စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

လေးစားရပါသော စာရှု့သူအပေါင်းအား အလ္လာရှင်မြတ် ထားဝရ ဘုရားသခင် ရဲ့ငြိမ်းချမ်းသာယာ မှု့အဖြာဖြာ အသင်တို့ အပေါ်သို့ ကျရောက်ပါစေလို့ ဆုမွန်ကောင်း တောင်လိုက်ပါတယ်… ယနေ့ သမရမှာ စကားအနည်းငယ် တင်ပြလိုပါတယ် …

ယနေ့ အစ္စလာမ် ဘာသာဝင် တွေ ဟာ အကြမ်းဖတ်မှု့ တရားခံ တွေ အဖြစ် စွတ်စွဲ ခံနေရမှု့ဟာ အမှန် ပကတိအခြေ အနေပါ မိတ်ဆွေတို့ ကိုယ့် မှတ်ပုံတင် ကိုယ်ကိုင်ပြီး ဖြစ်ဖြစ် Passbook ကိုင်ပြီးဖြစ်ဖြစ် အတော်များများ သက်ဆိုက်ရာ နိုင်ငံ Immagartion နဲ့ လုံခြုံရေးတွေ ရှေ့ကိုရောက် ရင် စိတ် ကသိ ကအောင့် ဖြစ်ခဲ့ရတဲ့ သူတွေ အားလုံး အသိပင်ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဒီဖြစ်စဉ်က အစ္စလာမ် ကို မီဒီယာနဲ့ လုပ်ကြံခံရတဲ့ ကိစ္စလို့ ယုံကြည့်မိပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ယနေ့ ပြောပြောနေကျတဲ့ အကြမ်းဖတ်မှု့ဆိုတာ ကို ဘာသာ ပေါင်းစုံက လူတွေ လုပ်ခဲ့ ကျတာဘဲ ဥပမာ ခရစ်ယာန် ဘာသာကို ယုံကြည်တဲ့ ဟစ်တလာက ဂျူးလူမျိုး ၄ သန်းလောက်ကို သတ်ခဲ့တယ် ၄င်း ရဲ့ လုပ်ရပ်ကို ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ခရစ်ယာန်တွေကို အကြမ်းဖက် သမားတွေလို့ ဂျူးလူမျိုး တွေကိုယ်တိုင်က မမြင်သလို ဘယ်လူမျိုး ဘယ်ဘာသာ ၀င်တွေကမှ အသိဥာဏ် ဆင်ခြင် တုန်တရားကင်းမဲ့ စွာ မျက်စိ တဖတ်ပိတ် ပြီး မစွတ်စွဲ ခဲ့ကျပါဘူး၊ Cambodia က ဗုဒ္ဒဘာသာဝင် ပိုးပေါ့က Cambodia မှာနေထိုင်ကျတဲ့ ရိုးရာ နတ်ကိုးကွယ်သူတွေ၊ ဗုဒ္ဒဘာသာဝင်တွေ နဲ့ အစ္စလာမ် ဘာသာဝင် စုစုပေါင်း ၃ သန်းလောက် ကို သတ်ခဲ့တယ်။ မနေ့ တစ်နေ့ကလို သွေးညှိနံ့တွေ မပျောက်သေးတဲ့ ဘောစ့်စနီးယားကိစ္စ ကို အကြောင်းခံပြီး အစ္စလာမ် ဘာသာဝင် ၃ သိန်းလောက်ကို မျိုးဖြုတ်ခဲ့တဲ့ ကာရာဒစ်ကို ဘယ်အစ္စလာမ် ဘာသာဝင်က မှ ခရစ်ယာန်တွေ အကြမ်း ဖက်နေတယ်လို့ မမြင်ပါဘူး ကဲ..ဒါဆို အိုစမာ ဘီလာဒင်ရဲ့ အကြမ်းဖက်မှု့ ကြောင့် လူ ၃၀၀၀ ကျော် အကြမ်းဖက်ခံ ရတဲ့ ၉/၁၁ ကိစ္စပေါ် အခြေခံပြီး အစ္စလာမ်လူ့ အစုအဝေး အားလုံး အပေါ် အကြမ်းဖက် သမားတွေလို့ လူအများက ဘာကြောင့် ယူဆ လာကျပါသလဲ။ ဒီကိစ္စကို ကြည့်လိုက်ရင် မီဒီယာရဲ့ သတင်း တွေက လူအများရဲ့ အသိကို ပြောင်းလဲ စေခဲ့တယ် ဆိုတာ ထင်ရှားသိမြင်လာစေမှာပါ။

ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေ ငါးပုံ တစ်ပုံ ဟာ အစ္စလာမ် ဘာသာ ၀င်တွေ ဖြစ်ပင်မဲ့ ပညာရေးမှာ အတော် ကို ရာခိုင်နှုံန်း နည်းနေပါတယ်။ ပထမ အကြောင်းကတော့ အာဖဂန်လို နိုင်ငံတွေ နဲ့ တချို့ အစ္စလာမ့် နိုင်ငံတွေမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့် အခွင့်အလမ်း နည်းပါးခြင်းနဲ့ အချို့ အစ္စလာမ်ဘာသာဝင်တွေ စနစ် မကျတဲ့ ဘာသာရေး ကျောင်းတွေမှာဘဲ သူတို့ အချိန်ကို ကုန်လွန်ခဲ့ကျလို့ပါဘဲ။ ဒီနေရာမှာ ပညာရေးဆိုတာမှာ လည်း စနစ်ကျတဲ့ ပညာရေးကို အစ္စလာမ်က အမျိုးသမီး တွေနဲ့ အမျိုးသားတွေကို တန်းတူ ပညာမဖြစ်မနေ သင်ကြားဖို့ အတိအလင်းခွင့်ပြုထား ပင်မဲ့ မျက်နှာလွဲခဲပစ် ပညာရေးဆိုပြီး လူမှု့ သိက္ခာ ပျက်ယွင်းစေနိုင်မဲ့ ကိစ္စကိုတော့ အစ္စလာမ်က တားမြစ်ထားပါတယ်၊ ဥပမာ ပညာရေးကို စိတ်ဝင်တစား အားပေးတဲ့ အထဲမှာ မြန်မာပြည်က အစ္စလာမ် မိဘတွေ ရဲ့ ရာခိုင်နှုံးက မနည်းပါဘူး… သိန်း ၂၀၀ - ၄၀၀ လောက်ကုန်တဲ့ စင်္ကာပူ ကျောင်းတွေတက်ဖို့ လား အိုကေ .. ကောင်းပါတယ် ဒါပ်ေမဲ့ လွတ်လိုက်တာက အလွန်နုပျိုပြီး စိတ်ကစား နိုင်တဲ့ ဘ၀ရဲ့ အချိုးအကွေ့ ကို ဆုံးဖြတ်ရမဲ့ အရွယ် သမီးပျို တွေကို အုပ်ထိန်းသူ မပါဘဲ လွှတ်တယ် .. အဲ့ဒါ ကို အစ္စလာမ်က ခွင့်မပြုပါဘူး၊ အုပ်ထိန်း သူနဲ့ ခွင့်ပြုပါတယ်.. စင်္ကာပူမပြောနဲ့ မြင့်မြတ်နဲ့ မင်္ကာ ရွှေမြို့တော်ကို ဘုရားဖူးဖို့ကိုတောင် အစ္စလာမ်က ကိုယ်သမီးပျို လေးကို အုပ်ထိန်းသူ မပါဘဲ လွှတ်ဖို့ ခွင့်မပြုဘူး။ အခု စင်္ကာပူမှာ တော့ မသိဘူး ရန်ကုန်မှာ Day Club တဲ့ ခေတ်စား နေတဲ့ နေရာတွေမှာ ကြည့်မလား မွတ်စလင်မလေး တွေ တွေ့နေရပြီ မိဘ တွေကတော့ ‘တာဝ” က တက္ကသိုလ် ကျောင်းသွားတယ် မှတ်နေမှာ။ ဒါအစ္စလာမ် မှ မဟုတ်ဘူး ဘယ် သားပျို သမီးပျို အတွက်မှ မကောင်းဘူး. စာရှု့သူတို့ လည်း ဘယ်ဘာသာ ၀င်ဖြစ်ဖြစ် ဒီကိစ္စကို လက္ခံမယ် မထင်ပါဘူး၊

အစ္စလာမ် မှာ အမျိုးသမီးတွေကို သိပ်တန်ဖိုးထားတယ်.. မင်္ဂလာဆောင်မယ် ဆိုရင် ကိုယ်ယူမယ့် မယား လောင်းကို မဟာ လို့ခေါ်တဲ့ လက်ဆောင်ပေးပြီး ဂုဏ်ပြုရတယ်၊
ယနေ့ လူချမ်းသာ တွေကတော့ ချမ်းသာသလောက် ရွှေ ၆ ကျပ်သား ရွှေ နှစ်ပိသာ၊ စိန်တဆင်စာ စသည်ဖြင့်ပေါ့.. ဒီလိုဘဲ အကြောင်းမလှတဲံ ဆင်းရဲတဲ့ အမျိုးသားတွေ ကို လည်း သာသနာက နောက်ဆုံး ရေလေး တစ်ခွတ်လောက်တော့ ခန်းဝင် မဟာ အဖြစ် လက်ဆောင် ပေးဖို့ ဆုံးမတယ်။ ကိုယ့်ဇနီးမယားတွေကို လည်း ရတနာတွေလို တန်ဖိုးထားခိုင်းတယ် ကျွန်တော်တို့ အဖိုးတန် ရတနာတွေကို ဘယ်လို ထားလည်း အဲ့ဒီလို ထားခိုင်းတယ်၊ အဲ့ဒါကို အ၀တ်ထုပ်နဲ့ ထုပ်သလို သိမ်းထားရင်တော့ ထိုသူမ ခင်မျာ ကျေနပ်ရင်တော့ ကြားက ဘာမှ ၀င်ပြောစရာမလိုပါဘူး မကျေနပ်ဘဲ နေရတယ် ဆိုရင်တော့ အတော့ကို ကသိကအောင့်နေမယ်…လုံခြုံစွာ
းထားပါ ကောင်းပါတယ် လွန်ကဲမှု့တွေ မဖြစ်ဘို့ကိုဘဲ စဉ်းစား ချင့်ချိန်စေလိုပါတယ်။

ယနေ့ ကမ္ဘာပျက်မည့် နမိတ်လား တော့မသိဘူး အားလုံး ပြောင်းပြန်တွေ ဖြစ်ဖြစ်နေတယ် အမျိုးသားတွေက အတင်းပြောနေလိုက်တာ ဈေးထဲက ဈေးရောင်းတဲ့ ငါးစိမ်း သယ်က အန့်အော် တယ် ပြောရမယ်.. အခြေအမြစ် မရှိ၊ ခိုင်မာမှု့ မရှိတဲ့ သတင်းတွေ၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ ဆိုင်တဲ့ ကိစ္စတွေကို အစ္စလာမ်က တင်းတင်း ကြပ်ကြပ် မပြောဖို့ တားမြစ်ထား သလို နားထောင်တဲ့ သူကလည်း အခြေအမြစ် မရှိ၊ ခိုင်မာမှု့ မရှိတဲ့ သတင်းတွေ ကို လက္ခံ နားထောင်ဖို့ ခွင့်မပြုဘူး၊ အဲလို အထင်းအရှားတားမြစ် ထားပေမဲ့ အစ္စလာမ် ဘာသာဝင် အမျိုးသား တချို့ရဲ့ လုပ်ရပ်တွေက အတော့်ကို အရှိန်ကောင်းနေတယ်..၊ ကျွန်တော်တို့တွေ သတိထားပြီး ဆင်ခြင်ရမှာပါ။
ကျွန်တော် တင်ပြတာတွေမှာ အမှားတွေလည်း ပါနိုင်ပါတယ်၊ ၄င်းကိုလည်း စေတနာ အမှားလို့ မှတ်ယူစေလိုပါတယ်။
နောက်ဆုံး အနေနဲ့ ကျွန်တော် တို့ ညီအကို မောင်နှမ တွေ ဒီအစ်ဒ်နေ့ ကို အကြောင်းခံ ပြီး တစ်ယောက်နဲ့ တစ်ယောက် မကျေလဲမကျေနပ် တာတွေကို ခွင့်လွတ်ကျရင် မင်္ဂလာ ရှိသော အစ်ဒ်နေ့ကို ဖြတ်သန်းကြပါစို့လို့ မေတ္တာရပ်ခံ လိုက်ပါတယ်…

No comments:

Post a Comment

Cultural Perspectives: What Muslims in Myanmar Need to Consider Regarding Traditional Customs

In Myanmar, there is a deeply rooted concept known as The Five Infinite Objects of Veneration ( Ananta Nga Par ). This group comprises the ...