Value Added (တန်ဖိုးပေါင်းထည့်ခြင်း)

"Value Added (တန်ဖိုးပေါင်းထည့်ခြင်း) နှင့် လိုအပ်ချက်ကို ဖန်တီးယူခြင်း"



စီးပွားရေးလောကမှာ Value Added လို့ခေါ်တဲ့ "တန်ဖိုးပေါင်းထည့်ခြင်း" ဗျူဟာဆိုတာ ရှိရင်းစွဲ တန်ဖိုးတစ်ခုကို အဆင့်မြှင့်တင်ပြီး ပိုမိုမြင့်မားတဲ့ ဈေးကွက်တန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲလိုက်တာကို ဆိုလိုတာပါ။

အလွန်ရှင်းလင်းတဲ့ ဥပမာတစ်ခုပေးရရင် — သင်က ဘဲတစ်ကောင် ကို ဒီအတိုင်းရောင်းမယ်ဆိုရင် ဒေါ်လာ ၂၀ ပဲ ရနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီဘဲကိုပဲ အရသာရှိအောင် နယ်ဖတ်၊ စနစ်တကျ ကင်ပြီးတော့ "ဘဲကင်" အဖြစ် ရောင်းချလိုက်မယ်ဆိုရင်တော့ ဒေါ်လာ ၅၅ အထိ ရရှိလာမှာဖြစ်ပါတယ်။ ဤကဲ့သို့ ကုန်ကြမ်းပေါ်မှာ အတတ်ပညာနဲ့ လုပ်အားကို ပေါင်းထည့်ပြီး ဈေးနှုန်းကို မြှင့်တင်လိုက်တာကိုပဲ Value Added စီးပွားရေး လို့ ခေါ်ဆိုရမှာဖြစ်ပါတယ်။

သစ်လုံးကို သစ်လုံးအတိုင်း ရောင်းမယ့်အစား ပရိဘောဂတွေအဖြစ် အချောကိုင်ရောင်းတာ၊ ရေနံစိမ်းကို ရေနံဆီ၊ ဒီဇယ်အဖြစ် သန့်စင်ရောင်းချတာတွေဟာလည်း ဒီသဘောတရားပါပဲ။

ဝန်ဆောင်မှုလောကမှာကော... ကုန်ပစ္စည်းတွေမှာတင် မဟုတ်ဘဲ ဝန်ဆောင်မှုတွေမှာလည်း ဒီဗျူဟာက အရေးကြီးပါတယ်။ အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုတစ်ခုမှာ သာမန်သန့်ရှင်းရေးလုပ်ပေးရုံတင်မကဘဲ မိမိက အထူးသန့်ရှင်းရေးအထောက်အကူပြု ပစ္စည်းတွေ၊ ခေတ်မီစက်ကိရိယာတွေ အသုံးပြုတာဟာလည်း Value Added လုပ်တာပါပဲ။ အဲ့ဒီထက်ပိုပြီး အခြေခံကျတာကတော့ "စိတ်ခံစားမှု (Emotional Value)" ပါ။ ဈေးရောင်းတဲ့အခါ ရိုင်းပြတဲ့ဆက်ဆံရေးနဲ့ ပြုံးချိုတဲ့ဆက်ဆံရေးမှာ ဝယ်သူရရှိမယ့် ခံစားချက်ချင်း မတူပါဘူး။ ဒီအပြုံးနဲ့ စေတနာဟာလည်း ဝယ်သူက ငွေပိုပေးဖို့ ဝန်မလေးစေတဲ့ "တန်ဖိုး" တစ်ခု ဖြစ်လာပါတယ်။

မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခြင်း (Selling Ice to Eskimos) နိုင်ငံတကာ မာကတ်တင်းလောကမှာ "အက်စကီမိုးတွေကို ရေခဲရောင်းခြင်း" ဆိုတဲ့ ဆိုလိုစကား ရှိပါတယ်။ ရေခဲတောင်တွေကြားမှာ နေတဲ့သူတွေကို ရေခဲရောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့၊ တော်တဲ့သူတွေကတော့ အဲ့ဒီရေခဲကိုပဲ ပုံစံဖော်တာ၊ သန့်စင်တာ ဒါမှမဟုတ် လိုအပ်ချက်တစ်ခုခုအဖြစ် ဖန်တီးပြီး ရောင်းနိုင်ကြပါတယ်။ လူတွေမှာ ရှိပြီးသားအရာကိုတောင် မိမိက လိုအပ်ချက်တစ်ခုအဖြစ် ဖန်တီးလိုက်ရင် ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ရောင်းလို့ရသွားတဲ့ သဘောပါ။

တန်ဖိုး (Value) ဆိုတာ ဘာလဲ? ကျွန်တော့်အမြင်အရ တန်ဖိုးဆိုတာ ကိန်းဂဏန်းတွေ၊ ဈေးနှုန်းတွေထဲမှာ ရှိနေတာ မဟုတ်ပါဘူး။ "လိုအပ်ချက်ဖြစ်အောင် ဖန်တီးနိုင်ရင် အဲ့ဒါ တန်ဖိုးဖြစ်ပါတယ်"။ လူတစ်ယောက်မှာ မရှိသေးတဲ့ လိုအပ်ချက်ကို မြင်အောင်ကြည့်ပြီး အဲ့ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အိုင်ဒီယာတစ်ခု ပေါင်းထည့်လိုက်တာနဲ့ သင်ရောင်းတဲ့အရာဟာ အလိုလို "တန်ဖိုး" တက်လာပါလိမ့်မယ်။

No comments:

Post a Comment

Will it become a future state of Israel?

Stay Silent, Die Disgraced Stay Silent, Die Disgraced Stay Silent, Die Disgraced A Precedent That Could Lead to Disaster and Bloodshed...