပေးခဲ့ကြပါသည်။

ထိုသင်တန်းများမှတစ်ဆင့် အလွန်ကောင်းမွန်သည့် စီးပွားရေးဆိုင်ရာ အသိုင်းအဝိုင်းတစ်ခုကိုလည်း ရရှိခဲ့ပါသည်။ သင်တန်းသုံးခု တက်ရောက်ပြီးနောက် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများကို ဝါသနာပါသူဖြစ်သည့် ကျွန်တော်က Japan Myanmar Center Alumni Association (MJCAA) ကို ဖွဲ့စည်းလိုကြောင်း MJC မှ လူကြီးများထံ တင်ပြခဲ့ပါသည်။

MJC မှ လူကြီးများက ကူညီအားပေးခဲ့သဖြင့် သင်တန်းသားသူငယ်ချင်းများနှင့်အတူ MJCAA ဖွဲ့စည်းရေးအတွက် ဖွဲ့စည်းပုံနှင့် စည်းမျဉ်းများ ရေးဆွဲခြင်းကို စတင်လုပ်ဆောင်ခဲ့ကြပါသည်။ ဒီဇိုင်းရေးဆွဲခြင်းကို ဝါသနာပါသော ကျွန်တော်ကလည်း MJCAA ၏ Logo ကို ရေးဆွဲပေးခဲ့ပါသည်။

ထို့အတူ ဟောပြောပွဲများ၊ ပြည်တွင်းနှင့် ပြည်ပလေ့လာရေးခရီးများကိုလည်း MJCAA အဖွဲ့ဝင်များနှင့်အတူ သွားရောက်ခဲ့ရပါသည်။ ထိုအတွေ့အကြုံများမှတစ်ဆင့် ပျော်ရွှင်မှု၊ မိတ်ဆွေကောင်းများနှင့် ပညာဗဟုသုတများစွာကို ရရှိခဲ့ပါသည်။

MJC တွင် သင်တန်းများဖွင့်လှစ်သည့်အခါ အသက်အရွယ်မရွေး တက်ရောက်သင့်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ကျွန်တော် တက်ရောက်ခဲ့စဉ်က မိမိသမီးအရွယ်ရှိသူများမှစ၍ မိမိထက် အသက်ကြီးသော လုပ်ငန်းရှင်ကြီးများအထိ စုံလင်စွာ တွေ့ဆုံခဲ့ရပါသည်။

MJCAA တွင်လှုပ်ရှာသည့်ကာလ အတွင်း MJC နှင့် JICA မှ အကြံပေး Mr MORI MASA KANAMARU တို့မှ မိမိ ABC Info Tech လုပ်ငန်းတိုးချဲ့ရန် အကူအညီပေးလိုကြောင်းနှင့် Proposal တင်ရန်ကမ်းလှမ်းခဲ့သော်လဲ ကျွန်တော် Proposal မတင်ဖြစ်တော့ပါ၊

MJC သည် ပညာရပ်တစ်ခု သင်ယူရာနေရာသာမက မိတ်ဆွေကောင်းများ၊ အတွေ့အကြုံသစ်များနှင့် မိမိကိုယ်ကို ပြန်လည်တည်ဆောက်နိုင်စေသည့် အမှတ်တရနေရာတစ်ခုလည်း ဖြစ်နေဆဲပါသည်။

MJC အမှတ်တရပုံ ၃၀၀ ခန့်၏ လင့် -
https://photos.app.goo.gl/Lqf82RssjUJwGd1L8

https://www.facebook.com/john.agga.us/posts/pfbid0JEzTWfQMzWPDfswzJ971rskD3E19FCz67DgftPsYnVtJFqWGqY15s1jUWEUD8oY2l

https://www.facebook.com/john.agga.us/posts/pfbid0EaaVPi5p9qMtWaxxaYiQn8PvXU9xMeuTSo9HeF1H7W8cipDD3WGkgQnwmkr4rEPFl

https://koagga.blogspot.com/2026/08/mjc-mjcaa.html

#MJC #Mjcaa #myanmarjapancenter #Myanmar

































Wednesday, August 26, 2026

အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း



အဖွားနှင့်အတူ အဖိုး၏ဘီဒိုဖွင့်ခြင်း


ကျွန်တော် ၈ တန်းအောင်ပြီး ၉ တန်းတက်ခါစအရွယ်တွင် အဖွားဒေါ်အေးခင်က “မင်းက မင်းအဖိုးအရပ်အမောင်းရှိတယ်” ဟု ပြောကာ ကျွန်တော့်အိပ်ခန်းထဲရှိ နှစ်ပေါင်းများစွာ မဖွင့်ဖူးသော ဘီဒိုကြီးကို ဖွင့်ပြခဲ့သည်။ ထိုဘီဒိုသည် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် အဖိုး၏ဘီဒိုဖြစ်သည်။
ဘီဒိုထဲတွင် လျှို့ဝှက်အကန့်ကိုပါ ဖွင့်ပြသည်၊ ပြီးတော့ ပိတ်စဖြူဖြင့်ပတ်ထားသော ဘီဒိုအတွင်းရှိအဖိုး၏မယ်ဒလင်တစ်လက်ကို ထုတ်ပေးကာ “ဒါ မင်းအဖိုးရဲ့ မယ်ဒလင်” ဟု ပြောသည်။ ထို့နောက် အဖိုးနှင့်အဖွား မင်္ဂလာဆောင်စဉ် အဖိုးဝတ်ခဲ့သော အဖြူရောင်ဘောင်းဘီကို ကျွန်တော့်အား ဝတ်ကြည့်စေသည်။ ကျွန်တော်၏အရပ်မှာ ၅ ပေ ၁၁ လက်မရှိပြီး၊ အဖွားပြောသလိုပင် အဖိုးနှင့်အရပ်အမောင်းတူသည်ဟု ခံစားမိခဲ့သည်။
ဘီဒိုထဲမှ အဖိုး၏မိခင် ဒေါ်သီ၏အသုဘတွင် ကမ်းခဲ့သော ယပ်တောင်တစ်ချောင်းကိုလည်း အဖွားပြသည်။ ယပ်တောင်ပေါ်တွင် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု ရေးထားသည်။ “ဒီအခန်းက မင်းအဘွား ဒေါ်သီအခန်းပဲ။ မင်းအဖေနဲ့အမေ မင်္ဂလာမဆောင်ခင် ခုနစ်လလောက်ကပဲ ဆုံးသွားတာ။ ကြံတောသင်္ချိုင်းစက်အရှေ့မှာ ဂူသွင်းခဲ့တယ်” ဟု အဖွားက ပြောပြသည်။ ထိုယပ်တောင်ကလေးကို ယနေ့တိုင် ကျွန်တော်မှတ်မိနေဆဲဖြစ်သည်။
အဖွား၏စစ်ကာလအကြောင်းများကိုလည်း ကျွန်တော် မမေ့နိုင်ပါ။ စစ်အတွင်း သားငယ်ကိုခေါ်ကာ ရန်ကုန်မှ ဓနုဖြူသို့ ထွက်ပြေးရစဉ် အိတ်များပါသည့် အတွင်းခံဝတ်စုံထဲတွင် လက်ဝတ်ရတနာများ ထည့်သယ်ခဲ့ရပုံကို ပြောပြခဲ့သည်။ ခြောက်လုံးပြူးတစ်လက်တွင် ပထမကျည်အိမ်ကို အလွတ်ထားကာ ကျည်ငါးတောင့်သာ ထည့်ရသည့်အကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ပထမအကြိမ်ပစ်သံသာထွက်၍ ကျည်မထွက်လျှင် ရန်သူက အကာအကွယ်လျော့ပြီး ထွက်လာနိုင်သည်၊ ထိုအချိန်တွင် ဒုတိယအကြိမ်မှ အမှန်တကယ်ကာကွယ်ပစ်ခတ်ရမည်ဟု သူမက ပြောသည်။
ထိုနေ့ ဘီဒိုတံခါးပွင့်သွားသည့်အခိုက်တွင် ကျွန်တော်သည် အဖိုး၏ပစ္စည်းများကိုသာ မြင်ခဲ့ရခြင်းမဟုတ်။ မိသားစု၏ချစ်ခြင်း၊ ဆုံးရှုံးမှု၊ စစ်၏အရိပ်နှင့် မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ မပြတ်လပ်ဘဲ ရောက်လာသော မှတ်ဉာဏ်များကို မြင်ခဲ့ရခြင်းဖြစ်သည်။



Tuesday, August 25, 2026

မှတ်မှတ်ရရ ဧရာဝတီခရီးသွား



မှတ်မှတ်ရရ ဧရာဝတီခရီးသွား

ကျွန်တော်ငယ်စဉ်က နွေရာသီ ၃ ခါလောက်၊ အဖေနှင့်အတူ ဧရာဝတီတိုင်းအတွင်း L Boat ဖြင့် လချီသွားလာနေထိုင်ခဲ့ဖူးသည်။ ယနေ့ အမှတ်တရပြန်လည်ပေါ်လာသည့် အကြောင်းအရာလေးတစ်ခုကို မျှဝေလိုပါသည်။
ထိုခေတ်က U Boat နှင့် L Boat အများစုကို ဆ/မ ဆည်မြောင်းဦးစီးဌာနက ပိုင်ဆိုင်အသုံးပြုခဲ့သည်ဟု မှတ်မိသည်။ အဆင့်မြှင့်တင်ထားသည့် L Boat များနှင့် အတော်ကောင်းသည့် ဖိုင်ဘာ Speed Boat တစ်စီးကိုတော့ မြန်မာ့ကြယ်ငါးပွင့်အောက်တွင် ထားရှိခဲ့သည်ဟုလည်း မှတ်မိပါသည်။ ထိုသုံးထပ် ဖိုင်ဘာခေတ်မီ Speed Boat ကိုတော့ ထိုခေတ် ရန်ကုန်–သန်လျင် သင်္ဘောနေ့စဉ် စီးနင်းသူများ မှတ်မိကြမည်ဟု ထင်ပါသည်။
U Boat နှင့် L Boat များသည် အင်္ဂလိပ်ခေတ်က မြစ်တွင်းရေတပ်အတွက် အသုံးပြုခဲ့သည့် လှေများဖြစ်သည်ဟုလည်း မှတ်မိသည်။
ထို့အပြင် ကမ်းရိုးတန်းသွား ခေတ်မီဖိုင်ဘာ Speed Boat နှစ်စီးကို ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်း အောက်တွင် ထားရှိခဲ့သည်ကို မှတ်မိပြီး၊ နောက်ပိုင်း ငါးလုပ်ငန်းဦးစီးဌာနတွင်လည်း DOF 1၊ DOF 2 ဟူ၍ ဖိုင်ဘာသင်္ဘောနှစ်စီး ရှိခဲ့ဖူးသည်။
ထို Boat များနှင့် မြိတ်မြို့နှင့် မြန်မာ့ပင်လယ်ပြင်သို့ သွားခဲ့သည့် ခရီးများလည်း ရှိခဲ့ပါသည်။ ထိုခရီးစဉ်တွင် အဖေ၊ ရေတပ်မှ ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်းသို့ ညွှန်မှူးအဖြစ် ပြောင်းရွှေ့လာသူ ဗိုလ်မှူးမြင့်လွင်၊ ၎င်း၏သားနှင့် ကျွန်တော်မှတ်မိသလောက် ကိုငွေစိုး ( ဗိုလ်ချုပ်နေဝင်းသား ) တို့ ပါဝင်ခဲ့ကြပါသည်။
အလျဉ်းသင့်လို့ သတိရလာသည့်အရာများကို ပြောပြမိခြင်းသာဖြစ်သည်။ အဓိက ပြောချင်သည်မှာ နွေရာသီ ဧရာဝတီခရီးထွက်တော့မည်ဆိုလျှင် အမေက ကျွန်တော့်အတွက် စကော့ဈေး ဘယ်ဘက်တန်းရှိ “ဇီးယို” ဆိုင်များမှ ဇီးယိုအစုံ ထည့်ပေးလိုက်တတ်သည်ကိုပါ။
၁၉၈၄ ခုနှစ် ဧရာဝတီခရီးစဉ်အတွင်း ငါးဖမ်းလှေငယ်များကို တွေ့လျှင် အဖေတို့အဖွဲ့နှင့် ရဲများပေါင်းကာ တံငါလှေများမှ ဖမ်းမိထားသည့် ငါးများကို စစ်ဆေးကြသည်။ အဓိကအားဖြင့် ဖမ်းမိငါးများတွင် ရောဂါပါသော ငါးများ ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်သည်။
ဒီနေရာတွင် တစ်ခုပြောပြရန်လိုပါသည်။ ထိုခေတ်က တံငါသည်အချို့သည် အစိုးရလှေတွေ့လျှင် ထွက်ပြေးတတ်ကြသည်၊ တစ်ခါတစ်ရံ ရန်ပြုတတ်ကြသည်ဟုလည်း မှတ်မိပါသည်။ ထို့ကြောင့် ရဲခြောက်ဦးခန့် ခေါ်ဆောင်သွားရခြင်းဖြစ်သည်။ ရဲခေါ်သည့်အခါတွင်လည်း ဟိုအပိုင်၊ ဒီအပိုင် ကွဲပြားနေသောကြောင့် သက်ဆိုင်ရာနယ်မြေအပိုင်အလိုက် ရဲများခေါ်ရသည်ကို မှတ်မိပါသည်။
ထိုအချိန်က မြန်မာပြည်ရေချိုငါးအချို့တွင် ထူးဆန်းသည့် ရောဂါလက္ခဏာများကို တွေ့ရတတ်သည်။ အကောင်တစ်ပိုင်းပျက်စီးနေသော်လည်း အသက်ရှင်နေသည့် ငါးများ၊ ခေါင်းနှင့်အမြီးရှိသော်လည်း ကိုယ်ခန္ဓာတွင် အရိုးများသာ ကျန်ရှိနေသည့် ငါးများ၊ အနီရောင်အကွက်ကြီးများပါသည့် ငါးများကိုပါ တွေ့ခဲ့ရသည်။
ဘာရောဂါဖြစ်သည်ကိုတော့ ကျွန်တော်ငယ်သေးသဖြင့် မမှတ်မိပါ။ သို့သော် ယနေ့ အင်တာနက်မှ ပြန်လည်ရှာဖွေကြည့်သောအခါ ၁၉၈၄–၁၉၈၅ ခုနှစ်ဝန်းကျင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အနာပေါက်ရောဂါ Epizootic Ulcerative Syndrome (EUS) နှင့် ကိုက်ညီနိုင်သည်ဟု ယူဆမိပါသည်။ EUS သည် ရေချိုနှင့် မြစ်ဝဒေသငါးများတွင် အရေပြားနှင့် ကြွက်သားအထိ နက်ရှိုင်းသောအနာများ ဖြစ်စေနိုင်သည့် ရောဂါဖြစ်သည်။
အဖေတို့က ထိုငါးများနှင့်ပတ်သက်သည့် အချက်အလက်များကို မှတ်တမ်းယူ၊ စုဆောင်းကာ စစ်ဆေးကြသည်။ ထိုသို့ လိုက်လံစစ်ဆေးနေချိန်တွင် အချို့တံငါသည်များသည် ကျွန်တော်တို့၏ L Boat ကို မြင်လျှင် ထွက်ပြေးတတ်ကြသည်။ အထူးသဖြင့် လပွတ္တာ မြို့ဘက် တွင် ထိုသို့ဖြစ်ရပ်များ များတတ်သည်ဟု မှတ်မိသည်။
တချို့မှာ အဝတ်အစားမပြည့်စုံဘဲ ပုဆိုးပင် မဝတ်ထားကြသဖြင့် အဖေတို့က ပုဆိုးကြမ်းများပေး၊ ဇီးယိုများပေးပြီး နောက်တစ်ခါ အဝတ်အစားမပြည့်စုံလျှင် ဖမ်းမည်ဟု သတိပေးတတ်ကြသည်။
ထိုခရီးတွင် L Boat ပေါ်မှ မြန်မာထမင်းချက်များ၏ အချက်အပြုတ်က အလွန်ကောင်းသည်။ ကျွန်တော်တို့သည် L Boat အနောက်ဘက်မှ မြစ်ရေကို ပုံး ဖြင့်ခပ်ကာ ချိုးရပြီး၊ နောက်ဆုံးတွင် ရေချို ရေသန့် သုံးပုံးမှ လေးပုံးခန့် သုံး၍ ရေချိုးကြရသည်။
ယနေ့တော့ ငယ်ဘဝက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားလာခဲ့ရသောခရီး၊ ဘဝတွင် အဖေနှင့်အတူ ခရီးရက်ရှည်ထွက်ခဲ့ရသည့် မြင်ကွင်းများကို အမှတ်ရမိလို့ မျှဝေလိုက်ခြင်းဖြစ်ပါသည်။

Sunday, August 23, 2026

My Recollections of Myanmar Orchids

 

My Recollections of Myanmar Orchids



If I remember correctly, around 1998, a Myanmar orchid exhibition was held at the location where the M3 football pitch now stands. Most of the orchids displayed for this exhibition were brought in from Thailand, offering us the chance to witness a wide variety of colorful and uniquely beautiful orchid species.

Anyone who flew with Thai Airways back in those days will likely remember how passengers were routinely given identical, uniform orchid blossoms as a keepsake souvenir. These little flowers—bred to be uniform in size and color—served as a symbol of Thailand's thriving floriculture and orchid industry at the time.

During that period, I was working as a Protocol Officer for a Thailand-based company located in Yangon. Consequently, I took on responsibilities related to the orchid exhibition's logistics and coordination—such as liaising with relevant government departments when Thai orchid experts visited Myanmar.

Additionally, I had the task of guiding those Thai specialists around local ornamental flower farms of the time, including the Chinn Chaung rose nursery and large commercial plots where double jasmine (hnyin hsee), noble orchids (thazin), and various other orchid species were cultivated.

While assisting them, the visiting Thai orchid experts expressed a strong fascination with Myanmar's native wild orchid species and shared their desire to acquire them.

They explained that because Thailand had been commercially crossbreeding and cultivating orchids for a long period, they were facing a decline in genetic quality. Consequently, they needed original, unhybridized wild orchid species growing naturally in Myanmar’s forests.

Back then, one could frequently find wild orchid clumps naturally clinging to large trees around the Shwegontine area—near where the current Sakura Housing is built—as well as around Kandawgyi Lake. Prompted by this, I investigated further and discovered authentic wild orchids along the ascent of the Rakhine-Taunggok highway, alongside vast and stunning bamboo forests.

In our professional circles at the time, these orchids were referred to as "L-Zero." This was not meant to be a scientific name; rather, it was likely an industry slang term used back then to designate a specific group of original wild orchids.

Later on, after obtaining official permission from the Myanmar Forest Department, those orchids were systematically harvested and shipped out in large quantities.

Reflecting on this today, I realize even more that Myanmar is a country blessed not only with beautiful ornamental flowers but also with immense natural gene pools—including massive bamboo forests and native species vital for research and future agricultural development.

I firmly believe that if we protect these precious natural heritages from reckless harvesting and commercial trade—safeguarding them under relevant laws, official permits, and scientific conservation breeding systems—Myanmar's orchids will continue to offer their beauty and value for generations to come.

Aung Myo Lwin (Ko Agga)

ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ


ကျွန်တော် အမှတ်ရသော မြန်မာ့သစ်ခွများ

ကျွန်တော် အမှတ်မမှားလျှင် ၁၉၉၈ ခုနှစ်ခန့်က ယနေ့ M3 ဘောလုံးကစားကွင်းရှိရာနေရာတွင် မြန်မာ့သစ်ခွပြပွဲတစ်ခု ကျင်းပခဲ့ဖူးပါသည်။ ထိုပြပွဲအတွက် ပြသခဲ့သော သစ်ခွအများစုကို ထိုင်းနိုင်ငံမှ သယ်ဆောင်လာခဲ့ကြပြီး၊ အရောင်အသွေးစုံလင်ကာ ထူးခြားလှပသည့် သစ်ခွမျိုးများကို မြင်တွေ့ခွင့်ရခဲ့ပါသည်။
ထိုခေတ်က Thai Airways လေယာဉ်စီးဖူးသူများအနေဖြင့် ခရီးသည်များအား အရောင်တူ၊ အရွယ်တူ သစ်ခွပန်းလေးများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်လေ့ရှိသည်ကို မှတ်မိကြမည်ထင်ပါသည်။ ထိုသစ်ခွပန်းလေးများသည် အရွယ်တူ၊ အရောင်တူသစ်ခွပန်းများဖြစ်အောင် မျိုးရိုးဗီဇ ပြုပြင်ထားသည့် ထိုင်းနိုင်ငံ၏ ပန်းစိုက်ပျိုးရေးနှင့် သစ်ခွလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုသည့် အမှတ်တရတစ်ခုလည်း ဖြစ်ခဲ့ပါသည်။
ထိုအချိန်က ကျွန်တော်သည် ရန်ကုန်အခြေစိုက် ထိုင်းကုမ္ပဏီတစ်ခုတွင် Protocol Officer အဖြစ် အလုပ်လုပ်ကိုင်နေခဲ့ပါသည်။ ထို့ကြောင့် သစ်ခွပြပွဲနှင့် ဆက်စပ်သော သယ်ယူပို့ဆောင်ရေးကိစ္စများ၊ ထိုင်းနိုင်ငံမှ သစ်ခွကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည့် တာဝန်များကိုလည်း ယူခဲ့ရပါသည်။
ထို့အပြင် ထိုစဉ်က အလှပန်းစိုက်ပျိုးရေးလုပ်ငန်းများရှိခဲ့သော ချင်းချောင်းနှင်းဆီခြံနှင့် လူကုန်တန်ခြံကြီးများအတွင်းမှ နှစ်ဆီး၊ သဇင်နှင့် သစ်ခွမျိုးစုံ စိုက်ပျိုးထားသည့်ခြံများသို့လည်း ထိုင်းပညာရှင်များကို လိုက်လံပြသပေးရပါသည်။
ထိုသို့ ကူညီဆောင်ရွက်ရစဉ် ပါလာသော ထိုင်းသစ်ခွကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏ သဘာဝဒေသရင်း သစ်ခွမျိုးများကို အထူးစိတ်ဝင်စားကြပြီး၊ ထိုကဲ့သို့သော မျိုးရင်းသစ်ခွများကို ရယူလိုကြောင်း ပြောပြခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် စီးပွားဖြစ်သစ်ခွမျိုးများကို နှစ်ကာလရှည်ကြာ မျိုးစပ်ပြုပြင်လာခဲ့သည့်အတွက်၊ မျိုးရိုးဗီဇပြုပြင်ရန် အရည်အသွေးနိမ့်လာခြင်းကို ရင်းဆိုင်နေရပါတယ်၊ သို့သော်မြန်မာနိုင်ငံ၏ သဘာဝတောများတွင် ပေါက်ရောက်နေသည့် မျိုးစပ်ပြုပြင်ခြင်း မပြုထားသော မူရင်းသစ်ခွမျိုးများ လိုအပ်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုစဉ်က ရွှေဂုဏ်တိုင်ဘက်၊ ယခု စကူရာအိမ်ရာများ ဆောက်လုပ်ထားသည့်နေရာအနီးနှင့် ကန်တော်ကြီးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးအချို့တွင် သဘာဝအလျောက် ကပ်ပေါက်နေသော သစ်ခွပင်ရင်းများကို တွေ့ရတတ်ပါသည်။ ထိုမှတစ်ဆင့် စုံစမ်းရှာဖွေခဲ့ရာ ရခိုင်-တောင်ဂုတ်လမ်းအတက်ဘက်တွင် သဘာဝပင်ရင်းအစစ် သစ်ခွများ၊ အင်းမတန်များလှသည့် ဝါးတောများကို တွေ့ရှိခဲ့ရပါသည်။
ထိုသစ်ခွများကို ထိုခေတ် လုပ်ငန်းဝန်းကျင်တွင် “L-Zero” ဟု ခေါ်ဆိုကြပါသည်။ ယင်းသည် သိပ္ပံအမည်ဖြစ်သည်ဟု မဆိုလိုဘဲ၊ သဘာဝပင်ရင်းသစ်ခွအုပ်စုတစ်မျိုးကို ရည်ညွှန်းသည့် ထိုစဉ်က လုပ်ငန်းသုံးအခေါ်အဝေါ်တစ်ခု ဖြစ်နိုင်ပါသည်။
ထို့နောက် မြန်မာ့သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီး ထိုသစ်ခွများကို စနစ်တကျ ခူးယူကာ အမြောက်အများ ပို့ဆောင်ပေးခဲ့ရဖူးပါသည်။
ယနေ့ ပြန်လည်စဉ်းစားမိသည့်အခါ မြန်မာနိုင်ငံသည် သစ်ခွပန်းအလှသာမက၊ သစ်ခွမျိုးရင်းများ၊ အင်မတန်ကြီးများသည့် ဝါးတောများ၊ သုတေသနနှင့် အနာဂတ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် သဘာဝဒေသရင်း မျိုးရိုးဗီဇအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ကြောင်း ပိုမိုသတိပြုမိပါသည်။
ဤအဖိုးတန် သဘာဝအမွေအနှစ်များကို မဆင်မခြင်ခူးယူရောင်းဝယ်ခြင်းမှ ကာကွယ်ပြီး၊ သက်ဆိုင်ရာဥပဒေ၊ ခွင့်ပြုချက်နှင့် သိပ္ပံနည်းကျ ထိန်းသိမ်းမွေးမြူရေးစနစ်များအောက်တွင် ကာကွယ်စောင့်ရှောက်နိုင်လျှင် မြန်မာ့သစ်ခွများသည် နောင်လာမည့်မျိုးဆက်များအတွက်လည်း အလှတရားနှင့် တန်ဖိုးကို ဆက်လက်ပေးစွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။
အောင်မျိုးလွင် ( အဂ္ဂ

Sunday, August 16, 2026

SHAMIE Bakery & Confectionery

 SHAMIE Bakery & Confectionery




There is something important to clarify here, as it is a common point of confusion between SHAMIE and SHAMI: "Shami" refers to Shami Kebab, which is made by grinding meat with split peas and frying it.

It was also sold at the Shamie Bakery, but it is not called Shami Kebab because the bakery made it.

Secondly, Shamie is a person's name. Before World War II, there used to be an Iranian Club next to the Sule Bengali Mosque. During the war, U Myaung Mya National School Principal Haji U Aung Ba (U Abdullah) and a person named Shamie discussed opening a bakery together once the war ended.

However, after the war ended, Shamie provided the initial bakery machinery and recipes he owned before returning to Iran.

Haji U Abdullah, later known as Shamie U Abdullah, started the business to expand operations in partnership with the family of Mr. Patel—who served as the Mayor of Rangoon in the 1930s–1940s—along with 11 other shareholders.

Haji U Abdullah personally managed the operations as the Shamie Manager, traveling to Germany to purchase and import machinery for hard candies, chocolates, and ice pops. He operated it as a modern establishment selling Shamie candies, Shamie falooda, Shamie parfaits, Shamie cookies, toasted bread, toasted cakes, and a wide variety of cakes in Myanmar until it was nationalized.

SHAMIE မုန့်တိုက်



SHAMIE မုန့်တိုက်






ဒီနေရာမှာ တစ်ခုပြောပြစရာရှိပါတယ်၊ လူအများအမှတ်မှားနိုင်တဲ့အချက်ပါ SHAMIE နှင့် SHAMI၊ " Shami " ဆိုတာ Shami Kebab (ရှမီကာဘတ်) အသားကို ပဲနှင့်ကြိတ်ကြော်ထားတာကို ခေါ်ပါသည်၊

ရှာမီ မုန့်တိုက်မှာလည်း ရောင်းပါတယ်၊ သို့သော် ရှာမီမုန့်တိုက်က လုပ်လို့ ရှာမီကာဘတ်လို့ ခေါ်ခြင်းမဟုတ်ပါ။

နောက် Shamie ဆိုတာ လူနာမည် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဆူးလေဘင်္ဂါလီဗလီဘေးမှာ Iranian Club ရှိခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန် မြောင်းမြအမျိုးသားကျောင်းအုပ်ဆရာ ဟာဂျီဦးအဒူလာနှင့် Shamie ဆိုသူတို့ စစ်ပြီးရင် မုန့်ဆိုင်ဖွင့်ကြရအောင်ဆိုပြီး ဆွေးနွေးခဲ့ကြပါတယ်။

သို့သော် စစ်ပြီးသည့်အခါ ထိုရှာမီဆိုသူမှ ၎င်းပိုင် မုန့်ဖုတ်လုပ်ငန်းသုံး စက်များနှင့် ပြုလုပ်နည်းများနှင့်အတူ အစပြုပေးခဲ့ပြီး အီရန်သို့ ပြန်သွားပါသည်။

ဟာဂျီဦးအဒူလာ ခေါ် နောင် ရှာမီအဒူလာမှ လုပ်ငန်းတိုးချဲ့စတင်နိုင်ရန် ၁၉၃၀ - ၁၉၄၀ ခုနှစ်များက မြို့တော်ဝန်လုပ်ခဲ့သော Mr. Patel (ပတေးလ်) မိသားစုနှင့် အစုရှယ်ရာရှင် ၁၁ ဦးဖြင့် စတင်ခဲ့သည်။

ဟာဂျီဦးအဒူလာသည် ရှာမီမန်နေဂျာအဖြစ် ကိုယ်တိုင်ဦးစီးပြီး ဂျာမနီ (Germany) မှ သကြားလုံးစက်၊ ချောကလပ်စက်၊ ရေခဲချောင်းစက်စသည်ဖြင့် ကိုယ်တိုင်သွားရောက်ဝယ်ယူတင်သွင်းခဲ့ပြီး၊ ခေတ်မီသော ရှာမီသကြားလုံး၊ ရှာမီဖာလူဒါ၊ ရှာမီပါဖ်၊ ရှာမီကွတ်ကီး၊ ပေါင်မုန့်ကျွတ်၊ ကိတ်ကျွတ်၊ ကိတ်မုန့်မျိုးစုံ ရောင်းချသည့်ဆိုင်တစ်ခုအဖြစ် ပြည်သူပိုင်မသိမ်းမီအထိ မြန်မာပြည်တွင် ဖွင့်လှစ်ခဲ့သည်။

Friday, August 14, 2026

Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ

 

Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ



Karen Newton အမှုက ထူးခြားပြီး သီးခြားဖြစ်ရပ်တစ်ခုသာဟု မပြောနိုင်တော့ပါ။ သို့သော် “တရားဝင် tourist visa ကိုင်ထားသော နိုင်ငံခြားခရီးသွားတစ်ဦးကို ICE က ရက်သတ္တပတ်များစွာ ထိန်းသိမ်းခဲ့သည့်အမှု” မည်မျှရှိသည်ကို ဖော်ပြသော အစိုးရ၏ သီးခြားစာရင်းမရှိသဖြင့် အတိအကျ ရေတွက်မရပါ။ ရရှိထားသည့် သတင်းမှတ်တမ်းများက ထိုကဲ့သို့သောအမှုများသည် လူသိရှင်ကြားထွက်လာသော အနည်းငယ်သာ ဖြစ်နိုင်ကြောင်း ပြသနေသည်။[theguardian]

Karen Newton အမှု

Guardian ၏ ဖော်ပြချက်အရ အသက် ၆၅ နှစ်ရှိ ဗြိတိန်နိုင်ငံသား Karen Newton သည် အမေရိကန်သို့ လည်ပတ်ရန် ဝင်ရောက်ခဲ့သူဖြစ်ပြီး၊ သူမ၏ tourist visa သက်တမ်းမှာ မကုန်သေးပါ။ သို့သော် ခင်ပွန်း Bill ၏ visa သက်တမ်းကုန်သွားခြင်းနှင့် ကနေဒါနယ်စပ်မှ ပြန်လှည့်ရခြင်းနောက်ပိုင်းတွင် Karen ကိုပါ လက်ထိပ်၊ ခြေကျင်းခတ်ကာ ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။ သူမသည် Montana နယ်စပ်ထိန်းသိမ်းရေးစခန်းတွင် သုံးရက်၊ Washington ပြည်နယ် Tacoma ရှိ Northwest ICE Processing Center တွင် ဆက်လက်နေထိုင်ရပြီး စုစုပေါင်း ၄၂ ရက်ခန့် ထိန်းသိမ်းခံခဲ့ရသည်။[theguardian]

ICE ဘက်က Karen ကို ခင်ပွန်း၏ ခရီးစဉ်ပြင်ဆင်ရာ၌ ကူညီခဲ့ခြင်းကြောင့် B tourist visa စည်းကမ်းကို ချိုးဖောက်သည်ဟု သတ်မှတ်ခဲ့ကြောင်း Guardian က ရေးသားထားသည်။ Karen နှင့် Bill တို့သည် “voluntary self-removal” စာရွက်ကို လက်မှတ်ထိုးခဲ့ပြီး၊ ထိုစာရွက်သည် တရားရုံးကြားနာခွင့်ကို စွန့်လွှတ်ရနိုင်သည့်အပြင် အမေရိကန်ပြန်ဝင်ခွင့်ကို ၁၀ နှစ်အထိ ကန့်သတ်နိုင်သည့် အကျိုးဆက်ရှိနိုင်သည်ဟု သတင်းက ဖော်ပြသည်။[theguardian]

လူသိရှင်ကြားထွက်လာသော အလားတူအမှုများ

Guardian ဆောင်းပါးတွင် Karen မတိုင်မီ သို့မဟုတ် အနီးကပ်ကာလများအတွင်း လူသိရှင်ကြားထွက်လာသော နိုင်ငံခြားခရီးသွား ထိန်းသိမ်းခံရမှုများကိုလည်း ဖော်ပြထားသည်။

အမည်/နိုင်ငံသားအခြေအနေထိန်းသိမ်းခံရသည့်ကာလ
Jessica Brösche, ဂျာမနီICE ထိန်းသိမ်းမှု၊ solitary confinement ပါဝင်၄၅ ရက်
Rebecca Burke, ဗြိတိန်အမေရိကန်မှ ထွက်ခွာရန်ကြိုးစားစဉ် ထိန်းသိမ်းခံရ၁၉ ရက်
Jasmine Mooney, ကနေဒါICE detention center တွင် ထိန်းသိမ်းခံရ၂ ပတ်
New Zealander တစ်ဦးနှင့် ၆ နှစ်အရွယ်သားICE ထိန်းသိမ်းမှု၃ ပတ်
Karen Newton, ဗြိတိန်Visa သက်တမ်းရှိနေသေးသော်လည်း ခင်ပွန်း၏အမှုနှင့် ဆက်စပ်၍ ထိန်းသိမ်းခံရ၄၂ ရက်

ဤစာရင်းသည် စုစုပေါင်းဖြစ်ရပ်အရေအတွက် မဟုတ်ပါ။ သတင်းမီဒီယာနှင့် လူမှုကွန်ရက်ထဲသို့ ရောက်လာပြီး ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့သူများသာဖြစ်သည်။ အများအပြားမှာ အလုပ်လုပ်ရန် ရည်ရွယ်ချက်ရှိသည်ဟု သံသယခံရခြင်း၊ visa သို့မဟုတ် ဝင်ရောက်ခွင့်ဆိုင်ရာ ပြဿနာတစ်ခုနှင့် ကြုံခြင်းများက စတင်အကြောင်းရင်း ဖြစ်ခဲ့သည်။[theguardian]

“ဘယ်လောက်အထိ” ဆိုသည့် အဖြေ

တရားဝင် visa ရှိသည့် tourist များထဲမှ Karen ကဲ့သို့ ထိန်းသိမ်းခံရသူ အရေအတွက်ကို ခွဲခြားထုတ်ပြသော ICE/DHS data မရှိပါ။ ထို့ကြောင့် “ရာချီ၊ ထောင်ချီ” ဟု ယုံကြည်စိတ်ချစွာ မပြောနိုင်ပါ။

သို့သော် ပိုကျယ်သော ICE detention ပမာဏကိုကြည့်လျှင် ထိန်းသိမ်းရေးစနစ်၏ အရွယ်အစားမှာ အလွန်ကြီးမားလာခဲ့သည်—

  • ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်အထိ ICE ထိန်းသိမ်းထားသူ ၇၀,၇၆၆ ဦး ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၅၂,၅၀၄ ဦး၊ သို့မဟုတ် ၇၄.၂% တွင် criminal conviction မရှိကြောင်း TRAC Immigration က ဖော်ပြသည်။[tracreports]
  • ၂၀၂၆ ဧပြီ ၄ ရက်အထိ ထိန်းသိမ်းထားသူအရေအတွက် ၆၀,၃၁၁ ဦးသို့ လျော့သွားခဲ့သော်လည်း၊ ၄၂,၇၂၂ ဦး သို့မဟုတ် ၇၀.၈% မှာ criminal conviction မရှိသူများဖြစ်ခဲ့သည်။[tracreports]
  • ၂၀၂၅ ဒီဇင်ဘာလတစ်လတည်းတွင် ICE detention သို့ အသစ်ဝင်ရောက်မှတ်တမ်းတင်ခံရသူ ၄၂,၁၂၈ ဦး ရှိခဲ့သည်—ICE ဖမ်းဆီးမှု ၃၇,၈၄၂ ဦးနှင့် CBP မှ ၄,၂၈၆ ဦး ပါဝင်သည်။[tracreports]

ဤကိန်းဂဏန်းများသည် Karen ကဲ့သို့ visa-valid tourist များကိုသာ ရည်ညွှန်းခြင်းမဟုတ်ပါ။ သို့သော် ICE detention စနစ်သည် အလွန်ကျယ်ပြန့်လာပြီး၊ ရာဇဝတ်ပြစ်မှုမှတ်တမ်းမရှိသူများက ထိန်းသိမ်းခံရသူအများစုဖြစ်နေသည်ကို ပြသသည်။[tracreports][tracreports]

သတင်းရေးရာ အဓိကအချက်

Karen Newton အမှု၏ အရေးကြီးသောသတင်းတန်ဖိုးမှာ “visa ရှိလျှင် လုံးဝအန္တရာယ်ကင်းသည်” ဆိုသော ယူဆချက်ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ Visa သည် အမေရိကန်သို့ ဝင်ခွင့်အာမခံချက်မဟုတ်သလို၊ နယ်စပ်တွင် CBP နှင့် ICE တို့က ဝင်ရောက်ခွင့်၊ ထိန်းသိမ်းမှု၊ ပြန်လည်ထွက်ခွာစေမှုတို့အပေါ် ကျယ်ပြန့်သော ဆုံးဖြတ်ခွင့်ရှိသည်။

ဒါပေမဲ့ Karen ကဲ့သို့ အမှုများကို “တရားဝင်ဗီဇာရှိသူတိုင်း ဖမ်းဆီးခံရနိုင်သည်” ဟု ယေဘုယျသတ်မှတ်ခြင်းကလည်း မတိကျပါ။ သတင်းထွက်လာသောအမှုများတွင် နယ်စပ်ပြဿနာ၊ visa သက်တမ်းကုန်သူနှင့် အတူခရီးသွားခြင်း၊ အလုပ်လုပ်ရန်ရည်ရွယ်သည်ဟု သံသယခံရခြင်း၊ ခရီးစဉ်အထောက်အထားနှင့် သက်ဆိုင်သောအငြင်းပွားမှုများကဲ့သို့ သီးခြားအခြေအနေများ ပါဝင်နေသည်။[theguardian][nilc]

ရေးမိသည့်အကြောင်း 

ခေါင်းစဉ်အကြောင်း — “Karen လိုအဖြစ်မျိုး ဘယ်လောက်အထိရှိနေသလဲ”

အမေရိကန်သို့ တရားဝင် tourist visa ဖြင့်သွားရောက်ခဲ့သော ဗြိတိန်နိုင်ငံသား Karen Newton သည် ခင်ပွန်း၏ visa သက်တမ်းကုန်ခြင်းနှင့် ဆက်စပ်ကာ ICE ထိန်းသိမ်းရေးစခန်းတွင် ခြောက်ပတ်နီးပါး နေခဲ့ရသည်ဟု Guardian သတင်းက ဖော်ပြသည်။ Karen ၏ visa သက်တမ်းမှာ မကုန်သေးသော်လည်း၊ အမေရိကန်မှ ထွက်ခွာရန်ကြိုးစားစဉ် လက်ထိပ်၊ ခြေကျင်းခတ်ခံရပြီး Tacoma ရှိ ICE detention center သို့ ပို့ဆောင်ခံခဲ့ရသည်။[theguardian]

Karen ၏ဖြစ်ရပ်သည် တစ်ဦးတည်းသော ထူးခြားဖြစ်ရပ်ဟု အလွယ်တကူ မဆိုနိုင်တော့ပေ။ ၂၀၂၅–၂၆ ကာလအတွင်း ဂျာမနီ၊ ဗြိတိန်၊ ကနေဒါနှင့် နယူးဇီလန်မှ ခရီးသွားများ ICE ထိန်းသိမ်းရေးစခန်းတွင် ရက်သတ္တပတ်များစွာ နေခဲ့ရသည့် အမှုများ လူသိရှင်ကြား ထွက်ပေါ်ခဲ့သည်။ သို့သော် valid visa ကိုင်ထားသော visitor များထဲမှ မည်မျှ ထိန်းသိမ်းခံရသည်ကို ခွဲခြားပြသသော အစိုးရကိန်းဂဏန်း မရှိသဖြင့် အမှန်တကယ်အရွယ်အစားကို တိတိကျကျ မသိရသေးပေ။[theguardian]

ထိန်းသိမ်းရေးစနစ်တစ်ခုလုံးကို ကြည့်လျှင် ICE သည် ၂၀၂၆ ဇန်နဝါရီတွင် လူပေါင်း ၇၀,၇၆၆ ဦးကို ထိန်းသိမ်းထားခဲ့ပြီး၊ ၇၄% ကျော်မှာ criminal conviction မရှိသူများဖြစ်ကြောင်း TRAC Immigration ၏ အချက်အလက်များက ဆိုသည်။ ထို့ကြောင့် Karen အမှုသည် “ခရီးသွားတစ်ဦး၏ မတော်တဆအဖြစ်” သာမက၊ အမေရိကန်၏ ပိုမိုကျယ်ပြန့်လာသော လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းမှုအတွင်း ပွင့်လင်းမြင်သာမှုနှင့် အချိုးကျမှုဆိုင်ရာ မေးခွန်းများကို ပိုမိုထင်ရှားစေသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်နေသည်။[tracreports]

Wednesday, August 12, 2026

ဂျူး သို့မဟုန် အစ္စရာအီလ် (Banu Isra'il)

 ဂျူး



ကုရ်အာန်ကျမ်းတွင် အစ္စရာအီလ် (Banu Isra'il) ဟု ခေါ်ဆိုသော ဂျူးလူမျိုးများနှင့် ၎င်းတို့၏ ဘိုးဘေးများအကြောင်းကို သမိုင်းကြောင်း၊ ယုံကြည်ချက်၊ အကျင့်စရိုက်နှင့် ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် အခြေခံ၍ အကျယ်တဝင့် ဖော်ပြထားသည်။

အစဦးတွင် ဘုရားသခင်သည် ဤအမျိုးအနွယ်အား ကမ္ဘာပေါ်ရှိ လူမျိုးများအပေါ် သာလွန်ကောင်းမွန်သော ကျေးဇူးတော်များ ပေးသနားခဲ့ပြီး၊ ပရောဖက်များစွာကို စေလွှတ်ကာ ကောင်းကင်ဘုံ၏ အထူးရွေးချယ်ခံရသူများအဖြစ် ဖော်ပြထားသည်။

ဥပမာအားဖြင့် စူရာဟ် အယ်လ်ဗာကိုရာ (2:47) တွင်

يَٰبَنِىٓ إِسْرَٰٓءِيلَ ٱذْكُرُوا۟ نِعْمَتِىَ ٱلَّتِىٓ أَنْعَمْتُ عَلَيْكُمْ وَأَنِّى فَضَّلْتُكُمْ عَلَى ٱلْعَٰلَمِينَ

" အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။ "

သို့သော် ဤကဲ့သို့သော မရေမတွက်နိုင်သော ကျေးဇူးများကို ခံစားခဲ့ရသော်လည်း သမိုင်းတစ်လျှောက်တွင် အချို့သော အချိန်များ၌ ပရောဖက်များ၏ ညွှန်ကြားချက်များကို ဖီဆန်ခြင်း၊ နွားရုပ်တုကို ကိုးကွယ်ခြင်းစသည့် ပုန်ကန်မှုများကြောင့် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုနှင့် စမ်းသပ်မှုများကို ခံခဲ့ရကြောင်း ကုရ်အာန်က သတိပေးထားသည်။

ဘုရားသခင်အပေါ် သဘောထားနှင့် ပတ်သက်၍လည်း ဂျူးဘာသာဝင်အချို့က မိမိတို့ကိုယ်ကို "ဘုရားသခင်၏ သားများ" ဟု ခံယူခြင်းကို စူရာဟ် အယ်လ်မာအိဒါ (5:18) ကဲ့သို့သော နေရာများတွင် ငြင်းဆိုထားပြီး၊ သန့်ရှင်းသော ကျမ်းစာများကို လက်တွေ့ဘဝတွင် လိုက်နာရန် ပျက်ကွက်ခြင်း သို့မဟုတ် စာသားများကို လိုသလို ပြောင်းလဲခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဝေဖန်ဖော်ပြထားသည်။

သို့ရာတွင် ဂျူးလူမျိုးအားလုံးကို တသမတ်တည်း အဆိုးမြင်ထားခြင်း မရှိပေ။ စူရာဟ် အာလေ အင်မ်ရန် (3:113-114) တွင် ဖော်ပြထားသည့်အတိုင်း ဂျူးလူမျိုးအားလုံး အတူတူမဟုတ်ဘဲ၊ ညအချိန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွတ်ဆိုကာ ပျပ်ဝပ်ကြသည့် သမ္မာတရားကို ကိုင်စွဲသူ၊ ပညာတတ်၊ ဘုရားသခင်ကို ကြောက်ရွံ့ကာ ကုသိုလ်ကောင်းမှုပြုသူ ဖြောင့်မတ်သည့် ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

အစ္စလာမ်၏ အခြေခံမူအရ လူတစ်ဦး၏ တန်ဖိုးသည် မည်သည့်လူမျိုးနွယ်ဝင် ဖြစ်သည်ဆိုသည့်အပေါ်တွင် မမူတည်ဘဲ ယုံကြည်ခြင်းနှင့် လုပ်ရပ်ကောင်းများအပေါ်တွင်သာ မူတည်ကြောင်း အလေးပေး ဖော်ပြထားသည်။

ဤကဲ့သို့ ကုရ်အာန်က ဖော်ပြခဲ့သော ဂျူးဘာသာဝင်တို့တွင် ၎င်းတို့၏ ဘာသာရေးယုံကြည်ချက်နှင့် နေ့စဉ်ဘဝ ကျင့်ဝတ်များကို ဖော်ညွှန်းသည့် အဓိကကျမ်းစာများနှင့် လေ့လာစရာ အခြေခံကျမ်းများ ရှိကြသည်။

ဂျူးတို့အတွက် အဓိကအကျဆုံးနှင့် အမြင့်မြတ်ဆုံး စာရေးထားသည့် ကျမ်းစာမှာ ဘုရားသခင်က မူဆာ (မိုရှေး) အား ပေးသအပ်ခဲ့သည်ဟု ယုံကြည်ကြသော ပဉ္စလက်ခ်ကျမ်း (ကျမ်းငါးစောင်) ဖြစ်သည့် တိုရာ (Torah / Written Torah) ပင် ဖြစ်သည်။

စာရေးထားသော တိုရာကျမ်းထဲပါရှိသည့် အမိန့်နှင့် ဥပဒေများကို လက်တွေ့ဘဝတွင် မှန်ကန်စွာ နားလည်ကျင့်သုံးနိုင်ရန်အတွက်မူ ရှေးခေတ် နှုတ်တိုရာ (Oral Torah) များကို အခြေခံထားသည်။

၎င်းနှုတ်တိုရာများကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ နှုတ်ဖြင့် လက်ဆင့်ကမ်းခဲ့ရာမှ နောင်တွင် အေဒီ ၂ ရာစုခန့်၌ စာအုပ်အဖြစ် ပထမဆုံး စုစည်းရေးသားခဲ့သော ကျမ်းမှာ မီရှ်နာ (Mishnah) ဖြစ်သည်။

ထို့နောက် ရဗီ (Rabbi) ပညာရှင်များက မီရှ်နာကျမ်းကို ရာစုနှစ်များစွာ ထပ်မံဆွေးနွေးဝေဖန်ကာ ရှင်းလင်းချက်များ ပေးထားသည့် စုစည်းမှုကြီးမှာ သယ်လ်မုဒ် (Talmud) ဖြစ်ပြီး၊ ဤကျမ်းသည် ဂျူးတို့၏ နေ့စဉ်ဘဝဥပဒေများနှင့် ဓလေ့ထုံးတမ်းများကို အသေးစိတ်ဆုံး ဆုံးဖြတ်ပေးသော အဓိကကျမ်းတစ်စောင် ဖြစ်လာခဲ့သည်။
Ref ; https://quran.mmsy.info/my_gazi/page/111
https://quran.mmsy.info/my_gazi/page/64

Sunday, August 09, 2026

Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee

 

Remembering the Halal Committee of the Islamic Religious Affairs Council Myanmar Headquarters: IRAC's Halal Committee



Seeing the Halal logo of the Islamic Religious Affairs Council Headquarters online today brings back fond memories, filling me with warmth as I recall the official Halal logo representing the Islamic Council that I designed when I served as the Secretary of the Halal Committee.

A nostalgic sentiment arose: "Oh... the logo I designed still exists?"

If I am not mistaken, before the 16th Conference of the Islamic Religious Affairs Council Headquarters, I learned that the Department of Religious Affairs issued a Halal endorsement for honey through the Dhamma Thet Department, so I looked into it, though I was not fully satisfied. Since U Tin Win's duties might have been misreported, I would appreciate those with exact knowledge adding to this.

After the 16th Conference, when I became a Central Executive Member and discussed the matter with Ko Tin Maung Than and Ko Wunna Shwe, they suggested submitting a paper to the Central Executive meeting.

Therefore, I wrote and presented a paper, studying the Malaysia Halal Guidelines systematically to implement a Halal Processing Plan—which inspects step-by-step procedures including religious specifications aligned with modern systems, food sanitation systems, laboratory tests, and food production and storage—so that it could be put into action.

At that time, since the laboratory system could not yet be implemented systematically, we had to rely on the assistance of the Myanmar FDA. I remember we obtained assistance through Daw Ni Ni, who lived in the upper block of Maw Htaung Lay Lane. If anyone has precise details about this information, please feel free to correct and supplement it. Doctors took charge of the health aspects.

When conducting inspection field trips, we used four different forms, and inspections were typically carried out by a total of five members: a Council Halal Committee member, a doctor, a religious teacher, and two support team members.

Certificates of Halal endorsement were only permitted to be issued after presenting the evaluations obtained from these forms to the Executive Committee and securing their approval.

Step-by-Step Procedure:

  • Business owners must submit an official application letter (incoming letter) requesting the inspection and issuance of a Halal recognition certificate.

  • The committee sends a form to the business owner that allows them to fill in detailed information explaining each step of the food production process. (If necessary, we also collected sample products for laboratory testing, packaging designs, and ingredient lists.)

  • Upon receiving this information, it must be presented to the Executive Committee so that an inspection team can be designated.

  • The Executive Committee determines the list of members who will conduct the inspection alongside the Halal Committee.

  • The inspection is led by the Committee Secretary or Vice Chairman. If necessary, we had to wait for laboratory test results.

  • Sometimes, we found indications that the raw materials used in the products had already received Halal recognition certificates. To verify whether such indicated information was accurate, we had to inspect and confirm it either by obtaining endorsements directly from the respective raw material manufacturing factories or by contacting the organizations that issued their Halal recognition certificates via email.

  • For example—ingredients such as chicken powder and oil used in ready-to-eat chicken noodles often came from abroad (Malaysia) already Halal-certified. We sometimes had to double-check such ingredients to be certain.

  • Therefore, applying for a Halal Certificate from the Islamic Council usually took about 1 to 3 months.

အစ္စလာမ် သာသနာရေးရာကောင်စီ ဟလာလ်ကော်မတီအား အမှတ်ရမိခြင်း Halal Committee



ယနေ့ အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်၏ ဟလာလ်တံဆိပ်ကို Online ပေါ်တွင် မြင်တွေ့မိတော့၊ ကျွန်တော် ဟလာလ်ကော်မတီ၌ အတွင်းရေးမှူးတာဝန်ယူခဲ့စဉ်က ရေးဆွဲပေးခဲ့သည့် အစ္စလာမ်ကောင်စီကိုယ်စားပြု ဟလာလ်အမှတ်တံဆိပ်ကို သတိရ၍ ပီတိဖြစ်မိပါသည်။
“အော်… ငါရေးဆွဲခဲ့တဲ့ Logo လေး ကျန်ရှိနေသေးပါလား” ဟူသည့် လွမ်းဆွတ်မှုရသလေးလည်း ပေါ်လာမိပါသည်။
အမှတ်မမှားလျှင် ၁၆ ကြိမ်မြောက် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်ညီလာခံ မကျင်းပမီက အန်ဆွာရီဌာနမှူး ဦးတင်ဝင်းထံမှ ပျားရည်အတွက် ဟလာလ်ထောက်ခံချက်ကို ဓမ္မသက်ဌာနမှ ထုတ်ပေးကြောင်း သိလိုက်ရသဖြင့် စုံစမ်းမိခဲ့သော်လည်း အားမရခဲ့ပါ။ ဦးတင်ဝင်း၏ တာဝန် မှားယွင်းနိုင်သဖြင့် အတိအကျသိရှိသူများက ဖြည့်စွက်ပေးစေလိုပါသည်။
၁၆ ကြိမ်မြောက် ညီလာခံအပြီး ကျွန်တော် ဗဟိုအမှုဆောင်ဖြစ်လာစဉ် ကိုတင်မောင်သန်း၊ ကိုဝဏ္ဏရွှေတို့နှင့် ဆွေးနွေးသောအခါ ဗဟိုအမှုဆောင်အစည်းအဝေးသို့ စာတမ်းရေးတင်ရန် အကြံပြုခဲ့ကြပါသည်။
ထို့ကြောင့် စာတမ်းရေးသားတင်ပြပြီး ခေတ်စနစ်များနှင့်အညီ ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်များ၊ အစားအသောက်သန့်ရှင်းရေးစနစ်များ၊ ဓာတ်ခွဲစစ်ဆေးမှုများနှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ ထားသိုခြင်းစသည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များကို စစ်ဆေးသည့် Halal Processing Plan ကို Malaysia Halal Guidelines အား မှီငြမ်း၍ စနစ်တကျလေ့လာကာ အကောင်အထည်ဖော်နိုင်ရန် စီစဉ်ခဲ့ပါသည်။
ထိုစဉ်က ဓာတ်ခွဲခန်းစနစ်ကို စနစ်တကျ အကောင်အထည်မဖော်နိုင်သေးသဖြင့် မြန်မာ FDA ၏ အကူအညီကို ရယူခဲ့ရပါသည်။ မော်ထောင်လေးလမ်း အထက်ဘလောက်တွင် နေထိုင်သည့် ဒေါ်နီနီထံမှတစ်ဆင့် အကူအညီရယူခဲ့ရသည်ဟု မှတ်မိပါသည်။ ယင်းအချက်အလက်ကို အတိအကျသိရှိသူများရှိပါက ပြင်ဆင်ဖြည့်စွက်ပေးကြစေလိုပါသည်။ ကျန်းမာရေးပိုင်းကို ဆရာဝန်များက တာဝန်ယူခဲ့ကြပါသည်။
စစ်ဆေးရေးသွားရောက်သည့်အခါ မတူညီသော ဖောင် ၄ မျိုးကို အသုံးပြုခဲ့ပြီး ကောင်စီဟလာလ်ကော်မတီဝင်၊ ဆရာဝန်၊ ဘာသာရေးဆရာနှင့် အထောက်အကူပြုအဖွဲ့ဝင် ၂ ဦးတို့ပါဝင်သော စုစုပေါင်း ၅ ဦးဖြင့် သွားရောက်စစ်ဆေးလေ့ရှိခဲ့ပါသည်။
ထိုဖောင်များမှ ရရှိသည့် သုံးသပ်ချက်များကို အလုပ်အမှုဆောင်အစည်းအဝေးသို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှသာ ဟလာလ်ထောက်ခံလက်မှတ် (Certificate) ထုတ်ပေးခွင့်ရှိခဲ့ပါသည်။
လုပ်ဆောင်ပုံအဆင့်ဆင့် -
လုပ်ငန်းရှင်များက ဟာလာလ်အသိအမှတ်ပြုလက်မှတ် စစ်ဆေးထုတ်ပေးပါရန် လျှောက်လွှာစာ (ဝင်စာ) တင်သွင်းရမည်။
ကော်မတီမှ စစ်ဆေးနိုင်ရန် အစားအသောက်ထုတ်လုပ်မှု အဆင့်ဆင့်ကို ရှင်းလင်းဖော်ပြထားသည့် အချက်အလက်များ ဖြည့်သွင်းနိုင်သော ပုံစံ (Form) ကို လုပ်ငန်းရှင်ထံပေးပို့ခြင်း။
( လိုအပ်ပါက ဓာတ်ခွဲစစ်ဆေးရန် နမူနာပစ္စည်းများ၊ ထုပ်ပိုးပုံစံများနှင့် ပါဝင်ပစ္စည်းစာရင်းများကိုလည်း ရယူပါသည်။ )
အဆိုပါ အချက်အလက်များ ရရှိလာပါက သွားရောက် စစ်ဆေးနိုင်ရန် အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရပါသည်။
အလုပ်အမှုဆောင်အဖွဲ့မှ ဟာလာလ်ကော်မတီနှင့်အတူ သွားရောက်စစ်ဆေးမည့် အဖွဲ့ဝင်စာရင်းကို သတ်မှတ်ပေးပါသည်။
ကော်မတီအတွင်းရေးမှူး သို့မဟုတ် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ စစ်ဆေးမှုကို ဆောင်ရွက်ပါသည်။ လိုအပ်ပါက ဓာတ်ခွဲစစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းရပါသည်။
တစ်ခါတစ်ရံ ထုတ်ကုန်တွင် ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ၌ ဟာလာလ်အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြထားတာတွေ့ရပါသည်။
ထိုသို့ဖော်ပြထားသော အချက်အလက်များ မှန်ကန်မှုရှိ/မရှိကို သက်ဆိုင်ရာ ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံများထံမှ ထောက်ခံချက်ရယူ၍လည်းကောင်း၊ ၎င်းတို့အား ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသည့် အဖွဲ့အစည်းများထံ email ဖြင့် ဆက်သွယ်အတည်ပြု၍လည်းကောင်း စိစစ်အတည်ပြရပါသည်။
ဥပမာ—အသင့်စား ကြက်သားခေါက်ဆွဲတွင် အသုံးပြုသည့် ကြက်သားအမှုန့် နှင့် ဆီ စသည့် ပါဝင်ပစ္စည်းများသည် ပြည်ပမှ Halal အသိအမှတ်ပြုပြီးသာလာတက်ပါတယ်။ ထိုသို့သော် ပါဝင်ပစ္စည်များကို သေချာအောင်ပြန်မေးရတာမျိုးရှိပါတယ်။
ထိုကြောင့် အစ္စလာမ်ကောင်စီမှာ Halal Certificate လျောက်ထားပါက တစ်လမှ ၃ ခန့်ကြာမြင့်တက်ပါတယ်။

Saturday, August 08, 2026

From the Thickets to the Crown

 From the Thickets to the Crown

An Economic Strategy for Myanmar's Reconstruction: Border Trade, Air Cargo, and Export-Centric Development



As Myanmar prepares for reconstruction, we must think fundamentally about the best, fastest, and most effective methods starting from our current reality. The foundation of any nation's economic development begins with essential infrastructure: electricity, roads and bridges, telecommunication networks, ports, airports, warehouses, and logistics systems.

Even if factories are built, manufacturing cannot proceed if the power supply is unstable. Once electricity is secured and factories begin production, transportation networks, customs systems, trade checkpoints, ports, and logistics networks will still be required to import raw materials on time and swiftly deliver finished goods to domestic and international markets.

Therefore, Myanmar's reconstruction should be approached in two phases. The first phase involves developing border regions connected to neighboring countries into trade and manufacturing hubs, while the second phase focuses on leveraging the Hanthawaddy International Airport project in the Bago Region to foster air cargo, aviation services, and high-quality export manufacturing systems.

Phase I — Developing Border Regions into Industrial and Trade Hubs

Because Myanmar is situated between China, Thailand, India, Bangladesh, and Laos, it possesses a vital geographic advantage. If this advantage is harnessed, border gates can evolve from mere transit points into economic centers for industry, packaging, warehousing, and re-exporting.

  • Regions connecting with China — Muse, Chinshwehaw, Lweje, Kanpaiti, and trade routes in the eastern Shan State

  • Regions connecting with Thailand — Myawaddy, Tachileik, Htee Khee, Kawthaung, and the Tanintharyi coastal trade routes

  • Regions connecting with India — Tamu and Reedkhawdar

  • Regions connecting with Bangladesh — Maungdaw and Sittwe

  • Regions connecting with Laos — Kyaingtlap

In these areas, border-based trade and industrial zones should be built through negotiations between neighboring countries, respective local authorities, and the private sector. On the Myanmar side, factories, cold storage facilities, warehouses, truck terminals, hotels, and one-stop service customs offices must be established.

To meet the electricity demands of these border regions, long-term contracts should be signed to purchase power from neighboring countries. However, power purchases should only serve as a temporary solution; in the long run, solar energy, hydropower, and localized microgrid systems should be co-developed.

Products manufactured in these industrial zones could be exported directly to neighboring countries or imported into the domestic market under preferential trade tax rates. After reviewing product categories and their impact on domestic industries, taxes could be set at around 5 percent. Land rentals, industrial zone service fees, business license fees, and basic utility costs should also be competitively priced against neighboring nations.

Furthermore, goods traveling from Thailand to India, or from India to Thailand and China, should be permitted to transit through Myanmar. The Tamu–Kalay–Mandalay–Myawaddy route is a crucial economic corridor capable of connecting India and Thailand through Myanmar. The India-Myanmar-Thailand Trilateral Highway project aims to link India's Moreh through Myanmar to Thailand's Mae Sot.

Rather than levying full standard import duties on cross-border goods, management should rely on customs guarantee systems, digital cargo tracking systems, and rules requiring re-export within a specified timeframe. If road tolls, warehousing fees, insurance, and administrative service costs can be kept within a total competitive margin of 5 percent, Myanmar can emerge as an attractive route for regional trade.

Phase II — Establishing Hanthawaddy Airport as an Aviation Economy Hub

As a second phase, the Hanthawaddy International Airport project in the Bago Region should not be viewed merely as a passenger airport, but developed as a regional air cargo and aviation service hub. The planned designs for the airport project include capacity to primarily handle international passengers, a 3,600-meter runway, and infrastructure capable of handling large aircraft.

To make the airport a commercial success, essential facilities must be built, including an aviation fuel terminal for international airlines, aircraft maintenance services, rest accommodations for aircrews and staff, and rapid cargo clearance systems for freight aircraft. The aviation fuel business must establish international safety standards, fire protection systems, fuel storage tanks, and quality inspection systems as core requirements.

An In-flight Catering Industrial Zone capable of producing meals used aboard aircraft should be established around the Hanthawaddy Airport. This zone should incorporate clean and secure crop cultivation systems, livestock farming for meat and dairy products, cold storage for fish and marine products, food processing plants, packaging factories, and quality control laboratories.

These operations will not only supply meals to airlines but also produce high-ready-to-eat foods for hotels, hospitals, international events, and overseas markets. However, to sell food and agricultural products to airlines, operators must strictly adhere to HACCP, ISO 22000, Halal, and other necessary international food safety standards.

Designating Yangon and Myeik as Marine Export Hubs

To upgrade and directly export farmed fish, shrimp, crabs, squid, and marine products overseas, FOB (Free on Board) export zones should be designated in Yangon and Myeik. Because FOB is an export system where the seller assumes responsibility until the goods are loaded onto a designated port or ship, an FOB zone should serve as an export service hub where cold storage, cargo inspection, packaging, customs clearance, and port integration are completed in a single location.

Just as existing fish and marine product processing, cold storage, and port networks in Yangon can be upgraded, Myeik can also perform cleaning, cold storage, quality inspection, and value-added packaging of captured marine catches right near their source. Most of Myanmar's marine processing and cold storage industries are concentrated in Yangon, making cold chain and standards systems vital for exports.

These zones must provide the following services under one roof:

  • Cold storage and cold-chain logistics transportation

  • Laboratory quality testing and issuance of health certificates

  • Acquisition of Halal, HACCP, and country-specific export standard certifications

  • Advanced packaging, labeling, and product traceability systems

  • Customs clearance, shipping management, and FOB contract services

  • Export insurance, banking payments, and foreign exchange services

Entering the Middle East Market via Dubai

To capture the Middle East market, Dubai should be utilized as an economic and distribution hub for Myanmar's exports. A strong Myanmar commercial consulate or trade representative office should be established in Dubai to handle market research, buyer matching, and trade dispute resolution for Myanmar's marine products, agricultural goods, foods, textiles, and value-added products.

The primary responsibilities of this office will include:

  • Vetted connection of reliable buyers, distributors, and investors

  • Proactively preventing fraud, payment defaults, and contract non-compliance in goods shipments

  • Informing Myanmar export businesses about UAE and Middle East standards regarding Halal, food safety, packaging, and labeling

  • Directly cooperating with the Dubai government, chambers of commerce, and port and airport service organizations

  • Organizing permanent showrooms, B2B business seminars, and annual trade exhibitions for Myanmar products

Establishing a direct distribution network through Dubai will enable faster market entry not only into the UAE alone, but also into Saudi Arabia, Qatar, Oman, Kuwait, Bahrain, and other Middle Eastern nations.

Market Stability and Digital Government Systems

When increasing agricultural and marine exports, a Domestic and Foreign Market Stability Board should be established to ensure domestic food security and price stability are not compromised. This board will monitor domestic demand, inventory levels, production volumes, global prices, and export contract volumes in real-time.

When domestic shortages or severe price spikes threaten to occur, the board must have the authority to temporarily restrict FOB export volumes. Conversely, during periods of surplus, permissions, tax rates, and logistics service fees should be reduced for exporters to encourage trade growth.

To minimize paperwork-based delays between the government and businesses, license applications, export permits, customs declarations, health certificates, and standard approvals should be handled through an Online Single Window System. Myanmar already possesses systems like TradeNet 2.0 to apply for import and export licenses online, while MACCS and National Single Window systems provide the foundation for reducing paperwork and expediting customs operations.

The online system should enforce time limits stating that an application must be approved or rejected within three to five days. If rejected, the system must clearly display the legal justification, incomplete documentation, and required corrections. Furthermore, an audit trail system must be integrated to record which department and officer handled the application and when.

Implementing this will curb delays, unjustified rejections, arbitrary fee demands, and the abuse of authority. A transparent digital system will foster a reliable investment environment for business operators.

If Myanmar can integrate border trade, cross-border freight transport, the aviation economy, marine exports, and digital trading systems together, it will stand not merely as a country with border gates, but will emerge as a central manufacturing, trading, and logistics hub connecting India, China, Thailand, ASEAN, and Middle Eastern markets. This is the economic pathway through which Myanmar can rise from the thickets to the crown.

ချုံကြားမှ ဘုံဖျားသို့

ချုံကြားမှ ဘုံဖျားသို့  

မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး၊ လေကြောင်းကုန်စည်နှင့် ပို့ကုန်ဗဟိုပြု စီးပွားရေးမဟာဗျူဟာ



မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရမည့်အချိန်တွင် လက်ရှိအခြေအနေမှ စတင်၍ အကောင်းဆုံး၊ အမြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းများကို အခြေခံကျကျ စဉ်းစားရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စတင်ရာ၌ လျှပ်စစ်ဓာတ်အား၊ လမ်းတံတား၊ ဆက်သွယ်ရေးကွန်ရက်၊ ဆိပ်ကမ်း၊ လေဆိပ်၊ ဂိုဒေါင်နှင့် သိုလှောင်ပို့ဆောင်ရေးစနစ်တို့သည် မဖြစ်မနေလိုအပ်သည့် အခြေခံအုတ်မြစ်များဖြစ်သည်။

စက်ရုံများတည်ဆောက်ထားသော်လည်း လျှပ်စစ်ဓာတ်အား မတည်ငြိမ်ပါက ထုတ်လုပ်မှုလုပ်ငန်း မဖြစ်နိုင်ပေ။ လျှပ်စစ်ရရှိပြီး စက်ရုံများမှ ထုတ်ကုန်များ ထွက်ရှိလာသော်လည်း ကုန်ကြမ်းများကို အချိန်မီတင်သွင်းနိုင်ရန်နှင့် ကုန်ချောများကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ အလျင်အမြန်ပို့ဆောင်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး၊ အကောက်ခွန်စနစ်၊ ကုန်သွယ်ရေးဂိတ်များ၊ ဆိပ်ကမ်းများနှင့် သိုလှောင်ပို့ဆောင်ရေးကွန်ရက်များ လိုအပ်နေဦးမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာ့ပြန်လည်တည်ဆောက်ရေးကို အဆင့်နှစ်ဆင့်ဖြင့် ချဉ်းကပ်သင့်သည်။ ပထမအဆင့်မှာ အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်သည့် နယ်စပ်ဒေသများကို ကုန်သွယ်ရေးနှင့် ထုတ်လုပ်မှုအချက်အချာများအဖြစ် တည်ဆောက်ခြင်းဖြစ်ပြီး၊ ဒုတိယအဆင့်မှာ ပဲခူးတိုင်းဒေသကြီးရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကို အခြေပြုကာ လေကြောင်းကုန်စည်ပို့ဆောင်ရေး၊ လေယာဉ်ဝန်ဆောင်မှုနှင့် အရည်အသွေးမြင့် ပို့ကုန်ထုတ်လုပ်ရေးစနစ်ကို ဖွံ့ဖြိုးစေခြင်းဖြစ်သည်။


ပထမအဆင့် — နယ်စပ်ဒေသကို စက်မှုနှင့်ကုန်သွယ်ရေးအချက်အချာအဖြစ် တည်ဆောက်ခြင်း


မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုနိုင်ငံများအကြားတွင် တည်ရှိနေသည့်အတွက် အလွန်အရေးပါသော ပထဝီဝင်အားသာချက် ရှိသည်။ ထိုအားသာချက်ကို အသုံးချနိုင်လျှင် နယ်စပ်ဂိတ်များသည် ကုန်သွယ်ရေးဖြတ်သန်းရာနေရာများသာမက စက်မှုလုပ်ငန်း၊ ထုပ်ပိုးမှု၊ သိုလှောင်မှုနှင့် ပြန်လည်တင်ပို့မှုတို့၏ စီးပွားရေးဗဟိုများ ဖြစ်လာနိုင်သည်။


- တရုတ်နိုင်ငံနှင့် ချိတ်ဆက်သည့်ဒေသများ — မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကုန်သွယ်ရေးလမ်းကြောင်းများ  

- ထိုင်းနိုင်ငံနှင့် ချိတ်ဆက်သည့်ဒေသများ— မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ ကော့သောင်းနှင့် တနင်္သာရီကမ်းရိုးတန်းကုန်သွယ်ရေးလမ်းကြောင်းများ  

- အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်သည့်ဒေသများ — တမူးနှင့် ရိဒ်ခေါဒါရ်  

- ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရေးဆက်စပ်သည့်ဒေသများ — မောင်တောနှင့် စစ်တွေ  

- လာအိုနိုင်ငံနှင့် ချိတ်ဆက်သည့်ဒေသ — ကျိုင်းလပ်  


ဤဒေသများတွင် အိမ်နီးချင်းနိုင်ငံများ၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ညှိနှိုင်းသဘောတူညီမှုများဖြင့် နယ်စပ်အခြေပြု ကုန်သွယ်ရေးနှင့် စက်မှုဇုန်များ တည်ဆောက်သင့်သည်။ မြန်မာဘက်ခြမ်းတွင် စက်ရုံများ၊ အအေးခန်းသိုလှောင်ရုံများ၊ ဂိုဒေါင်များ၊ ကုန်တင်ယာဉ်ရပ်နားစခန်းများ၊ ဟိုတယ်များနှင့် အကောက်ခွန် one-stop service များကို တည်ဆောက်ပေးရမည်ဖြစ်သည်။

နယ်စပ်ဒေသများ၏ လျှပ်စစ်လိုအပ်ချက်အတွက် အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူသုံးစွဲနိုင်ရန် နှစ်ရှည်စာချုပ်များ ချုပ်ဆိုသင့်သည်။ သို့သော် ဓာတ်အားဝယ်ယူမှုသည် ယာယီဖြေရှင်းနည်းသာဖြစ်သင့်ပြီး၊ ရေရှည်တွင် နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် ဒေသအလိုက် အသေးစားဓာတ်အားစနစ်များကိုပါ တွဲဖက်တည်ဆောက်ရမည်ဖြစ်သည်။

ထိုစက်မှုဇုန်များမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများသို့ တိုက်ရိုက်တင်ပို့နိုင်သကဲ့သို့ ပြည်တွင်းဈေးကွက်သို့လည်း အထူးကုန်သွယ်ခွန်နှုန်းထားဖြင့် တင်သွင်းခွင့်ပြုသင့်သည်။ ထုတ်ကုန်အမျိုးအစားနှင့် ပြည်တွင်းစက်မှုလုပ်ငန်းအပေါ် သက်ရောက်မှုကို စိစစ်ပြီး အခွန်နှုန်း ၅ ရာခိုင်နှုန်းခန့် သတ်မှတ်နိုင်သည်။ မြေငှားရမ်းခ၊ စက်မှုဇုန်ဝန်ဆောင်ခ၊ လုပ်ငန်းလိုင်စင်ကြေးနှင့် အခြေခံဝန်ဆောင်မှုကုန်ကျစရိတ်များကိုလည်း အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်သောနှုန်းထားဖြင့် သတ်မှတ်ပေးရမည်ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သွားမည့်ကုန်စည်များ၊ အိန္ဒိယမှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သွားမည့်ကုန်စည်များကို မြန်မာနိုင်ငံမှတစ်ဆင့် ဖြတ်သန်းသယ်ယူပို့ဆောင်နိုင်ရန် လမ်းဖွင့်ပေးသင့်သည်။ တမူး–ကလေး–မန္တလေး–မြဝတီ လမ်းကြောင်းသည် အိန္ဒိယနှင့် ထိုင်းနိုင်ငံကို မြန်မာနိုင်ငံမှတစ်ဆင့် ချိတ်ဆက်နိုင်မည့် အရေးပါသော စီးပွားရေးလမ်းကြောင်းဖြစ်သည်။ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံလမ်းမကြီးစီမံကိန်းသည် အိန္ဒိယ၏ Moreh မှ မြန်မာနိုင်ငံကိုဖြတ်၍ ထိုင်းနိုင်ငံ Mae Sot အထိ ချိတ်ဆက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ [en.wikipedia](https://en.wikipedia.org/wiki/India%E2%80%93Myanmar%E2%80%93Thailand_Trilateral_Highway)


နိုင်ငံဖြတ်ကျော်ကုန်စည်များအပေါ်တွင် ပုံမှန်သွင်းကုန်ခွန် အပြည့်အဝကောက်ခံခြင်းထက် အကောက်ခွန်အာမခံစနစ်၊ ဒစ်ဂျစ်တယ်ကုန်စည်ခြေရာခံစနစ်နှင့် သတ်မှတ်ကာလအတွင်း ပြန်လည်ထွက်ခွာရမည့် စည်းမျဉ်းများဖြင့် စီမံသင့်သည်။ လမ်းအသုံးပြုခ၊ ဂိုဒေါင်ခ၊ အာမခံခနှင့် စီမံခန့်ခွဲမှုဝန်ဆောင်ခတို့ကို စုစုပေါင်း ၅ ရာခိုင်နှုန်းအတွင်း ယှဉ်ပြိုင်နိုင်သောနှုန်းထားဖြင့် သတ်မှတ်နိုင်လျှင် မြန်မာနိုင်ငံသည် ဒေသတွင်းကုန်သွယ်ရေးအတွက် ဆွဲဆောင်မှုရှိသော လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်။

ဒုတိယအဆင့် — ဟံသာဝတီလေဆိပ်ကို လေကြောင်းစီးပွားရေးဗဟိုအဖြစ် တည်ဆောက်ခြင်း

ဒုတိယအဆင့်အနေဖြင့် ပဲခူးတိုင်းဒေသကြီးရှိ **ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်** စီမံကိန်းကို ခရီးသည်တင်လေဆိပ်တစ်ခုအဖြစ်သာ မရှုမြင်ဘဲ၊ ဒေသတွင်း လေကြောင်းကုန်စည်နှင့် လေယာဉ်ဝန်ဆောင်မှုဗဟိုတစ်ခုအဖြစ် ဖွံ့ဖြိုးစေသင့်သည်။ လေဆိပ်စီမံကိန်း၏ ရည်မှန်းထားသည့် ဒီဇိုင်းများတွင် အပြည်ပြည်ဆိုင်ရာခရီးသည်များကို အဓိကလက်ခံနိုင်သော စွမ်းရည်၊ ၃,၆၀၀ မီတာ အပြေးလမ်းနှင့် လေယာဉ်ကြီးများကို ကိုင်တွယ်နိုင်မည့် အခြေခံအဆောက်အအုံများ ပါဝင်သည်။

လေဆိပ်ကို လည်ပတ်အောင်မြင်စေရန် နိုင်ငံတကာလေကြောင်းလိုင်းများအတွက် လေယာဉ်ဆီဖြည့်တင်းနိုင်သည့် aviation fuel terminal၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှု၊ လေယာဉ်ယာဉ်မောင်းနှင့် ဝန်ထမ်းများအတွက် အနားယူဝန်ဆောင်မှု၊ ကုန်တင်လေယာဉ်များအတွက် လျင်မြန်သော ကုန်စည်ရှင်းလင်းရေးစနစ်တို့ကို တည်ဆောက်သင့်သည်။ လေယာဉ်ဆီလုပ်ငန်းတွင် နိုင်ငံတကာဘေးကင်းလုံခြုံရေးစံနှုန်းများ၊ မီးဘေးကာကွယ်ရေးစနစ်များ၊ ဆီသိုလှောင်ကန်များနှင့် အရည်အသွေးစစ်ဆေးမှုစနစ်များကို အခြေခံလိုအပ်ချက်အဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

ဟံသာဝတီလေဆိပ်ဝန်းကျင်တွင် လေယာဉ်ပေါ်၌ အသုံးပြုမည့် အစားအသောက်များကို ထုတ်လုပ်ပေးနိုင်သော **In-flight Catering Industrial Zone** ကို တည်ဆောက်သင့်သည်။ ယင်းဇုန်တွင် သန့်ရှင်းလုံခြုံသော သီးနှံစိုက်ပျိုးရေးစနစ်၊ အသားနှင့် နို့ထွက်ပစ္စည်း မွေးမြူရေးစနစ်၊ ငါးနှင့် ရေထွက်ပစ္စည်း အအေးခန်းစနစ်၊ အစားအသောက်ပြုပြင်ထုတ်လုပ်ရေးစက်ရုံ၊ ထုပ်ပိုးရေးစက်ရုံနှင့် အရည်အသွေးထိန်းသိမ်းရေးဓာတ်ခွဲခန်းများ ပါဝင်သင့်သည်။

ဤလုပ်ငန်းများသည် လေကြောင်းလိုင်းများအတွက် အစားအသောက်ပို့ဆောင်ပေးနိုင်ရုံသာမက ဟိုတယ်များ၊ ဆေးရုံများ၊ အပြည်ပြည်ဆိုင်ရာအခမ်းအနားများနှင့် ပြည်ပဈေးကွက်များအတွက်ပါ အရည်အသွေးမြင့် အသင့်စားအစားအသောက်များ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ သို့သော် အစားအသောက်နှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို လေကြောင်းလိုင်းများထံ ရောင်းချနိုင်ရန် HACCP၊ ISO 22000၊ Halal နှင့် လိုအပ်သလို အခြားနိုင်ငံတကာအစားအသောက်ဘေးကင်းရေး စံချိန်စံညွှန်းများကို မဖြစ်မနေလိုက်နာရမည်ဖြစ်သည်။


ရန်ကုန်နှင့် မြိတ်ကို ရေထွက်ကုန်ပို့ကုန်ဗဟိုအဖြစ် သတ်မှတ်ခြင်း

မွေးမြူရေးငါး၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် ပင်လယ်ရေထွက်ပစ္စည်းများကို အရည်အသွေးမြှင့်တင်၍ ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင်ရန် ရန်ကုန်နှင့် မြိတ်မြို့တို့တွင် **FOB ပို့ကုန်ဗဟိုဇုန်များ** သတ်မှတ်သင့်သည်။ FOB ဆိုသည်မှာ ပို့ကုန်ရောင်းချသူက ကုန်ပစ္စည်းကို သတ်မှတ်ဆိပ်ကမ်း သို့မဟုတ် သင်္ဘောပေါ်သို့ တင်ပေးသည့်အချိန်အထိ တာဝန်ယူသည့် ပို့ကုန်စနစ်ဖြစ်သောကြောင့်၊ FOB ဇုန်ဟူသည် အအေးခန်း၊ ကုန်ပစ္စည်းစစ်ဆေးရေး၊ ထုပ်ပိုးရေး၊ အကောက်ခွန်ရှင်းလင်းရေးနှင့် ဆိပ်ကမ်းချိတ်ဆက်မှုတို့ကို တစ်နေရာတည်း၌ ပြီးစီးစေသော ပို့ကုန်ဝန်ဆောင်မှုဗဟိုကို ဆိုလိုသင့်သည်။

ရန်ကုန်တွင် ရှိပြီးသား ငါးနှင့်ရေထွက်ကုန် ပြုပြင်ထုတ်လုပ်ရေး၊ အအေးခန်းနှင့် ဆိပ်ကမ်းကွန်ရက်များကို အဆင့်မြှင့်တင်နိုင်သကဲ့သို့ မြိတ်တွင်လည်း ဖမ်းဆီးရရှိသည့် ပင်လယ်ရေထွက်ကုန်များကို မူလရင်းမြစ်အနီး၌ပင် သန့်စင်ခြင်း၊ အအေးခန်းသိုလှောင်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနှင့် တန်ဖိုးမြှင့်ထုပ်ပိုးခြင်းတို့ ပြုလုပ်နိုင်သည်။ မြန်မာနိုင်ငံ၏ ပင်လယ်ရေထွက်ကုန် ပြုပြင်ရေးနှင့် အအေးခန်းလုပ်ငန်းအများစုသည် ရန်ကုန်တွင် စုစည်းနေပြီး၊ ပို့ကုန်အတွက် အအေးခန်းနှင့် စံချိန်စံညွှန်းစနစ်များသည် အလွန်အရေးကြီးသည်။ 

ဤဇုန်များတွင် အောက်ပါဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရရှိစေရမည်ဖြစ်သည်။

- အအေးခန်းသိုလှောင်ရေးနှင့် cold-chain ပို့ဆောင်ရေး  

- ဓာတ်ခွဲခန်းအရည်အသွေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးလက်မှတ်ထုတ်ပေးခြင်း  

- Halal၊ HACCP နှင့် ပို့ကုန်နိုင်ငံအလိုက် လိုအပ်သောစံချိန်စံညွှန်း လက်မှတ်ရရှိရေး  

- အဆင့်မြင့်ထုပ်ပိုးရေး၊ အမှတ်တံဆိပ်တပ်ခြင်းနှင့် ထုတ်ကုန်ခြေရာခံစနစ်  

- အကောက်ခွန်ရှင်းလင်းရေး၊ သင်္ဘောတင်စီမံခန့်ခွဲမှုနှင့် FOB စာချုပ်ဝန်ဆောင်မှု  

- ပို့ကုန်အာမခံ၊ ဘဏ်ငွေပေးချေမှုနှင့် နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ဝန်ဆောင်မှု  


 ဒူဘိုင်းမှတစ်ဆင့် အရှေ့အလယ်ပိုင်းဈေးကွက်သို့ ဝင်ရောက်ခြင်း

အရှေ့အလယ်ပိုင်းဈေးကွက်ကို ရယူနိုင်ရန် ဒူဘိုင်းကို မြန်မာ့ပို့ကုန်များ၏ စီးပွားရေးနှင့် ဖြန့်ချိရေးဗဟိုအဖြစ် အသုံးချသင့်သည်။ ဒူဘိုင်းတွင် မြန်မာ့စီးပွားရေးကောင်စစ်ဝန် သို့မဟုတ် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတစ်ရပ်ကို အားကောင်းစွာဖွဲ့စည်းပြီး မြန်မာ့ရေထွက်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်၊ အစားအသောက်၊ အထည်အလိပ်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များအတွက် ဈေးကွက်သုတေသန၊ ဝယ်ယူသူချိတ်ဆက်မှုနှင့် ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းရေးတို့ကို ဆောင်ရွက်သင့်သည်။

အဆိုပါရုံး၏ အဓိကတာဝန်များမှာ—

- ယုံကြည်စိတ်ချရသော ဝယ်ယူသူများ၊ ဖြန့်ချိသူများနှင့် ရင်းနှီးမြှုပ်နှံသူများကို စိစစ်ချိတ်ဆက်ပေးခြင်း  

- ကုန်ပစ္စည်းတင်ပို့မှုတွင် ဖြစ်ပေါ်နိုင်သည့် လိမ်လည်မှု၊ ငွေပေးချေမှုပျက်ကွက်မှုနှင့် စာချုပ်မလိုက်နာမှုများကို ကြိုတင်ကာကွယ်ခြင်း  

- UAE နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ Halal၊ အစားအသောက်ဘေးကင်းရေး၊ ထုပ်ပိုးရေးနှင့် တံဆိပ်ကပ်ခြင်းဆိုင်ရာ စံနှုန်းများကို မြန်မာပို့ကုန်လုပ်ငန်းရှင်များအား အသိပေးခြင်း  

- ဒူဘိုင်းအစိုးရ၊ ကုန်သည်ကြီးများအသင်းများ၊ ဆိပ်ကမ်းနှင့် လေဆိပ်ဝန်ဆောင်မှုအဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခြင်း  

- မြန်မာ့ကုန်ပစ္စည်းများအတွက် အမြဲတမ်းပြခန်း၊ B2B စီးပွားရေးဆွေးနွေးပွဲနှင့် နှစ်စဉ်ကုန်သွယ်ရေးပြပွဲများ စီစဉ်ခြင်း  

ဤသို့ ဒူဘိုင်းမှတစ်ဆင့် တိုက်ရိုက်ဖြန့်ချိရေးကွန်ရက် တည်ဆောက်နိုင်လျှင် UAE တစ်နိုင်ငံတည်းသာမက ဆော်ဒီအာရေဗျ၊ ကာတာ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနှင့် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဈေးကွက်များသို့ ပိုမိုလျင်မြန်စွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။

ဈေးကွက်တည်ငြိမ်ရေးနှင့် ဒစ်ဂျစ်တယ်အစိုးရစနစ်

လယ်ယာထွက်ကုန်၊ ငါးနှင့်ရေထွက်ကုန်များကို ပို့ကုန်တိုးမြှင့်ရာတွင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးကို မထိခိုက်စေရန် **ပြည်တွင်းနှင့် ပြည်ပဈေးကွက်တည်ငြိမ်ရေးဘုတ်အဖွဲ့** တစ်ရပ် ဖွဲ့စည်းသင့်သည်။ ထိုဘုတ်အဖွဲ့သည် ပြည်တွင်းလိုအပ်ချက်၊ သိုလှောင်လက်ကျန်၊ ထုတ်လုပ်မှုပမာဏ၊ ကမ္ဘာ့ဈေးနှုန်းနှင့် ပို့ကုန်စာချုပ်ပမာဏတို့ကို အချိန်နှင့်တစ်ပြေးညီ စိစစ်ရမည်ဖြစ်သည်။

ပြည်တွင်းတွင် ကုန်စည်ပြတ်လပ်မှု သို့မဟုတ် ဈေးနှုန်းအလွန်မြင့်တက်မှု ဖြစ်ပေါ်နိုင်သည့်အချိန်တွင် FOB ပို့ကုန်ပမာဏကို ယာယီကန့်သတ်နိုင်ရမည်။ ထုတ်လုပ်မှုပိုလျှံသည့်ကာလတွင်မူ ပို့ကုန်လုပ်ငန်းရှင်များအတွက် ခွင့်ပြုချက်၊ အခွန်နှုန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်ခများကို လျှော့ချပေး၍ ပို့ကုန်တိုးမြှင့်စေရမည်ဖြစ်သည်။

အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြား စာရွက်စာတမ်းအခြေပြု နှောင့်နှေးမှုများကို လျှော့ချရန် လိုင်စင်၊ ပို့ကုန်ခွင့်ပြုချက်၊ အကောက်ခွန်ကြေညာလွှာ၊ ကျန်းမာရေးလက်မှတ်နှင့် စံချိန်စံညွှန်းအတည်ပြုချက်များကို **Online Single Window System** ဖြင့် ဆောင်ရွက်သင့်သည်။ မြန်မာနိုင်ငံတွင် TradeNet 2.0 မှတစ်ဆင့် သွင်းကုန်၊ ပို့ကုန်လိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့်စနစ် ရှိပြီး၊ MACCS နှင့် National Single Window စနစ်များသည် စာရွက်စာတမ်းလျှော့ချရေးနှင့် အကောက်ခွန်လုပ်ငန်းမြန်ဆန်ရေးအတွက် အခြေခံဖြစ်နိုင်သည်။

Online စနစ်တွင် လျှောက်လွှာတစ်စောင်ကို ၃ ရက်မှ ငါးရက်အတွင်း အတည်ပြုခြင်း သို့မဟုတ် ပယ်ချခြင်း ပြုလုပ်ရမည်ဟု အချိန်ကန့်သတ်ချက် ထားရှိသင့်သည်။ ပယ်ချပါက ပယ်ချရသည့်ဥပဒေကြောင်း၊ မပြည့်စုံသောစာရွက်စာတမ်းနှင့် ပြန်လည်ပြင်ဆင်ရမည့်အချက်များကို စနစ်အတွင်း၌ ရှင်းလင်းဖော်ပြပေးရမည်ဖြစ်သည်။ ထို့အပြင် လျှောက်လွှာကို မည်သည့်ဌာန၊ မည်သည့်အရာရှိက မည်သည့်အချိန်တွင် ကိုင်တွယ်ခဲ့သည်ကို မှတ်တမ်းတင်ထားနိုင်သော audit trail စနစ် ထည့်သွင်းရမည်ဖြစ်သည်။

ဤသို့ ဆောင်ရွက်နိုင်ပါက နှောင့်နှေးကြန့်ကြာမှု၊ အကြောင်းမဲ့ပယ်ချမှု၊ အကျိုးအကြောင်းမဲ့ငွေကြေးတောင်းခံမှုနှင့် အာဏာအလွဲသုံးစားပြုမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ ပွင့်လင်းမြင်သာသော ဒစ်ဂျစ်တယ်စနစ်သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် ယုံကြည်စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေး၊ နိုင်ငံဖြတ်ကျော်ကုန်စည်သယ်ယူပို့ဆောင်ရေး၊ လေကြောင်းစီးပွားရေး၊ ရေထွက်ကုန်ပို့ကုန်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးစနစ်တို့ကို တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ တည်ဆောက်နိုင်ပါက နယ်စပ်ဂိတ်များရှိသည့်နိုင်ငံတစ်ခုအဖြစ်သာမက အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ အာဆီယံနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များကို ချိတ်ဆက်ပေးသည့် ထုတ်လုပ်မှု၊ ကုန်သွယ်ရေးနှင့် သိုလှောင်ပို့ဆောင်ရေးဗဟိုနိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်သည်။ ထိုသည်ပင် ချုံကြားမှ ဘုံဖျားသို့ မြန်မာနိုင်ငံ တက်လှမ်းနိုင်မည့် စီးပွားရေးလမ်းကြောင်းတစ်ရပ် ဖြစ်သည်။

私が思い出す MJC と MJCAA

  私が思い出す MJC と MJCAA 私が Myanmar Japan Center(MJC)に通い始めたのは、気持ちが少し落ち込み始めていた2016年初頭のことでした。講座を受講するために、初めてMJCを訪れました。 ウィン・ラインのミョー・ゾーさんからお誘いをいただいたこ...