============================
အောင်မြင်တဲ့ ဘဝတည်ဆောက်မယ်ဆိုရင်
=============================
( ၁ ) ကျန်းမာရေး
( ၂ ) လူမှုရေး
ပြုမူ၊ ပြောဆို၊ ကျင့်ကြံနေထိုင်မှု က လူအများ ယုံကြည်မှုကို အာမခံနိုင်လောက်အောင် ဂရုပြုပါ။
အိမ်ထောင်ရေး၊ မိသားစုအရေး၊ မိတ်ဆွေ၊ အသိုင်းအဝိုင်း ကိစ္စတွေကို မိမိ ဘဝရပ်တည်ရေး ရည်မှန်းချက် ဓ ထိခိုက်လောက်အောင် စိတ်မထည့်သင့်ပါ )
( ၃ ) စီပွားရေး
# 1. အရင်းအနှီးထုပ်ပေးမယ်လူကို လိုက်ရှာမနေပါနဲ့၊
# 2 ရည်မှန်းချက် ခိုင်မာစွာချမှတ်ပါ
# 3 မိမိလုပ်လိုသည့် ကိစ္စ အတွက် ထောက်ခံ မယ့်သူလိုက်ရှာမနေပါနဲ့
# 4 ကိုယ်ပိုင် ဘဝအတွက် Dreams စိတ်ကူး အိမ်မက် ရှိပါ၊
# 5 ကိုယ့်ကိုယ် ကိုယ် ခြောင် မပိတ်မိပါစေနဲ့၊
# 6 မိမိ လုပ်ကိုင်မည့် လုပ်ငန်း စလုပ်ရင် အားနည်းချက် ဖြစ်နိုင်တာ၊ အာသာချက် ရှိတာတွေ ကို အသေးစိ တ် စီမံချက် ချရေးပါ၊
# 7 လက်ကီ ကောင်းချင်ရင် အခုပဲ စလုပ်ပါ၊
==================================================
အောင်မြင်တဲ့ ဘဝတည်ဆောက်ဖို့၊ ဘဝရပ်တည်ရေး လမ်းသွယ် ( ၃ ) ခု
==================================================
( ၁ ) မိမိ ကိုယ် မိမိ အခြေပြု ဝင်ငွေရှာခြင်း၊
ရုပ်ရှင်မင်းသား၊ အားကစားသမား စသည်ဖြင့်
( ၂ ) ပုံမှန်ဘဝ တည်ဆောက် ဝင်ငွေရှာခြင်း၊
လခစား အလုပ်တစ်ခုခု လုပ်ခြင်း၊
( ၃ ) ကိုယ်ပိုင် စီးပွားရေး လုပ်ပြီး ဝင်ငွေရှာခြင်း ၊
ဒီအပိုင်းကို အားပေးချင်တော့ နောက်ဆုံးမှာရေးပါ့မယ်၊
အမှတ်စဉ် ( ၁ ) ဖြစ်တဲ့ မိမိကိုယ်မိမိ အခြေပြုဝင်ငွေရှာခြင်းက ငွေဝင်မြန်သလို၊ ငွေထွက်မြန်တက်ပြီး၊ အသက်အရွယ် အခြေအနေ နဲနဲလေး ပြောင်းသွားတာနဲ့ ဆုံးရှုံးမှုကြီးပါတယ်၊
အမှတ်စဉ်
( ၂ ) ဖြစ်တဲ့ ပုံမှန်ဘဝ တည်ဆောက် ဝင်ငွေရှာခြင်း၊ က လခစား ဝန်ထမ်းလုပ် အချိန်တန် လကုန်ရင် ပိုက်စံရမယ်၊ စုနိုင် ခြွေတာနိုင်မှ ကျန်းမာရေး၊ လူမှုရေး တွေမှာ အစဉ်ပြေမယ်၊ တိုက်ခန်းသာ ဌားနေရတဲ့ မိသားစု ဆိုရင်တော့ အကြွေးရယ် အတိုးရယ် နဲက လုံးလည်လိုက်ပြီး ဘဝ အချိန်တွေကုန်တာ အဖတ်တင်ပါတယ်၊ ဒါပေမဲ့ ဒီနည်းလမ်းက လူအများအတွက် ပိုပြီး အစဉ်ပြေပြေ တည်ဆောက်သွားနိုင်တာကို တွေ့ရပါတယ်၊
နိုင်ငံခြားဝင်ငွေ ရတဲ့ လခစားတွေဆိုရင် စုမိဆောင်မိပြီး အတော့်ကို အစဉ်ပြေပါတယ်၊ လခစားတွေ အနေနဲ့ လစဉ် ၁၀% ဘဏ်မှာစု ၊ အတိုးနဲ့ ဆို အသက် ( ၆၀ ) မှာ အိုစာ မင်းစာရမယ်၊
အမှတ်စဉ်
( ၃ ) ဖြစ်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ဝင်ငွေရှာခြင်း ကိုတော့ ဘဝမှာ အဓိပါယ်ပိုရှိပြီး ကိုယ့်ဘဝကိုယ် ပိုင်တယ်၊ မိမိရဲ့ လုံးလ ဝရိယ နဲ့ စွမ်းရည်တွေကို သူများအတွက် လုပ်ပေးပြီး ဘဝကို ဖြတ်သန်းတာကို ကျွန်တော်က မကြိုက်လို့ပါ၊ ဒါပေမဲ့ အောင်မြင်တဲ့ စီးပွားရေး သမား ထက်ဝက်ခံဟာ တချိန်က လခစား ဝန်ထမ်းတွေဆိုတာကို အထူး သတိပြုမိဘို့လိုပါတယ်၊
ကိုယ်ပိုင်စီးပွားရေးကို လူတိုင်းဘာလို့ မလုပ်နိုင်တာလဲ နဲ့ ၊ဘာကြောင့်မအောင်မြင်တာလဲ ဆိုတဲ့ လှို့ဝှက်ချက်က သိပ်ပြီး ရှည်ရှည်ဝေးဝေး၊ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး ( ၁ ) ခုပဲရှိပါတယ်၊ အဲ့ဒါက
================================
“ လူတွေကို များများ ပေးနိုင်လေ၊ များများချမ်းသာလေ”
================================
အလွယ်နားလည်အောင်ကြည့်မယ်ဆိုရင် English စကားမှာ Give and Take ဆိုတဲ့ စကားကို အတော်လေး မလေးထား တာတွေ့ရမယ်၊ လူမှုရေး၊ စီပွားရေး အရာရာမှာ Give and Take ရှိရမယ် ဆိုတဲ့ ကျွန်တော့် အမေရဲ့ စကားကို ကျွန်တော်အမြဲ မှတ်ထားပြီး လူတိုင်းနဲ့ အပေါ်မမြဲ Give and Take ကို အခြေခံ ကျင့်သုံးတယ်၊
ဟာသအနေနဲ့ ( ဒါပေမဲ့ ကျွန်တော့်အမေကိုတော့ ကျွန်တော်က Take and Take ပဲ ဒီနေ့ ထက်ထိကျင့် သုံးနေလိုက်တယ် ဘာကြောင့်လဲ ဆိုတော့ အမေက ကျွန်တော့်ထက် ပိုက်စံရှိပြီး၊ သူက ကျွန်တော်တို့ အပေါ် Give and Take မရှိပဲ ၊ Give and Give ပဲ လုပ်ချင်နေမှန်းသိလို့ ပါရမီဖြည့်ပေးလိုက်ရတာပေါ့ )
အလွယ်ဆုံး အမြင်သာဆုံး လူတွေကို များများ ပေးနိုင်လေ၊ များများချမ်းသာလေ ဆိုတာကို ပြရမယ်ဆိုရင် အခု ကျွန်တော်တို့ အသုံးပြုနေတဲ့ Facebook၊ Google တို့ကိုကြည့်လိုက်ပါ၊ သူတို့က လူတိုင်းကို အလကား ပေသုံးတယ် ၊လူ များများ သုံးလာလေ၊ သူတို့ များများချမ်းသာနေတယ် ဆိုတာ မြင်တဲ့ အတိုင်းပဲလေ၊
တွေးမြင်မိတာလေး မျှဝေခြင်းဖြစ်ပါတယ်၊
လေးစားစွာဖြင့်
Search This Blog ရှာရန်
Subscribe to:
Post Comments (Atom)
This Is Not a Joke: It’s AI
We can no longer view the disruption caused by AI and robotics through the narrow lens of "will human jobs disappear?" A more crit...
-
Back in the day, I was the sole distributor for Singapore Starhub’s pfingo calling system in Myanmar. Initially, the official representativ...
-
Strategic Proposal for the Development of Myanmar's Shipbreaking Industry Title: From Meeting Steel Demand to Catalyzing an SME Ecosys...
-
ကျွန်တော်နှင့် ကောင်စီအတွင်းရေးများ (အမှာစကား) ================================= ကျွန်တော် ယခုဖော်ပြနေသည့် အကြောင်းအရာများအပေါ် ဖတ်ရှုသူအချိ...

No comments:
Post a Comment