Search This Blog ရှာရန်
Tuesday, April 21, 2026
ပြည်တိုးတက်ရေးအကြံပေး
ပြည်တိုးတက်ရေးအကြံပေး
ကျွန်တော်တို့ တိုင်းပြည်ဟာ စစ်တပ်လူတန်းစား ကယ်တင်ရှင်အမြင်နဲ့ ထင်တစ်လုံးရောက်ပြီး တိုင်းပြည်ကို ချနင်း၊ ရှေးဘုရင်စနစ်တွေထက်ဆိုးတဲ့ ခေတ်ကို နှစ်ပေါင်း ၇၀ ကျော် ဖွတ်ဖွတ်ညက်ညက် ကျေအောင် ရင်နာစွာ အချိန်ကာလ ကြာမြင့်စွာ ခံစားလာခဲ့ရပြီး ဖြစ်ပါတယ်။
ဒီတစ်ခါ စစ်တပ်ဆိုတာ ငါတို့တိုင်းပြည်မှာ ပြည်သူ့ခြေထောက်အောက်မှာ ထားနိုင်သည့်အချိန် ရောက်လာတဲ့အခါ 'ခုန်ပျံရုန်းထ မြန်မာ့အနာဂတ်ဘဝ' ဆိုပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမှာဖြစ်ပါတယ်၊
ထိုအချိန် မြေစမ်းခရမ်းပျိုးတာတို့၊ တက်ယောင်ကား လုပ်တာတို့ မဟုတ်ဘဲ အမှားမခံဘဲ ရွေးချယ်လုပ်ဆောင်မှု မှန်ကန်စေရန်၊ တိုင်းပြည်တိုးတက်ရေးအတွက် အခြေခံအုပ်မြစ်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ဆိပ်ကမ်းနှင့် စက်မှုဆိုင်ရာ အကြောင်းအရာများ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည်၏ အခြေခံအုတ်မြစ်များသဖွယ် အရေးကြီးလှပေသည်။
ထို့ကြောင့် ထိုလုပ်ငန်းများအတွက် စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီတို့တွင် ကုန်း၊ ရေ၊ လေ အခန်းကဏ္ဍများ၌ Professional များအဖြစ် နှစ်ကာလကြာရှည် လုပ်ကိုင်ခဲ့ပြီး နာမည်ကောင်းရှိခဲ့သည့်၊ ၎င်းတို့အစိုးရမှ အကြံပြုသည့် ပင်စင်စား ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူပြီး မိမိတို့နိုင်ငံအတွက် ဖွံ့ဖြိုးရေး Project Plan ရေးဆွဲခြင်း၊ ဝယ်ယူအသုံးပြု ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်အလက်နှင့် အခက်အခဲများကို ၎င်းတို့ထံမှ အကြံရယူပြီး ပြည်သူ့အစိုးရအနေဖြင့် ဆုံးဖြတ်အကောင်အထည်ဖော်သင့်ပါသည်။
၎င်းတို့မှာ ချေးငွေရရှိရေးအတွက်ပါ အကြံကောင်းများ ရှိပါသည်။ မဟုတ်ရင် မဆလခေတ်တုန်းကလို ကွင်းဆက်အကျိုးအကြောင်းများ စဉ်းစားနိုင်စွမ်းမရှိသည့်အတွက် လုပ်တိုင်းပျက်၊ ရေရှည်မတည်တံ့သည့် ပြဿနာများ ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။
မအလနှင့် အပေါင်းအပါ ပုန်ကန်လူသတ်သမားများ တရားစီရင်ရေးရှေ့မှောက်သို့ အမြန်ဆုံး ရောက်ပါစေ။
အောင်မျိုးလွင် ( အဂ္ဂ )
Location:
Myanmar (Burma)
Subscribe to:
Post Comments (Atom)
This Is Not a Joke: It’s AI
We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...
-
Back in the day, I was the sole distributor for Singapore Starhub’s pfingo calling system in Myanmar. Initially, the official representativ...
-
Strategic Proposal for the Development of Myanmar's Shipbreaking Industry Title: From Meeting Steel Demand to Catalyzing an SME Ecosys...
-
ကျွန်တော်နှင့် ကောင်စီအတွင်းရေးများ (အမှာစကား) ================================= ကျွန်တော် ယခုဖော်ပြနေသည့် အကြောင်းအရာများအပေါ် ဖတ်ရှုသူအချိ...

No comments:
Post a Comment