Search This Blog ရှာရန်

Sunday, June 21, 2026

မိတ်ကပ်လူးကြသူများ



မိတ်ကပ်လူးကြသူများ
============
ထိုလိုလူ မဖြစ်ချင်၊
မလှဘူးထင်လည်း ထင်၊
အဆိုးအကောင်းများနှင့်
ပကတိအဆင်၊
မိဘ၊ ဘိုးဘွားအကြောင်းစုံလင်၊
မွေးဖွားချိန်မှ ယနေ့တိုင်ပင်၊
ဘဝအတက်အကျစုံလျင်
အကောင်းတွေလည်း မြင်၊
အဆိုးတွေလည်း ပြင်၊
ကြုံရသမျှ အသိအမြင်၊
မျက်နှာပြောင်တိုက်လို့ပင်၊
မိတ်ကပ်လူကြသူများ၊
ဟားလို့မဆုံး ငါ့သွင်ပြင်၊
သို့သော် ငါသိတာက
သူတို့ဟာ
မိတ်ကပ်လူးကြသူများပင်။
အဂ္ဂ

No comments:

Post a Comment

This Is Not a Joke: It’s AI

We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...