Search This Blog ရှာရန်

Saturday, June 19, 2010

MRTV 4

ကျွန်တော် မိတ်ဆွေတစ်ယောက်က ပြောတယ် India မှာက တစ်ယောက်ကို တစ်ယောက် တွေ့ရင် နမာစတေး လို့ နှတ်ဆက်တယ် အဲ့ဒီအဓိပါယ်က လွတ်မြောက်ပါစေလို့ သူကပြောတယ် ၊ ဟုတ်တယ်လေ India နိုင်ငံက မဂို အင်းပါယာ အောက်မှာ နှစ်ပေါင်း ၇၀၀ လောက်၊ အင်္ဂလိပ် အောက်မှာက နှစ်ပေါင်း ၂၀၀ လောက်ဆိုတော့ သူတို့ လွတ်လပ်ရေး လိုချင်းမှာပေါ့ လို့ တွေးမိတယ်။
England က မိတ်ဆွေ တစ်ယောက်ကို တွေ့တော့ ညစာစားပြီ ပြန်မယ်လုပ်တဲ့အခါ သူက Good Evening လို့ နှတ်ဆက်တော့ ကျွန်တော် မေးလိုက်တယ် ဘာကြောင့် ဒီလို နှတ်ဆက်သလဲလို့ မေးတော့ က သူတို့ နိုင်ငံမှာက အခု နဲ့ တော်ကြာ ရာသီဥတု က မတူဘူး ဆိုးချင်ဆိုးသွားတယ် ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် နှတ်ဆက်တော့ ဆန္ဒပြုတဲ့ သဘေားပါတဲ့..
ဒါနဲ့ အက်စလာမ် မွတ်အာလိုက်ကွမ်း ဆိုတာကို မေးကြည့်တော့ အသင့်အပေါ်သို့ ငြိမ်းချင်းသာယာမှု အပေါင်း ကျရောက်ပါစေတဲ့ အာရပ် နိုင်ငံ က အာရပ်တွေ အော် သူတို့ တွေ ဒီနေ့ အထိ ငြိမ်းချမ်းရေး ဝေးနေလေတော့ သူတို့ လိုချင်းတဲ့ ငြိမ်းချမ်းရေးကို ဆန္ခ ပြုတယ်လို့ မှတ်တယ်...
ထိုင်းနိုင်ငံ ကို ကျွန်တော် ရောက်တော့ အမြဲ ကြားနေရတဲ့ ချိုသာတဲ့ အသံ ၊ရိုကျိုးတဲ့ ပုံနဲ့ ဆဝါဒီခပ် တဲ့... ဘာလဲဟဲ ဆဝါဒီ ခပ် ကို မြန်မာလို ဘာသာပြန်ကြည့်တော့ မင်္ဂလာပါတဲ့ သွားပြီ သူတို့ လိုချင်တာက မင်္ဂလာ အော် ဘယ်ရှိမလည်း ပတ်ပုန်း တို့ ကျောက်ဘုရား ဟော်တယ် ဆိုတာတွေက ကမ္ဘာကျော်ဘဲလေ....

ဒါနဲ့ ဒီနေ့ MRTV 4 မှာ သတင်းကြေငြာမယ့် ကောင်မလေးက နှုတ်ဆက်လိုက်တော့ ငါတို့လိုနေတဲ့ ဆန္ခကို သိလိုက်ရတယ်.... ဟိုက်....
ဆရာ့ ကို လေးစား အမှတ်ရလို့ ဂုဏ်ပြုရင်း.....

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...