အလ္လာရှင်မြတ် ထာဝရ ဘုရားသခင် ရဲ့ ငြိမ်းချမ်းသာယာ မှု့ အဖြာဖြာ အသင်တို့ အပေါ်ကျရောက်ပါစေ -
ဒီနေ့လို ၀ါကျွတ် အစ်နေ့မှာ မိမိရင်ထဲ ရှိတဲ့ စကားလေးတွေ ကို ဒီနေရာလေးမှာ ရင်ဖွင့်တင်ပြပါရစေ၊ ကျွန်တော် မနှစ်က တင်ပြချက်ကို အောက်ပိုင်းမှာ ဆက်လက် ထားရှိလိုပါတယ် ဘာကြောင့်လဲဆိုတော့ တချို့သော Feedback တွေက လိုရင်းတိုရှင်း တင်ပြမှု့လေးတွေဖြစ်နေလို့ပါ၊
ပထမဦးစွာ အစ္စလာမ်မဟုတ်သူတွေ နဲ့ အစ္စလာမ်တွေပါ ရှိတဲ့ ဒီနေရာလေးမှာ အစ္စလာမ်တွေရဲ့ အစ်နေ့ လူသိများတဲ့ မုန့်အစ် ဆိုတာလေးကို ဟိုလူ့ စကားဌား ပြီး ဘာလဲဟဲ့ ၀ါကျွတ် အစ် ဆိုပြီး သုံးလို့ လွယ်ကူစွာ နားလည်နိုင်ရန် တင်ပြပါရစေ။
အစ္စလာမ်တွေမှာ ဥပုဒ် ၀ါတွင်းက တစ်နှစ်မှာ တစ်လ ဖြစ်ပြီး၊ မနက် အာရုဏ် မတက်မှီ စားသောက်ပြီး ၊နောက် ညနေ နေ၀င်ချိန် အထိ စားသောက်ခြင်း နဲ့ မကောင်းမှု့ အစုစုတို့ ကို ပိုမို ရှောင်ကျဉ်ပြီး နေရပါမယ်၊ ၄င်းလတွင်ပင် အစ္စလာမ် ဘာသာဝင်တွေဟာ မိမိပိုင် ရွေ ၅ ကျုပ်သားအထက် ရှိပါက နွမ်းပါးသူ များအား မျှပေးရန် တာဝန်ရှိပြီး မိမိပိုင် အိမ် ၊ ကား စသည်တို့ မပါဘဲ မိမိပိုင် ပစ္စည်းရတနာ၊ စီးပွားတန်ဖိုးများမှ ၂.၅% အား ဆင်းရဲသူများကို မျှဝေပေးရတယ်။
၎င်းနောက် ၀ါကျွတ်ပွဲ ရက်မှာလဲ မိမိပိုင် သီးနှံရိတ္ခာ ထဲမှ မိမိ တို့ တစ်ရက်စာ စားသောက်လေ့ရှိသော ပမာဏ အတိုင်း သီးနှံရိတ္ခာအား ကလေး၊ လူကြီး ၊ မိန်းမ အားလုံး ၀ါကျွတ်ပွဲ စုံညီဆုတောင်း ၀တ်ပြုပွဲ ကွင်းပြင်သို့ မသွားခင် အရင် နွမ်းပါသူတို့ အိမ်သို့ ၄င်းတို့ လဲ အစ်နေ့ မှာ အပူအပင်ကင်းကင်း ပျော်ရွှင်နိုင်အောင် ပေးကမ်းရပါမယ်။
ဝါကျွတ်အစ်နေ့ မှာ လူငယ်တွေဟာ လူကြီးများအိမ်သို့ သွားရောက်ပြီး စလာမ် မေတ္တာပို့ နှုတ်ဆက်ပြီး မိမိတို့ အမှားပြုခဲ့သည်များ ရှိပါက ခွင့်လွတ်ပါရန် တောင်းခံလေ့ရှိပြီး လူကြီးများမှလဲ မုန့် အချို နဲ့ အီဒီ လို့ ခေါ်တဲ့ လက်ဆောင်ငွေများ ပေးလေ့ရှိပါတယ်။
ဒါကတော့ လိုရင်းတိုရှင်း တင်ပြမှု့ ပါ။
ဒီနေရာလေးမှာ တင်ပြလိုတဲ့ နောက်တစ်ခုက အဒ်စရာဟီ လူမျိုးများ အကြောင်း ပါ --- အီဂျစ်နိုင်ငံမှာ ဖာရိုဘုရင် တွေရဲ့ ကျွန် ဖြစ်နေတဲ့ အဒ်စရာဟီ လူမျိုးတွေကို ကယ်တင်ဘို့ ဘုရားသခင်က မူစာလို့ခေါ်တဲ့ တမန်တော် တစ်ပါးကို ဖေ(လ်)အောင် ဘုရင့်နန်းတော်ထဲ မှာဘဲ ကြီးပြင်းစေခဲ့ပါတယ်။ အဒ်စရာဟီ လူမျိုးတွေဟာ နှစ်ပေါင်းများစွာ၊ မျိုးရိုးအစဉ် အဆက် ကျွန်ဖြစ်ခဲ့ရတော့ ကျွန်စိတ် အတော့ကို ၀င်နေတယ် သခင်တွေကို ကြောက်ကြရ သလောက် အချင်းချင်းကတော့ တယ်လဲ သတ္တိရှိကျပြီး ၊ စီးလုံးမှု့ မရှိ အကွဲကွဲ အပြဲပြဲပါဘဲ.. ဒါကို တမန်တော် အီစာက အတော့်ကို ကြိုးစား စည်းရုံးပြီး မနက် အစေားကြီး မှာ အဒ်စရာဟီ လူမျိုးတွေကို အခြားလွတ်လပ်ရာ နေရာသို့ ပို့ဆောင်ရန် ဦးဆောင်ပြီး တိတ်တဆိတ် ခေါ်ဆောင်လာခဲ့ပါတယ်။
ဒါကို သတင်းရတဲ့ ဖေ(လ်)အောင်ဘုရင်က သူ့စစ်တပ်ကြီးနဲ့ အမှီလိုက်ဖမ်းပါတယ်။
အဲ့ဒီမှာ ပြသနာတက်ပါပြီ .. တဖတ်က ဖေ(လ်)အောင်ဘုရင်က သူ့စစ်တပ်ကြီး အားလုံးကို မိလို့ကတော့ အသေသက်မှာ၊ တဖတ်ကလဲ ပင်လယ်နီးကမ်းခြေ ပြေးစရာ နေရာ မရှိတော့ဘူး ၊ အဲ့ဒီတော့ အဒ်စရာဟီ လူမျိုးတွေက တမန်တော်မူစာကို ပြောတယ် .. ဟိတ် မူစာ .. မင်းကို ယုံလို့ လိုက်လာမိတာ မှားပြီ ၊ ငါတို့ ကျွန်လိုနေတာမှ ကောင်းကောင်းနေရအုံးမယ် အခုတော့ တဖက်က ပင်လယ် ၊ တဖက်က ဖေ(လ်)အောင်ဘုရင်က သူ့  စစ်တပ်ကြီး နဲ့  ငါတို့ ကို သတ်ဖို့ လာနေပြီ မင်းဘယ်လို လုပ်မလဲ ဆိုပြီး ပြသနာ ရှာတာပေါ့ အဲ့ဒီတော့ တမန်တော်မူစာလဲ ဘုရားသခင်ထံ ဆုတောင်း ၊ ဘုရားက မင်းလက်ထဲက ဒုတ် နဲ့ ပင်လယ်ကို ရိုက်လို့ ပြောတော့ သူရိုက်လိုက်တယ်.....
အဲ့ဒီမှာ ပင်လယ်ရေ တွေဟာ နှစ်ပိုင်းကွဲသွားပြီး တဖတ်ကို သွားနိုင်တဲ့ လမ်းပေါ်လာတယ်....
အယ် ဟိုဘက်ကမ်းလဲ ရောက်ရော နောက်ထပ်ပြသနာပေါ်တယ် အီဂျစ်ပြည်ရဲ့  တဖတ်ကမ်း က လမ်းမမြင် တဲ့ သဲကတ္တရကြီးဖြစ်နေပြီး အပူချိန်က ၁၂၀ ဖာရီဟိုက်တော့ ရှိတယ်... ဒီတော့ ၁၂ အုပ်စု ကွဲနေတဲ့ အဒ်စရာဟီ လူမျိုးတွေဟာ တမန်တော်မူစာကို ပြသနာရှာ ပြန်တာပေါ့ ဒီတော့ ဘုရားသခင်က တိမ်တွေကို အရိပ်အဖြစ် ထားပေးသတဲ့ ၊ ပြီးတော့ စားရန် နတ်ပြည်က စားစရာတွေလဲ ချပေးတယ်တဲ့ ၊ အဲ့ဒီမှာ သူတို့ အချင်းချင်းလုစာ တချို့ က စားလို့ တင်မကဘူး နေ့ ဘို့ ညစာတွေပါ သိမ်းသတဲ့ မူစာကတော့ သိမ်းမထားဘို့ပြောသတဲ့ အယ်စားလို့ ၀တော့ ရေငတ်ပြီ အဲ့ဒီတော့ ဒီလောက် ချောက်သွေ့တဲ့ သဲပြင်ကြီးမှာ ရှိတဲ့ ကျောက်တောင်ကို ထုံးစံ အတိုင် ဒုတ်နဲ့ ရိုက်လိုက်တာ ရေတွေ ထွက်လာသတဲ့.... ဒီနေရာမှာလဲ ပြသနာ သူတို့ အဲ့ဒီရေကို လက်မခံနိုင်ပါဘူး ဟိုအဖွဲသောက်ထားတဲ့ ရေနေရာကို ငါတို့ မသောက်နိုင်ဘူး ဆိုပြီး ပြသနာ လုပ်လို့ နောက်ဆုံး ၁၂ ပေါက်ဖောက်ပေးရတဲ့ ကိန်းဆိုက်တယ်.... ဒီဇတ်လမ်းမှာ တမန်တော်မူစာဟာ နှစ်ပေါင်း ၄၀ တိုင်တိုင် ဒီ အဒ်စရာဟီ လူမျိုးတွေကို ကျွန်စိတ် ပြောက် သခင်စိတ် ရောက် အောင်လုပ်ပေးခဲ့တယ်....တမန်တော်တပါးဟာ ကျွန်စိတ်ပေါက်သူတို့ရဲ့ စရိုက်ကို ပြင်တာ နှစ် ၄၀ အချိန်ယူတယ်ဆိုတာ သတိပြုမိလိုက်တယ်.....
ဒီနေ့ ဘယ်သူတွေဟာ သူများကို ကြောက်ပြီး ကိုယ့်အချင်းချင်းကို အနိုင်အထက်ပြု သတ္တိပြနေကျသလဲ.... သူဖြူဆို ကိုယ်က အမဲ ဆိုသလို အပြိုင်ကျဲနေတာတွေကို ကြည့်ပြီး ကျွန်တော်တို့ ကျွန်စိတ်များ ၀င်နေလေသလား အထင်ရမိတယ်.....
Search This Blog ရှာရန်
Subscribe to:
Post Comments (Atom)
Justice
Definitions of Justice Justice is the lifeblood of society. Philosophically, justice is based on "righteousness" and "goodne...
-
Back in the day, I was the sole distributor for Singapore Starhub’s pfingo calling system in Myanmar. Initially, the official representativ...
-
Strategic Proposal for the Development of Myanmar's Shipbreaking Industry Title: From Meeting Steel Demand to Catalyzing an SME Ecosys...
-
THERAPEUTIC COMMUNITY (TC) AADAP, Inc. "Whenever I hear AADAP, the word MONAD comes to mind. MONAD is nothing other than 'M...
No comments:
Post a Comment