Skip to main content

Posts

Showing posts from June, 2010

အရှုး

အမေ အမေ့သားရှုးနေပြီ ပတ်ဝန်ကျင်ဆိုတာ သူခိုးတွေလား မိတ်ဆွေဆိုတာ လူသက်သမားတွေလား အမေ အမေ့သား မတွေးတက်တော့ဘူး ငွေဆိုတာက ဘုရားသခင်လာ ပိုင်ဆိုင်မှု တွေက သူတော်စဉ်တွေလား အမေ အမေ့သား မသိတော့ဘူး အကုသိုလ် ဆိုတာက ဘာမှ မသိသူတွေ အတွက်လား ကုသိုလ် နဲ့ ကောင်ခြင်းတွေက သေနာကောင်တွေ အတွက်လား အမေ အမေ့သား သဘောမပေါက်တော့ဘူး လူကောင်းတွေ အတွက် က အရက်ဆိုင်လား လူရုပ်မာတွေ အတွက် က ဘုရာကျောင်းတွေလား အမေ အမေ့သားရှုးနေပြီ ခွေးတွေက ထမင်းစားပြီး လူတွေချီးစားနေပြီလား တိရိဆန်ရုံ ဆိုတာ လူတွေ ထည့်ထားဘို့လား အမေ အမေ့သားကို ပြောပါ ကျွန်တော့် ကို မွေးလိုက်တာ သေဘို့လား လူတွေ ငိုရအောင် မွေးလိုက်တာလား အမေ အမေ့သားကို ကြည့်ပါအုံး သားအနားမှာ လာနေပေးပါလား ဒါမှ မဟုတ် ကျွန်တော် သေအောင်ဆုတောင်း ပေးပါလား အမေ.. သားကြောက်တယ်... အမှာင်ထဲမှာ မနေချင်ဘူး.......

ဒီနေ့

အခင်ဆုံး သူငယ်ချင်းတွေက တွေးတယ်... အော် အဂ္ဂ ပျော်စရာတွေ ပြောပြီး နေတဲ့ မိတ်ဆွေတစ်ဦး ရဲဘော်တွေက တော့ သူတို့ လက်တွဲဖေါ်အတွက် တစ်ခုခု စဉ်စားနေလေတော့ ငါ့သား မျက်ရေတွေကို နှမြောတယ် .. မင်းမျက်ရည်မကျနဲ့ အဒေါ်တွေကတော့ အံသြော နိုင်တယ်.. မင်းက ဦးလေးနဲ့ တူတယ်တဲ့ အမတွေကတော့ စိတ်မကောင်းဘူး.. ဒုက္ခပေးမဲ့သူ တစ်ဦးတော့ သွားပြီ မိဘတွေကတော့ ဘားမှ ကို တွေးနိုင်ပုံ မပေါ်ဘူး လမ်းထဲက အရှုးကတော့ ၀မ်းသာတယ်... ဒီကောင် ပန်းတိုင် ရောက်ပြီတဲ့..

ငါ အိမ့်မက် မက်တယ်

မီးတွေ ထိန်ထိန်လင်းတဲ့ လမ်းတွေမှာ ငါပြေးနေတယ်....ကလေးတွေကလည် ပျော်လို့.....လမ်းတွေပေါ်မှာ နောက်ဆုံးပေါ် ကားတွေက တ၀ီဝီ နဲ.. လူတွေက လမ်းမြန်မြန်လျောက်နေကျတယ်. . အချိန်တွေက တန်ဖိုးရှိလို့ အနာဂတ်တွေ ကိုယ်စီ ပိုင်ဆိုင်လျက်..... MRT ရထားပေါ်မှာ ကျောင်းသားလေးတွေ ပျော်ပါး စကားပြောလျက် တိုက်အောက်မှာ အဖိုးကြီးတွေ အဖွားကြီးတွေ စုပြီ ထိုင်နေတယ်... ငယ်ဘ၀ ပြောနေလိုက်ကျတာ အားရစရာ မြို့လယ် တိုက်နရံပေါ်က TV ကြီးက ကြီးလိုက်တာ... LED မီးသီတွေနဲ့ ပုံဖေါ်ထားပင်မဲ့ ကြည့်လို့ကောင်းတယ်... ပန်ခြံထဲက မိသားစု တွေ ပျော်ပါး အော်ဟစ်သံ... ၃ နှစ် သမီးလေးက အားရပါရ ပျော်ပြီး အော်လိုက်သံ .... ဒါပင်မဲ့ ရန်ကုန်မှာ....... ကျွန်တော် လန့်နိုးလားတော့..

ဟေ့ အဂ္ဂ !

အဂ္ဂ မင်း လူတွေ အထင်ကြီးအောင်နေ ၊ ရင်ထဲက မပါတဲ့ တရားတွေပြော ၊ အလုပ်မရှိလို့ပျင်းနေမှ တွေ့ကရာတွေလုပ်ပြီး အများကောင်းဘို့ အတွက်ပြောနေတာ.. မင်းမရှက်ဘူးလား..? အဂ္ဂ မင်း အချိန်တွေကို ပြန်ကြည့်အုံး၊ မင်းအသက်ကို ပြန်ကြည့်အုံး ၊ မင်း မှာ အစစ်အမှန် တရားလေးတခု ဟန်ဆောင်မှု့ ကင်းကင်းနဲ့ လုပ်ခဲ့တာ တခုလောက်ရှိလား .. ဟားဟား မင်းမဖြေနိုင်ဘူးမလား..? အဂ္ဂ မင်း မှန်ကိုကြည့်ပြီးတော့ ပြောစမ်းပါ ၊ မင်းရဲ့ ယုတ်မာမှုတွေကို ဘယ်သူမှ မသိဘူးဆိုပြီး ဟန်ဆောင်ကောင်းတဲ့ အ၀တ်တွေနဲ့ ဖုံးထားလို့ ရမယ်မှတ်နေလား.. ? အဂ္ဂ မင်းမရှက်ဖူးလား ? အဂ္ဂ မင်းက ကိုယ့် ကို ကိုယ် ငါကွလို့ ထင်မနေနဲ့၊ ငါကွနဲ့ တကယ်တွေ့တဲ့ နေ့ကျရင် မင်းရှင်းရမှာတွေ မင်းစဉ်းစားထား။

စကားအနည်းငယ် တင်ပြ မေတ္တာရပ်ခံ လိုတာက

လေးစားရပါသော စာရှု့သူအပေါင်းအား အလ္လာရှင်မြတ် ထားဝရ ဘုရားသခင် ရဲ့ငြိမ်းချမ်းသာယာ မှု့အဖြာဖြာ အသင်တို့ အပေါ်သို့ ကျရောက်ပါစေလို့ ဆုမွန်ကောင်း တောင်လိုက်ပါတယ်… ယနေ့ သမရမှာ စကားအနည်းငယ် တင်ပြလိုပါတယ် … ယနေ့ အစ္စလာမ် ဘာသာဝင် တွေ ဟာ အကြမ်းဖတ်မှု့ တရားခံ တွေ အဖြစ် စွတ်စွဲ ခံနေရမှု့ဟာ အမှန် ပကတိအခြေ အနေပါ မိတ်ဆွေတို့ ကိုယ့် မှတ်ပုံတင် ကိုယ်ကိုင်ပြီး ဖြစ်ဖြစ် Passbook ကိုင်ပြီးဖြစ်ဖြစ် အတော်များများ သက်ဆိုက်ရာ နိုင်ငံ Immagartion နဲ့ လုံခြုံရေးတွေ ရှေ့ကိုရောက် ရင် စိတ် ကသိ ကအောင့် ဖြစ်ခဲ့ရတဲ့ သူတွေ အားလုံး အသိပင်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီဖြစ်စဉ်က အစ္စလာမ် ကို မီဒီယာနဲ့ လုပ်ကြံခံရတဲ့ ကိစ္စလို့ ယုံကြည့်မိပါတယ်။ ကမ္ဘာ့ သမိုင်းမှာ ယနေ့ ပြောပြောနေကျတဲ့ အကြမ်းဖတ်မှု့ဆိုတာ ကို ဘာသာ ပေါင်းစုံက လူတွေ လုပ်ခဲ့ ကျတာဘဲ ဥပမာ ခရစ်ယာန် ဘာသာကို ယုံကြည်တဲ့ ဟစ်တလာက ဂျူးလူမျိုး ၄ သန်းလောက်ကို သတ်ခဲ့တယ် ၄င်း ရဲ့ လုပ်ရပ်ကို ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ခရစ်ယာန်တွေကို အကြမ်းဖက် သမားတွေလို့ ဂျူးလူမျိုး တွေကိုယ်တိုင်က မမြင်သလို ဘယ်လူမျိုး ဘယ်ဘာသာ ၀င်တွေကမှ အသိဥာဏ် ဆင်ခြင် တုန်တရားကင်းမဲ့ စွာ မျက်စိ တဖတ်ပိတ် ပြီး မစွတ်စွ

ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေပြီ

ချစ်သူတွေ ဖြစ်ဖြစ်၊ အိမ်ထောင်ရှင်တွေ ဖြစ်ဖြစ် ချစ်သူ ဇနီးလေးက ကိုယ်ဝန်ရှိနေပြီလို့ ပြောတာကို ဘ၀မှာ ပထမဆုံးကြားရတယ် ဆိုရင် ဘယ်လို နေမလည်း၊ ဒါမှ မဟုတ် တခါ ကိုယ်ဝန်ပျက်ဘူးတဲ့ ဇနီးလေး ပြောလာမယ်ဆိုရင် သင့်စိတ်ထဲ ဘယ်လိုနေမလည်း၊ အဲ့ဒီ ချစ်သူ ဇနီး သူ့စိတ်ထဲမှာ ကော ဘယ်လိုခံစားမှု့ မျော်လင့်ချက်တွေ စိုရိမ်မှု့တွေ ရှိနေမလည်းလို့ စဉ်းစားနေမိတော့။ ကျွန်တော် လည်း အနာဂတ် တစ်ခုကို လှမ်းမြင်လိုက်ရတော့ ရင်ခုန်မှု့ ပထမဆုံးက သားလေးလား၊ သမီးလေးလား၊ ပေါ့ ဂျုးဒိတ်ကတော့ ၂၀၁၀ ဆိုတာကတော့ သိနေပင်မဲ့ အတိမကျ မသိရသေး၊ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အကောင်းဆုံး အနာဂတ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည့်မှု့တွေနဲ့ မျော်လင့်ကြီးစွာဖြင့်

Who eat my chese ?

ဒီနေ့ လွတ်လပ်ရေးနေ့ ဆိုလို့ စိတ်ပြေလက်ပြောက် အပြင်ထွက်ပါတယ် မလွတ်လပ် ပါဘူး ဒီလမ်းက ပိတ် ဟိုလမ်းက ပိတ်နဲ့ လိုရာကို မရောက်ဘူး... အော် လွတ်လပ်ချင်းရဲ့ အရသာ အချုပ်ထဲ ရောက်မှ သိ ဆိုတာ မဖြစ်နိုင်ဘူး ... လွတ်လပ်ရေးနေ့မှာကို သိလိုက်ရတယ်.. ဒီနေ့ လွတ်လပ်ရေးနေ့ဆိုတာကို မေ့များနေလားတော့ မသိဘူး တချို့လူတွေပြောပါတယ်.. အလံတွေတောင် သိပ်မတွေမိဘူး .. ဘာကိုများကြောက်နေသည်မသိပါ. . ကြောက်တယ်ဆိုတာ မဆန်းပါဘူး။ လူတိုင် ဆုံးရှုံနိမ့်ကျမှာ၊ ဆင်းရဲမှာ၊ နာကျင်မှာကို ကြောက်ကြတာချည်းပဲ၊ ကျွန်တော်လဲ မကြောက်တမ်း သတ္တိရှိရှိ နဲ့ ၀န်ခံရမယ်ဆိုရင် ကြောက်တက်တယ်ဗျ လူတိုင်း အနည်းနဲ့ အများ အကြောက် တရားရှိတက်ကြတာပါပဲ။ ဒါပင်မဲ့ အရှက် ဆိုတာလည်း ရှိတယ်။ လူမှာ လူ့သိက္ခာကို နှိမ့်ချ စော်ကားခံရရင် ရှက်တက် ကြပါတယ်. အဲ့ဒီအခါ ကြောက်ကန်ကန်တယ်... ဘာပဲဖြစ်ဖြစ် အကြောက်တရားမှာ အကန့်အသက်တော့ ရှိတယ် လို့ ထင်ပါတယ်.. . လွတ်လပ်ရေးဆိုတာကို မြန်မာတွေ ရတာ ( ၆၂ ) နှစ်ရှိပြီ လွတ်လပ်လား မလွတ်လပ်ဘူးလား ကိုယ့်ဖာသာကို မေးကြည့်၊ လွတ်လပ်ရေးရဲ့ တန်ဘိုး သိလား ကိုယ့်ဖာသာ ကိုမေးကြည့် ၊ မြန်မာတွေ အင်္ဂလိပ်ကျွန်ဖြစ်တုန်က ကိုယ်မြေ၊ကိုယ်ရေ၊ ကိုယ့် မိသားစု

MRTV 4

ကျွန်တော် မိတ်ဆွေတစ်ယောက်က ပြောတယ် India မှာက တစ်ယောက်ကို တစ်ယောက် တွေ့ရင် နမာစတေး လို့ နှတ်ဆက်တယ် အဲ့ဒီအဓိပါယ်က လွတ်မြောက်ပါစေလို့ သူကပြောတယ် ၊ ဟုတ်တယ်လေ India နိုင်ငံက မဂို အင်းပါယာ အောက်မှာ နှစ်ပေါင်း ၇၀၀ လောက်၊ အင်္ဂလိပ် အောက်မှာက နှစ်ပေါင်း ၂၀၀ လောက်ဆိုတော့ သူတို့ လွတ်လပ်ရေး လိုချင်းမှာပေါ့ လို့ တွေးမိတယ်။ England က မိတ်ဆွေ တစ်ယောက်ကို တွေ့တော့ ညစာစားပြီ ပြန်မယ်လုပ်တဲ့အခါ သူက Good Evening လို့ နှတ်ဆက်တော့ ကျွန်တော် မေးလိုက်တယ် ဘာကြောင့် ဒီလို နှတ်ဆက်သလဲလို့ မေးတော့ က သူတို့ နိုင်ငံမှာက အခု နဲ့ တော်ကြာ ရာသီဥတု က မတူဘူး ဆိုးချင်ဆိုးသွားတယ် ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် နှတ်ဆက်တော့ ဆန္ဒပြုတဲ့ သဘေားပါတဲ့.. ဒါနဲ့ အက်စလာမ် မွတ်အာလိုက်ကွမ်း ဆိုတာကို မေးကြည့်တော့ အသင့်အပေါ်သို့ ငြိမ်းချင်းသာယာမှု အပေါင်း ကျရောက်ပါစေတဲ့ အာရပ် နိုင်ငံ က အာရပ်တွေ အော် သူတို့ တွေ ဒီနေ့ အထိ ငြိမ်းချမ်းရေး ဝေးနေလေတော့ သူတို့ လိုချင်းတဲ့ ငြိမ်းချမ်းရေးကို ဆန္ခ ပြုတယ်လို့ မှတ်တယ်... ထိုင်းနိုင်ငံ ကို ကျွန်တော် ရောက်တော့ အမြဲ ကြားနေရတဲ့ ချိုသာတဲ့ အသံ ၊ရိုကျိုးတဲ့ ပုံနဲ့ ဆ၀ါဒီခပ် တဲ့... ဘာလဲဟဲ ဆ၀ါဒီ ခပ် ကို

1948

၁၉၄၈ ခုနှစ်မှာ ဒိုမြန်မာနိုင်ငံ လွတ်လပ်ရေးရတယ် ကုလသမဂ္ဂ က လည် ၁၉၄၈ ခုနှစ် မှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတန်းကြီးကို ကြေငြာခဲ့တယ် ဒီတော့ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေးဟာ ကမ္ဘာ့လူ့ အခွင့်အရေး ကြေငြာ စာတန်းကြီးနဲ့ တူဖွားမြင့်ခဲ့တယ်လို့ ဂုဏ်ယူစရာကောင်းတယ်။ လူတွေမှာ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်နဲ့ အတူ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို လွတ်လပ်စွားယုံကြည်ခွင့်ဆို တာတွေလည်းပါတယ်၊ လွတ်လပ်စွား ရေးသား၊ ပြောဆို၊ ဖေါ်ထုတ်ခွင့်နဲ့ ကြားနာခွင့် တွေလည်းရှိတယ်၊ ကုလသမဂ္ဂ ကြီးက နိုင်ငံ အသီးသီးရဲ့ အချုပ်အခြာအာဏာ တည်တံ့ရေး နဲ့ လူ့အခွင့်အရေး တို့ကို ကာကွယ် စောင့်ရပါတယ်၊ နိုင်ငံအသီးသီးရဲ့ အစိုးရအဖွဲ့ အစည်းတွေကလဲ နိုင်ငံသား အခွင့်အရေး နဲ့ အတူ လူ့အခွင့်အရေး တို့ကို စောင့်ရှောက် ကားကွယ်ပေးရပါတယ်၊ ဒါတွေကို ကုလ အဖွဲ့မှာ နိုင်ငံပေါင်းစုံက ပညာရှင်ကြီးတွေ၊ နိုင်ငံရေး သမားတွေ၊ ဘာသာရေး သမားတွေ ပါဝင်ပြီး အများ သဘေားတူ ခြွင်းချက်မရှိ အတည်ပြု လက်မှတ် ရေးထိုးထားခဲ့တယ်.. အဲ့ဒီမှာ မြန်မာ ကိုယ်စာလှယ် တွေလည်း ပါဝင်ခဲ့တယ် အာရှနဲ့ အရှေ့တောင်အာရှ အားလုံးပါဝင်ခဲ့တယ်။ လူ့အခွင့် အရေြးေ

ပြည်ထောင်စုနေ့

မိတ်ဆွေ တစ်ယောက်က ပြောတယ် ဒီနေ့ဟာ တိုင်းရင်းသား တွေ အလိမ်ခံရတဲ့ နေ့ ဆိုဘဲ.. ၆၂ နှစ် ကျော်ပြီဖြစ်တဲ့ မြန်မာပြည်လွတ်လပ်တာ တိုင်းရင်းသားတွေ ကို ဘာတွေ တိုးတက် စေခဲ့လည်း... ပင်လုံညီလာခံ မှာပါတဲ့ အချက်တွေကို ဘယ်သူတွေ လေးစားလည်း.. သူတို့ မှာ အဲ့ဒီ စာချုပ်အရ ၄င်းတို့ ကံကျမာ ကို ၄င်းတို့ ဖန်တီးခွင့် ရှိခဲ့လား.. တိုင်းရင်းသားတွေ သူတို့ ရဲ့ တိုင်းရင်းသား စာပေတွေကို တရားဝင် စာသင်ကျောင်းဖွင့်လှစ် သင်ကြားခွင့် ရသင့်တယ်... သူတို့ ရဲ့ ယဉ်ကျေးမှု့ကို သူတို့ ထိန်သိမ်းခွင့် အခြေခံ ဥပဒေ ကနေ လွတ်လပ်စွာပေးသင့်တယ်..... ဒါတွေအတွက် ငါဆုတောင်းပေးတယ်... ဆိုရှယ်လစ်တွေက မြန်မာ ပြည်ကို ဒီဝါဒကို သယ်လာတော့ အင်တာနေရှင်နယ် ဆိုရှယ်လစ် ပုံစံကို နေရှင်နယ် ဆိုရှယ်လစ် ပုံစံ မသိမသာ လုပ်လိုက်တာဘဲ... ဒီတော့ အဲ့ဒါက နာဇီ စနစ်ပုံစံဘဲ.. အသေအချာကြည့်လေ.. နာဇီပါတီက နေရှင်နယ်လစ်စင် စစ်ဘဲ.. မြန်မာပြည်ဆိုရှယ်လစ်တွေက သဌေးတွေကိုရဲ့ ပစ္စည်တွေကို ပြည်သူပိုင်သိမ်းလိုက် ပြီး ဆင်ရဲသားတွေကို မျှတယ်ပေါ့.. အဲ့ဒီတော့ ဘာဖြစ်လည်း.. သဌေးတွေမွဲပြီး ဆင်းရဲသားတွေ ဘားမှ ဖြစ်မလာဘူး... ဆိုက်ကားသမားက တရားသူကြီးဖြစ်လာတယ်... အလုပ်မရှိတဲ့ ငပျင်းက လ

ကမ္ဘာကြီး ကျန်းမာဖို့

ကမ္ဘာကြီး ကျန်းမာဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တစ်ခုဖွဲ့ပြီး လှုပ်ရှားမှု့လေးလုပ်ရန် စီစဉ်နေပါတယ်... ကျွန်တော်တို့ တွေဟာ အခုဆို အင်မတန် ကျဉ်းမြောင်းတဲ့ ကမ္ဘာလေးထဲမှာ နေနေရပါတယ်.. အဲ့ဒီကမ္ဘာလေးကလည်း အားလုံး သိကြတဲ့ အတိုင်း ကျန်းမာရေး ကောင်းလှသည် မဟုတ်၊ ဒီအထဲ နယ်မြေ ဒေသ အရောင်အသွေးတွေ နဲ့ စီးပွားရေး ခွဲခြား ရန်လိုမှု့တွေကို ယုံကြည်သက်ဝင်မှု့တွေ နဲ့ ခုတုန်းလုပ် ရန်စောင် မှုတွေဖြစ်ပေါ်နေတာဟာ ကိုယ့်အိမ် မီးလောင်နေတာ တောင် ညီအကိုရင်းတွေ ရန်ဖြစ်နေတုန်းဘဲ ဆိုသလို အနိဌာရုံ အတိ ဖြစ်ပေါ်နေရတဲ့ ဒီကမ္ဘာငယ်လေးထဲမှာ ဘယ်လို ငြိမ်းချမ်းအောင် နေကြမလဲ.. ဘာသာပေါင်းစုံ ချစ်ကြည်ရေးတိုးမြှင့်နှိုင်ရုံနဲ့ ကမ္ဘာကြီးမကျန်းမာနိင်သလို၊ သဘာဝပတ်ပန်းကျင် ထိန်းသိမ်း နိုင်ရုံနဲ့လည်း ကမ္ဘာကြီး ကျန်းမာလာမည်မဟုတ်ပါ.. ကျွန်တော်တို့ ယုံကြည်သက်ဝင်မှု့တွေ အပေါ် အပြန်အလှန်လေးစားမှု့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ အသိပညာ ဖလှဲရင်း ချစ်ကြည်စွာ အတူရှင်တွဲ နေထိုင် မှသာ ကျွန်ပ်တို့ ကမ္ဘာကြီး ကျန်းမာငြိမ်းချမ်း လာမယ် ဆိုတာ အခုသိ အခု လုပ်ရမည့် လုပ်ငန်းလေးတစ်ခုပါ.... ကျွန်တော်တို့ အဲ့ဒီ ရည်ရွယ်ချက်နဲ့ လှုပ်ရှားမှု့လေးတွေ လုပ်ရ

ဆုတောင်း

ယုံကြည့်မှု့၊ ခံယူချက်၊ အယူအစ တွေ မတူညီပင်မဲ့ ဘုံအကြိုးစီးပွားကို ရှေ့ရှု့သူတွေဖြစ်ပါစေ။ ကမ္ဘာကြီးမှာ တရားမျှတမှု့ရှိတဲ့ ငြိမ်းချမ်းရေးတွေ ဖြစ်ပေါ်လာပါစေ။ကြီးနိုင် ငယ်ညှင်း စိတ်ဓါတ်တွေ ပျောက်ဆုံးပါစေ၊ လူငယ်တွေ ပညာတက်တွေ ဖြစ်ပါစေ၊ ဆယ်တန်းကို မခိုးချဘဲအောင်ပါစေ၊ သားလေး ဘ၀ကို တန်ဖိုးရှိအောင် အသုံးချနိုင်ပါစေ၊ သမီးလေ ကိုယ့်ကိုကိုယ် တန်ဖိုးထားနိုင်ပါစေ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ဘို့ နိုင်ငံခေါင်းဆောင်များ ညီမျှတဲ့ အပေးအယူတွေ နဲ့ ပေးဆပ် ထိန်းသိမ်းနိုင်ပါစေ၊ ဘာသာရေးသမားများ၊ နိုင်ငံရေးသမားများ လုပ်စားမှု့ ကင်းပါစေ.. လက်နှက်ကိုင် နိုင်ငံရေးသမားတွေ ပပျောက်ပါစေ။ မီးမှန်မှန်လာပါစေ၊ ချစ်သူတွေ စစ်မှန်တဲ့ မေတ္တာ တွေနဲ့ ချစ်နိုင်ကြပါစေ၊ အူးဝဲလို့ မွေးလိုက်တဲ့ ကလေးလေးမှာ မိစုံဖစုံ ရှိပါစေ၊ လင်ကောင်မပေါ်ဘဲ မွေးတဲ့ ကလေး ပပြောက်ပါစေ။ အပြီးတိုင် ခွဲခွာတော့မည့် လင်မယာ ကောင်းကွပ်လေးများ နဲ့ ပြန်ပေါင်းထုပ်နိုင်ပါစေ။ ကျန်းမာရေး ကို အလေးပြု အသိ ၀င်နိုင်ပါစေ။ ကမ္ဘာပေါ်မှာ မရှိတော့တဲ့ ချစ်သူတွေကို သတိရနိုင်ပါစေ

ကျွန်တော် ကြောက်တယ်

လူဖြစ်ပြီး လူလို မနေရမှာ အချိန်တွေ ကုန်ပြီး တန်ဖိုးမရှိခဲ့မှာ အမှန်ကို သိပြီး မပြောရဲမှာ အမှားတွေကို အမှန်လို့ ထင်မိမှာ ပျော်သလို နေမိမှာ ဘ၀မှာ အချစ် ကံဆိုးမှာ ယုံကြည်မှု့တွေ ပျက်သုဉ်းမှာ.............

လှည့်စားခံရသူများ သို့ GOV Vs NGO

လူတွေ သူ့ အလုပ် ကိုယ့်အလုပ် ကို သိရမယ် ပြီးတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကိုလည်း သိရမယ်လို့ ထင်ပါတယ် အုပ်ချုပ်သူက အုပ်ချုပ်တဲ့ အလုပ်ကို လုပ်ရမှာ ဖြစ်ပြီ လူ့ လောကအကျိုးပြု လုပ်ငန်းများ ကလည်း လွတ်လပ်စွာနဲ့ လူ့လောက အကျိုးပြုလုပ်ငန်းတွေလုပ်မယ်ပေါ့... ဒီနေရာမှာ တိုတိုနဲ့ လိုရင်ပြောရမယ်ဆိုရင် GOV Vs NGO အဲ့ဒီအကြာင်းကို ပြောတော့မယ် ဆိုရင် ပထမ What is GOV ဆိုတာကို ကိုယ့်အမြင်ကိုယ်ရှင်းအောင် လုပ်ရမှာပါ ကျွန်တော်က GOV ကို Services for the People လို့ အလွယ်မှတ်တယ်.. သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စာလှည်ဘဲပြည်သူ့ဝန်ထမ်းတွေဘဲ ဘာကြောင့် ပြည်သူ့ဝန်ထမ်းလို့ ပြောရသလည်းဆိုတော့ ပြည်သူတွေရဲ့အခွန်အငွေတွေကို လစာအဖြစ် ရယူသူတွေဖြစ်နေလို့ဘဲ... ဒီနေ့ ခေတ်မှာ ဒီလိုဘဲ မြင်ရမယ်မှတ်တယ်.ပြီးတော့ GOV ဆိုတာက သူတို့မှာ ပြည်သူနဲ့ အစိုရ လုပ်သူအကြားထားရှိတဲ့ ချုပ်ဆိုထားတဲံ အခြေခံဥပဒေ ဆိုတာကို အခြေခံပြီး လုပ်ပိုင်ခွင့်တွေ ထုပ်ယူသုံးစွဲရတယ်.... GOV ဆိုတာက ပြည်သူတွေကို ဥပဒေနဲ့ မှုပိုင်းတွေကို အုပ်ချုပ်ရမယ်ပေါ့ ဒီနေရမှာ ( ၂ ) ပိုင်းရှိတယ် (၁) GOV က ပေါ်လစီတွေ ကိုင်ပြီး ပြည်သူတွေအတွက် မှန်ကန်တဲ့ လမ်းကို ထိန်သိမ်းပေးတာရ

ကိုယ်လွတ်ရုံးသူတို့ရဲ့ အပြုံး

စားနေရလို့ ငတ်နေသူကို မေ့နေသူ၊ ကိုယ်စားနေရတာကို အဟုတ်ထင်၊ မာန်ဖီ့ ဟစ်ကြွေး သူတို့ ဘ၀က ၊ ဟိုလူ့ အိမ်စောင့် ခွေးလောက်မှ၊ နင်မနေရသေး ၊ အမှီး နံ့မပြနဲ့၊

ချစ်သူ

ချစ်သူရေ မင်းအတွက် ကိုယ့်သတ္တိတွေ မွေးလိုက်ပြီ ဒီလို နေရတဲ့ ဘ၀ကနေ ဟိုလို နေတဲ့ ဘ၀စီသို့ ငါရင်ဆိုင်ကာ ကျော်လွှားမယ် သစ္စာရယ် အတည်ထားသည်မို့ မေတ္တာရယ် ငါ မများပါ..... ခမောက်ကွယ် အတူစောင်းစို့လား အဂ္ဂ

သမက် ရွေးတဲ့ပွဲ

အခတ်ရယ် ကြုံပြီမို့ အရပ် ကွယ် မကယ်နိုင် ငါ့သမီး လင်ယူလို့ မှိုင်၊ သမီးကို ယုံပုံလို့ ဘ၀ကွယ် ပေးလိုက်တဲ့ နောင်တရယ် မဖြေနိုင်၊ နောင်ကွယ် ဟိုလူုတို့ သမက် ကွယ် ကြိုရှာစို့ မဲပေးတဲ့ အကြံ၊ အဂ္ဂ

ခမောက်ဘဲဗျို့

ဇတ်ပြောင်းရင် ဂွင်ကောင်း ရပေမဲ့၊ ခမောက်စောင်းကာ သစ္စာရှိနေခဲ့သူတွေ၊ ဘ၀ပြောင်းတောင် သစ္စာမမဲ့သူတွေမို့၊ ယုံကြည်စွာ သစ္စာ ဆိုတယ် ငါလည်း ခမောက်ဘဲဗျို့.........။ အဂ္ဂ

လုပ်တာ မဟုတ်လို့ မဟုတ်တာ လုပ်တယ်

ရေရှာ ရေရှာမတွေ ဘီယာဝယ်သောက်... အင်း ဒီနေ့ ဟိုတွေးဒီတွေးနဲ့ ရွေးကောက်ပွဲ ဆိုတာလေးကို တွေးမိတော့ စိတ်ထဲ သိပ်ဘ၀င် မကျမိဘူး... ရွေးပြီးကောက်မှတော့ သူလိုချင်တာတွေဘဲ ရသွားမှာပေါ့... ရွေးချယ်တယ်ဆိုတာလေးက ပိုပြီး ကောင်းမလားစဉ်းစားမိတယ်...

ဟုတ်မှ လည်းလုပ်ကြပါ ...

လောကကြီးမှာ စိတ်တိုင်းမကျဆုံးက ကိုယ့်ကို ကိုယ်ဘဲ.. အင်းလေ ကိုယ့်အကြောင်းကိုယ်အသိဆုံး ကို... နိုင်ငံရေးတွေကလည်း ဒီနှစ်ထဲမှာ အပြောင်းအလည်းတွေ နဲ့ ရွေးကောက်ပွဲခေါ်ခေါ် ရွေးချယ်ပွဲ လုပ်လုပ်... ပါဝင်တဲ့ ပါတီတွေထဲက အနိုင်မဲ အချိုးတစ်ခုခု ရတဲ့ ပါတီတစ်ခုက ပွဲပြီးမှ အယုံအကြည်မရှိဆိုပြီးထွက်သွား ရင်ဘယ်လိုလုပ်မလည်း စဉ်းစားမိတယ်... ဒါနိုင်ငံရေး အနိုင်ပိုင်း တိုက်ခိုက်မှု့ ပုံစံ အသစ်တစ်ခု ဖြစ်လာနိုင်တယ်..... NLD ပါတီကိုမှ မဲပေးလိုတဲ့ မြန်မာပြည်သူ တွေရဲ့ မဲတွေကို ရောင်စိန် ရောင်တော်ပြန် ပါတီတွေက ရမလား ဒါမှမဟုတ်... အဲ့ဒီမဲတွေ အတွက် အချိန်က ဆုံးဖြတ်လာမယ်ဆိုပင်မဲ့ ဆက်သွယ်ရေး နဲ့ နိုင်ငံရေးနမိတ် သိပ်မမြင်တဲ့ ရိုးသားတဲ့ ပြည်သူတွေ အတွက်တော့ သိပ်ခပ်ပြီ.. နိုင်ငံရေးပါတီတွေကလည်း ဖာသည် တွေလိုဘဲ... တချို့ပါတီတွေဆို ရွေးကောက်ပွဲ ဥပဒေ မထွက်ခင်ကထဲက ရွေးကောက်ပွဲပါမယ် လို့ ကြေငြာတယ်... ပါချင်တာ အရမ်းဘဲ... ဘာဥပဒေ ထွက်ထွက် ဆိုပြီး လုပ်တာဘဲ.. အဲ့ဒါကိုမှ Blank Chaque ပေးတဲ့ ပါတီလို့ပြောရမယ်.. ဒီလို ပါတီတွေကို ပြည်သူတွေက ဘယ်လို ယုံပုံရမလည်း... ကိုယ့်ဖာသာစဉ်းစားကြည့် ကြည့်နေ NLD ပါတီ က ရွေးကောက်ပွဲ မပါဝင်လို့

မီဒီယာ

မီဒီယာ ဆိုတာက ပြည်သူတွေရဲ့ မျက်လုံး လို့တင်စားခေါ်ဝေါ်ကျတယ်...တိုင်ပြည်ကို အဓိက တရားမျှတအောင် သတင်းမီဒီယာ တွေဟာလည်း နံပါတ်လေး အဆင့်ရှိတဲ့ အခြေခံအုပ်မြစ်တွေပါ... မီဒီယာဆိုတာက သတင်း တွေကို စုစည်းတင်ပြမယ်..အဖြစ်မှန်ေ တွကို ဖေါ်ထုပ် ထောက်ပြမယ်.. မီဒီယာ တွေရဲ့ တင်ပြမှု့တွေကို ပြည်သူတွေသာမက တိုင်းနိုင်ငံ အုပ်ချုပ် မင်းလုပ်သူတွေကလည်း လေးစားသင့်ပါတယ်.. တခါတလေ မီဒီယာ အမှား ဆိုတာလည်း ရှိနိုင်ပါတယ်.. သတင်းမှားဖေါ်ပြတာတွေ ... ဘက်လိုက်တဲ့ သတင်းတွေ စသည်စသည်ဖြင့်ပေါ့.. အဲ့ဒါနဲ့ မီဒီယာဆိုတဲ့ ပြည်သူ့ မျက်လုံးကို ထိုးဖေါက်လိုက်လို့တော့ မဖြစ်သင့်ဘူး.. မြန်မာပြည်မှာ မီဒီယာလွတ်လပ်ခွင့်တွေ ဟာ လွတ်လပ်ရေးနဲ့ အတူ ပါမလာ ခဲ့ပုံရတယ်....ဟိုရောင် ဒီရောင်နဲ့ တိုင်းပြည်လွတ်လပ်ရေးရပြီး ၁၂ နှစ်တောင်ခံလိုက်ရဲ့လားမသိဘူး.. အဲ့ဒီခေတ် နောက်ပိုင်း တွေဟာ မြန်မာ့မီဒီယာ ပြည်သူ့မျက်လုံးတွေဟာ... မျက်မှန်အနက်တွေ တက်ထားတဲ့ မီဒီယာ တွေနဲ့ တူကုန်တာပါဘဲ..... မြန်မာပြည်မှာ ဂျာနယ်တွေနဲ့ မီဒီယာ တခေတ်ကို လှမ်းလာခဲ့ပါတယ်... ဒါပင်မဲ့ လည်ပင်မှာ ကြိုးတန်လန်းနဲ့ပါ... ယနေ့ ခေတ်မှာ ကျုပ်တို့ မြန်မာပြည်အတွက် မီဒီယာ တွေဟာ သိပ်ပြီး အရေးကြီး

လူနဲ့ လူ့ပတ်ဝန်းကျင်

အဖွဲ့အစည်းတွေ ဆိုတာ လူမှု့အသိုင်းအ၀ိုင်းအတွက် အလွန်အရေး တကြီးလိုအပ်ပါတယ်.. တူညီတဲ့ ရည်ရွယ်ချက်၊ ရည်မှန်ချက် ပန်းတိုင် တွေချမှတ်ပြီး စနစ် တကျ စုပေါင်း အကောင်အထည် ဖေါ်တယ်ဆိုတော့ အနဲဆုံး တစ်ဦး တစ်ယောက်ထက် သာလွန်တဲ့ ခွန်အားရတယ်၊ တစ်ဉ်ီးတစ်ယောက်ထဲက ဦးဆောင်လုပ်ကိုင်တဲ့ လူပုဂ္ဂိုလ် အခြေပြု အဖွဲတွေကျတော့ သိပ်ကြာကြာ မခံတက်ကျပါဘူး၊ ရာစု တစ်ခုလောက်ဆို ပြောက်သွားနိုင်တယ်.. ယနေ့ရှိနေတဲ့ လူပုဂ္ဂိုလ် ကိုယ်စားပြု အဖွဲတွေ ရှင်သန်နေတာကလည်း အစိုရ သို့မဟုတ် အဖွဲအစည်များက ထိန်သိမ်း ပေးခဲကျတာကို တွေ့ရတယ်.... အဖွဲအစည်း ဆိုတာက လူများမယ် လူများတယ် ဆိုမှတော့ ပါစပ်လည်းများမယ်၊ အခွင့်အရေးသမားတွေလည်း များမယ် အခွင့်အရေးဆိုတာမှာမှ၊ ငွေးကြေးအခွင့်အရေး၊ တချို့က ပုဂ္ဂိုလ်ရေး အရှိန်အ၀ါ အခွင့်အရေး၊ စီးပွားရေးအခွင့်အရေး တွေ စသည် စသည်ဖြင့် ထုပ်ယူ စုပ်ယူကျတာ တွေလည် ရှိမယ်၊ အဲ့ဒီမှာ အဏာရှုး တွေလည်းရှိမယ်.. ဒါတွေကို ကြည့်ပြီးတော့ အဖွဲ့အစည်လုပ်ငန်းတွေကို ရှုံချ တိုက်ထုပ် မကောင်းပြောလို့ ကတော့ ကိုယ်ဘဲမှားမယ်၊ အထူးသဖြင့် တိုင်ပြည်ရဲ့ ခြေတွေ လက်တွေနဲ့ တူတဲ့ NGO တွေဟာ မရှိမဖြစ်လိုအပ်ပါတယ်... အဖွဲအစည်းတွေကဘဲ အလွန်တန်ဖိုးရ