Search This Blog ရှာရန်

Saturday, June 19, 2010

ကမ္ဘာကြီး ကျန်းမာဖို့

ကမ္ဘာကြီး ကျန်းမာဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တစ်ခုဖွဲ့ပြီး လှုပ်ရှားမှု့လေးလုပ်ရန် စီစဉ်နေပါတယ်...
ကျွန်တော်တို့ တွေဟာ အခုဆို အင်မတန် ကျဉ်းမြောင်းတဲ့ ကမ္ဘာလေးထဲမှာ နေနေရပါတယ်.. အဲ့ဒီကမ္ဘာလေးကလည်း အားလုံး သိကြတဲ့ အတိုင်း ကျန်းမာရေး ကောင်းလှသည် မဟုတ်၊ ဒီအထဲ နယ်မြေ ဒေသ အရောင်အသွေးတွေ နဲ့ စီးပွားရေး ခွဲခြား ရန်လိုမှု့တွေကို ယုံကြည်သက်ဝင်မှု့တွေ နဲ့ ခုတုန်းလုပ် ရန်စောင် မှုတွေဖြစ်ပေါ်နေတာဟာ ကိုယ့်အိမ် မီးလောင်နေတာ တောင် ညီအကိုရင်းတွေ ရန်ဖြစ်နေတုန်းဘဲ ဆိုသလို အနိဌာရုံ အတိ ဖြစ်ပေါ်နေရတဲ့ ဒီကမ္ဘာငယ်လေးထဲမှာ ဘယ်လို ငြိမ်းချမ်းအောင် နေကြမလဲ..
ဘာသာပေါင်းစုံ ချစ်ကြည်ရေးတိုးမြှင့်နှိုင်ရုံနဲ့ ကမ္ဘာကြီးမကျန်းမာနိင်သလို၊ သဘာဝပတ်ပန်းကျင် ထိန်းသိမ်း နိုင်ရုံနဲ့လည်း ကမ္ဘာကြီး ကျန်းမာလာမည်မဟုတ်ပါ..

ကျွန်တော်တို့ ယုံကြည်သက်ဝင်မှု့တွေ အပေါ် အပြန်အလှန်လေးစားမှု့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ အသိပညာ ဖလှဲရင်း ချစ်ကြည်စွာ အတူရှင်တွဲ နေထိုင် မှသာ ကျွန်ပ်တို့ ကမ္ဘာကြီး ကျန်းမာငြိမ်းချမ်း လာမယ် ဆိုတာ အခုသိ အခု လုပ်ရမည့် လုပ်ငန်းလေးတစ်ခုပါ....

ကျွန်တော်တို့ အဲ့ဒီ ရည်ရွယ်ချက်နဲ့ လှုပ်ရှားမှု့လေးတွေ လုပ်ရန် စီစဉ်နေပါတယ် မိတ်ဆွေ ညီအကို များမှ ပူးပေါင်းပါဝင် အကြံပြု ပေးစေလိုပါတယ်..

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...