ကျွန်တော်သိသော “ဘုံကျောင်း"
ကျွန်တော်သိသော “ဘုံကျောင်း” လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းညှိပေးသော စင်တာတစ်ခု ခရစ်ယာန်ဘာသာတွင် ဝတ်ပြုရာနေရာကို Church ဟု ခေါ်ကြသည်။ အဓိပ္ပာယ်အားဖြင့် “ခေါ်ယူစုဝေးရာနေရာ” ဟု နားလည်နိုင်သည်။ အစ္စလာမ်ဘာသာတွင် ဗလီ သို့မဟုတ် မတ်စ်ဂျစ်ဒ် (Masjid) ကို ဝတ်ပြုဦးချရာနေရာအဖြစ် သတ်မှတ်ကြသည်။ ဟိန္ဒူဘာသာတွင် ဘုရားကျောင်းကို မန္ဒီရ် (Mandir – मंदिर) ဟု ခေါ်ပြီး “နတ်ဘုရားများ သီတင်းသုံးရာအိမ်” သို့မဟုတ် “စံအိမ်တော်” ဟု အဓိပ္ပာယ်ရသည်ဟု လေ့လာသိရှိရသည်။ မြန်မာထေရဝါဒဗုဒ္ဓဘာသာတွင်လည်း စေတီ၊ ပုထိုး၊ ဓမ္မရုံ စသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ရှိကြသည်။ စေတီ ဆိုသည်မှာ အထူးပူဇော်ခံထိုက်သောအရာ ပုထိုး ဆိုသည်မှာ အတွင်းသို့ ဝင်ရောက်၍ ဘုရားဖူးနိုင်၊ တရားထိုင်နိုင်သော လိုဏ်ဂူ သို့မဟုတ် အဆောက်အအုံပါဝင်သည့် ဘုရားတည်နေရာ ဓမ္မရုံ ဆိုသည်မှာ တရားဓမ္မနာကြားရာနှင့် ဘာသာရေး၊ လူမှုရေးကိစ္စရပ်များကို စုပေါင်းဆောင်ရွက်ရာ ခန်းမကြီး ဤနေရာတွင် ကျွန်တော် လေ့လာသိရှိထားသည့် တရုတ်လူမျိုးများ၏ “ဘုံကျောင်း” အကြောင်းကို မျှဝေလိုပါသည်။ တရုတ်လူမျိုးများ၏ ယုံကြည်မှုကို မဟာယာနဗုဒ္ဓဘာသာတစ်ခုတည်းဟုသာ မဆိုနိုင်ပါ။ တာအ...