Search This Blog ရှာရန်

Tuesday, April 21, 2026

အလုပ်အကိုင်အခွင့်အလမ်းကြီး (၁)



အလုပ်အကိုင်အခွင့်အလမ်းကြီး (၁)



တချိန်က ကျုပ်တို့မြန်မာပြည်ကို အင်္ဂလိပ်တွေလာသိမ်းလိုက်တော့ ကျုပ်တို့ဟာ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်မိသားစုနဲ့မကွဲမကွာဘဲ ကျွန်ဖြစ်ခဲ့ကြတယ်။
မင်းအောင်လှိုင်ခေတ်မှာတော့ မြန်မာတွေ ကျွန်ထက်နိမ့်ကျတဲ့ သပေါက်ဘဝရောက်ခဲ့ကြရတယ်။
ဘာကြောင့်လဲဆိုတော့ သူများနိုင်ငံမှာ သူတို့အပိုင်အနိုင်ထက် ထင်ရာလုပ်လို့ ပြာပြာဝတ်ကြောက်လန့်ပြီး နေရတဲ့အဖြစ်ကို ရောက်ခဲ့ရတာ ထိုင်းနိုင်ငံကိုကြည့်ရင် သိမှာပါ။ ရင်ထဲမှာ တောက်ခေါက်၊ နှာနုမှာတောင် စူးရှတဲ့ ခံစားချက်ရခဲ့သည်အထိပါပဲ။ ဒီအဖြစ်ကနေ ကျွန်တော့်မှာ အတွေးတစ်ခုရှိခဲ့တယ်။
ကျွန်တော်တို့ ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်တွေမှာ မြန်မာပြည်ဘက်တွင်ကုန်သွယ်ခွန်လွတ်၊ စက်မှုနှင့် ကုန်သွယ်ဇုန် တည်ဆောက်ရေး Project ပင်ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ကျွန်တော်တို့ကုန်တွေကို သွားမရောင်းတော့ဘူး၊ သူတို့လာဝယ်၊ သူတို့ရဲ့စက်ရုံတွေ ငါတို့မြေထဲလာဆောက်ကြ၊ ငါတို့ ထိုင်း၊ တရုတ်ထဲမှာ မရနိုင်တဲ့စျေးပေးမယ်၊ လျှပ်စစ်ကို တရုတ်နှင့် ထိုင်းမှဝယ်ပြီး ထိုဇုန်တွေကို လည်ပတ်ပေးမယ်။ ထိုဇုန်ထဲမှ ထုတ်ကုန်တွေကို မြန်မာပြည်သွင်းရင် အခွန်သက်သာခွင့်ပေးမယ်။ သို့သော် ထိုဇုန်အတွက် ၇၀% သော လုပ်သားများကို မြန်မာများ ခန့်ထားပေးရန်ဖြစ်သည်။
ထိုဇုန်ဝင်းအတွင်း ထိုင်း၊ တရုတ်များ ရေရှည်အတွက် အထူးဗီဇာဖြင့် နေထိုင်နိုင်ကြမှာဖြစ်ပြီး စားသောက်ဆိုင်၊ ဟိုတယ် စသည်တို့ပင် ရှိစေရမည်။ ဒါဆိုရင် ငါတို့မြန်မာတွေ သပေါက်ဘဝမှ လွတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ကောင်းစွာရရှိပြီး ပျော်ရွှင်ဝင်းပနေတဲ့ ငါတို့ညီ ညီမလေးတွေရဲ့ အပြုံးကို မြင်တွေ့ခံစားရမယ်လို့ တွေးမိရင်း ရေးမိပါသည်။
အောင်မျိုးလွင် (အဂ္ဂ)
အချစ်ကြီးသူ
#jobcreationmyanmar #Myanmar #MyanmarInvestment #koagga










No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...