Search This Blog ရှာရန်

Saturday, June 19, 2010

1948

၁၉၄၈ ခုနှစ်မှာ ဒိုမြန်မာနိုင်ငံ လွတ်လပ်ရေးရတယ် ကုလသမဂ္ဂ က လည် ၁၉၄၈ ခုနှစ် မှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတန်းကြီးကို ကြေငြာခဲ့တယ် ဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံ
လွတ်လပ်ရေးဟာ ကမ္ဘာ့လူ့ အခွင့်အရေး ကြေငြာ စာတန်းကြီးနဲ့ တူဖွားမြင့်ခဲ့တယ်လို့ ဂုဏ်ယူစရာကောင်းတယ်။
လူတွေမှာ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်နဲ့ အတူ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို လွတ်လပ်စွားယုံကြည်ခွင့်ဆိုတာတွေလည်းပါတယ်၊ လွတ်လပ်စွား ရေးသား၊ ပြောဆို၊ ဖေါ်ထုတ်ခွင့်နဲ့ ကြားနာခွင့် တွေလည်းရှိတယ်၊ ကုလသမဂ္ဂ ကြီးက နိုင်ငံ အသီးသီးရဲ့ အချုပ်အခြာအာဏာ တည်တံ့ရေး နဲ့ လူ့အခွင့်အရေး တို့ကို ကာကွယ် စောင့်ရပါတယ်၊ နိုင်ငံအသီးသီးရဲ့ အစိုးရအဖွဲ့ အစည်းတွေကလဲ နိုင်ငံသား အခွင့်အရေး နဲ့ အတူ လူ့အခွင့်အရေး တို့ကို စောင့်ရှောက် ကားကွယ်ပေးရပါတယ်၊ ဒါတွေကို ကုလ အဖွဲ့မှာ နိုင်ငံပေါင်းစုံက ပညာရှင်ကြီးတွေ၊ နိုင်ငံရေး သမားတွေ၊ ဘာသာရေး သမားတွေ ပါဝင်ပြီး အများ သဘေားတူ ခြွင်းချက်မရှိ အတည်ပြု လက်မှတ် ရေးထိုးထားခဲ့တယ်.. အဲ့ဒီမှာ မြန်မာ ကိုယ်စာလှယ် တွေလည်း ပါဝင်ခဲ့တယ် အာရှနဲ့ အရှေ့တောင်အာရှ အားလုံးပါဝင်ခဲ့တယ်။ လူ့အခွင့် အရေးကြေငြာစာတမ်းကြီးမှာ ခရစ်ယာန်၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ စတဲ့ သာသာအာလုံး နဲ့ ဆန့်ကျင်တာ တစ်ခု မှာမပါသလို အမေရိက၊ အာဖရိက၊အာရှ၊ ဥရောပ၊ သြစတြေးလျ ဒေသ အသီးသီး က ယဉ်ကျေးမှု့ ဓလေ့ထုံစံတွေနဲ့လည်း ဆန့်ကျင်တာ လုံးဝမပါဘူး၊ နိုင်ငံအသီးသီးက တန်ဖိုးထားတဲ့ ယဉ်ကျေးမှု့ဓလေ့ ထုံးစံတွေနဲ့ ၀ိရောဓိဖြစ်စရာ ဘားမှ ပါဘဲနဲ့ အာရှခေါင်းဆောင် တချို့ဟာ ပြည်သူလူထုက လူ့အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး ဖေါ်ထုတ်တောင်ဆိုလာတော့ ဘာလုပ်လည်း တွေးကြည့်။
ဒီနေရာမှာ အလျင်းသင့်လို့ ဗုဒ္ဓဘာသာ အများစု မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဟောခဲ့တဲ့ ကာလမသုတ် ကို ထုတ်နှုတ်တင်ပြလိုတယ် ( မှန်ကန်တဲ့တရားမြတ် လမ်းစဉ်ကိုတောင် မျက်စိမှိတ်လိုက်နာဖိုက မလို၊ ငါပြောတိုင်းလဲ မယုံနဲ့ ၊ ကျမ်းဂန်လာဆိုပြီးလဲ မယုံနဲ့ ၊ လူကြီးစကားဆိုပြီးလဲ မယုံနဲ့တဲ့ ) ဒီလိုဟောခဲ့တာဟာ ဒီမိုကရေစီတရားမဟုတ်ပေဘူးလာ .......မှီး ( ဘာလဲဟဲ့ မောင်စွမ်းရည် ၊ http://en.wikipedia.org/wiki/Universal_Declaration_of_Human_Rights )

No comments:

Post a Comment

Me and Bangladesh

Me and Bangladesh When I say “Bangladesh,” I can even call it my second home. Why? Because it’s where my parents live, where my childhood f...