အမှောင်ခေတ်၏ အစမှ အဆုံး Summary of the Dark Ages: From Beginning to End
အမှောင်ခေတ်၏ အစမှ အဆုံး ( လို၊ တို၊ ရှင်း ) “အမှောင်ခေတ်” (Dark Ages) ဟူသည် အနောက်ရောမအင်ပါယာ ပြိုလဲပြီးနောက် အနောက်ဥရောပတွင် နိုင်ငံရေး ကွဲပြားခြင်း၊ စစ်ပွဲများ၊ မြို့ပြဘဝ ဆုတ်ယုတ်ခြင်းနှင့် စာမှတ်တမ်း ကျဆင်းခြင်းတို့ကို ရည်ညွှန်းသည်။ သို့သော် ဤကာလသည် ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဥရောပအနောက်ပိုင်း ပြိုကွဲနေချိန်တွင် မြန်မာဒေသ၌ ပျူမြို့ပြယဉ်ကျေးမှုများ ဖွံ့ဖြိုးခဲ့ပြီး အာရေဗျဒေသ၌ အစ္စလာမ်သာသနာ ပေါ်ထွန်းလာခဲ့သည်။ Ref: unesco ၁။ အမှောင်ခေတ်အစ (အေဒီ ၅ ရာစုနှောင်းမှ ၆ ရာစုအစ) ဥရောပ: အေဒီ ၄၇၆ ခုနှစ်တွင် အနောက်ရောမ၏ နောက်ဆုံးဧကရာဇ် Romulus Augustulus ဖြုတ်ချခံရပြီးနောက် ဗဟိုအုပ်ချုပ်ရေး အားနည်းသွားကာ Goth နှင့် Frank ကဲ့သို့သော အင်အားစုများ နယ်မြေအလိုက် အုပ်ချုပ်ကြသည်။ သို့သော် အရှေ့ဘက်တွင် Byzantine အင်ပါယာ ဆက်လက်တည်ရှိသဖြင့် ယင်းသည် ယဉ်ကျေးမှုအဆုံးသတ်မှု မဟုတ်ဘဲ နိုင်ငံရေးစနစ်သစ်သို့ အသွင်ကူးပြောင်းမှုဖြစ်သည်။ Ref: britannica] မြန်မာဒေသ: ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာကဲ့သို့သော ပျူမြို့ပြနိုင်ငံများသည် ဘီစီ ၂၀၀ ဝန်းကျင်မှ အေဒီ ၉၀၀ ဝန်းကျင်အထိ ဧရာဝတီမြစ်ဝှမ်...