Who eat my chese ?

ဒီနေ့ လွတ်လပ်ရေးနေ့ ဆိုလို့ စိတ်ပြေလက်ပြောက် အပြင်ထွက်ပါတယ် မလွတ်လပ် ပါဘူး ဒီလမ်းက ပိတ် ဟိုလမ်းက ပိတ်နဲ့ လိုရာကို မရောက်ဘူး... အော် လွတ်လပ်ချင်းရဲ့ အရသာ အချုပ်ထဲ ရောက်မှ သိ ဆိုတာ မဖြစ်နိုင်ဘူး ...
လွတ်လပ်ရေးနေ့မှာကို သိလိုက်ရတယ်.. ဒီနေ့ လွတ်လပ်ရေးနေ့ဆိုတာကို မေ့များနေလားတော့ မသိဘူး တချို့လူတွေပြောပါတယ်.. အလံတွေတောင် သိပ်မတွေမိဘူး .. ဘာကိုများကြောက်နေသည်မသိပါ.
.
ကြောက်တယ်ဆိုတာ မဆန်းပါဘူး။ လူတိုင် ဆုံးရှုံနိမ့်ကျမှာ၊ ဆင်းရဲမှာ၊ နာကျင်မှာကို ကြောက်ကြတာချည်းပဲ၊ ကျွန်တော်လဲ မကြောက်တမ်း သတ္တိရှိရှိ နဲ့ ၀န်ခံရမယ်ဆိုရင် ကြောက်တက်တယ်ဗျ လူတိုင်း အနည်းနဲ့ အများ အကြောက် တရားရှိတက်ကြတာပါပဲ။ ဒါပင်မဲ့ အရှက် ဆိုတာလည်း ရှိတယ်။ လူမှာ လူ့သိက္ခာကို နှိမ့်ချ စော်ကားခံရရင် ရှက်တက် ကြပါတယ်. အဲ့ဒီအခါ ကြောက်ကန်ကန်တယ်... ဘာပဲဖြစ်ဖြစ် အကြောက်တရားမှာ အကန့်အသက်တော့ ရှိတယ် လို့ ထင်ပါတယ်..
.
လွတ်လပ်ရေးဆိုတာကို မြန်မာတွေ ရတာ ( ၆၂ ) နှစ်ရှိပြီ လွတ်လပ်လား မလွတ်လပ်ဘူးလား ကိုယ့်ဖာသာကို မေးကြည့်၊ လွတ်လပ်ရေးရဲ့ တန်ဘိုး သိလား ကိုယ့်ဖာသာ ကိုမေးကြည့် ၊ မြန်မာတွေ အင်္ဂလိပ်ကျွန်ဖြစ်တုန်က ကိုယ်မြေ၊ကိုယ်ရေ၊ ကိုယ့် မိသားစု နဲ့ ဥမကွဲ သိုက်မပြတ် ကျွန်ဖြစ်တယ်ဆိုရမယ်။ အဲ့ဒီတုန်က ကျွန်တော်တို့ နိုင်ငံကို ကုလားတွေ လာအလုပ်လုပ်ကျတယ် ... ကယ် ဒီနေ့ ဘာတွေဖြစ်နေလည်း ကိုယ့်ဖာသာ ကိုစဉ်းစားကြည့်..

ကျွန်တော်တို့ နိုင်ငံ အခတ်အခဲတွေ တွေ့နေတဲ့ အချိန်မှာ အာရှနိုင်ငံတွေ ဘာလုပ်ကျလည်း ကျွန်တော့်အမြင်တော့ ၀မ်းသာတယ်.. သူတို့ မြန်မာတွေကို အောက်ခြေ၀န်ထမ်းအဖြစ် ဈေးပေါပေါနဲ့ ရနေတယ် ၊ ကျွန်လိုခိုင်းတယ်
နိုင်င်္ငတော်ရတနာတွေကို နယ်ခြားကနေ အောက်ဈေးနဲ့ ၀ယ်လို့ ရနေတယ်... ဒါဟာ ပြည်သူတရပ်လုံးရဲ့ ဆုံးရှုံးမှု့ဘဲ ....
လွတ်လပ်ရေးနေ့ဆိုတာကို ကျွန်တော်သိသလောက် အမှတ်တရနေ့ တစ်ခုလောက်တော့ မဖြစ်သင့်တော့ဘူး
လွတ်လပ်ရေးနေ့ ဆိုတာနဲ့ အလုပ် ဆိုတာကို တွဲပြီး အသိဝင်ရင်ကောင်းမယ်လို့ ထင်မိတယ်....
ကျွန်ဘ၀မှာ ကျွန်တော်တို့ အရှုံးဆုံးက အလုပ် ... မြန်မာတွေ အင်္ဂလိပ်အတွက် အလုပ်လုပ်ပေးခဲ့ရတယ် ကျွန်တော်တို့ရဲ့ လုပ်အားတွေကို ထုပ်ယူ ဆုပ်ယူခဲ့တယ် ရသင့်တဲ့ လုပ်အား တန်ဖိုးတွေ မရခဲ့ဘူး... ဒီနေရာမှာ တခြားဆုံးရှုံးမှု့တွေကို မပြောတော့ဘူး ... လွတ်လပ်ပြီးဆိုတော့ လွတ်လပ်ရေးနေ့မှာ အလုပ်ကို သိရမယ်...
အလုပ်ဆိုတာ လူတိုင်းသိတာပဲ....ရှင်းတယ်လေ အလုပ်ဆိုတာ အလုပ်ပေါ့... ဒါပင်မဲ့ အလုပ်ရဲ့ တန်ဖိုးတွေ ကိုရောထည့်မစဉ်းစားတော့ဘူးလား...... တချို့ နိုင်ငံတွေမှာ အလုပ်ချိန် တနာရီကို ၁၅ ဒေါ်လာရတယ် မြန်မာငွေ ၁၆၀၀ ဆိုပါတော့ ...

ကျွန်တော်တို့ အလုပ်တန်ဖိုးက လွတ်လပ်ရေးနဲ့ အတူပါမလာဘဲ ဘယ်မှာကျန်နေခဲ့သလည်း...
အဲ့ဒါကို ရှာပေးကျပါ... ဒီနေ့ လူတွေက အလုပ်တစ်ခုပေါ်ရင် ဂွင် လို့ပြောတယ်.. ကျွန်တော်ကတော့ ဒီခေတ်စကား ဂွင် ဆိုတာကို အဓိပါယ် အသေအချာ မသိဘူး ဒါနဲ့ အင်တာနက်မှာရှာလိုက်တော့ ဂွင်ဆိုတာ မှန်မှန်ကန်ကန် နည်းလမ်းနဲ့ ရတာမဟုတ်ဘဲ အချောင်ပေါက်ရအောင် လုပ်တာကို ခေါ်တယ်လို့ တွေ့တယ်.. ဟိုက် ဒါဆို ကျွန်တော်တို့ အလုပ်ဆိုတာကို အချောင်လို့ မှတ်သလိုဖြစ်နေပြီ.. ဒါလည်း စဉ်းစားကျပါအုံး...

No comments:

Post a Comment

An Analysis of Alien Existence through Data and Logical Inference

  The existence of extraterrestrial life has always been at the forefront of human curiosity. In particular, the appearance of the "Gre...