၁၉၉၀ ခုနှစ်တွေနောက်ပိုင်းမှာ တပ်မတော် အာဏာသိမ်း အစိုးရ က နိုင်ငံရေး ပါတီတွေကို အပြီးနှိပ်ကွပ် သလို တဖက်ကနေ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေး အဖွဲ့ ( ယခင် ဦးနေဝင်း အိမ်စောင့်အစိုးရခေတ်တုန်းက ဖွဲ့ပြီး ပြီးတော့ ပျက်သွားတဲ့ အဖွဲ့ ) ကို အသက်ပြန်သွင်း တပ်မတော် တာဝန်အဆင့်ဆင့်၊ ကျောင်းဆရာ၊ ဆရာမ အားလုံး၊ ဝန်ထမ်းအားလုံး မပါမနေရ၊ ဖိအားပေး ပါဝင်စေခဲ့သလို ၊ အခွင့်အရေးလိုချင်တဲ့ လူတန်းစား အားလုံး ပါဝင်တဲ့ အဖွဲ့ကို အာဏာသိမ်း အစိုးရက ပြည်သူတွေ ပိုက်စံနဲ့ ထင်တိုင်း ငွေသုံးပြီး လှုပ်ရှားတယ်၊ ပြည်သူပိုင်နေရာတွေ ကို အတင်း ရုံးဆောက်တယ်၊ ရှုံ့ချပွဲတွေ လုပ် လူထုထောက်ခံပွဲတွေ လုပ်ခိုင်း၊ စိတ်တိုင်းကျဖွဲ့စည်းပုံနဲ့ စိတ်တိုင်းကျ ပြည်ခိုင်ဖြိုးအဖွဲ့ကို ရွေးကောင်းပွဲ မတိုင်ခင် စိတ်တိုင်းကျ ပါတီ အဖြစ်ပြောင်းတယ်၊ ပြီးတော ယခင်သမ္မတကြီး ဦးသိန်းစိန်က သူ ဥက္ကဌလုပ်ပြီး ( ၁၅ ) နှစ် စိတ်ကြိုက် ကမ္ဘာ့ အချိန်အကြားဆုံး ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သူကိုယ်တိုင် တပ်မတော် ယူနီဖောင်ချွတ်၊ တိုက်ပုံဝတ်ပြီး အတင်း ရွေးကောက်ပွဲ အနိုင်ယူပြီး သမ္မတတက် လုပ်တယ်၊ ၅ နှစ်ပြည့်လို့ ပိုင်ပြီထင်လို့ ရွေးကောက်ပွဲ လုပ်ကြည့်လိုက်တာ မြင်တဲ့ အတိုင်းဖြစ်သွားတယ်။ ဒီနေရာမှာ အာဏာသိမ်းအစိုးရက ယခင် နဝတ၊ နအဖ နဲ့ ဘားမှ ခွဲမရဘူး အားလုံး ယူနီဖောင်းချွတ်ပြီး အုပ်ချုပ်ခဲ့တာ ကလေးက အစသိတယ်၊ ဒီလောက် အပိုင်ကွပ်တွေထဲမှာ နိုင်ငံရေး ထောင်ခြောက်နဲ့ သက်ကွင်းတွေ အများကြီးစနစ်တကျလုပ်ခဲ့သေးတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ တစ်နိုင်ငံ အချုပ်အခြားအာဏာ နှစ်ခု ပုံစံ ၊ ယခုဖြစ်နေတဲ့ ပြသနာတွေက ယခင် အစိုးရလက်ထက်မှာ မီးစမွှေးခဲ့တာကို မမေ့သင့်သလို စက်ာပီယံအဖွဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေးလိုင်းကြောင် ဆေးသမားတွေ စတဲ့ ပြသနာကောင် တွေအားလုံ ထောင်ထဲက ထုပ်ပေးလိုက်တယ်၊ ဘယ်ကမှန်းမသိတဲ့ ဒေါးသထွက်နေတဲ့ လူအုပ်ကြီးတို့၊ တောင်သာ တပ်မတော်တို့၊ စွမ်းအားရှင်တို့ နည်းမျိုးစုံ အဖျက်လမ်းကြောင်းေ တွနဲ့ ပြည်သူတွေကို အမျိုးဘာသာ သာသနာ ဘာသာရေးနဲ့ သွေးခွဲ၊ တိုင်းရင်းသားအရေးနဲ့ လက်နှက်ကိုင်အရေးကို ဘယ်တော့မှ ရှင်းမရအောင် ( ဥပမာ ဝကို အထူးဒေသ အုပ်ချုပ်ရေးပေးပြီး တရုတ် နိုင်ငံလက်အောက်ခံလောက်ကို ( ဥပမာ တရုပ်ပိုက်စံသုံးပြီး တရုပ်အထောက်အပံ လက်နှက်စက်ရုံ့၊ TV လွှင့်အစီအစဉ် ) ဖြစ်စေခဲ့ပြီအခု လွတ်လပ်တဲ့ ပြည်နယ်တောင်းမယ်အခြေအနေ ) လုပ်ခဲ့တယ်၊ သူတို့နဲ့ ရင်းနှီးတဲ့ လူတွေက နေပြည်တော် နဲ့ လုပ်ငန်းပေါင်းများစွာကို ခွဲဝေပေးခဲ့တဲ့အတွက် အခွင့်ထူးခံ စီးပွားဖြစ်သူတွေ အများကြီးမွေးခဲ့တော့ သူတို့က ယခင်အာဏာသိမ်း အစိုးရကိုလွမ်း၊ အဘ အခွင့်အရေး မရတော့ ဒီအစိုးရကို အပေါ်ယံ ထောက်ခံ သယောင်ယောင်ရှိသော်လဲ ကြုံရင် ကြုံသလို တီးမယ်၊ ဖျက်မယ်၊ အရင်ဘဝကို တန်းတမယ်၊ သူတို့ပဲ အမြတ်ကြီးစားထားတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ၁ ဒေါ်လာလောက်နဲ့နိုင်ငံတကာမှာ ရောင်းတဲ့ ဖုန်းကဒ်ကို ၁၅၀၀ USD လောက်နဲ့ ရောင်းတာ ဘယ်အစိုးရလဲ ဘယ်သူတွေလဲ၊ သူတို့ပဲ ၊ ဒါကို ၁၅၀၀ လုပ်ပေးခဲ့တယ် ကျေးဇူးအတင်ခံချင်သေးတယ်၊ ဈေးမှန်ပြန်ဖြစ်တာတောင် ထိုင်ရှစ်ခိုးရတော့မလို၊ စနစ်တခုကို စနစ်တကျ ဖျက်ပြီး < < အခွင့်ထူးခံ လူတန်းစား ကြားခံ စီးပွားရေး >> ဘူဇွာလူတန်းစား ပုံစံကြီးအောင်မြင် နေပြီးမှ ဒါကို ဖျက်ပြီး ပွင်းလင်းဈေးကွပ် စီးပွားရေး စနစ်ဖြစ်အောင် ကူးပြောင်းရတာ မလွယ်ပါဘူး၊ ကြားမှာ စီးပွားပျက်မှာပဲ ဒါကို သီးခံရတော့မှာပဲ ၊ ဒီနေရာမှာ ကျွန်တော်သုံးသွားတဲ့ လူတန်းစားကြားခံ စီးပွားရေးစနစ်ဆိုတာက ဖုန်းဆိုရင် အစိုးရ အကြီးအကဲ၊ ရာထူးအလိုက် ၅ သိန်း ၃သောင်း နဲ့ရောင်းပေးလိုက်ပြီး သူတို့က ပြင်ပကို အမြတ် ၁၀၀၀ % နီးပါး ၄၅ သိန်းနဲ့ တင်ရောင်းပြီး အမြတ်ရတဲ့ အတွက် သူတို့ မိသားစုတွေ ပစ္စည်းတွေဝယ်၊ ပိုက်စံတွေ သုံး ဆင်းရဲသားပြည်သူတွေက ဈေးရောင်းရ၊ ကုန်သွယ်မှုဖြစ် အဲ့ဒီလို လည်ပတ်အောင် လုပ်ထားတော့ ဝန်ထမ်းအသိုင်းအဝိုင်နဲ့ ဘူဇွာတွေက အစိုးရအပေါ် ထောက်ခံမှုလဲ မြင့် စီးပွားရေး ငွေကြေးလည် ပတ်မှုလဲ ဖြစ်စေတဲ့ စနစ်ပုံစံမျိုးပါ ဖုံး၊ ကား၊ မြို့သစ် မြေကွပ် ဈေးကွပ် တွေကစားရာကနေ ယနေ့ အားလုံ အဲ့ဒီလို ဖြစ်ခဲ့တာ မမေ့သွားပါနဲ့ ( လိုအပ်တာ မပြည့်စုံတာလေးတွေ အောက်မှ ဖြည့်ပေးပါ )
အစိုးရကလည်း လူထု အစိုးရ။ လူထုစည်းဝေးပွဲ၊ လူထု အရေးဆိုပွဲ၊ လူထုတိုက်ပွဲများ ကိုလည်း မကြာခဏ ဆင်ယင်နေကြသည့် သမယ ဖြစ်သည်။ လူထုမိတ်ဆွေ၊ လူထု ရန်သူ၊ လူထု ခေါင်းဆောင် ဟူသော ဝေါဟာရများလည်း ပေါက်ပွား လာခဲ့လေပြီ။ အမှန်စင်စစ်အားဖြင့် ယခုခေတ်တွင် နေရာတကာ၌ လူထုနှင့် ကိုင်ပေါက် နေကြလေတော့သည်။ လူထုတည်းဟူသော နာမဝိသေသနကို ရေလဲနှင့် ပေါပေါကြီး သုံးစွဲနေကြသည့် ခေတ်ပေတကား။ လူထု လက်ဖက်ရည်ဆိုင်၊ လူထု ပင်မင်း၊ လူထု သတင်းစာ၊ လူထုပျော်ပွဲစားရုံ၊ လုထု ကိတ်မုန့်၊ လူထု မြေပဲလှော်၊ လူထုဘာ လူထုညာဟာ မရေ မတွက် နိုင်တော့ပြီ။ နေရာတကာမှာ လူထု။ ဟိုမှာလည်း လူထု၊သည်မှာလည်း လူထု ။ရှေ့မှ နာမဝိသေသန အမျိုးမျိုး တပ်၍ လူထုကိ သုံးစွဲကြသေးသည်။ လယ်သမားလူထု၊ အလုပ်သမား လူထု၊ ကုလားလူထု၊ မြန်မာ လူထု၊ အင်္ဂလိပ် လူထု၊ လူထု စုံလို့။ ဟောလာပြန်ချေပြီ။ မောင်ပြုံးချိုတို့ နယ်တွင် "လူထု သူကြီး" ရွေးပွဲတွေကျင်းပရပေဦးတော့မည်။ လူထုက တင်မြှောက်သော သူကြီးကို လူထုသူကြီးဟု ခေါ်ပါသည်။ ယခု ရှိရင်းစွဲ သူကြီးတွေကော လူထုကတင်မြှောက်သည့် သူကြီးမင်းများ ဖြစ်ကြပေသည်။ သို့သော်လည်း ထိုအိုမင်းဟောင်းနွမ်း နေသော သူကြီးများကို သစ်လွင်နေသော ယခု
Comments
Post a Comment