မြန်မာပြည်ဖြတ်သွား မှောင်ခိုနွား



မြန်မာပြည်ဖြတ်သွား မှောင်ခိုနွား



=================
ယခုအချိန်ဆိုရင် Bangladesh နိုင်ငံ၊ Chittagong မြို့က Zaka Hussein လမ်းမကြီးပေါ်မှာ နွားတွေ မရည်တွက်နိုင်လောက်အောင် ဖြတ်သန်းသွားလာနေလောက်ပြီဟု တွေးမြင်မိရင်း ဒီပိုစ်လေးကို တင်မိပါတယ်။
ဒီနေ့ခေတ်မှာ မြန်မာပြည်ရဲ့ လမ်းမထက်မှာ ကားကြီးတွေနဲ့ တင်ဆောင်သွားတဲ့ နွားအုပ်တွေကို မြင်ရင် "ဪ... တရုတ်ပြည်ကို သွားကြပြန်ပြီ" လို့ လူတိုင်း သိနေကြပါပြီ။ ဒါပေမဲ့ ဒီနွားတွေဟာ ဘယ်ကလာပြီး ဘယ်လိုနည်းနဲ့ နယ်စပ်ကို ရောက်သွားသလဲ ဆိုတာကတော့ ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
အမှန်တော့ ဒီနွားတွေဟာ ကျွန်တော်တို့ ပြည်တွင်းက နွားတွေချည်းပဲ မဟုတ်ပါဘူး။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ "ဧည့်သည်နွား" တွေလည်း အများကြီး ပါဝင်ပါတယ်။ အနောက်ဘက် နယ်စပ်ကနေ စတင်ဝင်ရောက်လာတဲ့ ဒီနွားအုပ်ကြီးတွေဟာ တမူး၊ ကလေး မြို့တို့ကတစ်ဆင့် မြန်မာပြည်အလယ်ပိုင်းကို ဖြတ်ကျော်ကာ မေမြို့ (ပြင်ဦးလွင်) ရေတံခွန်အနီးလမ်းများမှ ပတ်ပြီး ရှမ်းပြည်မြောက်ပိုင်းက မူဆယ်နယ်စပ်ဆီကို ဦးတည်ကြတာပါ။ ဒါကို ကျွန်တော်တို့က "နွားလမ်းကြောင်း" လို့ ခေါ်ကြပါတယ်။
ဒီမှောင်ခိုလမ်းကြောင်းမှာ အဓိက စိန်ခေါ်မှုကတော့ "စစ်ဆေးရေးဂိတ်" တွေပါပဲ။ လမ်းမကြီးတွေပေါ်မှာ ဂိတ်တွေရှိတော့ မှောင်ခိုသမားတွေက တောလမ်းတွေကို ပိုအားကိုးကြပါတယ်။ ရွာချင်းဆက်လမ်းတွေ၊ တောင်ပတ်လမ်းတွေကို သုံးပြီး ညအချိန်မတော် နွားတွေကို မောင်းနှင်ကြရတာပါ။ တစ်ခါတလေမှာတော့ နွားတွေကို ကားကြီးတွေပေါ်တင်ပြီး ရိုးရိုးကုန်စည်တွေလိုမျိုး ဟန်ဆောင်သယ်ယူကြတာတွေလည်း ရှိပါတယ်။
ဒီလုပ်ငန်းရဲ့ နောက်ကွယ်မှာ ငွေကြေးစီးဆင်းမှုကလည်း မသေးလှပါဘူး။ နယ်မြေခံ စစ်ခွေးပိုင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နားလည်မှုယူပြီးမှသာ ဒီလမ်းကြောင်းက ချောမွေ့တာမျိုးပါ။ ဒါကြောင့်လည်း ဒီ "နွားမှောင်ခို" လောကဟာ အန္တရာယ်များသလို အမြတ်အစွန်းလည်း အလွန်ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။
ဒါပေမဲ့ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ စိုးရိမ်စရာတွေလည်း ရှိနေပါတယ်။ တရားမဝင် သွားလာနေတဲ့အတွက် တိရစ္ဆာန်ရောဂါတွေ ပြန့်ပွားနိုင်သလို၊ နောင် ပြည်သူ့အစိုးရလက်ထက်တွင် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးနိုင်ပါတယ်။ နောင်တွင် တရားဝင် နယ်စပ်ဖြတ်ကျော် အခွန် ၅% ခန့် ကောက်ခံပြီး စနစ်တကျ ဖြတ်သန်းခွင့်ပေးသင့်ပါတယ်။
လက်ရှိမှာတော့ မူဆယ်မြို့ပတ်ဝန်းကျင်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ နွားစခန်းများတွင် တရုတ်ဘက်သို့ ကျော်၍မရသေးသည့် နွားအကောင်ရေ ထောင်နှင့်ချီ၍ ရှိနေဆဲဖြစ်နိုင်ပြီး၊ နယ်စပ်တွင် ရက်ရှည်ကြာလာသည်နှင့်အမျှ နွားများ အစာရေစာ ငတ်ပြတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် ရောဂါဖြစ်ပွားမှုများကြောင့် ကုန်သည်များ အကြီးအကျယ် အရှုံးပေါ်နေသည့် အခြေအနေ ဖြစ်နိုင်ခြေများပါတယ်။
ခြံစည်းရိုး (Fence) များကနေ ပတ်ထွက်မယ်ဆိုရင်လည်း အခုလက်ရှိ တရုတ်နယ်စပ်တစ်လျှောက် အသစ်တပ်ဆင်ထားသည့် Thermal Camera (အပူလှိုင်းအခြေခံ CCTV) ကင်မရာတွေ ရှိနေပြီဖြစ်ပါတယ်။ ထိုကင်မရာများ၏ အပူလှိုင်းဖမ်းယူနိုင်မှုမှာ ၂၅ ကီလိုမီတာမှ ၄၈ ကီလိုမီတာအထိ ရှိနေသည့်အတွက် ယခင်လို ခိုးထွက်ပါက ဖမ်းဆီးခံရနိုင်ခြေ အလွန်များသွားပါပြီ။
မြန်မာပြည်တွင် နွားတစ်ကောင်လျှင် ကျပ် ၂၅ သိန်းမှ ၃၅ သိန်းဝန်းကျင် ခန့်မှန်းဈေးရှိသော်လည်း တရုတ်ဘက်သို့ အောင်မြင်စွာ ပို့ဆောင်နိုင်ပါက မြန်မာကျပ်ငွေ သိန်း ၆၀ ကျော်အထိ ရနိုင်ပါတယ်။ သို့သော်လည်း လက်ရှိ စစ်ရေးမတည်ငြိမ်မှုများနှင့် နယ်စပ်လုံခြုံရေး အခြေအနေများကြောင့် အမြတ်ငွေထက် အရှုံးနှင့် ပိုမိုနီးစပ်နေပြီဟု ထင်မြင်မိပါသည်။
လမ်းကြောင်းအတိအကျကို နွာလည့်ပတ်တွင် GPS တပ်ပေးလိုက်တာမျိုးနဲ့ သိရှိထားတာမျိုးရှိနိုင်ပါတယ်။
အောင်မျိုးလွင် ( အဂ္ဂ )

No comments:

Post a Comment

"To kill two birds with one stone.

Back in the day, I was the sole distributor for Singapore Singtel’s pfingo calling system in Myanmar. Initially, the official representativ...