Search This Blog ရှာရန်
Friday, April 24, 2026
ငါသိသမျှ ယာဘ
ကျွန်တော် ယာဘဆိုတာကို စမြင်ဖူးတာ ၂၀၁၂ ခုနှစ်ခန့်က ဖြစ်မယ်ထင်ပါတယ်၊ ရွှေလီသွားရင်း သတိပြုမိလာတာပါ။ ရွှေလီမြို့ အချို့နေရာတွေမှာ ကောင်မလေးတွေ ရောင်းတာ သတိပြုမိခဲ့တယ်။
နောင် Computer အပိုပစ္စည်းသွင်းတဲ့ လောကထဲ ရောက်လာတော့ ပိုသတိပြုမိလာတယ်၊ သတိပြုမိတယ်ဆိုတာက ဒီလို... ကျွန်တော်လည်း တရုတ်ပြည်မှ Computer အပိုပစ္စည်းသွင်းတယ်၊ သူတို့ဝယ်တဲ့ဆိုင်တွေမှာပဲ ကျွန်တော်လည်း ဝယ်တာပဲ၊ ဒါပေမဲ့ ဘယ်လိုမှ ဈေးချင်းပြိုင်မရောင်းနိုင်ဘူး။
ဆိပ်ကမ်းသာလမ်းရှိ အချို့ဆိုင်တွေဟာ ရွှေလီဈေးနှုန်းနဲ့ တူနေတယ်။ ဒါနဲ့ ရွှေလီက တကယ့်စီးပွားရေးသမားကြီးတွေနဲ့ တွေ့တော့မှ သဘောပေါက်လာတယ်။ သူတို့က Computer အပိုပစ္စည်း သွင်းနေတာမဟုတ်ဘဲ ယာဘသယ်ယူရေး လုပ်နေတာ။ သူတို့ပစ္စည်းတွေ ရန်ကုန်ရောက်ရင် အမြန်ရောင်းထွက်သွားရင် ရပြီဆိုတဲ့သဘော၊ ဒီတော့ ဆိုင်တွေကို 'ဘာလိုချင်လဲယူ၊ အကြွေး၊ ကြယ်ခေါင်ဈေး' (နံပါတ်တစ် ဈေးနှုန်း) ဆိုတော့ ကျုပ်လည်း သွင်းမနေတော့ဘူး၊ သူတို့ဆီက ယူရောင်းရတဲ့ဘဝ ရောက်သွားတယ်။
နောက်ပိုင်း ယာဘက မန္တလေးမှ မောင်တော၊ ရန်ကုန်မှ ငါးလှေများဖြင့် စစ်တွေ 'မင်းဂံ' လှေစစ် စခန်း၊ အဲ့ဒီမှတစ်ဆင့် မောင်တော၊ ဘင်္ဂလားဒေ့ရှ်ကို သွားတယ်။ သိပ်မကြာလိုက်ပါဘူး၊ မောင်တော၊ ဘူးသီးတောင်ဘက်မှာ ယာဘထုတ်လုပ်နိုင်တဲ့ အခြေအနေရောက်လာပြီး စစ်တပ်နဲ့ သူတို့ဟာ ရခိုင်အရေးအခင်း ပြဿနာတွေကြောင့် လူတွေမလာ၊ မသွားနိုင်အောင် သတင်းတံခါးပိတ်ပြီး အထဲမှာ အတူတူ ဝေစုခွဲစားနေခဲ့ကြတာပါ။ ဒါတွေကို Bangladesh ထောက်လှမ်းရေးတွေလည်း သိပါတယ်။ နိုင်ငံတကာ Report တွေကို Google Search မှာ သွားဖတ်ကြည့်ပါ။
ကျွန်တော်က ဖန်တီးပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ရခိုင်ပြည်နယ်အတွင်း အတော့်ကို သတင်းရရှိသူဖြစ်ပြီး၊ Bangladesh ဆိုတာ မိမိရဲ့ ဒုတိယအိမ်လို ဖြစ်နေပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ 'ကျွန်တော်နှင့် လေယာဉ်ပျက်ကျမှုများ' တွင်ပါသည့် စစ်တွေမှ Bangladesh ကောင်စစ်ဝန်ဆိုသူဟာ နောင် Bangladesh မှာ ထောက်လှမ်းရေး တပ်မှူးကြီးဖြစ်ပြီးမှ ပင်စင်ယူသွားသူ ဆိုတာကိုလည်း သိစေချင်ပါတယ်။
ဒီတော့ သူတို့တွေကလည်း ဒီသတင်းတွေ အပြည့်အဝသိတယ်။ ထိုအချိန်က Chittagong မှာ မြန်မာပြည်နယ်စပ်မှကြီးပြင်းပြီး Chittagong မှာ သူဌေးဖြစ်နေသူ တစ်ယောက်ကိုတောင် RAB (Rapid Action Battalion) တပ်ခွဲက ဖမ်းလိုက်ပါသေးတယ်။ ထိုအချိန်က ကျွန်တော် Bangladesh ကို ထိုအဖမ်းခံရသူ၏ ဇနီးဖြစ်သူနှင့် လေယာဉ်အတူစီးပြီး ရောက်သွားတဲ့ အချိန်ပါ။
ဒီတော့ ကျွန်တော် Chittagong RAB တပ်ဖွဲ့၏ အကြီးအကဲ Mr. Amdat ကို ဆက်သွယ်ပြီး မေးကြည့်တော့ အဆင်မပြေပါဘူး။ ဝင်မပါရန် တားမြစ်သည့်အတွက် မကူညီနိုင်ခဲ့ဘူး။ ဖြစ်ချင်တော့ ထိုအချိန်က Bangladesh နိုင်ငံရဲ့ Financial Minister က Chittagong မှ ဖြစ်နေတော့ သူ Chittagong မှာ ဝါဖြေပွဲ ( ဥပုဒ်ဖြေပွဲ ) တက်ရောက်စဉ် သူနဲ့ခင်မင်တဲ့ ထိုမြန်မာမိတ်ဆွေကို တွေ့ချင်ကြောင်းပြောမှ RAB တပ်ဖွဲ့က အာမခံပေးပြီး ပြန်လွှတ်ပေးခဲ့သည်ကို အမှတ်ရမိပါတယ်။
ယာဘတွေဟာ နောက်ပိုင်း ရန်ကုန်မှာ ပလူပျံ၊ နေရာတိုင်းရလာတယ်။ ပထမတော့ တစ်လုံး ၃ ထောင်၊ ၁၀ လုံးကို ခဲပတ်လေးနဲ့ စည်းထားတာကို တစ်တန်းလို့ခေါ်တယ်၊ ၃ သောင်းပေါ့။ ဒါပေမဲ့ မူဆယ်မှာ ၄၅၀ ကျပ်ပဲ ရှိတယ်။ မြို့ကြီးတွေအဝင်မှာ ဈေးက ဒုန်းဆိုပြီး ထိုးတက်သွားတာ။ ရန်ကုန်မှာ 'တပ်ကထုတ်တဲ့ ယာဘ' ဆိုပြီးရှိတယ်၊ သူက Ice နည်းတယ်၊ ကွာလတီမကောင်းဘူး။
နောက်ပိုင်း ရန်ကုန်မှာ ကုန်ကားထဲမှာ ထုတ်နေတဲ့ အဖွဲ့အချို့ရှိတယ်လို့ သိရတယ်၊ သူတို့ပစ္စည်းကောင်းတယ်။ ခဲပတ်ပေါ်တင်ပြီး မီးနဲ့ တစ်လိုင်းလောက် ဆွဲလိုက်ရင် လက်လက် လက်လက် ထနေရင် ဒါ ICE ပါတာမို့ ကောင်းတယ်လို့ ခေါ်တယ်။ ဒန (ဒုစရိုက်နှိမ်နင်းရေး) တွေက နှင်းဆီနံ့ကို အိမ်ရှေ့က ဖြတ်သွားရင်တောင် ဒီအိမ် ယာဘသုံးမှန်း တန်းသိတယ်။ ပြီးတော့ ဒနတွေက ဝင်ရှာရင် ခဲပတ်၊ မီးခြစ်၊ အတ်၊ ရေသန့်ဗူး၊ အချိုရည်ပိုက်နဲ့ ပစ္စည်း (ယာဘ) ကို အရင် မရှာဘူး အဓိက သတိထားကြည့်တာက ပီကယ်နဲ့ ပီကယ်အစအန။
အဲ့ဒါတွေ့ရင် ဒါ ယာဘအသုံးပြုနိုင်တယ်လို့ မှတ်ယူတတ်ပါတယ်။
နောင် Bangladesh မှာ ယာဘ ထုတ်လုပ်လာပါတယ်။ အဲ့ဒီနောက် ရခိုင်မှာ ဈေးကွက်အတော်ပျက်၊ အချင်းချင်း တပ်နဲ့ ေဒသခံတွေ ပြဿနာတက်ကုန်ကြတာပါပဲ။
(ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဇာတ်လမ်းတစ်ပုဒ်၊ အမြင်တစ်ခုလို့ သဘောထားပြီး ယူပေါ့။)
မှတ်ချက် _ ဆေးခြောက်မှာ အမေရိကား၊ ကျန်တဲ့မူးယစ်ဆေးတွေမှာ မြန်မာပြည်က တကယ့်ကို အကောင်းစား။
အောင်မျိုးလွင် ( ရွှီး )
https://www.aljazeera.com/.../i-carry-yaba-to-survive...
https://edition.cnn.com/.../methamphetamine-yaba-bangladesh
Labels:
agga,
Bangladesh,
Education,
Myanmar
Location:
Myanmar (Burma)
Subscribe to:
Post Comments (Atom)
This Is Not a Joke: It’s AI
We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...
-
Back in the day, I was the sole distributor for Singapore Starhub’s pfingo calling system in Myanmar. Initially, the official representativ...
-
Strategic Proposal for the Development of Myanmar's Shipbreaking Industry Title: From Meeting Steel Demand to Catalyzing an SME Ecosys...
-
ကျွန်တော်နှင့် ကောင်စီအတွင်းရေးများ (အမှာစကား) ================================= ကျွန်တော် ယခုဖော်ပြနေသည့် အကြောင်းအရာများအပေါ် ဖတ်ရှုသူအချိ...
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment