Skip to main content

Posts

ကောင်းလေစွ

မြန်မာ့လူ့အသိုင်းအဝိုင်းမှာ လူတိုင်းနာလည်းအောင်ပြောရမယ်ဆိုရင် ကာရကံ၊ ဝဇီကံ၊ မနောကံ၊ ဆိုပြီး ကံကို အတိမ်အနက် ပိုင်းကြည့်နိုင်သလို ကျူးလွန်မှူ့မြောက်ကြောင်းသင်ကြား၊ တွေးမြင်တက်ရန်လိုပေမည်၊ ဥပမာ ဒုသနသော ကံ ကျူးလွန်တယ်ဆိုရာမှာလည်း ကာရကံမြောက်လား၊ ဝဇီကံ မြောက်လား ၊ မနောကံ မြောက်လား ၊ သို့မဟုတ် တဆင့်ချင်း တဆင့်ချင်း မြောက်လာခဲ့တာလား၊ တချို့က မနေားကံလောက်မြောက်တာနဲ့ သတိဝင်ပြီး စိတ်ထဲက အပြီးရှင်း နောင်တ မှတ်တယ်၊ တချို့က မနောကံ မြောက်နေရာကနေ အခြေအနေပေးတာနဲ့ ဝဇီကံ မြောက်ကျူးလွန်လာတယ်၊ ကယ် ဝဇီကံကြောင့် တိုးတက်လာတာနဲ့ ကာရကံ ြမောက် ကျူးလွန်မိပြန်တယ်၊ ဒီနေရာမှာ လူတိုင်းအမှား မကင်းတာ မှန်ပါတယ်၊ ဒါပေမဲ့ အမှားကို အမှားလို့ မှတ်ရန် ပိုအရေးကြီးပါတယ်၊ အမှားကို အမှန်လို့အတင်းကြီး မှတ်ရင်တော့ သံသရာမှာ ပေးရမယ့် ဝတ်ကြွေးက " ဒူးရား၊ သံကြား၊ နို့ဆီ၊ သောက်ကြာနေ့တိုင်းဝယ် " ဆိုပြီး ဒုသနသော ကို အဓိပါယ် အတင်းကြီး အပြောင်မှတ် စောက်ဂရုမစိုက်တာနဲ့ အတူတူပါပဲ၊ ဒီနေရာမှာ ပြောနေကျစကားလုံး တစ်ခုပြန်ပြောပြရမှာပဲ " မရှက်ရင် ကြိုက်တာလုပ်လို့ရတယ် " ပြီးမှ ကာလနာ တိုက်ပြီး မသာပေါ်လို့ ခတို့ခ လိုက်ရှာမနေနဲ့၊ က...

အောင်မြင်တဲ့ ဘဝတည်ဆောက်မယ်ဆိုရင်

============================ အောင်မြင်တဲ့ ဘဝတည်ဆောက်မယ်ဆိုရင် ============================= ( ၁ ) ကျန်းမာရေး ( ၂ ) လူမှုရေး  ပြုမူ၊ ပြောဆို၊ ကျင့်ကြံနေထိုင်မှု က လူအများ ယုံကြည်မှုကို အာမခံနိုင်လောက်အောင် ဂရုပြုပါ။ အိမ်ထောင်ရေး၊ မိသားစုအရေး၊ မိတ်ဆွေ၊ အသိုင်းအဝိုင်း ကိစ္စတွေကို မိမိ ဘဝရပ်တည်ရေး ရည်မှန်းချက် ဓ ထိခိုက်လောက်အောင် စိတ်မထည့်သင့်ပါ )  ( ၃ ) စီပွားရေး # 1. အရင်းအနှီးထုပ်ပေးမယ်လူကို လိုက်ရှာမနေပါနဲ့၊ # 2 ရည်မှန်းချက် ခိုင်မာစွာချမှတ်ပါ # 3 မိမိလုပ်လိုသည့် ကိစ္စ အတွက် ထောက်ခံ မယ့်သူလိုက်ရှာမနေပါနဲ့ # 4 ကိုယ်ပိုင် ဘဝအတွက် Dreams စိတ်ကူး အိမ်မက် ရှိပါ၊ # 5 ကိုယ့်ကိုယ် ကိုယ် ခြောင် မပိတ်မိပါစေနဲ့၊ # 6 မိမိ လုပ်ကိုင်မည့် လုပ်ငန်း စလုပ်ရင် အားနည်းချက် ဖြစ်နိုင်တာ၊ အာသာချက် ရှိတာတွေ ကို အသေးစိ တ် စီမံချက် ချရေးပါ၊ # 7 လက်ကီ ကောင်းချင်ရင် အခုပဲ စလုပ်ပါ၊ ================================================== အောင်မြင်တဲ့ ဘဝတည်ဆောက်ဖို့၊ ဘဝရပ်တည်ရေး လမ်းသွယ် ( ၃ ) ခု ================================================== ( ၁ ) မိမိ ကိုယ် မိမိ အခြေပြု ဝင်ငွေရြှာ...

အဖြစ်ဆိုး

၁၉၉၀ ခုနှစ်တွေနောက်ပိုင်းမှာ တပ်မတော် အာဏာသိမ်း အစိုးရ က နိုင်ငံရေး ပါတီတွေကို အပြီးနှိပ်ကွပ် သလို တဖက်ကနေ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေး အဖွဲ့ ( ယခင် ဦးနေဝင်း အိမ်စောင့်အစိုးရခေတ်တုန်းက ဖွဲ့ပြီး ပြီးတော့ ပျက်သွားတဲ့ အဖွဲ့ ) ကို အသက်ပြန်သွင်း တပ်မတော် တာဝန်အဆင့်ဆင့်၊ ကျောင်းဆရာ၊ ဆရာမ အားလုံး၊ ဝန်ထမ်းအားလုံး မပါမနေရ၊ ဖိအားပေး ပါဝင်စေခဲ့သလို ၊ အခွင့်အရေးလိုချင်တဲ့ လူတန်းစား အားလုံး ပါဝင်တဲ့ အဖွဲ့ကို အာဏာသိမ်း အစိုးရက ပြည်သူတွေ ပိုက်စံနဲ့ ထင်တိုင်း ငွေသုံးပြီး လှုပ်ရှားတယ်၊ ပြည်သူပိုင်နေရာတွေ ကို အတင်း ရုံးဆောက်တယ်၊ ရှုံ့ချပွဲတွေ လုပ် လူထုထောက်ခံပွဲတွေ လုပ်ခိုင်း၊ စိတ်တိုင်းကျဖွဲ့စည်းပုံနဲ့ စိတ်တိုင်းကျ ပြည်ခိုင်ဖြိုးအဖွဲ့ကို ရွေးကောင်းပွဲ မတိုင်ခင် စိတ်တိုင်းကျ ပါတီ အဖြစ်ပြောင်းတယ်၊ ပြီးတော ယခင်သမ္မတကြီး ဦးသိန်းစိန်က သူ ဥက္ကဌလုပ်ပြီး ( ၁၅ ) နှစ် စိတ်ကြိုက် ကမ္ဘာ့ အချိန်အကြားဆုံး ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သူကိုယ်တိုင် တပ်မတော် ယူနီဖောင်ချွတ်၊ တိုက်ပုံဝတ်ပြီး အတင်း ရွေးကောက်ပွဲ အနိုင်ယူပြီး သမ္မတတက် လုပ်တယ်၊ ၅ နှစ်ပြည့်လို့ ပိုင်ပြီထင်လို့ ရွေးကောက်ပွဲ လုပ်ကြည့်လိုက်တာ မြင်တဲ့ အတိ...

အသိ၊ သတိ၊

သံစဉ်ဆိုတာ တေးသွား အနှေး၊ အမြန်၊ အကြမ်း ပေါ်မူတည်ပြီး၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ဒေါ်သထွက်မှုတွေကို ဆွဲခေါ်ပြနိုင်တယ်၊ လူတစ်ယောက် စကားပြောတာပဲ ဒီစကားပဲ နာလည်အောင်၊ စိတ်ဆိုးအောင်၊ ဒေါ်သထွက်အောင်ပြောနိုင်တာလဲ သတိပြုမိတယ်၊ မင်းတို့ အဖွဲ့အစည်းလုပ်ပြီး၊ ဘာတွေ ဘယ်လို လုပ်ရမယ် မသိတာလား၊ ဒါနဲ့ TOYO Battery တည်ထောင်သူ ဦးအုန်းလွင်ပြောခဲ့ ဖူးတာလေး အမှတ်ရမိတယ် " ခြောက်ပေါက်ကားပြီး စီချင်လို့တော့ သမ္မတကြီး မဖြစ်ချင်နဲ့၊ သမ္မတကြီးဖြစ်လို့ ခြောက်ပေါက်ကားကြီးစီး ရအောင်လုပ်တဲ့ "

ကြာကူလီ နဲ့ စပွန်ဆာ

ယနေ့ခေတ် ကြာကူလီ၊ စပွန်ဆာ ဆိုသည့် စကားလုံးများသည် ကြွားစရာ၊ ပြိုင်စရာ တစ်ခုလို အရှက်အကြောက်ကင်းစွာ ရေပန်စားလာသည့် လူ့ဘောင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ပေါ်တိုးပွားလျက်ရှိသည်မှာ စိတ်မကောင်းစရာတစ်ခုပါ၊ မိန်းကလေးတွေအကြား မိမိကို စပွန်စာအနေနဲ့ ပေးလာတဲ့ တိုက်၊ကား ပိုက်စံဆိုတာ ပြိုင်ဆိုင်စရာတစ်ခုလိုဖြစ်နေသည်မှ ရှက်ရကောင်းမှန် အသိလေးတွေ ရစေလိုသလို ၊ လင်ကြီးငုတ်တုတ် ရှိလျက် အိမ်ထောင်ရေး အစဉ်မပြေလေး ဖြစ်လိုက်တာနဲ့ "ကင်းကင်းရှင်းရှင်းဖြစ်ရင် လက်ထက်ချင်ပါတယ်" ၊ တာဝန်ယူလိုပါတယ် လို့ ပြောလိုက်တာကို လူကြီးလူကောင်းဆန်ဆန် ကယ်တင်တာပါ လို့ အရှက်မရှိ စိတ်အထင်ရောက်နေသည့် လူငယ်လူရွယ်တွေကို လည် အရှက်တရားလေးနဲ့ ပြုပြင်မိစေချင်တယ်၊

ကြားသုံးကြား

ကြားသုံးကြား  is strongly suggest that, you should never interfere between 'Parents & their Children', 'Husbands & their Wives', also ( between Oldies Pagoda). They might have disagreement but they love each other so much from bottom of their heart. If you do so,'Bad Karma' will return to you times by times because of 'Cause & Effect'. ဆိုတာလေး ဒီနေ့ ဖတ်လိုက်ရတယ်၊ ဒါဟာ ဘာသာတရားတိုင်းမှာ ရှိသလို ဘာသာတရား တခုခုကို လက်ကိုင်မထားတဲ့ Freethinkers တွေမှာလည် အလားတူ တည်ရှိနေတာကို တွေ့ရမှာပါ။ ဒီနေရာမှာ မေးစရာ တစ်ခုရှိပါတယ် မိဘနဲ့ ကလေးကြား အစဉ်ပြေတာကို အစဉ်ပြေအောင်ကြားဝင်တာ စေတနာနဲ့ပါဗျာ လင် မယား နှစ်ယောက် ကွဲနေတယ်ဆိုလို့ ကူညီတာ လူကြီးလူကောင်းဆန်တာပါဗျာ - စသည်ဖြင့် ဆင်ခြေပေးလို့ မလုံလောက်ပါ၊ ကြားဝင်နည်းရှိပါတယ် လူမျိုးတိုင်း ဘာသာတိုင်းမှာ ကြားဝင်ခွင့်တွေရှိပါတယ် သို့ပေမဲ့ မဝင်သင့်တဲ့ ပုံစံ ဝင်မိရင်တော့ တူညီသောတုန့်ပြန်မှုရတတ်ပါတယ်။ ဘီအီးဒီ အောင်သိုက် က ပန်းမြိုင်လည်က ဥယျဉ်မှူး ဇက်ကားမှာ ပြောသွားတာ မှတ်မိသေးတယ် လု လူ လူး .. စာရှည်မည်ဆိုးသဖြင့် မရှင်းတော့...

လမ်းခွဲခြင်းရဲ့ အစက ပေါင်းစည်းခြင်းက

အကြင်လင်းမယားဘဲ ဖြစ်ဖြစ်၊ လုပ်ငန်းစပ်တူတွေဘဲ ဖြစ်ဖြစ် မိသားစုတွေဘဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေဘဲဖြစ်ဖြစ် တစ်နေ့တော့ ရှင်ကွဲမကွဲရင်တောင် သေကွဲကွဲရမည်မှာ လူ့လောက ဓမ္မဆိုတာကို လူတိုင်း လက္ခံကျပါတယ်။ ယနေ့ တိုင်းပြည်ပြုပြင်ပြောင်းလည် ရေးလမ်းပေါ်ရောက်နေတဲ့ အချိန်မှာ စီးပွားရေး ပူးပေါင်းဆောက်ရွက်မှု့တွေက မလွဲမသွေ လိုအပ်လာသလို၊ စုပေါင်းစပ်ပေါင်း လုပ်ငန်းတွေမှ မလုပ်ရင် အရင်အနှီးနဲ့ လုပ်ငန်းအရှိန်ကြီးပြီးသာ ပြည်ပ စီးပွားရေး လုပ်ငန်းစုတွေနဲ့ ရှင်ပြိုင်ရန်မှာ လွယ်ကူမည်မထင် 'ဝ'လုံးခေါင်းထဲ လသာနေတဲ့ နေ့တွေက အချိန်သိပ်ကျန်တော့မည်မထင်၊ ဒီနေရာမှာ ကျွန်တော် တင်ပြလိုတာလေးက လုပ်ငန်းတွေပေါင်းလုပ်တော့မယ် ဆိုရင် ဘယ်လိုလမ်းခွဲမလည်းဆိုတာကို ပထမဦးစွာ ကြိုတင် ပြင်ဆင် သဘေားတူခြင်းကို စတင် လုပ်ဆောင်သင့်တယ်လို့ အကြံပြုတင်ပြလိုပါတယ်။ သို့မဟုတ်ပါက ကောင်းမွန်စွာလမ်းခွဲခြင်း ဆိုတာကို ရရှိနိုင်ခြေနည်းပြီး ပူးပေါင်းခြင်း၊ ပေါင်းစည်းခြင်းကိုက မသေချာခဲ့လေးတော့ အမုန်း၊ ဒေါသ၊ အာဂါတ တွေနဲ့ စိတ်မချမ်မြေ့ဖွယ် လမ်းခွဲခြင်းနဲ့ အဆုံးသက်ဖြစ်ရလေတော့ စကထဲ မပေါင်းစည်း မိကျရင် ကောင်းသားလို့ တွေးမိမည်ထင်ပါတယ်။ ထိုနည်းတူ လင် ရယ် မယား...