Search This Blog ရှာရန်

Monday, June 29, 2026

မူးယစ်ပြန်လည်ထူထောင်ရေး L.1



မူးယစ်ပြန်လည်ထူထောင်ရေး L.1









မူးယစ်ပြန်လည်ထူထောင်ရေး L.1
=================
မူးယစ်ပြန်လည်ထူထောင်ရေးစင်တာများသို့ စရောက်လာသည့် လူနာများကို ပထမဆုံး စင်တာရှိ ယခင်ရောက်နှင့်ပြီး ၃ လနှင့်အထက် သင်တန်းသားတစ်ဦးအား Guide အဖြစ် တာဝန်တွဲပေးလိုက်ရပါတယ်။
ထို Guide က ဆရာများနှင့် မိတ်ဆက်ပေးခြင်း၊ သင်တန်းသားများနှင့် သဟဇာတဖြစ်အောင် ထိန်းညှိပေးခြင်း၊ သင်တန်းအတွင်း ဘာလုပ်ရမည်၊ ဘာမလုပ်ရဘူးဆိုတာကို အသေးစိတ် ၁ လ ပူးတွဲသင်ကြားပေးရတာ ဖြစ်ပါတယ်။
သင်တန်းသားသစ် လုပ်ရမည့် ပထမဆုံးတာဝန်ကတော့ မိမိအကြောင်း ပွင့်လင်းစွာရေးရန် ဖြစ်သည်။ ပထမ ၅ မျက်နှာက Autograph ( Auto ) မိမိကိုယ်ရေးအကြောင်း၊ နောက်ထပ် ၁ မျက်နှာမှာ မိမိကောင်းကြောင်းနှင့် နောက်ဆုံးတစ်မျက်နှာကတော့ မိမိမကောင်းကြောင်း၊ စုစုပေါင်း ၇ မျက်နှာ ရေးရမှာဖြစ်ပါတယ်။ ဘယ်လိုရေးရမလဲဆိုတာကို Guide ကို မေးရတာပေါ့။
ဒီကိစ္စတွေနဲ့တင် ပထမတစ်ပတ်လောက်က အလုပ်ရှုပ်နေတော့မှာပါ။ ဒီလုပ်ဆောင်မှုက မိမိလဲတောင်တွေးမြောက်တွေး အချိန်သိပ်မရတော့ဘဲ အများနှင့် လေ့ကျင့်ခန်း၊ သင်တန်း၊ အနုပညာ၊ ဆေးလိပ်သောက်၊ စားသောက်၊ သန့်ရှင်းရေး စသည့်အလုပ်များဖြင့် အားချိန်ပင်ရမည်မဟုတ်ပါ။
တစ်ဖက်တွင်လည်း ဆရာများအနေဖြင့် သင်ရေးလိုက်သည့် ကိုယ်ရေးအကြောင်းအရာများနှင့် Guide ထံမှ သင့်ဘာဖြစ်နေတယ်ဆိုသည့် အကြောင်းအရာ အချက်အလက်များ လေ့လာပြီးပြီဆိုရင်တော့ သင့်တာဝန်ခံ အတိုင်ပင်ခံနှင့် စတွေ့စကားပြောရမှာဖြစ်ပါတယ်။
တစ်ခါတွေ့ ၄၅ မိနစ်မှ ၁ နာရီခန့်ပေါ့။ ပထမဆုံး သူတို့သတိထားမှာက သင့်မှာ Mental Problem ရှိနေပြီလားဆိုတာပါ။ အချို့က စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ၊ စိတ်ကျရောဂါကြောင့် ဆေးသုံးစွဲလာဖြစ်တာလား၊ ဒါမှမဟုတ် ဆေးသုံးစွဲရင်းမှ စိတ်ဒဏ်ရာ၊ စိတ်ကျရောဂါ ရနေလားဆိုတာပါပဲ။
ဒီထက်နည်းနည်းပိုအရေးကြီးတာက PTSD လိုမျိုး ကျွန်တော့်အခေါ် (ရုပ်မြင်သံကြား) ဖြစ်နေခြင်းပါ။ သူတို့ဟာ မရှိတဲ့ ရုပ်တွေမြင်မယ်၊ အသံတွေကြားပြီး စကားပြောနေမယ်၊ ဒီလိုလူတွေကို အတိုင်ပင်ခံမှ စိတ်ကျန်းမာရေးဆရာဝန်နှင့်ပါ ပူးတွဲကုသရန် စီစဉ်ရပါတယ်။
နောက်တစ်ခုကတော့ ကိုယ်ကျန်းမာရေးပါ။ အချို့မှာ ရှိရင်းစွဲ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာရောဂါများအပြင် ဆေးသုံးကာလတွင် ဖြစ်လာသည့် သွားပြဿနာ၊ နားကောင်းကောင်းမကြားခြင်း၊ မျက်စိပြဿနာတွေကို တည်ငြိမ်အဆင်ပြေလာအောင် စလုပ်ရမှာဖြစ်ပါတယ်။ ယာဘ၊ Ice သုံးသူအများစုမှာ သွားပြဿနာ ရှိလာမှာပါ။
သူတို့ရေးထားတဲ့ သူတို့အကြောင်း + Guide ထံမှ သိရသမျှ သူ့အကြောင်း + အတိုင်ပင်ခံအနေဖြင့် စကားပြောကြည့်လျှင် သိလာရတဲ့ လူနာ (သင်တန်းသားအသစ်) ၏ စိတ်ဒဏ်ရာကြီးကြီးမားမား (ဥပမာ - မိန်းမ၊ ရည်းစား ရုတ်တရက်ကွယ်လွန်တာ၊ ကွဲသွားတာ၊ အိမ်ထောင်ရေးဖောက်ပြန်ခံရတာ၊ အလုပ်ပြုတ်တာ၊ စီးပွားပျက်တာ)၊ အဖေနှင့် အဆင်မပြေတာ၊ မိဘအိမ်ထောင်ရေးပြဿနာ စတာတွေကို နေ့စဉ်တွေးတောပြီး တိုင်ပတ်နေသူတွေကိုတော့ သူ့ Guide အပါအဝင် သူနှင့်ခင်မင်လာသည့် သင်တန်းသားထဲမှ စုစုပေါင်း ၅ ဦးခန့်ကို သင်တန်းသားတာဝန်ခံ အတိုင်ပင်ခံမှ Group ဖွဲ့ပေးပြီး တစ်ဖက်မှ မသိမသာ စောင့်ကြည့်ခိုင်းထားရသလို၊ သင်တန်းအတွင်း နေ့စဉ် စိတ်သိပ်အဆင်မပြေ၊ ကသိကအောက် အထိုက်အလျောက် ပြဿနာအသေးလေးများ ဖြစ်ပြီး တိုင်ပတ်နေအောင် လုပ်ခြင်းဖြင့် သူ့ပြဿနာကြီးကို စဉ်းစားလို့မအားအောင် လုပ်ပေးရပါတယ်။ တစ်ဖက်မှလည်း ပြဿနာတက်လာရင် ဘယ်လိုစဉ်းစားသလဲ၊ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ သူ့ Guide က အကြံပြုဆွေးနွေးပေးနေရမှာ ဖြစ်ပါတယ်။
ဒီအဆင့်မှာ အဓိက လုပ်သွားတဲ့ အဆင့် ၄ ခုကိုတွေ့မှာပါ
( ၁ ) အသိုင်းအဝိုင်းနှင့် အားပေးမှုစနစ် (Peer Support System)
( ၂ ) စိတ်ကို အလုပ်ရှုပ်စေခြင်း (Occupational Therapy & Distraction)
(၃ ) စိတ်ဒဏ်ရာများကို စနစ်တကျ ဖော်ထုတ်ခြင်း (Trauma-Informed Approach)
( ၄ ) စိတ်ရောကိုယ်ပါ ကုသမှု (Holistic Care)
See less








No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...