Search This Blog ရှာရန်

Sunday, September 13, 2026

လေ့လာမိသမျှ ဒေါနယ်ထရမ့်ကာလ



ပထမအကြိမ် သမ္မတ ဒေါနယ်ထရမ့် အာဏာရယူခဲ့သည့်ကာလနှင့် ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည်တာဝန်ယူနေသည့်ကာလ—နှစ်ကာလစလုံးတွင် အမေရိကန်နိုင်ငံ၌ အနီးကပ်နေထိုင်လေ့လာခွင့် ရရှိခဲ့ခြင်းသည် ကျွန်တော့်အတွက် အလွန်တန်ဖိုးရှိသော အတွေ့အကြုံတစ်ရပ် ဖြစ်ခဲ့ပါသည်။
ထိုကာလများအတွင်း အမေရိကန်ပြည်ထောင်စု၏ ဖယ်ဒရယ်အုပ်ချုပ်ရေးစနစ်၊ သမ္မတ၏ အာဏာနှင့် လုပ်ပိုင်ခွင့်နယ်ပယ်၊ စစ်တပ်၏အခန်း၊ အုပ်ချုပ်ရေးစနစ်၏ အားသာချက်နှင့် အားနည်းချက်များ၊ ထို့ပြင် အမေရိကန်ပြည်သူများ၏ လူမှုဘဝအခြေအနေ၊ နိုင်ငံရေးအမြင်နှင့် စိတ်နေသဘောထားများကို Homeless အသိုင်းအဝိုင်မှ CEO အဆင့်အထိလူပုဂ္ဂိလ်များဖြင့် ထိတွေ့ပြီး မိမိလေ့လာနိုင်သမျှ အနီးကပ် စူးစမ်းကြည့်ရှုခွင့်ရခဲ့ပါသည်။
လေ့လာသူတစ်ဦးအနေဖြင့် အယူအဆစွဲကင်းကင်း၊ တတိယလူတစ်ဦး၏နေရာမှ ကြည့်ရှုခွင့်ရခဲ့ခြင်းကြောင့် နိုင်ငံရေးအမြင်နှင့် အယူအဆကွဲပြားသည့် ဘက်နှစ်ဖက်စလုံး၏ အကြောင်းပြချက်များ၊ စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များကို တစ်ပြိုင်နက်တည်း မြင်တွေ့နားလည်နိုင်ခဲ့သည်ဟု ခံစားမိပါသည်။
အထူးသဖြင့် ကံကောင်းသည်ဟု ဆိုနိုင်သည့်အချက်မှာ ထိုကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များသည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အာဏာခွဲဝေထိန်းညှိမှုစနစ်နှင့် ဒီမိုကရေစီအဖွဲ့အစည်းများ၏ ခံနိုင်ရည်ကို စွမ်းကုန်စမ်းသပ်နေသကဲ့သို့ ဖြစ်ပေါ်စေခဲ့ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ယင်းဖြစ်စဉ်များသည် အမေရိကန်အုပ်ချုပ်ရေးစနစ်ကို လေ့လာလိုသူများအတွက် သီအိုရီစာအုပ်များမှတစ်ဆင့်သာ မရနိုင်သော၊ လက်တွေ့ဖြစ်ရပ်များဖြင့် မြင်တွေ့သုံးသပ်နိုင်သည့် အလွန်ကြီးမားသော သင်ယူလေ့လာခွင့်တစ်ရပ် ဖြစ်စေခဲ့သည်ဟု ကျွန်တော် မြင်မိပါသည်။
ထိုသို့ အမေရိကန်နိုင်ငံရေး အခြေအနေတစ်ခုလုံးကို ဘက်ပေါင်းစုံမှ အစွဲကင်းကင်း လေ့လာခွင့်ရလာသည့်အခါ မထင်မှတ်ဘဲ ကျွန်တော်တွေ့မြင်လာရသည်မှာ အမေရိကန်နိုင်ငံရေးကို ကင်ဆာကဲ့သို့ အစ္စရေးနိုင်ငံက လွှမ်းမိုးထားကြောင်း သတိပြုမိစေခဲ့ပြီး၊ အတော်နက်ရှိုင်းလှပေသည်။ မည်မျှနက်ရှိုင်းကြောင်း ပြောရမည်ဆိုပါက ပါတီနှစ်ရပ်လုံးသာမက ဥပဒေပြုရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာ၊ မီဒီယာ၊ ဘာသာရေး အမြင်အယူအဆများအထိပါ အမြစ်တွယ် ချုပ်ကိုင်ထားပြီး ဖြစ်နေတာကိုတော့ ဝမ်းနည်းဖွယ် တွေ့မြင်မိပါတယ်။
(အထက်ပါ ကြောင်းအရာများသည် မိမိအမြင်သက်သက်သာ ဖြစ်ပြီ လေ့လာနေဆဲလဲ ဖြစ်ပါတယ် )

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...