(၁) တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို သမ္မတက ခန့်မယ် လို့ သိရတယ် ၊ သမ္မတ နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ဖွဲစည်းပုံအခြေခံမှာပါ ရှိလား၊ သူတို့ ကို ဘယ်လိုဆက်သွယ်ပေးထားလဲ....
(၂) အေ ဆိုတဲ့ ပါတီက တိုင်းဒေသကြီးတစ်ခုမှာ ဥပမာ အပြတ်အသက် အနိုင်ရတယ်ဆိုပါတော့၊ တိုင်းဒေသကြီး အတွင်းမှာ အမတ်အများစုက အေ ဆိုတဲ့ ပါတီက ရနေတယ်၊ ဒါပင်မဲ့ သမ္မတ က တိုင်းဒေသကြီး လွှတ်တော် အမတ် ထဲက တပ်မတော် ကိုယ်စာလှည်ကို ရွေးပြီး တိုင်းဒေသြ့ကီး ၀န်ြ့ကီးချုပ် ခန့်တယ်ဆိုရင် ရလား၊
(၃) ရန်ကုန်တိုင်းလို တိုင်းဒေသကြီးမှာ မြို့တော်စည်ပင်သာယာရေး အခွန်တွေ၊ အမြတ်ခွန်တွေ၊ ယစ်မျိုးခွန်တွေ အများကြီးရမယ် ၊ ဒီတော့ ပြည်ထောင်စုအစိုးရက ခွဲဝေပေးမည့် ဘက်ဂျက်က လျော့ ရလာမှာလား၊
(၄) မြန်မာနိုင်ငံရဲ့ အဓိက ဆိပ်ကမ်ြး့ကီးတွေက ရန်ကုန်မှာ လက်ရှိ တည်ရှိနေတော့ အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးက ဆိပ်ကမ်းခွန်ကို ရန်ကုန်တိုင်ဒေသြ့ကီး ကဘဲ ရယူခွင့်ရှိလာမလား၊
(၅) နိုင်ငံတော် လုံခြံရေးအရ အမျိုးသားလုံခြုံရေး ကောင်စီက နိုင်ငံတော် သမ္မတ ရဲ့ လွဲအပ်ချက်အရ စစ်အုပ်ချုပ်ရေး ပြောင်းရင် ဖွဲစည်းပုံအခြေခံ ဥပဒေ တရာရုံး နဲ့ ပြည်ထောင်စုတရားသူကြီးချုပ် တွေ ပါတဲ့ တရားစီရင်ရေး အဖွဲ့ တွေပါ ပျက်သလား ၊
(၆) နိုင်ငံတော်လုံခြုံရေး အတွက် အခြေခံ ဥပဒေ ၏ ခွင့်ပြုချက် ၃၇၆ အရ ကြိုတင်ကာကွယ်ထားရှိရန် နိုင်ငံသားတစ်ယောက်ကို လိုအပ်လို့ ကြိုဖမ်းထားမယ်ဆိုရင် (၁) တရားသူကြီး၏ ချုပ်မိန့်လိုပါသလား (၂) ပုဒ်မ တစ်စုံတစ်ခု မတင်ဘဲ အချိန် ဘယ်လောက် ထိ ဖမ်းထားခွင့်ရှိသလဲ ၊ ၄င်း အခွင့် အာဏာက ပြည်ထဲရေး လက်ထဲမှာရှိမှာလား ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် လက်ထဲမှာ ရှိမှာလား နိုင်ငံတော်သမ္မတ လက်ထဲမှာလား၊
(၇) ပင်လယ် ကမ်းရိုးတန်း ရှိတဲ့ တိုင်းတွေ ဟာ ပုဒ်မ ၂၅၄ အရ သတ်မှတ်ရေပိုင်နက်အကွာ အဝေးအတွင်း ငါးဖမ်းလုပ်ငန်း အပေါ် တွင် စည်းကြပ်ကောက်ခံ နိုင်သည် လို့ ဆိုထားတော့ ကမ်းနီးငါးဖမ်းလုပ်ငန်းကို ဆိုလိုတာလား၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းကို ဆိုလိုပါသလား၊ ကမ်းဝေးဆိုရင် ယခုခွင့်ပြုထားသည် Fishing Right ဒါမှ မဟုတ် ယခင် တိုင်းတွေက တိုက်ရိုက်ခွင့်ပြုသည့် ဒေါ်လာပြတ် ပြည်ပ ငါးဖမ်းလုပ်ငန်းတွေ ပါအခွန်စည်းကြပ်ခွင့် ရှိလာမလား၊
(ဂ) မြန်မာပြည်ရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ရှိတဲ့ တိုင်းဒေသကြီးတွေဟာ နယ်စပ် ကုန်သွယ်ခွန်တွေကို ရယူ သုံးစွဲခွင့်ရှိလာမလား၊ ဥမာ - မူစယ် နမ့်ခမ်း၊ လိုင်စာ၊ ကျိုင်းတုန်၊ မြ၀တီ၊ တမူး၊ ဘူးသီးတောင် ၊
(၉) တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေးလုပ်ငန်းများမှ စည်းကြပ်ခွန်များ ကို ပြည်ပ ငွေ ဒေါ်လာငွေဖြင့် ကောက်ခံခွင့်ရှိလာမလား ဥပမာ နိုင်ငံခြားမှ ရင်နှီးထားသော ဟော်တယ် စသည်ဖြင့်၊
(၁၀) တိုင်ရင်သားအရေးကိစ္စတွေ ကို ပြည်ထောင်စုလွတ်တော်တွင် ဆွေးနွေးဆုံးဖြတ်တဲ့ အခါ တိုင်းရင်းသား ကိုယ်စာလှည်များ တက်ရောက်ခွင့်ရှိသလား၊
၎င်းတိုင်းရင်းသာတွေဟာ လူနဲစုဖြစ်နေမည်ဆိုပါက ၄င်းတို့အခွင့်အရေးကို ဘယ်လို အကာအကွယ်ပေးထားပါသလဲ၊ အမျိုးသားလွတ်တော်အပါအ၀င်၊
( ၄င်း မေးခွန်းကို မေးရသည်မှာ တိုင်းရင်သားရေးရာ ကိုယ်စာလှည်တွေဟာ တိုင်းဒေသကြီး များတွင်သာ ပါဝင်သည့်အတွက် ၄င်းတို့ ၏ အခွင်းရေးတောင်းဆိုပိုင်ခွင့်တွေဟာ တိုင်းဒေသကြီးလွတ်တော်သည်သာ အမြင့်ဆုံးဖြစ်နေသလား အတွေးပေါ်အခြေခံပါသည် )
Subscribe to:
Post Comments (Atom)
Who Are They? American Muslims and the Nation's 250-Year Identity Test
ပြည်ထောင်စုဆီသို့ နှစ် ၂၅၀ ခရီး ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် Semiquincentennial (၂၅၀ နှစ်မြောက် နှစ်ပတ်လည်နေ့) အတွက် နိုင်ငံက ပြင...
-
The National Unity Government (NUG) of Myanmar is a government formed by revolutionary forces and pro-democracy forces in respon...
-
အိမ့်မက်လှလှ မက်ဖို့ရာ ငြိမ်းချမ်း ပျော်ရွှင်မှုလေးတော့ ရှိဖို့လိုပါတယ်။ အဂ္ဂ မြန်မာ့စစ်အုပ်စု စစ်ရှုံးပြီးနောက် တိုင်းပြည်တည်ငြိမ်အေးချမ်းရ...
-
THERAPEUTIC COMMUNITY (TC) AADAP, Inc. "Whenever I hear AADAP, the word MONAD comes to mind. MONAD is nothing other than 'M...
No comments:
Post a Comment