ကွမ်းယာ ဋိကာ
ကွမ်းယာ ဋိကာ -------------- တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် ဧည့်ခံကျွေးမွေးတတ်သော ပါးစပ်အာသာပြေစရာ တစ်ရပ်အနေဖြင့် ကွမ်းယာသည် မိမိတို့သိုင်းဝိုင်းသမိုင်းကြောင်းတွင် အခိုင်အမာ နေရာယူခဲ့ပေသည်။ ကွမ်းရွက်၊ ထုံး၊ ရှားစေး၊ ကွမ်းသီးခြောက် ၊ ကွမ်းသီးစိမ်း ၊ ကွမ်းသီးပြုတ်၊ စမုံစပါး၊ ဖာလာ၊ နွယ်ချို၊ ဇဝက်သာ၊ ပျဉ်းတော်သိမ်၊ စမုံဖြူ၊ စမုံနက်၊ မကျည်းမှည့် သကြားလုံးမှုန့်၊ နှင်းဆီပွင့်ယို၊ ပျားရည်၊ အုံးသီး၊ ဂုန်ခါး၊ အုန်းသီးကြော်၊ မြေပဲဆံ၊ နွယ်ချို၊ သံပရာသီးစိတ်၊ ကာဒမင်၊ ကြက်သွန်ဖြူ၊ ဇီရာ၊ ဂျင်း၊ နံ့သာအမြစ်များ၊ ပန်းသစ်ဂျပိုး၊ လေးညှင်းပွင့်၊ ဖာလာ၊ သစ်ကြံပိုးခေါက်၊ ကွမ်းပေါင်းဆေး၊ ဆေးမဲ၊ ဇာဖရာန် တို့အပြင် အရပ်ဒေသနှင့် အသက်အရွယ်ပေါ်မူတည်၍ ဆေးရွက်ကြီး၊ ၉၂၊ ဆေးမွှေး ၊ ဘုရင်မ စသည်တို့ကို ထည့်သွင်းကာ ရွှေမှုံ၊ ငွေမှုံများကပ်၍ အလှဆင်ဝါး၊ ထွေးလေ့ရှိကြသည်။ ရှေးခေတ် မင်းစိုးရာဇာ ထီးသုံး၊ နန်းသုံး၊ နတ်ဆက်၊ ဦးရှင်ကြီးတင်၊ အုံးစွဲ၊ နတ်ကနားပွဲ၊ ကန်တော့ပွဲ၊ အလှူမင်္ဂလာပွဲ၊ သင်္ဂြိုဟ်ပွဲများ၊ အထက်လမ်း၊ အောက်လမ်း၊ နှစ်ကူး၊ ရေနွေးကြမ်းဝိုင်း၊ ဘောလုံးပွဲ၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ ဂျင်ဝ...