အမေရိကသို့ အစ္စလာမ်ဘာသာဝင်များ ရောက်ရှိလာပုံ
အမေရိကသို့ အစ္စလာမ်ဘာသာဝင်များ ရောက်ရှိလာပုံ

အမေရိကန်ပြည်ထောင်စု မပေါ်ပေါက်မီ ၁၆ ရာစု၊ စပိန်တို့ အမေရိကတိုက်သို့ စတင် နယ်မြေစူးစမ်းချဲ့ထွင်စဉ်ကတည်းက အစ္စလာမ်ဘာသာဝင်များသည် ရေကြောင်းပြများနှင့် စူးစမ်းလေ့လာသူများအဖြစ် ပါဝင်ရောက်ရှိခဲ့ကြသည်။
၎င်းတို့အနက် ၁၅၂၇ ခုနှစ်တွင် စပိန်၏ Narváez ခရီးစဉ်နှင့်အတူ ပါဝင်လာခဲ့သည့် မော်ရိုကိုဖွား အက်စတာဗာနီကို (Estevanico) သည် ဒေသခံ အင်ဒီယန်း ဘာသာစကားများကို ကျွမ်းကျင်စွာ သင်ယူကာ၊ ပထမဆုံး အဓိက လမ်းပြနှင့် စကားပြန်အဖြစ် ယနေ့ခေတ် အမေရိကန် အနောက်တောင်ဘက် ဒေသများသို့ စတင် ခြေချနိုင်ခဲ့သည်။
ထို့အပြင် စပိန်တောင်ပိုင်းမှ ရေကြောင်းကျွမ်းကျင်သူ မိုရစ်စကို (Morisco) မူစလင် အများအပြားသည်လည်း အစောပိုင်း ရေကြောင်းသွား သင်္ဘောသားများအဖြစ် လိုက်ပါခဲ့ကြသည်။
နောက်ပိုင်း အမေရိကတိုက်၏ စိုက်ပျိုးရေးနှင့် စီးပွားရေး ချဲ့ထွင်သည့် ကာလများတွင်၊ အာဖရိကမှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသော ကျေးကျွန်များအနက် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ခဲ့ကြသည်။
Omar ibn Said၊ Bilali Muhammad နှင့် Abdul Rahman Ibrahima Sori ကဲ့သို့သော ပညာတတ် မူစလင်များသည်၊ ခါးသီးလှသည့် ကျေးကျွန်စနစ်၏ ဖိနှိပ်မှုအောက်ကြားမှ မိမိတို့၏ ဘာသာရေး ယုံကြည်မှု၊ စာပေနှင့် အသိပညာများကို အာရပ်လက်ရေးမူ အထောက်အထားများအဖြစ် ရေးသား၍ ကြံ့ကြံ့ခံ ထိန်းသိမ်းသွားခဲ့ကြသည်။
ခေတ်သစ် အမေရိကန် သမိုင်းတွင်မူ၊ ၂၀၀၁ အာဖဂန်နိစတန်နှင့် ၂၀၀၃ အီရတ် စစ်ပွဲများအပါအဝင်၊ အရှေ့အလည်ပိုင်းနှင့် အစ္စလာမ်နိုင်ငံများ၌ အမေရိကန် စစ်တပ်နှင့် အစိုးရကို စကားပြန်၊ ဒေသခံ လမ်းပြများနှင့် နည်းပညာ အကူအညီပေးသူများအဖြစ် အသက်စွန့် ကူညီခဲ့ကြသည့် မူစလင်များကို၊ Special Immigrant Visa (SIV) အစီအစဉ်နှင့် Operation Allies Refuge ကဲ့သို့သော စစ်ဆင်ရေးများဖြင့် မိသားစုများနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ အခြေချ နေထိုင်ခွင့်ပြု၍ ခေါ်ဆောင်ခဲ့ပါသည်။
ဒါအပြင် ကိုယ်တိုင် ရွေးချယ်ပြီး ရွှေ့ပြောင်းအခြေချလာတဲ့ Immigrants တွေ၊ စစ်ဘေးနဲ့ ဖိနှိပ်မှုကနေ လွတ်အောင် Asylum အဖြစ် ရောက်လာသူတွေ၊ ကုန်သည်၊ စီးပွားရေးနဲ့ ပညာရှင်တွေအဖြစ် ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သူတွေလည်း အများကြီး ရှိခဲ့ကြပါတယ်။
ဒါကြောင့် အမေရိကသို့ အစ္စလာမ်များ ရောက်လာပုံကို ကြည့်ရင်၊ လှိုင်း ၃ လှိုင်းတည်းနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ ရေကြောင်းပြတွေ၊ ကျေးကျွန်အဖြစ်နဲ့ အတင်းခေါ်ဆောင်ခံရသူတွေ၊ စစ်ပွဲမှာ ကူညီခဲ့လို့ ခေါ်ဆောင်ခံရသူတွေအပြင်၊ Immigrants၊ Asylum၊ DV ( Diversity Visa ) ကုန်သည်၊ စီးပွားရေးနဲ့ ပညာရှင်တွေအဖြစ် ရောက်လာသူတွေပါ ပါဝင်ခဲ့တာဖြစ်လို့၊ အမေရိကန် မူစလင်သမိုင်းဟာ ရာစုနှစ်များစွာ ကြာအောင်၊ နည်းလမ်းပေါင်းစုံနဲ့ တည်ဆောက်လာခဲ့တဲ့ သမိုင်းဖြစ်ပါတယ်။
#အမေရိက #အစ္စလာမ် #သမိုင်း #Estevanico #SIV https://youtu.be/EBQelGvwkhE?si=Imm7z1uBq4hvaSPE
Comments
Post a Comment