Search This Blog ရှာရန်

Friday, July 10, 2026

ဟေ့ အဂ္ဂ !

အဂ္ဂ မင်း လူတွေ အထင်ကြီးအောင်နေ ၊ ရင်ထဲက မပါတဲ့ တရားတွေပြော ၊ အလုပ်မရှိလို့ပျင်းနေမှ တွေ့ကရာတွေလုပ်ပြီး အများကောင်းဘို့ အတွက်ပြောနေတာ.. မင်းမရှက်ဘူးလား..?

အဂ္ဂ မင်း အချိန်တွေကို ပြန်ကြည့်အုံး၊ မင်းအသက်ကို ပြန်ကြည့်အုံး ၊ မင်း မှာ အစစ်အမှန် တရားလေးတခု ဟန်ဆောင်မှု့ ကင်းကင်းနဲ့
လုပ်ခဲ့တာ တခုလောက်ရှိလား .. ဟားဟား မင်းမဖြေနိုင်ဘူးမလား..?

အဂ္ဂ မင်း မှန်ကိုကြည့်ပြီးတော့ ပြောစမ်းပါ ၊ မင်းရဲ့ ယုတ်မာမှုတွေကို ဘယ်သူမှ မသိဘူးဆိုပြီး ဟန်ဆောင်ကောင်းတဲ့ အဝတ်တွေနဲ့ ဖုံးထားလို့ ရမယ်မှတ်နေလား.. ?

အဂ္ဂ မင်းမရှက်ဖူးလား ?

အဂ္ဂ မင်းက ကိုယ့် ကို ကိုယ် ငါကွလို့ ထင်မနေနဲ့၊ ငါကွနဲ့ တကယ်တွေ့တဲ့ နေ့ကျရင် မင်းရှင်းရမှာတွေ မင်းစဉ်းစားထား။

No comments:

Post a Comment

ဟေ့ အဂ္ဂ !

အဂ္ဂ မင်း လူတွေ အထင်ကြီးအောင်နေ ၊ ရင်ထဲက မပါတဲ့ တရားတွေပြော ၊ အလုပ်မရှိလို့ပျင်းနေမှ တွေ့ကရာတွေလုပ်ပြီး အများကောင်းဘို့ အတွက်ပြောနေတာ.. မင်း...