Skip to main content

သူတောင်းစား Restaurant

မြန်မာနိုင်ငံ ဟာ အရှေ့တောင်အာရှ မှာ အတိုးတက်ဆုံး၊ ခေတ်အမှီဆုံး လုပ်ငန် အလုပ်အကိုင် အခွင့် အလမ်း အများဆုံး အချိန်က

ရန်ကုန်မြို့ မှာ လာရောက် အလုပ်လုပ်တဲ့ သူတွေထဲမှာ India နိုင်ငံသားတွေ ကအများဆုံးပေါ့ ဟိုး တရားသူကြီး၊ ရဲအရာရှိ ကစလို့

ခြံစောင့် အဲ နောက်ဆုံး သူတောင်းစား အလုပ်သည်ပင် အလုပ်ကြီး အကိုင်ကြီးတစ်ခု လို ဖြစ်ခဲ့တာ ပုံပြင် တစ်ပုဒ် တော့ မဟုတ်ပါ။

 

မြန်မာလူမျိုးများရဲ့ သဒါတရား၊ မေတ္တာ စေတနာ တရား တွေက ဘယ်လောက်များ များသလဲ ဆိုရင် သူတောင်းစား အလုပ်အကိုင် အခွင့် အလမ်းကလည်း ရန်ကုန်မြို့မှာ အတော့ကို ကောင်းတဲ့ အလုပ်ကြီးပေါ့ ယခု ၂၈လမ်း အောက်ဆုံး ဘလောက်မှာတော့ သူတောင်းစား ဟော်တယ် ဆိုရမလား သူတို့ တည်းခို နေထိုင်နိုင်အောင် အိပ်စဉ် နဲ့ ဌားတဲ့ အိမ်ကြီးတစ်လုံးလည်း ရှိခဲ့ဘူးတယ်။ သူတောင်းစားတွေ တည်းတဲ့ ဟိုတယ် ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ ၄င်း နေရာကို လေ့လာ သွားရောက်ကြည့်တုန်းက ၄င်း နေရာက ခေတ်ကောင်းတုန်းက တစ်နေ့ ၀င်ငွေဟာ ဟော်တယ်ကြီးတစ်ခု လောက်ရှိတယ် ဆိုဘဲ..ဒါပင်မဲ့ ယခုတော့ အဆောက်အဦးဟောင်း တစ်ခု အနေနဲ့ ယနေ့ အချိန်အထိ ရှိနေပြီး အပေါ်ထပ်တွေဟာ ဘာမှ ဌားထားတာ မရှိပင်မဲ့ အောက်ထပ်တွေကတော့ ဆိုင်တွေကို ဌားထားတာတွေ့ရပါတယ်။

 

ဒါပင်မဲ့ သူတောင်းစာ Restaurant လို့ တင်စားခေါ်လို့ ရတဲ့ လမ်း ၃၀ အပေါ် ဘလောက်၊ ဖရေဇာ ထောင့် နားက ဆိုင်လေးတွေ ကတော့ ယနေ့တိုင် အလုပ်ဖြစ်လျက်ပါ။ အချို့ လူငယ် လူကြီးတွေဟာ မနက် ၁၀ နာရီလောက်ဆို ၄င်း ဆိုင်လေးတွေမှာ ပိုက်ဆံပေးပြီး သက်ကြီး ဖွားအို ဖိုးအို သူတောင်းစား ကလေး မိန်းမ များကို ထမင်းကျွေးအလှူလုပ် နေသည်မှာ ယနေ့တိုင်ရှိနေလျက်ပါ။

 

ရန်ကုန်သူ ရန်ကုန်သားတွေဟာ မိမိတို့ တက်နိုင်သလောက်၊ တစ်ဦးကနေ ၁၀ ဦး ၁၅ ဦး အလှူလုပ် လေ့ရှိတက်ပြီး တချို့ဆို အဲ့ဒီဆိုင်မှာ သူတောင်စား များနဲ့ အတူ ထမင်းဝင်စား နေတက်သည်ကို တွေ့ရှိရတက်ပါတယ်။

 

ဒီနေရာလေးမှာ လုပ်တဲ့ အလှူကတော့ သူ့ထက်ငါ ၀တ်ကောင်းစားလှတွေ ၀တ်ထားတဲ့ လူကုန်တန်တွေ လာမှာ မဟုတ်တာကတော့ သေချာပြီး ဗီဒီယို ရိုက်မည့်သူ မရှိနိုင်ပင်မဲ့ ကျေးဇူးပါ ကလေးရ် လိုအပ် ဆန္ဒအ၀၀ ပြည့်ဝပါစေ လို့ သူတောင်စား အဖိုးအို အဖွားအိုတို့ ရဲ့ ဆုတောင်သံလေးတော့ ရင်ဘက်ကြီးနဲ့ ခံစားလို့ ရနိုင်ပါတယ်။

 

လေးစားစွာဖြင့်

အဂ္ဂ

Comments

Popular posts from this blog

တိုင်းကျိုး၊ ပြည်ကျိုး၊ ငါ့အကျိုး

မြန်မာပြည်မှာ အုပ်စုဖွဲ့လူမိုက် ဂိုင်းဆိုလို့ သံထုတ်မောင်မောင် တို့ လမ်းမတော်ဖိုးတုန်တို့ စိန်ဂေါ်လီဂိုင်းတို့၊ စကော်ပီယံ ဂိုင်းတို့ ကြားဖူးလိုက်ပါတယ်။ မည်သို့ မည်ပုံ မိုက်ကြသည် ကျွန်တော်မသိ၊ သို့သော် တိုင်ပြည်အတွက် ရတက်မအေးစရာ ဂိုင်းတချို့ပေါ်လာသည်။ တိုင်းကျိုး၊ ပြည်ပြု၊ အကျိုးတော်ဆောင်၊ ကူညီကယ်ဆယ်ရေး၊ နည်းပညာ ပြန့်ပွားရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် တို့ အဖွဲ့ခေါင်းစဉ် ကောင်းကောင်းလေးတွေ ဖြည့်ထည့်ပြီး အုပ်စုဖွဲ့လိမ်စားသူတွေရဲ့ ခေတ်သစ် လူမိုက်ဂိုင်းတွေပါဘဲ၊ လိမ်စာတဲ့ အဖွဲ့ဆိုလို့ အထင်တော့ မသေးနဲ့နော် တကယ့်ကို နည်းပညာပိုင်းဆိုင်ပြီး လက်ကြောတင်းတင်း မလုပ်စားချင်တဲ့ လူ့ဘောကျော့လေးတွေ။ ဒီလို အစုအဖွဲ့လေးတွေက အခု ကျွန်တော်တို့ နိုင်ငံမှာကျယ်ပြန့်စွာ ဖြစ်ပေါ်ထွန်းကားလာသည်မှာ ကောင်းသည့် နိမိတ်လဏ္ခာမဟုတ်

ကြာကူလီ နဲ့ စပွန်ဆာ

ယနေ့ခေတ် ကြာကူလီ၊ စပွန်ဆာ ဆိုသည့် စကားလုံးများသည် ကြွားစရာ၊ ပြိုင်စရာ တစ်ခုလို အရှက်အကြောက်ကင်းစွာ ရေပန်စားလာသည့် လူ့ဘောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ပေါ်တိုးပွားလျက်ရှိသည်မှာ စိတ်မကောင်းစရာတစ်ခုပါ၊ မိန်းကလေးတွေအကြား မိမိကို စပွန်စာအနေနဲ့ ပေးလာတဲ့ တိုက်၊ကား ပိုက်စံဆိုတာ ပြိုင်ဆိုင်စရာတစ်ခုလိုဖြစ်နေသည်မှ ရှက်ရကောင်းမှန် အသိလေးတွေ ရစေလိုသလို ၊ လင်ကြီးငုတ်တုတ် ရှိလျက် အိမ်ထောင်ရေး အစဉ်မပြေလေး ဖြစ်လိုက်တာနဲ့ "ကင်းကင်းရှင်းရှင်းဖြစ်ရင် လက်ထက်ချင်ပါတယ်" ၊ တာဝန်ယူလိုပါတယ် လို့ ပြောလိုက်တာကို လူကြီးလူကောင်းဆန်ဆန် ကယ်တင်တာပါ လို့ အရှက်မရှိ စိတ်အထင်ရောက်နေသည့် လူငယ်လူရွယ်တွေကို လည် အရှက်တရားလေးနဲ့ ပြုပြင်မိစေချင်တယ်၊

ကျွန်တော် မမုန်းတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွေ ( ၁ )

သူငယ်ချင်းတွေဘဲ ဖြစ်ဖြစ်၊ လင်မယားတွေဘဲဖြစ်ဖြစ်၊ အုပ်စုတွေဘဲ ဖြစ်ဖြစ်၊ တဖတ်နဲ့ တဖတ် ငြိမ်ချမ်း တည်ငြိမ် ပြီး သင့်မြတ်ရေး လိုချင်တယ်ဆိုရင် တဖတ်နဲ့ တစ်ဖတ် တစ်ဦးနဲ့ တစ်ဦး ခွင့်လွတ် နာလည်မှု့၊ အပြန်အလှန်ယုံကြည့်မှု့ ၊  အပြန်အလှန် အသိအမှတ်ပြုမှု့တွေ လိုအပ်ပါမယ်။ ဒီနေရာမှာ ခဏ ခဏ ခွင့်လွတ် ယုံကြည် အသိအမှတ်ပြု ပေးနေရတာ တွေကတော့ အစဉ်မပြေနိုင်ဘူးပေါ့။ မနေ့ တနေ့က ဗိုလ်ချုပ်မှုးကြီး သန်းရွေက ဗိုလ်ချုပ်ကြီးဟောင်း တချို့ကို နေပြည်တော် နေအိမ်မှာ အလွတ် တွေ့ဆုံ စဉ် သူ့မှာ စိုးရိမ် မှု့တွေ ရှိနေတယ်လို့ ဖတ်လိုက်ရတော့၊  ကျွန်တော်ဘဲ အသဲငယ်လို့လားတော့ မသိ စိတ်မကောင်းဖြစ်မိတယ်။ ငါတို့ မြန်မာ အချင်းချင်း ကိုယ့်နိုင်ငံမှာ ကိုယ် မလုံခြုံဘူးခံစားရတယ် ဆိုတာ ဘယ်လောက် အသဲနာစရာ ကောင်းတုန်းပေါ့။ ကျွန်တော် စိတ်ကို တမျိုးစဉ်းစားတယ် ဒီလူကြီး ငါ ချစ်ခင် လေးစားတဲ့ အမေ ဒေါ်အောင်ဆုကြည် ကို ဆယ်စု နှစ် ၂ ခုလောက် ဖမ်းခဲ့တယ် သူ့အမိန့်နဲ့ ယနေ့ အထိ ထောင်နန်းစံ နေရသူတွေ ထောင်နန်းမှ နတ်နန်းစံ ရသူတွေအတွက်  ဒင်း ခံစားနာလည်မှု့ မရှိခဲ့ဘူးလားပေါ့။ ကျွန်တော်တို့က တိုင်းပြည်ချစ်တယ်၊ လူမျိုးကိုချစ်တယ်၊ ဘာညာ တွေက ပြောရမယ်၊ သတင်းစားတွေ နဲ့